ကျွန်တော် ဘလော့ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ နှလုံးသားရဲ့ခံစားချက်လေးတွေကို ဖော်ပြမယ်ဆိုပြီး တည်ထောင်ဖြစ်ခဲ့တာပါ...။ ကဗျာလေးတွေကို ကိုယ်တိုင်ရေးဖြစ်တယ် ကျွန်တော်ကြိုက်နှစ်သက်တဲ့ ကဗျာတွေ၊စာသားတွေ တွေ့ခဲ့ရင်လည်းပြန်လည် ကူးယူဖော်ပြဖြစ်ခဲ့ပါတယ် နည်းပညာများကို မသိသေးတဲ့သူတွေနဲ့ အတူ ကျွန်တော်ကိုယ်တိုင်လည်း လေ့လာဖို့အတွက် ကျွန်တော်လေ့လာဖတ်ရှု့ခဲ့တဲ့ စာအုပ်တွေဆိုဒ်တွေကတဆင့် ကူးယူပြီး ပြန်လည်ဖော်ပြ ပေးထားတာပါ...။ ဒီဘလော့ကကျတော့်အတွက် မှတ်စုစာအုပ်လေးလို့ ပြောရင်လည်းမမှားနိုင်ပါဘူး...။ အကြင်နာမြို့တော် ဘလော့လေးသို့ လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေများအားလုံး ကျေးဇူးအထူးတင်ရှိပါကြောင်း ဒီနေရာလေးကနေ ပြောကြားလိုက်ရပါတယ်...။ ကျွန်တော့်ဘလော့လေးဆီသို့ ကဗျာများ၊ စာပေများ၊ ဗဟုသုတများ၊ နည်းပညာများ၊ သတင်းများ၊ စသဖြင့် ဖော်ပြပေးရန် ပေးပို့ လိုပါက ပေးပို့သူနာမည်နှင့်အတူ ဖော်ပြပေးသွားပါမည်။ အီးမေးပေးပို့လိုလျှင် akyinnarmyotaw@gmail.com (သို့မဟုတ်) akerheain@gmial.com သို့ ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ.....။ မိတ်ဆွေများအားလုံးကို လေးစားလျှက် အကြင်နာမြို့တော်.....။

"sfc" command line အကြောင်း

ကျနော်တို့ ၀င်းဒိုးမှာ အသုံးတည့်တဲ့ command လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါတော့ sfc command ပါပဲ။ sfc command ဆိုတာ ပျက်ဆီးသွားတဲ့ window file system တွေကို ပြန်လည်အစား ထိုးပေးတဲ့ Command Prompt တစ်ခုဖြစ်ပါတယ်။ တစ်နည်းအားဖြင့် sfc command ကို System File Checker လို့လည်း ခေါ်ဆိုကြပါတယ်။ DLL.file အပါအ၀င် ၀င်းဒိုးဖိုင်မှန်သမျှကို sfc နဲ့ ကာကွယ်ပေးနိုင် တဲ့အကြောင့် ဒီ sfc command ဟာအရမ်းအသုံးအတည့်တဲ့ command tool တစ်ခုလို့ပြောလို့ရပါတယ်။

 “sfc /scannow” ဆိုတဲ့ command နဲ့ မိမိကွန်ပျူတာမှာ ပျက်ဆီးသွားတဲ့ system file တွေကိုပြန်ပြီး repair လုပ်နိုင်တယ်ဆိုတဲ့သဘောကို အဓိကပြောချင်တာပါ။ sfc command နဲ့ parameter အဖြစ်တွဲပြီးအသုံးပြုနိုင်တဲ့ command တွေကတော့ အောက်ပါအတိုင်းလေ့လာနိုင်ပါတယ်…
sfc [/scannow] [/verifyonly] [/scanfile=file] [/verifyfile=file] [/offwindir=win] [/offbootdir=boot] [/?]
အထက်ပါ command များရဲ့ လုပ်ဆောင်ချက်တွေကို အောက်ပါရှင်းလင်းချက်ကို ဖတ်ပြီးသိနိုင်ပါတယ်…
/scannow = This option instructs sfc to scan all protected operating system files and repair as necessary.
/verifyonly = This sfc command option is the same as /scannow but without repairing.
/scanfile=file = This sfc option is the same as /scannow but the scan and repair is only for the specified file.
/offwindir=win = Used with other sfc options to define the Windows directory (win) when using sfc offline.
/offbootdir=boot = Similar to /offwindir, this sfc option is used to define the boot directory (boot).
[/?] = Use the help switch with the sfc command to show detailed help about the command's several options.
“Sfc /scannow” Command ကိုအသုံးပြုပြီး Operation System File တွေကို ကာကွယ်မယ်နည်း၊ ပြုပြင်နည်း
အကောင့်အမျိုးမျိုးရှိတဲ့စက်တွေကို Administrator Account ကနေ၀င်လိုက်ပါ။ scan ဖတ်တဲ့အချိန်ကတော့ ၁၀ မိနစ်လောက်ကြာမယ်။
(၁) ဒီနေရာမှာ မိမိ OS က XP ဖြစ်ခဲ့လျှင် CD / DVD Drive မှာ မိမိတင်ထားတဲ့ window cd / DVD ခွေကို အရင်ထည့်လိုက်ပါ။ ( Vista/ 7 မလို)
(၂) Start Menu> Run or Window + R နှိပ်
(၃) Run ဘောက်စ်တွင် sfc /scannow ဆိုတဲ့ command ကိုရိုက်ထည့်ပြီး Enter ခေါက်ပါ။ Enter ရိုက်ပြီး တာနဲ့ sfc က scan စစ်နေတာတွေ့ရမည်။ ( sfc နဲ့ / အကြားတွင် space bar တစ်ချက်ရိုက်ရမည်)။
(၄) scan စစ်တာ 100% complete ပြီးသွားလျှင် CMD.exe ကနေထွက်ပြီး ကွန်ပျူတာကို Restart လုပ်ပါ။
ဒါဆို “Sfc /scannow” Command ကိုအသုံးပြုပြီး Operation System File တွေကို Repair လုပ်နည်းက တော့ဒီလောက်ပါပဲ။

♥~♥♥~♥ အတိတ်ရဲ့ မိုးရာသီည ♥~♥♥~♥

”အတိတ်ရဲ့ မိုးရာသီည”

အိမ်ပြန်ချိန်ရဲ့ ညနေခင်းမှာ

မိုးတွေလည်းရွာ လေတွေလည်းတိုက်ခတ်လို့

ငါ့ရင်မှာ မိုးတွေစိုရွှဲလိုပေါ့

လျှပ်စီးတွေလက်လို့ ငါ့ရင်ကို ပြိုးပြိုးပြက်ပြက်နဲ့

ရင်ခုန်သံလျှပ်စီးတွေများ ၀င်လာသလား

သတိတွေလည်း ရမိပါတယ်

ဒီလိုအချိန်မှာ အိပ်မရဘဲ

လွန်ခဲ့တဲ့ ၅နှစ်က နာဂစ်ကို သတိရမိပါတယ်

မိုးတွေကျလို့ လျှပ်စီးတွေလက်ကာ

အမေ့ရဲ့ရင်ခွင်မှာ မှေးစက်ကာ အိပ်ပျော်ဖို့အတွက်

ခေါင်းအုံးလေးသဖွယ် ချမ်းလို့ကာ တိုးတိုးရယ်လို့

အော်….ဘယ်တော့များ ပြီးဆုံးမလဲမိုးရယ်

ကြောက်အားတွေပို မောင်နှမတွေကို သတိရရယ်လို့

ဘယ်ဆီများ ရောက်လို့နေလဲ

တွေးကာလေစိတ်ပူ အမေ့ရင်ခွင်မှာ နေခဲ့ရသူမို့

အန္တရာယ်တွေ ကင်းရှင်းစေသား

ဆုတောင်းကာငိုလို့ ကျမျက်ရည်ဝဲခဲ့ရတဲ့

မမေ့နိုင်စရာ ဒီမိုးရာသီမှာ

အလွမ်းမျက်ရည်တွေ ကုန်ဆုံးပါစေသားလို့

ဆုတောင်းကာအခါခါ ရင်ထဲမှာ အော်ငိုနေတာမို့

အော်….မိုးရယ်

အချိန်ဖန်တစ်ရာ ရွာပါစေ ယိမ်းနွဲ့တဲ့လေတွေ

မတိုက်ခတ်ပါစေနဲ့သားလို့

ဆုတောင်းကာအခါခါ ပြောခဲ့လိုက်ပါရစေသား.....။

♥~♥♥~♥အလွမ်းရင်ခွင်မှာ♥~♥♥~♥

စိတ်ရဲ့နားခိုရာ

အတွေးခရီးမှာ မင်းကသခင်ပါ

ရုန်းထွက်လေ ချည်နှောင်လေ

ငါ့ကိုငါထိန်းချုပ်ရခက်နေတယ်

ငါ့ကို မင်းကပျော်အောင်လည်းလုပ်နိုင်တယ်

ငါ့ကို မင်းကငိုအောင်လည်းလုပ်နိုင်တယ်

တွေတွေငေးငေးနဲ့ ငါဟာ

မင်းအကြောင်းတွေပဲ တွေးဖြစ်နေတယ်............

စွဲလမ်းမူ့ လွမ်းဆွေးမူ့တွေ...မင်းမူနေတဲ့

အလွမ်းရင်ခွင်မှာ

စိတ္တဇဆန်တဲ့ အရောင်ချယ်သမူ့တွေနဲ့

ငါ့နှလုံးသားဟာ နေသားမကျတော့ဘူး...

အချစ်လွင်ပြင်ကိုမရောက်ခင်ကတည်းက

ရှုံးနိမ့်စပြုနေပြီ လေ.....

ချစ်ခြင်းတွေပြိုင် အချစ်ကြီးသူကသာနိုင်မယ်ဆိုရင်

ချစ်သူရေ

နားလည်ခွင့်လွတ်မူ့ တွေ ပေးဆပ်မူ့တွေနဲ့

လမ်းခင်းထားတဲ့ ဒီနှလုံးသားကို

မင်း နင်းလျှောက်ရက်ပါ့မလားကွယ်...........

သက်ဆိုင်သူ ....သို့ 

သက်ဆိုင်သူ .... ရေ

နှလုံးသား....နန်းတော်
အကြင်နာ...စံအိမ်
သစ္စာ.....ရစ်ပုလ္လင်ထက်
နန်းတင်မိခဲ့....ချစ်ဘုရင်မလေးကို
ရင်လှိုက်ဖိုမော....မျော်မှန်းမိ
ကိုမှာအပြစ်ရှိလား

ရင်မှာမြတ်နိုး.....ချစ်ဆတိုး၍
တိတ်တခိုးနဲ့ .....ကြိတ်ပိုးခဲ့ ရ
မောင့်ဘ၀မှာ
နတ်သမီးတမျှ....လှပတဲ့
မင်းလေးကို.....တစ်နေ့ မမြင်
စိတ်မရွှင်......ရင်မှာတမ်းတ
လွမ်းနေရပြီကွာ
မင်းလေးရဲ့ .....အကြည့်တစ်ချက်
ညှိတွယ်ခဲ့ .......ကို့ ရဲ့ ကြင်နာ
မင်းလေးရဲ့ .....အပြုံးတစ်ချက်မှာ
ရုန်ုးမထွက်နိုင်....ချစ်သားမောင့်ကို
အညိုးဓါးနဲ့ ......ရင်ကိုခွဲ
အမုန်းဆား......မပက်လိုက်ပါနဲ့ နော်
မကြင်နာလို့ ....တမင်ခွာလို့ စိမ်း
မယိမ်းနွဲ့ ခဲ့ .....မောင့်ရဲ့ အချစ်က
တစ်မိုးနှောင်းလို့ ...တစ်ဆောင်းပြောင်း
တစ်ရာသီပောင်း၍....တစ်နွေကွေ့ လို့ 
တွေ့ သမျှမြင်ကွင်း......အမြင်မရှင်းခဲ့
အထာတွေတော့မကျ....အချစ်တွေဗရပွနဲ့ 
မောင်တစ်ယောက်မှာတော့ကွာ
ရော်၇မ်းမှန်းဆ....မျှော်မှန်းတမ်းတပြီး
လွမ်းရင်းမှ......ချစ်နေပါဦးမယ်နော်

ညီမလေး♥~♥♥~♥♥~♥♥~♥သို့

အသံမဲ့ စကားလုံးတွေနဲ့

ငြိတွယ်မိတဲ့ ဒီမျက်ဝန်းတွေ

အခုတော့............

တမ်းတခြင်းရဲ့ အခြားတစ်ဖက်မှာ

ကိုယ်ပိုင်ဆိုင်ရာ ဘ၀တွေကိုထုဆစ်

သတိရမိတဲ့ အဖြစ်တွေကိုထိမ်းချုတ်

လွမ်းဆွတ်ခြင်းတွေ မဆုတ်ယုတ်ခဲ့ဘူး။

ညီမလေး...

ခရီးဆက်ရဦးမဲ့ ချစ်ခြင်းအတွက်

အေးချမ်းတဲ့ ဒီည

လရောင်ဖျဖျကို မြင်ခဲ့ရင်

သတိတရ လွမ်းဆွတ်ခြင်းနဲ့

တိတ်ဆိတ်ခြင်းရဲ့ အသံတွေ...

ညီမလေးကြားနိုင်ပါစေ...............။

♥~♥♥~♥အသဲကွဲပန်းကဗျာကိုထွေးပိုက်ရင်း♥~♥♥~♥

အလွမ်းမိုးတွေကြောင့် ကဗျာပန်းကလေးတွေပွင့်နေတယ်

စုဆည်းထားခဲ့လေသမျှပန်းကလေးတွေ

ဒီရင်မှာပြည့်လျှံနေခဲ့ပြီ

ဒီပန်းလေးတွေပွင့်စေဖို့ ရင်းခဲ့ရတဲ့နှလုံးခုန်သံတွေ

ချစ်ရနံ့နဲ့ပျိုး အကြင်နာနဲ့ယုယ

မြတ်နိုးမူ့နဲ့လန်းဆန်းစေခဲ့ရတာ

တစ်ခါတစ်ခါ ငါဟာ ပန်းပျိုးရင်း...

ဝင်သက်ထွက်သက်တောင် မေ့နေတတ်ခဲ့တယ်........


အလှဆုံးပန်းတွေမဖြစ်ခဲ့ရင်တောင်

နှလုံးသားရဲ့လှုပ်ခတ်သံ ဦးနှောက်ရဲ့အချက်ပေးသံတွေနဲ့

ရှင်သန်နိုးထလာခဲ့တဲ့ဒီပန်းကလေးတွေ

မင်းအတွက်ငါပျိုးထားခဲ့တယ် ချစ်သူရယ်.....

ခူးလိုခူး ခြွေလိုခြွေ မပန်ဆင်နိုင်ရင်လည်း

ထားခဲ့ပါကွယ်...

အရှိန်အဟုန်နဲ့ တိတ်ခတ်လို့

ပန်းကလေးတွေမြေသို့ကြွေဆင်းခဲ့ရင်တောင်

မင်းကို ပန်းခြွေတဲ့လေရယ်လို့ ငါ မပြောရက်ပါဘူး

ချစ်သူရယ်...............


မိုးနဲ့အတူပွင့်တဲ့စံပယ်ပန်းကလေးတွေ

နှင်းနဲ့အတူ သင်းပြန့်မယ့်သဇင်ပန်းတွေ

နွေဦးရဲ့ပန်းအလှပိတောက်တွေ

နှစ်တစ်ခုကိုအလှဆင်ဖို့

ရာသီစက်ဝိုင်းကြားမှာကခုန်နေကြတယ်.........

ချစ်သူရယ်

ငါ့ရင်မှာတော့ ကဗျာ ဆိုတဲ့ပန်းတစ်မျိုးသာ

မင်းအတွက် ဖူးပွင့်နေခဲ့တယ်

ငါ့ဘဝရှင်သန်နေသမျှ.....

မာယာတွေနဲ့ အလဲထိုးအနိုင်ယူသွားတဲ့မင်းကို

မုန်းမေ့ဖို့ခက်တဲ့ ငါ့မှာ

ရင်ထဲက အသဲကွဲပန်းတွေကိုထွေးပိုက်ရင်း

ဟိုး ...အဝေးကိုတွေတွေလေးငေးကြည့်နေရဆဲပါပဲ ချစ်သူရယ်.............

♥~♥♥~♥စုသခင်မလေးထံသို့♥~♥♥~♥

မဖြစ်နိုင်မှန်း သိပေမယ့်
မိုးစက်လေးတွေကြားထဲမှာ
မောင်ရှာမိသေးတယ် စုသခင်,,,,,

ခိုက်ခိုက်တုန်အောင် ချမ်းနေပေမယ့်
နှင်းဖြူတွေကို အဖော်ပြုပြီး
မောင်ပြန်ခဲ့ရတယ် စုသခင်,,,,,

လေတိုက်တိုင်း သတိမရပေမယ့်
သစ်ရွက်ကြွေတိုင်း လွမ်းနေမိတော့
နွေဦးရောက်မှာ ကြောက်မိတယ်စုသခင်,,,,,

အဆင့်အတန်း မတူတဲ့ဘ၀မှာ
ခံစားမှုတွေဖြစ်ခဲ့တော့
မရေရာအနမ်း
ဝေဒနာအလွမ်းနဲ့
ဒီရင်မှာ နွမ်းမိတယ် စုသခင်,,,,,

♥~♥♥~♥ဒို့ လွမ်းနေတယ်ချစ်သူရယ်♥~♥♥~♥

ငွေနှင်းမှုံ နေခြည်သိုင်းလို့

ဖြူလွှလွှစနိုးပွင့်တို့ဆင်းသက်တော့မည့်...ဟန်ချီ

မြောက်ပြန်လေရူး တသုန်သုန်တိတ်ခတ်မြူးတော့

ကိုယ့်ချစ်သူလေးချမ်းရှာရော့မည်...

အရမ်းလွမ်းလှပြီ..........အသဲပန်းကို

တိတ်တိတ်လေးခူးဆွတ်သွားသူရယ်....................

ဆောင်းဦးဟေမာန်သို့ မျှော်တလင့်လင့်နဲ့ရောက်ပြန်တော့မယ်

မျှော်သာမျှော်လျှက်အခေါ်ခက်ပြန်

နုတ်ဆက်ရန်လည်းမဝံ့ရဲတဲ့အဖြစ်တွေမို့

လေလှိုင်းမှတစ်ဆင့် ရင်ထဲကစကားပွင့်တွေကို

အမှာပါးခဲ့ပါ့မယ်....

ကိုယ့်အချစ်တွေ...သဇင်ရနံတို့နဲ့အတူ

မင်းရင်ထဲ ခိုနားခွင့်ပြုပါ ချစ်သူရယ်.............

အင်တာနက်အချစ်နတ် ...ဖမ်းစားခြင်းခံရတဲ့ကိုယ့်ရင်မှာ

အစွဲလမ်းတွေပိုလွမ်းရနံ့တွေဝေနေလေတော့

နေ့နေ့ညညမေ့မရခဲ့

မခိုင်စိတ်ထားလွမ်းရက်ရှည်တွေကြားမှာ

ရင်ထဲကပဲ့တင်သံ မင်းအတွက်ကဗျာရွက်သံတွေဖြစ်ခဲ့ရပြီ...

ကဗျာလေးတွေရွက်ဆိုရင်း...

တူဆုံတွေ့မယ့်နေ့ကိုစောင့်မျှော်ရင်း....


ဒို့ လွမ်းနေတယ်ချစ်သူရယ်................