ကျွန်တော် ဘလော့ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ နှလုံးသားရဲ့ခံစားချက်လေးတွေကို ဖော်ပြမယ်ဆိုပြီး တည်ထောင်ဖြစ်ခဲ့တာပါ...။ ကဗျာလေးတွေကို ကိုယ်တိုင်ရေးဖြစ်တယ် ကျွန်တော်ကြိုက်နှစ်သက်တဲ့ ကဗျာတွေ၊စာသားတွေ တွေ့ခဲ့ရင်လည်းပြန်လည် ကူးယူဖော်ပြဖြစ်ခဲ့ပါတယ် နည်းပညာများကို မသိသေးတဲ့သူတွေနဲ့ အတူ ကျွန်တော်ကိုယ်တိုင်လည်း လေ့လာဖို့အတွက် ကျွန်တော်လေ့လာဖတ်ရှု့ခဲ့တဲ့ စာအုပ်တွေဆိုဒ်တွေကတဆင့် ကူးယူပြီး ပြန်လည်ဖော်ပြ ပေးထားတာပါ...။ ဒီဘလော့ကကျတော့်အတွက် မှတ်စုစာအုပ်လေးလို့ ပြောရင်လည်းမမှားနိုင်ပါဘူး...။ အကြင်နာမြို့တော် ဘလော့လေးသို့ လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေများအားလုံး ကျေးဇူးအထူးတင်ရှိပါကြောင်း ဒီနေရာလေးကနေ ပြောကြားလိုက်ရပါတယ်...။ ကျွန်တော့်ဘလော့လေးဆီသို့ ကဗျာများ၊ စာပေများ၊ ဗဟုသုတများ၊ နည်းပညာများ၊ သတင်းများ၊ စသဖြင့် ဖော်ပြပေးရန် ပေးပို့ လိုပါက ပေးပို့သူနာမည်နှင့်အတူ ဖော်ပြပေးသွားပါမည်။ အီးမေးပေးပို့လိုလျှင် akyinnarmyotaw@gmail.com (သို့မဟုတ်) akerheain@gmial.com သို့ ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ.....။ မိတ်ဆွေများအားလုံးကို လေးစားလျှက် အကြင်နာမြို့တော်.....။

ကုလားတွေရက်စက်ရုပ်မာတာကိုမြန်မာပြည်သူတွေခံနေရတဲ့အကြောင်း ကမ္ဘာသိအောင်ဘိုလိုရေးထားတယ်


I have wrote at my disgust about how apologists in the west would rather be complacent with letting a small percent of our people be targeted with no response back as to not offend all muslims. This is basically saying that those percent we lose are sacrificed to the appeasement of a destructive belief system for the feelings of the rest of the fools who support those radicals.

The Buddhists in Myanmar are a wonderful example to all infidels! When their people are attacked they respond as if it was an attack on each and every one of them! Buddhists in Myanmar are an example of true unity and love for each other! The response of Buddhists for the woman who was burned yesterday is against possessions of the muslims who are heavily guarded by military protection... yet many of the muslims also burn their own houses after taking out their valuables to add to their playing the victims.... And further retaliate against the Buddhists when it is the muslims who started this (as they continuously do) with violence by burning a Buddhist woman.

The UN and OIC constantly cry about human rights of the muslims, but the right to possessions is not close to the rights of Buddhists to not have their monks murdered, women raped, people attacked or set on fire! This woman's body that was burned is far more precious and sacred than any material worth! The fake journalists and apologist cowards want to blame the Buddhists for defending their right to exist... Well I want to thank Buddhists for protecting their beautiful culture and not standing by idly while any percent of their people are targeted! Very admirable and we support y'all! ~Rachael Salak

Infidel Nations

လူထု မောင်ကာဠု

မြန်မာ့စွယ်စုံဆင်အား ဗုဒ္ဓစွယ်တော် လှည့်လည်ရာတွင် အသုံးပြုရန် သီရိလင်္ကာသို့ လှူဒါန်း


သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ မြန်မာ့စွယ်စုံဆင် တစ်ကောင်အား သီရိလင်္ကာနိုင်ငံ၌ ဗုဒ္ဓစွယ်တော် လှည့်လည်ရာတွင် အသုံးပြုနိုင်ရန်အတွက် လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းပွဲကို မေ၂၈ ရက်နံနက် ၁၀ နာရီ အချိန်တွင် ရန်ကုန် တိရစ္ဆာန်ဥယျာဉ်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါ်သက်သက်ဇင်နှင့် သီရိလင်္ကာ ဒီမိုကရက်တစ် ဆိုရှယ်လစ် သမ္မတနိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး H.R. Piyasiri တို့မှ တက်ရောက်ခဲ့ကြသည်။
"သီရိလင်္ကာနိုင်ငံက ကန္နီမြို့ စွယ်တော်တိုက်မှာ တစ်နှစ်တစ်ကြိမ် စွယ်တော်လှည့်လည်ပွဲ လုပ်ပါတယ်။ အဲဒီအခါမှာ စွယ်တော်ကို ပင့်ဆောင်လှည့်လည်ရာမှာ စွယ်စုံဆင်တွေနဲ့ပဲ အသုံးပြုပါတယ်။ လက်ရှိစွယ်စုံဆင် တစ်ကောင်က သေသွားတဲ့အတွက် အခုလို မြန်မာနိုင်ငံဆီကနေ စွယ်စုံဆင် အလှူခံတာပါ။ ဒီဆင်ကို ဘာအလုပ်မှ မခိုင်းဘဲ စွယ်တော်လှည့်ဖို့ အတွက်ပဲ အသုံးပြုပြီး ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက် သွားမှာပါ။ သီရိလင်္ကာ နိုင်ငံဘက်ကနေလည်း အခြားတရိစ္ဆာန်တစ်ကောင် လက်ဆောင်ပြန်ပေးဖို့ အစီအစဉ် ရှိပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး၏ ကိုယ်ရေးအရာရှိဖြစ်သူ ဒေါ်သန်းသန်းဇော်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ လှူဒါန်းသော အောင်လင်းဦးအမည်ရှိ စွယ်စုံဆင်မှာ အသက်ခြောက်နှစ်အရွယ်ရှိပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ သာယာဝတီ သစ်ထုတ်လုပ်ရေး ဒေသရှိ မြိုင်ဟေ၀န် ဆင်စခန်းမှဖြစ်ကြောင်း သိရသည်။
"မြန်မာနိုင်ငံမှာက စွယ်စုံဆင်တွေ မရှားပေမယ့် သီရိလကာင်္နိုင်ငံမှာက စွယ်စုံဆင် ရှားတဲ့အတွက် အခုလို လှူဒါန်းတာပါ။ စွယ်စုံဆင်ဆိုတာ အစွယ်နှစ်စုံက ရှေ့ဘက်ကို ရှည်ထွက်နေတဲ့ဆင်ကို ခေါ်တာပါ။ ဒီဆင်ကို လေးနှစ်သားကစပြီး ယဉ်ပါးအောင် သင်ကြားပေးထားပါတယ်" ဟု အဆိုပါဆင်အား လေ့ကျင့်ထိန်းကျောင်းပေးသူ သာယာဝတီ၊ မြိုင်ဟေ၀န်ဆင်စခန်းမှ ကိုထွန်းထွန်းဝင်းက ပြောကြားသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန အနေဖြင့် ၂၀၀၆ ခုနှစ်တွင် ပထမအကြိမ်အဖြစ် စွယ်စုံနှစ်ကောင်အား သီရိလင်္ကာနိုင်ငံ ကန္နီမြို့ စွယ်တော်တိုက်သို့လည်ကောင်း၊ ၂၀၀၉ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ကိုလံဘိုမြို့၊ မဟာရာဇာဓိဟာရ၊ ကိုတေးဘုန်းတော်ကြီး ကျောင်းတိုက်သို့လည်းကောင်း လှူဒါန်းခဲ့ကြောင်းသိရသည်။


မြန်မာ Network Technician အများစုအနေနဲ့ WAN


မြန်မာ Network Technician အများစုအနေနဲ့ WAN အပိုင်းမှာ Theory အရရေ၊ လက်တွေ့မှာပါ အားနည်းတက်ကြပါတယ်။ ဒါပေမယ့် အားမငယ်ပါနဲ့.. လူတိုင်း မွေးကတည်းက ဘာမှ မတက်ပါဘူး။ လေ့လာအားကောင်းရင် သူများထက်တော့ ထူးနေမှာပါ။ "သီအိုရီလေ့လာပြီးမှ လက်တွေ့လုပ်ပါ" ဆိုတဲ့ ဆောင်ပုဒ်ကိုလဲ မမေ့လိုက်ပါနဲ့။ အချိန်ဆယ့်ငါးမိနစ်လောက်ပဲပေးပြီး အောက်ကလင့်မှာ WAN Introduction လေးကို ဖတ်ကြည့်ပါ။ တချိန်ချိန် တနေရာရာမှာ အသုံးဝင်လာမယ့် Knowledge မို့လို့ လေ့လာကြည့်ပါ။
http://docwiki.cisco.com/wiki/Introduction_to_WAN_Technologies

လမ်းလျှောက်တက်ပြီးမှ ပြေးပါ။
Detail သိလိုပါက
http://docwiki.cisco.com/wiki/Frame_Relay
http://docwiki.cisco.com/wiki/High-Speed_Serial_Interface
http://docwiki.cisco.com/wiki/Point-to-Point_Protocol
http://docwiki.cisco.com/wiki/Switched_Multimegabit_Data_Service
http://docwiki.cisco.com/wiki/Synchronous_Data_Link_Control_and_Derivatives
http://docwiki.cisco.com/wiki/X.25
http://docwiki.cisco.com/wiki/Digital_Subscriber_Line

Driver Magician

Windows တင်ပြီး Driver ကြောင့်စိတ်ညစ်နေကျသူများအတွက် ကြိုတင်ပြီး Backup လုပ်ထားနိုင်အောင် Driver Magician ဆိုတဲ့ Full Version Software လေးပါ။






Software လေးကို ဒီမှာ ဒေါင်းပါ

RAR Passwrod:   aungminthu


ဂေါတမ မြတ်စွားဘုရားရှင် ဗျာဒိတ်တော်ခံခဲ့ရသော ဘုရားရှင် ၂၄ ဆူတော်


(၁) ဒီပင်္ကရာ ဘုရားရှင်

(၂) ကောဏ္ဍည ဘုရားရှင်

(၃) မင်္ဂလ ဘုရားရှင်

(၄) သုမန ဘုရားရှင်

(၅) ရေ၀တ ဘုရားရှင်

(၆) သောဘိတ ဘုရားရှင်

(၇) အနောမဒဿီ ဘုရားရှင်

(၈) ပဒုမ ဘုရားရှင်

(၉) နာရဒ ဘုရားရှင်

(၁၀) ပဒုမုတ္တရ ဘုရားရှင်

(၁၁) သုမေဓာ ဘုရားရှင်

(၁၂) သုဇာတာ ဘုရားရှင်

(၁၃) ပီယဒဿီ ဘုရားရှင်

(၁၄) ဓမ္မဒဿီ ဘုရားရှင်

(၁၅) အတ္ထဒဿီ ဘုရားရှင်

(၁၆) သိဒ္ဓတ္ထ ဘုရားရှင်

(၁၇) တိဿ ဘုရားရှင်

(၁၈) ဖုဿ ဘုရားရှင်

(၁၉) ၀ိပဿီ ဘုရားရှင်

(၂၀) သိခီ ဘုရားရှင်

(၂၁) ဝေဿဘူ ဘုရားရှင်

(၂၂) ကကုသန္ဓ ဘုရားရှင်

(၂၃) ကောနာဂမဏ ဘုရားရှင်

(၂၄) ကဿပ ဘုရားရှင် တို့ ဖြစ်ပါသည်။
.

ဆရာတော် အရှင်စန္ဒိမာ ၏ ဓမ္မပဒ၀တ္ထုပထမတွဲ

ရွေးချယ်ခွင့်နဲ့ ရပိုင်ခွင့်

ဗုဒ္ဓဘာသာဟာ တကယ်တော့ ရွေးချယ်ပိုင်ခွင့်ရှိတဲ့ ဘာသာပါ။ ပြီးတော့ အဲဒီ ရွေးချယ်မှုကိုလည်း ကိုယ်ကိုယ်တိုင်ပဲ ရယူခံစားနိုင်တာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာ အမိန့်ပေးပြီး ပြဋ္ဌာန်းသတ်မှတ်ထားတာ မရှိပါဘူး။ ကြောင်းကျိုး ဆက်စပ်ပြထားတာပဲ ရှိပါတယ်။ ဘုရားရှင် ကိုယ်တိုင်လည်း ဘာလုပ်ပေးမယ်၊ ဘယ်လိုကယ်တင်ပေးမယ်၊ ဘယ်လို ဖန်တီးပေးမယ်ဆိုတဲ့ ကယ်တင်ရှင်မျိုး မဟုတ်ဘဲ ဒီလိုလမ်းမျိုးရှိတယ်၊ ဒါကိုရွေးချယ်ရင် ဒီလိုဆိုးကျိုးရှိပြီး ဒါကို ရွေးချယ်ရင်တော့ ဒီလိုကောင်းကျိုးတွေ ရနိုင်တယ်ဆိုတဲ့ မှန်ကန်တဲ့ လမ်းကိုညွန်ပြပေးတော်မူတဲ့ လမ်းညွန်ပဲ ဖြစ်ပါတယ်။ လမ်းညွန်မှုကို ခံယူပြီး ရွေးချယ်မှု အပိုင်းကတော့ ကိုယ်ရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။ အဲဒီလို ဆုံးဖြတ်ချက်နဲ့ ရွေးချယ်ပြီးရင်လည်း ဒီသက်ရောက်မှုကတော့ ကိုယ့်ထံကိုပဲ ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ဒါကလည်း ဘယ်သူကမှ ပြဋ္ဌာန်းသတ်မှတ်ပေးလို့ မဟုတ်ဘဲ ကိုယ်ကိုယ်တိုင်ရဲ့ ရွေးချယ်မှုကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရွေးချယ်မှုဟာ သိပ်ကို အရေးကြီးတယ်လို့ ဆိုတာဖြစ်ပါတယ်။

ဒီလိုရွေးချယ်မှုဟာ အရေးကြီးတဲ့အတွက် ရွေးချယ်မှု မှန်ကန်ဖို့လည်း လိုလာပြန်ပါတယ်။ ရွေးချယ်မှုမှန်ကန်ဖို့အတွက် အမှန်ကို မြင်တတ်ဖို့လည်း လိုလာပြန်ပါတယ်။ အဲဒါကို ဗုဒ္ဓဘာသာမှာတော့ သမ္မာဒိဋ္ဌိလို့ ခေါ်ပါတယ်။ မှန်ကန်တဲ့ အမြင်ရှိဖို့အတွက် ပညာရှိဖို့လည်း လိုပါတယ်။ အဲဒီပညာက သစ္စာကို သိနိုင်တဲ့ ပညာပဲ ဖြစ်ပါတယ်။ ဒါကို မြတ်ဗုဒ္ဓက ဆင်းရဲကြောင်း အမှန်တရားကို သိနိုင်တဲ့ ပညာ၊ ဆင်းရဲဖြစ်ကြောင်း အမှန်တရားကို သိနိုင်တဲ့ ပညာ၊ ဆင်းရဲ ချုပ်ရာ အမှန်တရားကို သိနိုင်တဲ့ ပညာနဲ့ ဆင်းရဲချုပ်ရာသို့ သွားရာလမ်းမှန်ကို သိနိုင်တဲ့ ပညာလို့ ညွန်ပြတော်မူပါတယ်။ ဒီလို ပညာမျိုးရှိမှပဲ စစ်မှန်တဲ့ အမြင်မှန်မှုလို့ ဆိုနိုင်တာ ဖြစ်ပါတယ်။ ဒီအမြင်ဟာ ရွေးချယ်မှုအတွက် အရေးကြီးဆုံးနဲ့ အခြေခံအကျဆုံးပဲ ဖြစ်ပါတယ်။
နောက် ရွေးချယ်မှုအပိုင်းမှာ အရေးကြီးတဲ့ အချက်တစ်ခုက ကိုယ့်ရဲ့အလုပ်တွေမှာ တာဝန်ယူနိုင်မှုပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အကောင်းအဆိုး အလုပ်တွေဟာ ကိုယ့်ရဲ့ ပုံဖော်မှုပဲဆိုတဲ့ အချက်ဖြစ်ပါတယ်။ စာလိုပြောတော့ ကမ္မဿကတာ သမ္မာဒိဋ္ဌိပါပဲ။ ကံသာလျှင် မိမိရဲ့ ကိုယ်ပိုင်ဖြစ်တယ်လို့ အမှန်အတိုင်း မြင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီစကားရပ်က ကိုယ်လုပ်တဲ့ အလုပ်၊ ကိုယ်ရွေးချယ်တဲ့ ရွေးချယ်မှုတွေဟာ ကိုယ်အပေါ်မှာပဲ သက်ရောက်စေပြီး အကောင်းအဆိုး ခံစားမှုကို ဖြစ်စေကြောင်း ဖော်ညွန်းချက် တစ်ခုပဲ ဖြစ်ပါတယ်။ ကိုရွေးချယ်ပြီးလုပ်တဲ့ အလုပ်ဟာ မှားရင်လည်း အဲဒီအမှားရဲ့ သက်ရောက်မှု၊ မှန်ရင်လည်း အဲဒီအမှန်ရဲ့ သက်ရောက်မှုကို ကိုယ်ကိုယ်တိုင်ပဲ ရပိုင်ခံစားခွင့် ရှိတဲ့သဘောမျိုးပဲ ဖြစ်ပါတယ်။

ဆိုတော့ကား ဗုဒ္ဓဘာသာ ရှုထောင့်က ပြောရင် သတ္တဝါတိုင်းဟာ လွတ်လပ်တဲ့ ရွေးချယ်ပိုင်ခွင့်ရှိပြီး အဲဒီ ရွေးချယ်မှုရဲ့ သက်ရောက်မှုကိုလည်း ကိုယ်ကိုယ်တိုင် ရရှိခံစားနိုင်တာ ဖြစ်တဲ့အတွက် အကောင်းရွေးမလား၊ အဆိုးရွေးမလား ဆိုတာဟာ ကိုယ့်အပေါ်မှာပဲ မူတည်နေတော့တာ ဖြစ်ပါတယ်။ အဲ ရွေးချယ်ပြီးရင်လည်း တာဝန်ယူမှုကို ကိုယ်ကပဲ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဘာရွေးပြီး ဘာယူမယ်ဆိုတာကို သိဖို့အတွက် ပညာကို အသုံးချရင်း အမှန်ရွေးပြီး အမှန်ယူနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ အရွေးမှားရင် နိဗ္ဗာန်ကနေ အဝေးသွားတတ်ပြီး အရွေးမှန်မှ နိဗ္ဗာန်ကို မနှေးအမြန် နီးစေနိုင်မှာ ဖြစ်တဲ့အတွက် မှန်ကန်တဲ့ ရွေးချယ်မှုနဲ့ မှန်ကန်တဲ့ ရယူမှုကို အမှန်အသိ ဉာဏ်နဲ့ညှိကြဖို့ပဲ ဖြစ်ပါတယ်။------------------------------------------------
စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)

(မနာပဒါယီ)ဆိုဒ်မှတဆင့်ကူးယူတင်ပြဓမ္မဒါနပြုပါသည်

လင်မယားနှစ်ယောက်ကိုအုတ်ခဲနဲ့ထုတဲ့ ပုသိမ်ကဗိုလ်ကြီး

နေအိမ်ရှေ့မှာ ကားရပ်လို့ဆိုပြီးတော့ ပုသိမ်မြို့အခြေစိုက် လေတပ်စခန်းက ဗိုလ်ကြီး ဖြိုးပြည့်အောင်က ကားပိုင်ရှင်လင်မယားကို ပါးရိုက်၊
ထိုးကြိတ်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် ပုသိမ်မြို့ ဘူတာဈေးအနီးမှာ ဒီကနေ့ ရုတ်ရုတ်သည်းသည်း ဖြစ်ပွားခဲ့ပါတယ်။

ပုသိမ်မြို့ ဗွက်ကြီးတန်းလမ်းထဲမှာ ဖွင့်ထားတဲ့ “မျိုး” စားသောက်ဆိုင်ပိုင်ရှင် ဦးမျိုးဝေဟာ ဒီနေ့မနက် ၈ နာရီလောက်က သူ့ဇနီးနဲ့အတူ ဘူတာဈေး (အောင်ဧရာဈေး) ကို ဈေးဝယ်ဖို့ ရောက်လာခဲ့ပါတယ်။

ဦးမျိုးဝေဟာ ဘူတာဈေးနားရောက်တော့ ဒေါက်တာ အောင်ငြိမ်းရဲ့နေအိမ်ရှေ့ ကားလမ်းဘေးမှာ ကားကိုရပ်ခဲ့ပါတယ်။ နေအိမ်နဲ့ ကားရပ်ထားတဲ့နေရာဟာ အနည်းဆုံး ပေ ၂၀ လောက် အကွာအဝေး ရှိတယ်လို့ ဦးမျိုးဝေက ဧရာဝတီကိုပြောပါတယ်။


“ကျနော်က ဈေးလာဝယ်တာ လမ်းဘေးမှာပဲ ကားရပ်လိုက်တယ်။
၁၀ မိနစ်လောက် နေတော့ အဲဒီအိမ်ထဲကနေ ဆိုင်ကယ်နဲ့ကောင်လေးတယောက် ထွက်လာတယ်။ အစ်ကို ကားရွှေ့ပေးပါတဲ့။ မင်းဆိုင်ကယ်ထုတ်ဖို့ကို အစ်ကို့ကားက အလွတ်ကြီးပါကွာလို့ ပြောတော့ သူက မဟုတ်ဘူး ကားရွှေ့ပေးပါလို့ပဲ ပြောတယ်”

“အဲဒီမှာကျနော်က တကယ်လို့ မင်းကားနဲ့ ထွက်တာ မလွတ်ဘူးဆိုရင် ဖယ်ပေးမယ်လို့ ပြောတော့ သူ့ဆိုင်ကယ်ကို ပြန်သွင်းသွားပြီးတော့ ခြံတံခါးကို ဖွင့်လိုက်တယ်။ ပြီးတော့ ကျနော့်ဆီပြန်လာတယ်။ ကျနော့်ကားထွက်မယ် ခင်ဗျားဖယ်လိုက်တော့လို့ပြောတယ်။ မင်းကားမှ ထွက်မလာသေးဘဲ၊
မင်းကားထွက်လာရင် အလွတ်ကြီးရှိပေမယ့် ငါဖယ်ပေးမှာပါလို့ပြောရော သူက ဆဲပြီးတော့ ပါးကို ၁ ချက် စရိုက်တယ်”
“ပါးကိုရိုက်ပြီး သူတို့အိမ်ရှေ့မှာ စိုက်ထားတဲ့အပင်အောက်က အုတ်နီခဲတွေ သွားယူတယ်။ ကျနော်လည်း ကားပေါ်ကဆင်းလိုက်တော့ အုတ်နီခဲနဲ့ ၂ ချက် ပစ်တယ်။ ပထမ ၁ ချက်ပစ်တာ
ရှောင်လိုက်တော့ လွတ်သွားပြီးတော့မှ နောက် ၁ ချက် ထပ်ပစ်တော့ မလွတ်တော့ဘူး။ ခေါင်းကိုထိပြီး မူးလဲသွားတယ်။ အဲဒီမှာ ခြေထောက် ၂ ချောင်းကို ဆွဲထားပြီးတော့ ရင်ဘတ်ကို တက်နင်းတယ်။ ကန်တာတွေလုပ်တယ်” လို့ ရိုက်နှက်ခံခဲ့ရတဲ့ ဦးမျိုးဝေက ပြောပါတယ်။

ခင်ပွန်းဖြစ်သူကို ထိုးကြိတ် ကန်ကြောက်နေလို့ ဦးမျိုးဝေရဲ့ဇနီး ဒေါ်သူဇာက ၀င်ရောက်တားဆီးခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ကြီး ဖြိုးပြည့်အောင်က ဒေါ်သူဇာကိုပါ အုတ်နီခဲနဲ့ပေါက်၊ ဗိုက်ကို ခြေထောက်နဲ့ ကန်တာတွေ လုပ်ခဲ့တယ်၊ ဗိုလ်ကြီး ဖြိုးပြည့်အောင်ရဲ့ဖခင် ဒေါက်တာ အောင်ငြိမ်းကလည်း သံပိုက်လုံးနဲ့ ၀င်ရိုက်ခဲ့တယ်လို့ ဈေးအနီးမှာနေထိုင်တဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ဒီလိုရိုက်နှက်နေတာကို ဈေးသွားဈေးလာတွေနဲ့ ဈေးသည် ၃၀၀ လောက်က ၀ိုင်းအုံ ကြည့်ရှုနေကြပါတယ်။

“ကျမတို့က ၀င်မဆွဲရဲဘူး။ ၀င်ဆွဲရင် ကိုယ်ပါ အရိုက်ခံရနိုင်တယ်။ ဈေးနားက လူတယောက် ၀င်ဆွဲတာတောင် သူ့ကိုရန်ပြုမယ်လုပ်လို့ မဆွဲတော့ဘဲ ပြန်သွားတယ်”လို့ ဈေးသည်အဒေါ်ကြီးတဦးက ပြောပါတယ်။

ဗိုလ်ကြီးတို့သားအဖရဲ့ လက်ချက်ကြောင့် ဦးမျိုးဝေနဲ့ ဇနီး ဒေါ်ခင်သူဇာတို့မှာ ဒဏ်ရာအသီးသီးရခဲ့ပြီး ပုသိမ်ဆေးရုံမှာ အတွင်းလူနာအဖြစ်နဲ့ တက်ရောက်ကုသနေရကြောင်း သိရပါတယ်။

ရိုက်နှက်ခံရသူတွေရဲ့ တိုင်တန်းမှုကြောင့် ဒေါက်တာ အောင်ငြိမ်းနဲ့ ဗိုလ်ကြီး ဖြိုးပြည့်အောင်တို့ကို ပုသိမ်မြို့ အသည်ကြီးရဲစခန်းက ပြစ်မှုအမှတ် (၉၉/၂၀၁၃)
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄ (ညစ်ညမ်းစွာဆဲဆိုမှု)၊
၃၂၅ (နာကျင်ဒဏ်ရာရအောင် လက်ရောက်ကျူးလွန်မှု) နဲ့
၃၅၄ (ကာယအိနြေ္ဒပျက်စီးသည်အထိ လက်ရောက်မှု) တို့နဲ့ အမှုဖွင်အရေးယူထားကြောင်း သိရပါတယ်။

သားအဖ ၂ ဦးကို ရဲက ကိုယ်ပိုင်ခံဝန်ချက်နဲ့ ပြန်လွှတ်ပေးထားတယ်၊ သူတို့အိမ်နားမှာတော့ ရဲတပ်သားတွေ လုံခြုံရေးယူကာ စောင့်ကြပ်နေကြောင်း သိရပါတယ်။

ရိုက်နှက်ခံရသူတိုရဲ့ ဆွေမျိုးတွေကတော့ အခုကိစ္စကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဥပဒေအရ ထိထိရောက်ရောက် အရေးယူပေးစေလိုကြောင်း ပြောပါတယ်။

ပုသိမ်လေတပ်စခန်းဌာနချုပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ကြီး ဖြိုးပြည့်အောင်ဟာ အသက် ၂၇ နှစ်ရှိပြီး ကိုယ်ပိုင်အမှတ် (လေ - ၃၂၆၂) ဖြစ်ကြောင်း သိရပါတယ်။

ဗိုလ်ကြီး ဖြိုးပြည့်အောင်က အရင်တုန်းကလည်း သူ့အိမ်ရှေ့မှာ ဆိုင်ကယ်ရပ်တဲ့လူ၊ ဈေးရောင်းတဲ့လူတွေကို ရန်စ စော်ကားရိုက်နှက်တဲ့လုပ်ရပ်တွေ ကျူးလွန်တာ ၄ ကြိမ် ရှိပြီလို့ ဘူတာဈေးက ဈေးသည်တွေက ပြောပါတယ်။

“သူတို့အိမ်ရှေ့မှာ ဈေးသည်က သခွားသီးတွေခင်းရောင်းနေတာကို ကားနဲ့တက်ကြိတ်ပစ်တယ်။ အဲဒါနဲ့ ဈေးသည်က သူ့ပစ္စည်းတွေသိမ်းနေတုန်း ပြန်ရောက်လာပြီး မြန်မြန်မဖယ်ဘူးလား လူပါတက်ကြိတ်ပစ်လိုက်ရမလား ဆိုပြီး ပြောတယ်။
အဲဒီလို ဥပဒေမဲ့ရမ်းကားနေတဲ့လူတွေကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူစေချင်ပါတယ်”လို့ ဘူတာဈေးက ကုန်စိမ်းရောင်းသူဈေးသည်တဦးက ပြောပါတယ်။

ပညာရေးစနစ်ကိုအခမဲ့ပညာရေးဝါဒသို့ပြောင်းလဲသွားရန်လိုအပ်

မေလ ၂၄ ရက် ၂၀၁၃

ပညာရေးပြုပြင်ပြောင်းလဲ မှုနိုင်ငံလုံးဆိုင်ရာ ကွန်ရက်ကကြီး မှူးကျင်းပသည့် ဒေသဆိုင်ရာ ပညာရေးဆွေးနွေးပွဲကို မေလ၁၉ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့သည် ဟုဖြစ်မြောက်ရေးကော်မတီဝင် ဦးကြည်ဇော်လွင်ကပြောပါသည်။

““ပညာရေးမူဝါဒ ပြောင်းလဲ တဲ့နေရာမှာ ထည့်သွင်းစဉ်းစားရ မယ့်အချက်တွေထဲမှာအရပ်ဘက် က လူတွေရဲ့အမြင်တွေကိုလည်း နားထောင်စုစည်းဖို့လိုတဲ့အတွက် ဒီပညာရေး ဆွေးနွေးပွဲကို ကျင်းပ ရခြင်းဖြစ်တယ်”” ဟု၎င်းကပြော သည်။
အဆိုပါ ဒေသဆိုင်ရာပညာ ရေးဆွေးနွေးပွဲကို မွန်ပြည်နယ် မော်လမြိုင်မြို့ရှိမွန်မြတ်သော အိမ်ထောင်စုဘုရားရှိခိုးကျောင်း ၌ပြုလုပ်ခဲ့ပါသည်။

မွန်ပြည်နယ်မှာ ရှိသည့်နိုင်ငံ ရေးပါတီများ၊လူမှုအဖွဲ့အစည်းများ တိုင်းရင်းသားအဖွဲ့အစည်းများ နှင့်အစိုးရ ပညာရေးမှ ဆရာ/ ဆရာမများ၊၀ါရင့်ကျောင်းဆရာများ အယောက်(၁၀၀)ခန့်တက်ရောက် ခဲ့ကြပါသည်။

အစိုးရ၏လက်ရှိပညာရေး မှုဝါဒများကို ပညာရေးဝန်ထမ်း ဟောင်းများဖြစ်ကြသောနိုင်ငွေသိန်း နှင့် တာဝန်ထမ်းဆောင်နေဆဲ ဖြစ်သော မော်လမြိုင် တက္ကသိုလ် မှဆရာမောင်မောင်မြင့်တို့က ဦး ဆောင်တင်ပြဆွေးနွေးသွားခဲ့ပါ သည်။

ဤဆွေးနွေးပွဲမှရရှိထားသည့် အမြင်များအကြံပြုချက်များကို စာတမ်းပြုစုကာ လာမည့်၂၀၁၃ ခုနှစ်ဇွန်လတွင်ပြုလုပ်မည့်မြန်မာ နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင် ပြောင်းလဲရေးဆွေးနွေးပွဲ အတွင်း သို့ တင်ပြသွားရန်ရှိပါသည်။

အဆိုပါ ပညာရေးပြုပြင် ပြောင်းလဲရေးဆွေးနွေးပွဲ၏ ရည်ရွယ်ချက်သည်မြန်မာနိုင်ငံလုံး ဆိုင်ရာပညာရေးမူဝါဒ တစ်ရပ် ပေါ်ထွက် နိုင်ရေးပင်ဖြစ်ပါသည်။

ဒေသဆိုင်ရာပညာရေး ဆွေးနွေးပွဲသည် ပြီးခဲ့သည့်၂၀၁၂ ခုနှစ်အောက်တိုဘာလက ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ ခရစ်ယာန် ဓမ္မတက္ကသိုလ်၌ ကျင်းပသော မြန်မာနိုင်ငံလုံး ဆိုင်ရာပညာရေး ပြုပြင်ပြောင်း လဲရေး ဆွေးနွေးပွဲမှ ဆုံးဖြတ်ချက် များဖြစ်ကြောင်း မိချမ်းအိုင်းက ပြောကြားခဲ့သည်ဟု ဦးကြည် ဇော်လွင်က ပြောပါသည်။

““မိချမ်းအိုင်က ကျွန်တော် တို့နဲ့လာတွေ့တယ်။မွန်ပြည်နယ်မှာလဲပညာရေးနဲ့ ပတ်သတ်တဲ့ အမြင်မူဝါဒ တစ်ခုရရှိဖို့လိုအပ်တဲ့ အကြောင်းပြောတယ်။ဒီလိုနဲ့ဘဲ နိုင်ငံရေးပါတီတွေ လူမှုရေးအဖွဲ့ အစည်းတွေ ပညာရေးနဲ့ပတ် သတ်တဲ့ဆရာ/ဆရာမတွေ အားပေးမှုကြောင့်ပူးပေါင်းပါဝင် မှုကြောင့်ဖြစ်လာတဲ့ဆွေးနွေးပွဲဖြစ် တယ်””ဟု ဆိုပါသည်။

ပြီးခဲ့သည့်မတ်လကပညာရေး အဖွဲ့အစည်းများ၊လူမှုရေးအဖွဲ့ အစည်းများ တိုင်းရင်းသားအဖွဲ့ အစည်းများနှင့် နိုင်ငံရေး ပါတီ များမှ ကိုယ်စားလှယ်များစုပေါင်း ပြီး မွန်ပြည်နယ်မော်လမြိုင် ဓာတုမာလာ ကျောင်းတိုက်တွင်း ၌တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

မေလ(၅)ရက်နေ့မှာ ဖြစ် မြောက်ရေးကော်မတီ တစ်ရပ် ဖွဲ့စည်းနိုင်ခဲ့ပြီး မေလ၁၂ရက်နေ့ တွင် မော်လမြိုင်မြို့ ဖက်တန်း ရပ်ကွက်ရှိ မွန်ဓမ္မာရုံတွင်း၌ ပဏာမ ဆွေးနွေးပွဲကို ပြုလုပ်နိုင် ခဲ့သည်ဟု သိရသည်။