ကျွန်တော် ဘလော့ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ နှလုံးသားရဲ့ခံစားချက်လေးတွေကို ဖော်ပြမယ်ဆိုပြီး တည်ထောင်ဖြစ်ခဲ့တာပါ...။ ကဗျာလေးတွေကို ကိုယ်တိုင်ရေးဖြစ်တယ် ကျွန်တော်ကြိုက်နှစ်သက်တဲ့ ကဗျာတွေ၊စာသားတွေ တွေ့ခဲ့ရင်လည်းပြန်လည် ကူးယူဖော်ပြဖြစ်ခဲ့ပါတယ် နည်းပညာများကို မသိသေးတဲ့သူတွေနဲ့ အတူ ကျွန်တော်ကိုယ်တိုင်လည်း လေ့လာဖို့အတွက် ကျွန်တော်လေ့လာဖတ်ရှု့ခဲ့တဲ့ စာအုပ်တွေဆိုဒ်တွေကတဆင့် ကူးယူပြီး ပြန်လည်ဖော်ပြ ပေးထားတာပါ...။ ဒီဘလော့ကကျတော့်အတွက် မှတ်စုစာအုပ်လေးလို့ ပြောရင်လည်းမမှားနိုင်ပါဘူး...။ အကြင်နာမြို့တော် ဘလော့လေးသို့ လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေများအားလုံး ကျေးဇူးအထူးတင်ရှိပါကြောင်း ဒီနေရာလေးကနေ ပြောကြားလိုက်ရပါတယ်...။ ကျွန်တော့်ဘလော့လေးဆီသို့ ကဗျာများ၊ စာပေများ၊ ဗဟုသုတများ၊ နည်းပညာများ၊ သတင်းများ၊ စသဖြင့် ဖော်ပြပေးရန် ပေးပို့ လိုပါက ပေးပို့သူနာမည်နှင့်အတူ ဖော်ပြပေးသွားပါမည်။ အီးမေးပေးပို့လိုလျှင် akyinnarmyotaw@gmail.com (သို့မဟုတ်) akerheain@gmial.com သို့ ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ.....။ မိတ်ဆွေများအားလုံးကို လေးစားလျှက် အကြင်နာမြို့တော်.....။

ပဟေဠိ


မေး သူ့ကိုရိုက်တော့ ချာချာလည်၊ ကြိုးကိုဆွဲပြီး ငိုရှာတယ်။
ဖြေ ကြေးစည်။

မေး ကန်ထဲမှာရေ၊ ရေထဲမှာမြွေ၊ မြွေခေါင်းမှာရွှေ။
ဖြေ မီးခွက်။

မေး အညာကဆင်ဖြူ၊ အမွှေးထူ။
ဖြေ ကြက်သွန်ဖြူ။

မေး ဖူးခနဲထောင်၊ ဖောင်ခနဲလဲ၊ ရဲရဲနဲ့ တွဲလွဲဆွဲ။
ဖြေ ငှက်ပြောဖူး။

မေး သူ့အပင်နွဲ့ချောင်း မတက်ကောင်း၊ စားကောင်းပါရဲ့ ဖူးတံနဲ့။
ဖြေ ပြောင်းဖူး။

မေး ပ၀ါခြုံလုံပါပေ့၊ ဆံမြိတ်ချ လှပါပေ့၊ ကျောက်တန်းစီ ညီပါပေ့။
ဖြေ ပြောင်းဖူး။

မေး အသီးပေါ် အပင်ပေါက်၊ ခြေထောက်တစ်ချောင်းထောက်။
ဖြေ နာနတ်သီး။

မေး ခြုံကြားထဲက မင်းကုသ၊ ခေါင်းပေါင်းစနှင့်ထ။
ဖြေ နာနတ်သီး။

မေး တစ်နှစ်တစ်ခါ ပေါ်လို့လာ၊ ရာဇာမင်းလောင်း ထီးဖြူဆောင်း။
ဖြေ မှို။

မေး ဆုပ်လျှင် စူး၊ နမ်းလျှင် မူး၊ စားလျှင် ရူး။
ဖြေ ပဒိုင်းသီး။

မေး တို့နွားတစ်ကောင် ဘို့တစ်ထောင်။
ဖြေ ကြက်ဟင်းခါးသီး။

မေး တို့နွားတစ်ကောင် ဘို့တစ်ထောင် ခြေရာလည်းပျောက် ရေလဲနောက်။
ဖြေ ကြက်ဟင်းခါးသီး နှင့် ဆန်ဆေးရေ
(ကြက်ဟင်းခါးသီးချက်လျှင် ဆန်ဆေးရေနှင့်ဆေးပါက အခါးသက်သာသည်ဟု ဆိုကြသည်။)

မေး သူ့ပင်စည်က မြွေပွေးပြောက်၊ သူ့အသီးက ပြည်တောင်းလောက်။
ဖြေ သင်္ဘောသီး။

မေး နွားမတစ်ရာ ရေဆင်းလာ၊ ခြေရာလည်းပျောက် ရေလည်းနောက်။
ဖြေ ဆန်ဆေးသည်။

မေး ဖတ်လတ် ဖတ်လတ် ၂ ဖတ်လတ်၊ တွဲလွဲ တွဲလွဲ ၂ တွဲလွဲ၊
ဒေါက်လောက် ဒေါက်လောက် ၄ ဒေါက်လောက်။
ဖြေ ၂ ဖတ်လတ် = နားရွက် ၂ခု၊
၂တွဲလွဲ = နှာမောင်းနှင့်အမြီး။
၎ ဒေါက်လောက် = ခြေ ၄ ချောင်း။
ဆင်
မေး ရေမရှိ မြစ်လယ်ကောင်
ထင်းမရှိ တောင်သုံးတောင်
နှမမရှိ ခြောက်ယောက်မောင်

ဖြေ မေတ္တာတရား
အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော
အာရုံခြောက်ပါး။


မေး ပန်းဇော်တကို၊ နေ့ညမဆို၊ ဆင်စေလိုသည်၊ ဗဟိုရင့်ကျူး၊ နာရီမှူး။
ဖြေ ကြက်ဖ (ဗဟိုစည်နှင့် နာရီပမာ အချိန်မှန်မှန် တွန်ကျူးတတ်သည်။)

မေး ဆယ့်ခြောက်ပြည်ထောင် ပိုင်စိုး၊ မင်းမျိုးငဲ့ရာဇာ၊ ရှေးကုသိုလ် ကံမကောင်းတာကြောင့်
ခေါင်း ခြေ လက် မပါ။
ဖြေ တင်းတောင်း ( ၁၆ပြည်ဆံ့)

မေး သဒ္ဒါလည်း မတတ်၊ ပရမတ်လည်းမကျေ
လူရှေ့မှာလည်းနေ၊ မှန်လျှင် မှန်စေ၊ မမှန်လျှင် လျှာထုတ်ပြသည်။
ဖြေ ချိန်ခွင်

မေး ခြေရှစ်ချောင်း၊ ခေါင်းဘယ်ညာ၊ အမြီး ခါးလယ်မှာ။
ဖြေ ချိန်ခွင်

မေး ရေလယ်ကောင်သောင်ထွန်း၊ နတ်သမီးနေတဲ့ကျွန်း
ဖြေ ကျောက်ပျဉ်
မေး ချောင်ငယ်ကောက်ကောက်၊ ရေလယ်နောက်နောက်။
ဖြေ ကျောက်ပျဉ်။

မေး နတ်သမီးအိမ်တိုင် ပိုးမဖောက်နိုင်၊ ဖောက်ပြန်သော်လည်း တစ်ပေါက်တည်း။
ဖြေ အပ်

မေး ငုပ်ချည်ပေါ်ချည်၊ သူ့ဖင်ကို ကြိုးနဲ့ချည်။
ဖြေ အပ် နှင့် ချည်။

မေး နတ်သမီး တံတွေးပေါက် ကြက် မကောက်နိုင်။
ဖြေ နေပြောက်

မေး နွားနို့ တစ်ပန်းကန် တစ်ပြည်လုံးလျှံ။
ဖြေ လ နှင့် လရောင်

မေး နတ်သမီးအိမ်တိုင် သူခိုးမတက်နိုင်။
ဖြေ ငှက်ပျောပင်

မေး နတ်သမီးသောက်ရေကန် တံတိုင်း သုံးထပ်ရံ။
ဖြေ အုန်းသီး။

မေး မဖွပ်ဘဲဖြူ၊ မခပ်ဘဲ ပြည့်။
ဖြေ အုန်းသီး

မေး မဖွပ်ဘဲဖြူသည့် နတ်ပုဆိုး၊ မခပ်ဘဲပြည့်သည့် နတ်ရေအိုး။
ဖြေ အုန်းသီး

မေး ဒိုက်ခုတ်တော့ အုတ်ပေါ်၊ အုတ်ခုတ်တော့ ကြွေပေါ်၊
ကြွေခုတ်တော့ ရေပေါ်၊ ဘာသီးလဲနော်။
ဖြေ အုန်းသီး

မေး သွားတော့ ခွေခွေ၊ နေတော့ စင်းစင်း။
ဖြေ ခေါင်းခု။

မေး လေးထောင့်စပ်စပ်၊ သူ့မျက်နှာ ငါ့မှာကပ်။
ဖြေ မှန်

မေး အပင် နွဲ့နှောင်း၊ အသီးဖောင်းဖောင် မစားကောင်း။
ဖြေ ဆံပင်နှင့် သန်းဥ။

မေး ငါ့နွားနက်နက် ချုံပေါ်တက်၊ ချက်ချက်သံမျှ မကြားရ
ဖြေ ဆံပင်နှင့်သန်း

မေး သူ့အပင်က တစ်ရုံကြီး၊ သူ့အသီးက တစ်လုံးတည်း။
ဖြေ ဆံပင်နှင့် ဆံထုံး

မေး နှစ်ယောက်တစ်တွဲ၊ နေ့မှာခွဲ၊ ညဘက်ကျလျှင် ပြန်ပေါင်းချင်။
ဖြေ တံခါးရွက်။

ပဟေဠိ


 ၁။ သူ့အပင်က တစ်ရုံကြီး၊ သူ့အသီးက တစ်လုံးသီး။ (ဆံပင်နှင့် ဆံထုံး)

၂။ အစာကို နှစ်ယောက်ကမြင်၊ ငါးယောက်က ယူ၊ သုံးဆယ်က ၀ါး၊ ကောင်းစားတော့ တစ်ယောက်တည်း။ (မျက်စိ၊ လက်ချောင်း၊ သွားနှင့် လျှာ)

 ၃။ ကြည့်လေဝေးလေ၊ ဝေးလေကြည့်လေ။ (မျက်စိနှင့် နား)

 ၄။ ခေါင်းကြီးလို့ လည်သိမ်၊ ဖင်ပိန်တဲ့ ယောကျာ်း၊ မိုးပေါ်ပျံကာသွား၊ သိကြားလား နတ်လား။ (ပုစဉ်း)

 ၅။ တက်လေးစင်းနှင့် အပြင်းလှော်၊ မယ်တော်ရှင်မ ပေါင်းထဲက။ (လိပ်)

 ၆။ သွားတော့ ကွေ့ကောက်၊ မြင့်ရာက နိမ့်ရာရောက်။ (မြစ်ချောင်း)

 ၇။ နွားနို့တစ်မြူ၊ ပြည်လုံးဖြူ။ (လ)

 ၈။ နတ်သမီး တံတွေးပေါက် ကြက်မကောက်နိုင်။ (ထရံပေါက်မှကျရောက်လာသော နေပြောက် အကွက်)

 ၉။ အမြင်နီး ခရီးဝေး။ (တောင်)

 ၁၀။ စည်ကြီးတီး မျက်နှာမည်းကြီးငို သေသူရှင် ပုန်းသူပေါ်။ (မိုးဦကျကာလတွင် မိုးကြိုးပစ်၊ မိုးရွာ၊ မြက်ပေါက်၊ ဖားအော်) 

၁၁။ မတီးဘဲမြည်။ (မိုးခြိမ်းသံ)

 ၁၂။ ခုတ်လို့မပြတ် သတ်လို့မသေ။ (ရေ)

 ၁၃။ အိမ်ရှိပေမယ့် လူမရှိ၊ လူရှိပေမယ့် အသံမကြားရ။ (သင်္ချိုင်း)

 ၁၄။ ငမဲဖင် ငနီလျက်။ (အိုးနှင့် မီး)

 ၁၅။ သွားတော့ခွေခွေ နေတော့စင်းစင်း။ (ခေါင်းခု)

 ၁၆။ ငယ်စဉ်က ရင်ခွင်ပိုက်၊ ကြီးစေလိုလို့ တုတ်နဲ့ရိုက်၊ မာစေလိုလို့ မီးနဲ့မြှိုက်။ (အိုး)

 ၁၇။ သားကရိုက်တော့ အမေငို၊ ၀မ်းဗိုက်တစ်လုံး ခေါင်းတစ်လုံး။ (မောင်း)

 ၁၈။ သံသာငှက်ကြီး ရင်ပတ်တီး၊ အမြီးခါးလယ်မှာ။ (လယ်ကွင်း)

 ၁၉။ နတ်သမီးအိမ်တိုင် ပိုးမဖောက်နိုင်၊ ဖောက်ပြန်တော့လဲ တစ်ပေါက်တည်း။ (အပ်)

 ၂၀။ ကျိုးကျိုးကျည် မြည်လို့လာ၊ အိမ်ရောက်ခါမှ မေးထောက်ကာ။ (လှည်း)

ပဟေဠိမူကွဲ


အမေး။ ။ အဖြူပေါ် အနီတက် အဖြူအရည်ထွက်
အမေး။ ။ မရွှေဝါ ကိုယ်တော်တွေ့ခါမှ ဖြူဖွေးသည့် သူ့ခန္ဓာ ပျက်ကြွေရရှာ
အဖြေ။ ။ ဖယောင်းတိုင်
အမေး။ ။ ငစိမ်းပေါ် ငဖြူတက်၊ ငနီလာမှ သွေးတွေထွက်
အမေး။ ။ အစိမ်းပေါ် အဖြူတင်၊ အဖန်လာမှ နီရောင်ဆင်
အဖြေ။ ။ ကွမ်းရွက်၊ ထုံးဖြူ၊ ရှားစေး (ကွမ်းယာ)
အမေး။ ။ ငစိမ်းပေါ် ငဖြူတက်၊ ငလုံးနှက်တော့ သွေးထွက်တယ်
အဖြေ။ ။ ကွမ်းရွက်၊ ထုံးဖြူ၊ ကွမ်းသီး (ကွမ်းယာ)
အမေး။ ။ သူ့ထဘီဆွဲချွတ်၊ သူ့အမွှေးဆွဲနုတ်၊ အစေ့တွေငုတ်တုတ်
အမေး။ ။ တစ်ဆုပ်ကယ်သာသာ၊ တစ်ထွာရယ်ပြင်းပြင်း၊ အပတ်ကိုဖြဲလို့ အမွှေးကိုနုတ်၊ အလယ်ကောင်မှာ အစေ့တွေငုတ်တုတ်
အမေး။ ။ ငယ်စဉ်က ဆံပင်ဖြူ၊ ကြီးလာမူ ဆံပင်နက်၊ တစ်သက်လုံးကလေးထိန်းလျက်
အမေး။ ။ ပါဝါခြုံ လုံပါဘိ၊ ဆံမြိတ်ချ လှပါဘိ၊ ကျောက်တန်းစီ ညီပါဘိ
အဖြေ။ ။ ပြောင်းဖူး
မေး။ ။ ဖူးခနဲထောင်၊ ဖောင်ခနဲရဲ၊ ရဲရဲနဲ့ တွဲလွဲဆွဲ
မေး။ ။ ဖူးခနဲယောင်၊ ထောင်ခနဲထ၊ အာလံရဲ တွဲလဲကျ
မေး။ ။ နီတာရဲ တွဲလဲကျ
ဖြေ။ ။ ငှက်ပြောဖူး
မေး။ ။ ခြုံကြားထဲက မင်းကုသ၊ ခေါင်းပေါင်းစနှင့်ထ
မေး။ ။ အသီးပေါ် အပင်ပေါက် ခြေထောက်တစ်ချောင်းထောက်
ဖြေ။ ။ နာနတ်သီး

သံဂျက်


အပျိုပိန်ပိန် ရေမစိမ်နဲ့ ...
(သံပြိုင်ဆို) အီကြာကွေး ... အီကြာကွေး
အပျိုဝဝ ရေမချနဲ့ ...
(သံပြိုင်ဆို) မုန့်ဖက်ထုပ် ... မုန့်ဖက်ထုပ်
အမေ့ချွေးမ ပျောက်လို့ရှာ ...
(သံပြိုင်ဆို) တွေ့ပြီ .. တွေ့ပြီ .. သူပဲ .. သူပဲ
နီနီရဲရဲ ပြဲပြဲကြီး...
(သံပြိုင်ဆို) ဖရဲသီး ... ဖရဲသီး
အမွှေးဖွားနဲ့ အရိုးရှည် ...
(သံပြိုင်ဆို) စားလိုက်စမ်းပါ ... ပြောင်းဖူး .. ပြောင်းဖူး
မည်းမည်းကြီးနဲ့ အပေါက်ပါ ...
(သံပြိုင်ဆို) ကြံကြံဖန်ဖန် ... ဘုန်းကြီး သပိတ်
မည်းမည်းကြီးနဲ့ အရိုးရှည် ...
(သံပြိုင်ဆို) ဆောင်းလိုက်စမ်းပါ ... ထီးကောက် .. ထီးကောက်
အလုံးကြီးပြီး အပေါက်လှတာ
(သံပြိုင်ဆို) ဟိုကောင်မလေး ရေအိုး ရေအိုး
အချောင်းကြီးက ရေထွက်ရင်
(သံပြိုင်ဆို) မကြောက်ပါနဲ့ ရေပြွတ် ရေပြွတ်

1331 နံပါတ်သို့ SMS ပေးပို့၍ Internet လိုင်းဖွင့်နိုင်ပါပြီ




ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာ ၀န်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Prepaid GSM / WCDMA ကြိုတင်ငွေဖြည့်ကဒ်ဖြင့် တယ်လီဖုန်းသုံးစွဲသူများမှ အင်တာနက်စနစ်အား ဌာနသို့ လူကိုယ်တိုင်လာရောက် လျှောက်ထားရန် မလိုဘဲ မိမိမိုဘိုင်းဖုန်းဖြင့် (၁.၈.၂၀၁၃) ရက်နေ့မှစတင်၍ တိုက်ရိုက်ဖွင့်လှစ် သုံးစွဲနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
အင်တာနက်ဖွင့်ရန်အတွက် မိမိမိုဘိုင်းဖုန်းမှ 1331 နံပါတ်သို့ “Orderdata service” စာသားအား SMS ပေးပို့ရပါမည်။ အင်တာနက်လိုင်းပွင့်ပါက သုံးစွဲသူ၏ ငွေလက်ကျန်ထဲမှ ၁၀၀၀၀ိ/ (ကျပ်တစ်သောင်း တိတိ) ကိုနှုတ်ယူမည်ဖြစ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

အင်တာနက်လျှောက်ထားပြီးလျှင် 1234123 မှ

Dear customer, you have ordered product service successfully! Please restart you handset. ဟု message ပြန်ပို့လာပြီး ဖုန်းကို restart ချ၍ internet Setting ချိန်ပြီး အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။

Internet Setting ချိန်ရန်

Menu > Setting > Wireless & Networks > Mobile Network > Access Point Names ကို ဖွင့်ပြီး Menu ခလုတ်ကို နှိပ်ပါ ၊ New APN ကို ရွေးပါ။

Name : mptnet

APN : mptnet

Proxy : မရိုက်ရ

Port : မရိုက်ရ

Authentication type : PAP or CHAP (ရွေးချယ်လိုက်ပါ)
အထက်ပါ စာများ ရိုက်ပြီးသွားလျှင် Menu ခလုတ်နှိပ်ပြီး Save ဖြင့်ထွက်လိုက်ပါ။
Data Switch (အထက်အောက် မြှား) ကို On ပေးခြင်းဖြင့် Internet အသုံးပြုလို့ ရပါပြီ။

ဒီဝတ်စုံလေးမျိုးကိုတော့ ဓါတ်ပုံပြင်တဲ့ သူတိုင်း ဆောင်ထားသင့်ပါတယ်






ဓါတ်ပုံပြင်သော သူငယ်ချင်းများ ဒီလိုပုံလေးကိုတော့ လိုအပ်ကြမယ်လို့ထင်လို့ တင်ပေးလိုက်ပါတယ်ခင်ဗျာ....။

သရုပ်ဆောင် တစ်ယောက်၏ ခွန်အားက လက်ခုပ်သံပါ...။

စစ်သားတစ်ယောက်၏ ခွန်အားက ကျည်ဆံပါ။

ဘလော့ဂါ တစ်ယောက်၏ ခွန်အားက ကော့မက် ပါ....။

ဒေါင်းလော့ဖိုင်ဆိုဒ်ကတော့ 13.4 MB ရှိပါတယ်..။RAR ဖိုင်ကို ဖြည်လိုက်ရင်တော့ 21.7 MB ရှိတဲ့ PSD ဖိုင်လေးရှိမှာ ဖြစ်ပါတယ်

ဒီမှာ ဒေါင်းယူနိုင်ပါတယ် ခင်ဗျာ...။