ကျွန်တော် ဘလော့ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ နှလုံးသားရဲ့ခံစားချက်လေးတွေကို ဖော်ပြမယ်ဆိုပြီး တည်ထောင်ဖြစ်ခဲ့တာပါ...။ ကဗျာလေးတွေကို ကိုယ်တိုင်ရေးဖြစ်တယ် ကျွန်တော်ကြိုက်နှစ်သက်တဲ့ ကဗျာတွေ၊စာသားတွေ တွေ့ခဲ့ရင်လည်းပြန်လည် ကူးယူဖော်ပြဖြစ်ခဲ့ပါတယ် နည်းပညာများကို မသိသေးတဲ့သူတွေနဲ့ အတူ ကျွန်တော်ကိုယ်တိုင်လည်း လေ့လာဖို့အတွက် ကျွန်တော်လေ့လာဖတ်ရှု့ခဲ့တဲ့ စာအုပ်တွေဆိုဒ်တွေကတဆင့် ကူးယူပြီး ပြန်လည်ဖော်ပြ ပေးထားတာပါ...။ ဒီဘလော့ကကျတော့်အတွက် မှတ်စုစာအုပ်လေးလို့ ပြောရင်လည်းမမှားနိုင်ပါဘူး...။ အကြင်နာမြို့တော် ဘလော့လေးသို့ လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေများအားလုံး ကျေးဇူးအထူးတင်ရှိပါကြောင်း ဒီနေရာလေးကနေ ပြောကြားလိုက်ရပါတယ်...။ ကျွန်တော့်ဘလော့လေးဆီသို့ ကဗျာများ၊ စာပေများ၊ ဗဟုသုတများ၊ နည်းပညာများ၊ သတင်းများ၊ စသဖြင့် ဖော်ပြပေးရန် ပေးပို့ လိုပါက ပေးပို့သူနာမည်နှင့်အတူ ဖော်ပြပေးသွားပါမည်။ အီးမေးပေးပို့လိုလျှင် akyinnarmyotaw@gmail.com (သို့မဟုတ်) akerheain@gmial.com သို့ ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ.....။ မိတ်ဆွေများအားလုံးကို လေးစားလျှက် အကြင်နာမြို့တော်.....။

♥ ... ရင်ထဲကဆူး ...♥

စဉ်းစားတိုင်းလည်း အဖြေမထွက်ဘူး
ဘယ်ဘ၀ ၀ဋ်ကြွေးမို့
ကံကြမ္မာက အဲ့လောက်ခါးသက်နေတာလဲ

သူများတွေလို ခံစားစရာနှလုံးသားတခုပဲ
ငါ့မှာလည်း ပါတာပါ

နာကျင်တက်မှန်းသိလို့
ရက်စက်တဲ့ ဘ၀ဆုလဒ်တွေ
ခဏ ခဏ မပေးပါနဲ့
ကြာရင် ငါရူးလိမ့်မယ်

နှောင်တွယ်စရာမရှိတဲ့ဘ၀မှာ
သေပျော်ပေမယ့် နေမပျော်ဘူး

ပြုတ်ကျနေတဲ့ စိတ်ဓါတ်ကို
ဆွဲဆွဲတင်နေရတာလည်းအမောပဲ

ဥုံ.... ဆိုပြီး မန်းလို့ရရင်
တနေကုန် ထိုင်ရွတ်နေမယ်

မပျော်ရွှင်မှု့တိုင်းမှာ
အနားသတ်ရှိရင်
အဲ့ကမ်းအဆုံးကို ငါလက်ပစ်ကူးလိုက်မယ်
မြန်မြန်ရောက်ပါစေတော့

အောင်မြင်တဲ့  လူတစ်ယောက်ဖြစ်ဖို့ 

အောင်မြင်တဲ့  လူတစ်ယောက်ဖြစ်ဖို့ ဒီအချက်တွေကို အလေးထား လိုက်နာပါ
=========================================================

* ဘာလုပ်လုပ် အောင်မြင်မယ်လို့  ယုံကြည်စိတ် အပြည့် ထားပါ။

* ကိုယ့် ကိုကိုယ် အားကိုးပါ။

* သူ့ တစ်ပါးအမှား ကို သင်ခန်းစာယူပါ။

* ဘယ်သူ့ ဆီကမှ အလကား မလိုချင်ပါနဲ့ ။

* ကူညီပေးကမ်း လှူဒါန်းချင်စိတ် အမြဲ ရှိပါ။

* ရေရှည်အတွက် တွေးပြီး အလုပ်လုပ်ပါ။

* ကိုယ့် ရဲ့  အားနည်းချက် အားသာချက်ကို အမြဲတမ်း ဆန်းစစ်ပါ။

* ကိုယ့် ကျင့် သိက္ခာနဲ့  ပက်သက်လာရင် ဘယ်တော့ မှ အပေးအယူ မလုပ်ပါနဲ့ ။

* အချိန်ရဲ့  တန်ဖိုးကို သိပြီး အချိန်ကို မဖြုန်းမိပါစေနဲ့ ။

* ဘာပဲလုပ်လုပ် ဇွဲလုံ့ လ ၀ီရိယရှိပါစေ။

* မိတ်ဆွေ ကောင်းတွေကို တန်ဖိုးထားပါ။

* ချိုသာပျူငှာ စွာ ဆက်ဆံတတ်ပါစေ။

* လောကကို အကောင်းမြင်စိတ်ရှိပါ။

* မိမိဘ၀ အတွက် ခွန်အားဖြစ်စေတဲ့  စာအုပ်မျိုးစုံကို အချိန်ပေးဖတ်ပါ။

စာကြွင်း - ဆရာ ကောင်းသန့် ရဲ့  သမီးလေး ဖတ်ဖို့  စာအုပ်လေးမှ
ဖတ်ခဲ့ ရတာလေး ကို ပြန်လည် ရေးသားခြင်း ဖြစ်ပါသည်။


♥~♥♥~♥အချစ်ကိုရှာဖွေခြင်း♥~♥♥~♥

လေတိုက်တိုင်းသစ်ရွက်မကြွေသလို

ရင်ခုန်တိုင်းလည်း အချစ်မဟုတ်ပါ

လှလို့ချစ်တာလား ချစ်လို့လှတာလား

လှလို့ချစ်ခဲ့တယ်ဆိုရင် ပိုင်ဆိုင်ခွင့်ရမှ

သင်္ခါရသဘော... အလှတို့ညိုးသွားခဲ့ရင်ကော

အချစ်စစ်ဖြစ်ခဲ့ရင် ဘယ်လိုအခြေအနေရောက်ရောက်

အချစ်က...ချစ်လို့လှနေတာပါ...ချစ်ရင်း..လှနေမှာပါ..

အချစ်ဆိုတာ အဆင့်ဆင့်ပြောင်းလွဲ

နှလုံးအသဲ ဘဝထဲအထိရောက်သွားခဲ့တယ်

တွေ့စ ခင်စ ကြင်နာစမှာ မျက်ဝန်းတွေမှတစ်ဆင့်

အချစ်ရဲ့အရိပ်အရောင် ရင်ခုန်သံနိုးထမူ့နဲ့

အလိုလိုနေရင်းသိလာခဲ့တယ် သံယောဇဉ်တို့ညိုတွယ်ခဲ့ကြတယ်

ရင်နှီးမူ့တစ်ဆင့်တိုး နွေးထွေးမူ့တို့ တိုးတိုးလေးလှိုင်းထစေတယ်

အပျော်လေးတွေရှာဖွေ လိုအပ်ချက်တွေဖလှယ်ရင်း

စိုးမိုးမူ့ဧရိယာထဲ တဖြည်းဖြည်းတိုးဝင်ခဲ့တယ်

လွမ်းလိုက်ရသည့်ဖြစ်ခြင်း....

အချစ်ကို တိတ်တခိုးမျှော်လင့်ရသူနဲ့

အချစ်ကို ဖွင့်ဟဝန်ခံရသူ

ခံစားရမူ့ဝေဒနာခြင်းတော့မတူတာအမှန်ပါ...

အလွမ်းဝေဒနာတွေ ကျိတ်မှိတ်ခံစားကြရင်း..

ဝေးလွင့်သွားမှာလား ...စိုးရင်း...........စိုးရင်း

ရင်တလှပ်လှပ်နဲ့ သောကဝေဒနာကြားက

ရုန်းထွက် လာခဲ့တော့တယ်.....

အော်.....အချစ်.........အချစ်......အချစ်..........


♥~♥♥~♥လမ်းခင်းပေးမယ့် ပန်းတပွင့်♥~♥♥~♥

အချစ်နဲ့တည်ဆောက်သောဒီကမ္ဘာမှာ
.
ချစ်ကံခေ စွာဖြတ်သန်းရင်း
.
အရိုင်းပန်းတစ်ပွင့် ကို နှလုံးသားဥယဉ်နန်းမှာ သိမ်းထားခဲ့တယ်...
.
ပန်ဆင်သူကိုမျှော်လင့်ရင်းပေါ့.......
.
သုံညနဲ့ စခဲ့ရတဲ့ ဘဝဆိုတဲ့ခရီးလမ်း...
.
ကံကြမ္မာကကြမ်း ဇာတာခွင်ကလှုပ်ရမ်းလေ တော့
.
မခိုင်စိတ်ထားတွေနဲ့ အားတင်း တိုးခဲ့ရတယ်
.
ငါ့ အတွက်တော့
.
ဘဝရဲ့အားပေးဖော်ဆိုတာ
.
ဒဏ္ဍာရီထဲက
.
သူရဲကောင်းတွေပါ........
.
ငါ့ရဲ့ဖိနှိပ်ချုပ်ချယ်မူအောက်က ပြုံးခွင့်မရဖူးတဲ့
.
ငါ့ နှလုံးခုန်သံတွေ...
.
ငါ့ အထီးကျန်နေ့ရက်တွေ...
.
အလွမ်းဒဏ်တွေနဲ့နှလုံးသားကိုတိုက်စားရင်း
.
အိမ်မက်သခင် ကိုပုံဖော်ထားခဲ့ကြတယ်...
.
ဆောင်းမနက်ခင်းတွေ...
.
နွေဦးရာသီတွေ...
.
မိုးညချမ်းလေးတွေကို ကျော်ဖြတ်ရင်းက
.
ငါ့ ဘဝရဲ့ အိမ်မက်သခင်ကိုတွေ့ခဲ့ ရတယ်
.
ဒါပေမယ့်..............ဒါပေမယ့်
.
သူ့ခေါင်းမှာ ပန်းတွေက ဝေဝေဆာဆာရှိနေခဲ့ပါပြီလေ......
.
တစ်ပွင့်ပန်းကိုရင်မှာသိုဝှက်လို့
.
ချစ်ရနံ့တွေ တားဆီးရတော့မယ့်ရင်ခွင်နန်းမှာ...
.
အရောင်ပြောင်းခဲ့ရတဲ့ပန်းဆိုပေမယ့်
.
မေတ္တာရနံ့တွေ တိုတ်ခတ်ဖြတ်ပြေးနေမယ့်ဒီရင်မှာ.....
.
နေ လို အနွေး ' လ ' လိုအအေးတွေနဲ့.....
.
ပြောင်းလွဲခြင်းမဲ့တဲ့ ...ထာဝရ ဆိုတဲ့
.
အဖြူရောင်ပန်းတစ်ပွင့်ဖြစ်ခွင့်ရ ရင်လည်း
.
ငါနေပျော်ပါတယ် သခင်ရယ်............
.
ချစ်သစ္စာဆိုတဲ့ ပန်းတစ်ပွင့်ဟာ..
.
အရောင်တွေဘယ်လိုပြောင်းပြောင်း.
.
ရာသီတွေ ဘယ်လိုနှောင်းနှောင်း
.
ငါ့နှလုံးသား ထောင့်စွန်းတစ်နေရာမှာ.
.
ရင်ခုန်သံ စည်းချက်တွေနဲ့အတူ ပွင့်လွှာတွေအရစ်ရစ်ထပ်တိုးရင်း
.
သခင်ရဲ့ အနာဂါတ်ခြေလှမ်းတွေအောက်သို့
.
တစ်လွှာခြင်း ..........တစ်လွှာခြင်း ....
.
သက်ဆင်း ...
.
လမ်းခင်းပေးခဲ့ပါ့မယ်သခင်ရယ်.....

♥~♥♥~♥ တိမ်တိုက်တွေများဖြစ်ခဲ့ပြီလား♥~♥♥~♥

ကောင်မလေးရေ...

အရမ်းလွမ်းနေမိပြီ...

ကောင်မလေးကိုချစ်တဲ့ အကို့အချစ်ဟာ

အရမ်းဖြူစင်ပါတယ်...

ဒါကိုကောင်မလေမသိနိုင်ခဲ့ဘူးနော်..

မသိချင်းများစွာနဲ့ ဖုံးအုပ်ခဲ့တာလားကောင်မလေးရယ်

သိသိနဲ့များ တိမ်တိုက်တွေလို

လွင့်ပျယ်ခဲ့တာလား....

ကောင်မလေးရဲ့အသံလေးတွေကြားခွင့်မရခဲ့တာ

အကို့နှစ်လုံးသားထဲမှာတော့

ပူလောင်းခြင်းဒဏ်ကိုခံစားနေခဲ့ရတယ်

ကောင်မလေးဆီကိုဖုန်းဆက်တော့လည်း

စက္ကန့်အပိုင်းအခြားလေးသာပြောခွင့်ရခဲ့တယ်နော်...

အွန်လိုင်းလည်းတက်မလာ

ဖုန်းဆက်တော့လည်း စက္ကန့်အပိုင်းအခြားလေးသာ

တွေ့ခွင့်ရခဲ့တဲ့ အကို့နှစ်လုံးသားမှာ

ဘယ်လောက်ထိပူလောင်နေလည်းဆိုတာ

ကောင်မလေးစာနာနားလည်ပေးပါနော်...

ကောင်မလေးရေ ရာသီဥတုပြောင်းလည်းမှု့ကြောင့်

တိမ်တိုက်တွေကိုများအားကျခဲ့တာလား..

ချမ်းအေးလှတဲ့ဆောင်းရာသီမှာ

အနွေးဓါတ်မရှိ အရောင်အဆင်းမရှိတာ့တဲ့

ဆောင်းဝတ်အိင်္ကျီကို

စွန့်ပြစ်သလိုများစွန့်ပြစ်ခဲ့တာလား

သံယောဇဉ်ကြိုးလေးကိုဖြတ်တောက်ခဲ့တာလား...

သိချင်စိတ်တွေများပြားနေတဲ့

နှစ်လုံးသားတစ်စုံထဲမှာ

ပူလောင်ခြင်းတွေပြည့်နှပ်နေခဲ့တယ်

ကောင်မလေးရေ....

♥~♥♥~♥ ဒို့လွမ်းနေတယ် ချစ်သူရယ် ♥~♥♥~♥

ငွေနှင်းမှုံ နေခြည်သိုင်းလို့

ဖြူလွှလွှစနိုးပွင့်တို့ဆင်းသက်တော့မည့် ဟန်ချီ...

မြောက်ပြန်လေရူး တသုန်သုန်တိတ်ခတ်မြူးတော့

ကိုယ့်ချစ်သူလေးချမ်းရှာရော့မည်...

အရမ်းလွမ်းလှပြီ အသဲပန်းကို

တိတ်တိတ်လေးခူးဆွတ်သွားသူရယ်...

ဆောင်းဦးဟေမာန်သို့ မျှော်တလင့်လင့်နဲ့ရောက်ပြန်တော့မယ်

မျှော်သာမျှော်လျှက်အခေါ်ခက်ပြန်

နုတ်ဆက်ရန်လည်းမဝံ့ရဲတဲ့အဖြစ်တွေမို့

လေလှိုင်းမှတစ်ဆင့် ရင်ထဲကစကားပွင့်တွေကို

အမှာပါးခဲ့ပါ့မယ်....

ကိုယ့်အချစ်တွေ...သဇင်ရနံတို့နဲ့အတူ

မင်းရင်ထဲ ခိုနားခွင့်ပြုပါ ချစ်သူရယ်...

အင်တာနက်အချစ်နတ် ...ဖမ်းစားခြင်းခံရတဲ့ကိုယ့်ရင်မှာ

အစွဲလမ်းတွေပိုလွမ်းရနံ့တွေဝေနေလေတော့

နေ့နေ့ညညမေ့မရခဲ့

မခိုင်စိတ်ထားလွမ်းရက်ရှည်တွေကြားမှာ

ရင်ထဲကပဲ့တင်သံ မင်းအတွက်ကဗျာရွက်သံတွေဖြစ်ခဲ့ရပြီ...

ကဗျာလေးတွေရွက်ဆိုရင်း...

တူဆုံတွေ့မယ့်နေ့ကိုစောင့်မျှော်ရင်း....

 ဒို့ လွမ်းနေတယ်ချစ်သူရယ်...........

♥~♥♥~♥ငါ့ရဲ့ စိတ်တွေ♥~♥♥~♥

တမလွန်ဘဝ...အလင်းမဲ့နယ်မြေ....

အကြောက်တရားကြောင့် နောင်တများတိုးပွားခဲ့တယ်

ငါ...လူ့ဘဝကို တစ်ဖန်ရရှိခဲ့လျှင်

မြေဆီလွှာဆိတ်သုန်းတဲ့ ကန္တာရလွင်ပြင်မှပြေးထွက်ခွင့်ရခဲ့တယ်

ပီတိတစ်ဖက်ကြောက်စိတ်တစ်ဝက်နဲ့

ခြေကုန်လှမ်းခဲ့မိတယ်.....

နောက်ဘက်ဆီမှ ငိုသံတွေ...ခေါ်သံတွေ.. မကြားတစ်ချက်ကြားတစ်ချက်မို့

ငါ့ရဲ့ စိတ်တွေ.....

အသဲတွေကြွေ နှလုံးတွေပျက်သုန်းသွားစေနိုင်တယ်လေ

ပြေးရင်းလွှားရင်း.....ပြေးရင်းလွှားရင်း

ခင်းတောတန်းလေးတစ်ဖက်ကိုရောက်လာခဲ့တယ်

သစ်ရိပ်မှထိုးဆင်း နေအလင်းနဲ့ထိတွေ့ခွင့်ရခဲ့တယ်

ပန်းရိုင်းတောတွေ မြက်ရိုင်းပင်တွေ တိုးဝှေ့ဖြတ်သန်းရင်း

ရှင်သန်လိုစိတ် လွတ်မြောက်လိုစိတ်တွေက

ဖြတ်သန်းသွားတဲ့ အလင်းတစ်ချက်ကိုလိုက်ဖမ်းရင်း...လိုက်ဖမ်းရင်း...

""" ဝုန်း..... """" ဆိုတဲ့အသံတစ်ခုနဲ့အတူ

ငါဟာ...

အသူရာခြောက်ကမ်းဘားတစ်ခုထဲကို ပြုတ်ကျခဲ့ရတယ်

ရှိသမျှဇော နိုင်သမျှအားအင်တွေနဲ့

မှီရာကိုလှမ်း ရ ရာကိုဖမ်းကိုင်ရင်း..

ငါ့လက်မှာနွယ်တစ်ပင်ဖမ်းဆုပ်မိတယ် ပျော်လိုက်သည့်ဖြစ်ခြင်း

ကောင်းကင်မှာ " လ' ရောင်တွေလင်းလက်နေတယ်

ကြယ်တွေကညီလာခံကျင်းပလို့ ပေါ့....

ဆာလောင်မွတ်သိပ်မူ့ကြောင့်

ဘေးတစ်ဖက်တစ်ချက်ကိုလှမ်းကြည့်မိတယ်

ငါ့ နံဘေးမှာပျားလပို့ကြီးတွေပါလားးးး

ချိုမှိန်တဲ့ အရသာက ဒုက္ခကိုမေ့စေသလိုအတိတ်ကိုလည်း

ဝေဝါးစေခဲ့တယ်...

ငါဟာ အားလုံးကိုမေ့ထားခဲ့မိတယ်....

ပျားလပို့ကပျားရည်တွေ

တစ်ဖဲ့ချင်းချွေ တစ်စက်ချင်းသောက်ရင်းသောက်ရင်း

အချိန်တို့ကြွေသက်ခဲ့တယ်...

အပေါ်က သစ်မုန်သစ်မွှားလေးတွေကျဆင်းလာတယ်...

အလို....ငါမှီခိုသဟဲပြုနေတဲ့ ဒီနွယ်ပင်ကိုမှ

ကြွက်ဖြူ ကြွက်မည်း နှစ်ကောင်က ကိုက်ဖြတ်နေပါပေါ့လား...

ထက်ဝက် ကိုက်ဖြတ်ကုန်ပြီ ......

ဒီအတိုင်းနေရင် မကြာခင်ပြတ်ထွက်တော့မယ်

ဒီအချိန်ကြမှ အောက်ကိုငုံ့ကြည့်မိလေတယ်

ဟာ....

အာခံတွင်းနီရဲတဲ့ မြွေကြီးလေးကောင်က

ငါပြုတ်ကျအလာကို အဆင်သင့်စောင့်နေပါပေါ့လားးးး

ငါ....ငါ........ငါ အပေါ်ကိုတက်ရင်မှီနိုင်သေးတယ်

ငါအပေါ်ကိုတက်ရင်မှီနိုင်သေးတယ်.....လေ..........

♥~♥♥~♥တောရိုင်း ရှင်းသူ♥~♥♥~♥

ငါ့ရဲ့ကိုယ်ပိုင်စိုက်ခင်းလေး မှာ

နေပူပူ မိုးရွာရွာ

ညာလက်နဲ့ပုန်းဆိုးမြေရိုင်းတွေကိုချဲ့ထွင်ရှင်းလင်းရင်း

ဘယ်လက်နဲ့ ကောက်ပင်စိမ်းစိမ်းတွေစိုက်ပျိုးလာခဲ့တယ်

ဝင်းမှည့်ရင့်သန်လာမယ့် ရွှေဝါရောင်စပါးခင်းလေး

ငါ မျှော် ကြည့်မိတယ် တောဘယ်လောက်ရှုပ်နေပါစေ

ဓါးထက်လေထင်းရလေ စိုက်ခင်းရလေ ပါပဲလေ

ငါ့ရဲ့ အဇ္ဈတ္တ ပုန်းဆိုးမြေ

အတ္တ မာန်မာန လိုချင်တက်မက်မူ့တွေနဲ့ပြည့်နှက်နေခဲ့တယ်လေ....

ခွင့်လွတ်သည်းခံခြင်း နှိမ့်ချရိုကျိုးခြင်းကျေက်ခုံမှာ...

မေတ္တာဓါးကောင်း တစ်လက်ဖြစ်ဖို့ ငါ့ကိုယ်ငါသွေးရအုံးမယ်....

အာရုံခံစားမူ့တောင်တန်း

လိုချင်တက်မက်မူ့နယ်မြေ

မလိုလားအပ်တဲ့ သစ်ပင်တွေ ငါ ခုတ်ထွင်ရှင်းလင်းခဲ့ရမှာပေါ့လေ........

မေတ္တာနယ်မြေ အချစ်သစ်ပင်တွေရှင်သန်ပါစေ...

လောက ဥယဉ်နန်းမှာ အားလုံးကဥယဉ်မှုးတွေပါ...

အကောင်းဆုံး စိုက်ပျိုးခွင့်မရခဲ့လျှင်တောင်....

အလှဆုံး မဖြစ်ခဲ့ရင်တောင်.....

အရိုင်းမြက်ပင်နဲ့ အဆိပ်သစ်ပင်တွေကို

ဖယ်ရှားခုတ်ထွင်လို့

အကျိုးကိုလိုလားခြင်း ဆိုတဲ့ သစ်တစ်ပင်ကိုပဲစိုက်ပျိုးခဲ့ကြမယ်

ငှက်တစ်သောင်းအတွက်မဖြစ်ချင်နေပါစေ

လမ်းကြုံတဲ့ငှက်ကလေးတွေ ခိုနားသွားပါစေ လေ...

အကြင်နာ လက် အဖြူရောင်ချစ်ခြင်းတွေနဲ့...

ခဏလေးဖြစ်ဖြစ်ဆုံကြတဲ့အချိန်....

တို့တတွေ...

တစ်ဦးကိုတစ်ဦး လက်ခြင်းချိတ်ထားကြမယ်

အနာဂါတ်အတွက် ကြယ်ပွင့်လေးတွေ

ငါတို့ကောင်းကင်မှာ ထွန်းလင်းတောက်ပလို့နေ ပါစေကွယ်......