ကျွန်တော် ဘလော့ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ နှလုံးသားရဲ့ခံစားချက်လေးတွေကို ဖော်ပြမယ်ဆိုပြီး တည်ထောင်ဖြစ်ခဲ့တာပါ...။ ကဗျာလေးတွေကို ကိုယ်တိုင်ရေးဖြစ်တယ် ကျွန်တော်ကြိုက်နှစ်သက်တဲ့ ကဗျာတွေ၊စာသားတွေ တွေ့ခဲ့ရင်လည်းပြန်လည် ကူးယူဖော်ပြဖြစ်ခဲ့ပါတယ် နည်းပညာများကို မသိသေးတဲ့သူတွေနဲ့ အတူ ကျွန်တော်ကိုယ်တိုင်လည်း လေ့လာဖို့အတွက် ကျွန်တော်လေ့လာဖတ်ရှု့ခဲ့တဲ့ စာအုပ်တွေဆိုဒ်တွေကတဆင့် ကူးယူပြီး ပြန်လည်ဖော်ပြ ပေးထားတာပါ...။ ဒီဘလော့ကကျတော့်အတွက် မှတ်စုစာအုပ်လေးလို့ ပြောရင်လည်းမမှားနိုင်ပါဘူး...။ အကြင်နာမြို့တော် ဘလော့လေးသို့ လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေများအားလုံး ကျေးဇူးအထူးတင်ရှိပါကြောင်း ဒီနေရာလေးကနေ ပြောကြားလိုက်ရပါတယ်...။ ကျွန်တော့်ဘလော့လေးဆီသို့ ကဗျာများ၊ စာပေများ၊ ဗဟုသုတများ၊ နည်းပညာများ၊ သတင်းများ၊ စသဖြင့် ဖော်ပြပေးရန် ပေးပို့ လိုပါက ပေးပို့သူနာမည်နှင့်အတူ ဖော်ပြပေးသွားပါမည်။ အီးမေးပေးပို့လိုလျှင် akyinnarmyotaw@gmail.com (သို့မဟုတ်) akerheain@gmial.com သို့ ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ.....။ မိတ်ဆွေများအားလုံးကို လေးစားလျှက် အကြင်နာမြို့တော်.....။

မြန်မာလူမျိုးတွေ ဘာ့ကြောင့်မချမ်းသာကြသလဲ


မေတ္တာရှင် - ငါ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တရားဟောကြွတော့ ဆစ်ဒနီက ဗုဒ္ဓဘာသာ လူငယ်တွေက မြန်မာတစ်မျိုးသားလုံး သိသင့်တဲ့ မေးခွန်းတစ်ခု မေးတယ်။

အဲဒီမေးခွန်းက - မြန်မာတွေဟာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခွင့်ရတယ်။ ဒါနကုသိုလ်လည်း အများကြီးပြုကြတယ်။ အဲဒီနှစ်ချက်ကို ထောက်ကြည့်ရင် မြန်မာတွေဟာ ကမ္ဘာမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။
အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ တဲ့။

် *** ဟာ သိပ်ကောင်းတဲ့ မေးခွန်းပဲ ဘုရား။ ဆရာတော်က ဘယ်လိုဖြေလိုက်လဲ ဘုရား။

မေတ္တာရှင် - အကျဉ်းချုပ် ဖြေလိုက်တာက မြန်မာတွေဟာ ဗုဒ္ဓစကားကို နားမထောင်ကြလို့ ဆင်းရဲနေကြတာလို့ ဖြေလိုက်တယ်။

*** အဲဒီလောက် ကျဉ်းလွန်းအားကြီးတော့လည်း ဘယ်နားလည်ပါ့မလဲ ဘုရား။ နည်းနည်းအကျယ်ချဲ့ ဖြေဦးမှပေါ့ ဘုရား။

မေတ္တာရှင် - မြန်မာအများစု မကြီးပွါးခြင်း အကြောင်း ၁၁ ချက်ကို တွေ့ရတယ်။ အဲဒီ ၁၁ ချက်ကို ပြင်လိုက်လျှင်တော့ ကြီးပွါးချမ်းသာလာကြမှာ။ အဲဒီ ၁၁ ချက်က -

၁။ တကယ် လိုအပ်သော နေရတွင် မလှူဘဲ နာမည်ကြီးမည့် နေရတွင်သာ စုပြုံလှူကြခြင်း။ ဥပမာအားဖြင့် စာသင်တိုက်တစ်တိုက်မှာ ကုဋီ (အိမ်သာ) လိုနေတယ်။ ဒါပေမယ့် လှူမယ့်သူ မရှိဘူး။

ဘာကျတော့ လှူသလဲ ဆိုတော့ ဘုရားခန်းထဲမှာ ရုပ်ပွါးတော်တစ်ဆူ ရှိပြီးဖြစ်လျက်နဲ့ နောက်ထပ် ရှစ်ဆူလောက် ထပ်လှူတော့ ဘုရားကိုးဆူဟာ ကျပ်ကျပ်တည်းတည်း စံနေတော်မူကြရတယ်။ ဗုဒ္ဓဘာသာအများစုဟာ ဘုရားဒကာ၊ ဘုရားအမသာ အမည်ခံချင်ကြတာ။

အိမ်သာဒကာ၊ အိမ်သာအမ အမည်မခံချင်ကြဘူး။ လှူတယ်ဆိုတာ ကိုယ့်အတွက် မဟုတ်ပါဘူး။ အလှူခံအတွက်ပါ။ ဒါကြောင့် အလှူခံ လိုအပ်တာကို ရွေးချယ်ပြီး လှူသင့်တယ်။ ကိုယ်လှူချင်တာကို ရမ်းပြီး မလှူသင့်ဘူး။

၂။ မြတ်စွာဘုရားက အင်္ဂုတ္တိရ်ပါဠိတော် ဇဏုသောဏိသုတ်မှာ သမ္မဒါလေးပါးနဲ့ ပြည့်စုံရင် ကြီးပွါးချမ်းသာမယ်လို့ ဟောခဲ့တယ်။ ဗုဒ္ဓဘာသာအများစုဟာ တစ်ပါးမှ မပြည့်စုံဘူး။

၃။ ဘာသာရေးအပေါ်မှာ ထားတဲ့ မေတ္တာ စေတနာမျိုးကို စီးပွါးရေးအပေါ်မှာ မထားကြလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၎။ ပျင်းရိခြင်း အကုသိုလ်ကို ရောင့်ရဲခြင်းကုသိုလ်လို့ အထင်မှား ကျင့်သုံးနေတဲ့အတွက်လည်း မြန်မာတွေဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၅။ အတ္တသမာပဏီဓိ မင်္ဂလာချို့တဲ့လို့ တစ်နည်းအားဖြင့် မိမိကိုယ်မိမိ ကောင်းတဲ့အလုပ်မှာ ဆောက်တည်နေနိုင်စွမ်း မရှိလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၆။ အချိန်တန်ဖိုးကို မသိကြတဲ့အတွက်လည်း ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။ အချိန်တန်ဖိုး သိတဲ့သူများဟာ ဥစ္စာစည်းစိမ်ကို ရခြင်း၊ ကုသိုလ်တရားကို ရခြင်း၊ ပညာဗဟုသုတကို ရခြင်း အမျိုးမျိုးနဲ့ အချိန်ကို တန်ဖိုးရှိစွာ အသုံးချတယ်။ အချိန်တန်ဖိုး မသိတဲ့သူများကတော့ မြူးထူးပျော်ပါးကစားခြင်း၊ ငြင်းခုံခိုက်ရန် စကားများခြင်း အချိန်ကို တန်ဖိုးမဲ့စွာ အသုံးချတယ်။

၇။ ကိုယ့်ထက်သာလျှင် မနာလိုဖြစ်ပြီး သူတစ်ပါးအကျိုး ပျက်စီးအောင် ဖျက်ဆီးတတ်ကြတယ်။ ဒီအချက်ဟာလည်း မြန်မာအများစု မကြီးပွါးခြင်းရဲ့ အကြောင်းတစ်ခုပဲ။ ကိုယ့်ထက်သာလို့ ဝမ်းသာရင် မုဒိတာလို့ ခေါ်တဲ့ ကုသိုလ်တရားဖြစ်တယ်။ ကိုယ့်ထက်သာလို့ မနာလိုဖြစ်ရင် ဣဿာဆိုတဲ့ အကုသိုလ်တရား ဖြစ်တယ်။

ပညာရှိ ပညာမဲ့ဆိုတာ ဒီနေရာမှာ ကွဲသွားတာပဲ။ ပညာရှိက ကိုယ့်ထက်သာတဲ့ လူကိုတွေ့ရင် ဝမ်းမြောက်ခြင်းဆိုတဲ့ မုဒိတာကုသိုလ်ကို အရယူတယ်။ ပညာမဲ့က ကိုယ့်ထက်သာတဲံသူကို တွေ့ရင် ဣဿာလို့ခေါ်တဲ့ အကုသိုလ်ကို အရယူတယ်။

ဒေါက်တာဘွဲ့ကြီး ရထားပါစေ၊ မနာလိုတတ်တဲ့သူဟာ ပညာမဲ့ပါပဲ။ ဘာအတန်းပညာမှ မတတ်ရင် နေပါစေ၊ ကိုယ့်ထက်သာတဲ့ သူအပေါ်မှာ ဝမ်းမြောက်ရင် ပညာရှိပဲ။

ဣဿာဖြစ်နေသလား၊ မုဒိတာဖြစ်နေသလား ဆိုတာ သူ့ရဲ့နှုတ်က ထုတ်ဖော် အစီရင်ခံပါလိမ့်မယ်။ တော်တာကို တော်ပါတယ်လို့ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းစကားပြောရင် သူ့သန္တာန်မှာ မုဒိတာတရား ဖြစ်နေတယ်လို့ သိနိုင်တယ်။

မချီးမွမ်းဘဲ နှုတ်ဆိတ်နေခြင်း၊ မပြောပလောက်တဲ့ အားနည်းချက်ကို ထောက်ပြပြီး အပြစ်ပြောနေခြင်းဟာ သူ့သန္တာန်မှာ ဣဿာဖြစ်တယ်လို့ ပြတာပါပဲ။

ပညာမဲ့က သူ့သန္တာန်မှာ ဣဿာတရားဖြစ်နေတယ် ဆိုတာကို သူတစ်ပါးရဲ့ အပြစ်ကို အတုံးလိုက် အတစ်လိုက်ပြပြီး ထင်ထင်ရှားရှား ပြတယ်။ ပညာတတ်တွေကျတော့ သူတို့သန္တာန်မှာ ဖြစ်နေတဲ့ ဣဿာကို ထင်ထင်ရှားရှား မပြဘူး။ မသိမသာဘဲ ပြတယ်။

ပညာတတ်က သူတို့သန္တာန်မှာ ဣဿာဖြစ်နေတာကို သူတစ်ပါး သိသွားမှာကိုလည်း စိုးရိမ်တယ်။ အဲဒီတော့ ပညာတတ်က အောင်မြင်နေတဲ့ လူတစ်ယောက်ရဲ့ မပြောပလောက်တဲ့ အပြစ်ကလေးကို ခပ်ပါးပါး ထောက်ပြပြီး အမှတ်ယူတတ်တယ်။

အပေါ်ယံ ကြည့်ရင်တော့ အောင်မြင်နေတဲ့ လူရော၊ သူ့နောက်လိုက်တပည့်တွေကိုပါ မှားမှာစိုးလို့ သတိပေးတဲ့ ပုံစံမျိုးပေါ့။ အမှန်က မိမိရဲ့ဣဿာကို သူတစ်ပါး မသိအောင် ခပ်ပါးပါး လှစ်ပြတာပါပဲ။

၈။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ နံပါတ်ရှစ် အကြောင်းကတော့ စာပေဗဟုသုတ မရှိတာပါပဲ။

၉။ နံပါတ် ၉ အကြောင်းကတော့ ဒေသန္တရဗဟုသုတ မရှိတာပါပဲ။ ဒါကြောင့် စာပေဗဟုသုတရှိအောင် စာမျိုးစုံ ဖတ်သင့်ပြီး တစ်နှစ် တစ်ကြိမ် ဒေသန္တရဗဟုသုတခရီးကို သွားသင့်ပါတယ်။

၁၀။ နံပါတ်တစ်ဆယ် အကြောင်းကတော့ ခေါင်းဆောင်စိတ် နည်းပါးတာပါပဲ။ ကောင်းတဲ့ အလုပ်ဆိုရင် မခိုင်းဘဲ လုပ်တာ။ အလုပ်ကို အများကြီး လုပ်ပြီး အခွင့်အရေးကို နည်းနည်းယူတာတွေဟာ ခေါင်းဆောင်စိတ်ပါပဲ။ ဆန့်ကျင်ဘက်အားဖြင့် ခိုင်းမှ လုပ်တတ်တာ။ အလုပ်ကို နည်းနည်းလုပ်ပြီး အခွင့်အရေး အများကြီးယူတာဟာ နောက်လိုက်စိတ် ခေါ် ကျွန်စိတ်ပါပဲ။

၁၁။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ ၁၁ ခုမြောက် အကြောင်းကတော့ ကိုယ့်အားကိုယ်ကိုးလိုစိတ် နည်းပါးတာပါပဲ။ အနောက်တိုင်းနိုင်ငံ အများစုက အရှေ့တိုင်းနိုင်ငံ အများစုထက် ချမ်းသာကြွယ်ဝနေရခြင်းရဲ့ အဓိကအကြောင်းဟာ ၁၈ နှစ်ပြည့်တာနဲ့ ကိုယ့်အားကိုယ်ကိုးပြီး စီးပွါးရေး အလုပ်လုပ်ကြလို့ပဲ။

အနောက်နိုင်ငံက လူငယ်တွေဟာ ၁၈ နှစ်ပြည့်ပြီးတာနဲ့ လူကြီးဖြစ်ပြီလို့ သတ်မှတ်ပြီး စီးပွါးရေးလုပ်ငန်း၊ တစ်နည်း ငွေဝင်တဲ့ လုပ်ငန်းတစ်ခုခုကို မဖြစ်မနေ လုပ်ကြတော့တာပဲ။ မြန်မာအမျိုးသမီးတစ်ဦး နယူးဇီလန်နိုင်ငံကို ပညာတော်သင် ရောက်သွားတယ်။ တစ်နေ့ ကိစ္စတစ်ခုရှိလို့ တက္ကစီ ငှားစီးသွားတယ်။

ကားမောင်းသမားလေးက အသက် ငယ်ရွယ်သူလေး ဖြစ်နေလို့ ကျောင်းမတက်ဘူးလားလို့ မေးကြည့်တဲ့အခါ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားဖြစ်နေတယ်။ မြန်မာအမျိုးသမီးဆိုတော့ မြန်မာပြည်ရဲ့ အလေ့အထအတိုင်း မိဘက မတတ်နိုင်လို့ တက္ကစီ မောင်းနေရတာလို့ ထင်သွားတာပေါ့။

*** အဲဒီအတိုင်း ဟုတ်ပါသလား ဘုရား။

မေတ္တာရှင် - ဘယ်ဟုတ်ရမှာလဲ။ မေးလိုက်တဲ့အခါ ဟိုက ဘယ်လို ပြောသလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အလေ့အထက အနောက်တိုင်းဆန်ပါတယ်။ ဒါကြောင့် ၁၈ နှစ် ပြည့်ပြီးတာနဲ့ မိဘကို အားကိုးပြီး မနေကြပါဘူး။ ကိုယ်ပိုင်လုပ်ငန်း တစ်ခုခုလုပ်ပြီး ငွေရှာပါတယ်။ အဲဒီငွေနဲ့ ကျောင်းတက်ပါတယ်။

၁၈ နှစ် ပြည့်ပြီးရင် လူကြီးဖြစ်ပြီလို့ သတ်မှတ်ပါတယ်။ လူကြီးဘဝ ရောက်နေပြီ ဖြစ်ရက်နဲ့ မိဘလုပ်စာ ထိုင်စားရမှာ မိဘလုပ်စာနဲ့ ကျောင်းတက်ရမှာကို အင်မတန် ရှက်ကြပါတယ်။ ၁၈ နှစ်ပြည့်ပြီး သူငယ်ချင်းတွေ တွေ့ကြတဲ့အခါ ဘယအလုပ် လုပ်သလဲလို့ မေးမြန်းနှုတ်ဆက်တတ်ပါတယ်။

၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရက်နဲ့ စီးပွါးရေး အလုပ်တစ်ခုမှ မလုပ်တဲ့သူကို လူရာမဝင်သူလို့ သတ်မှတ်ပြီး ဘယ်သူမှ အပေါင်းအသင်း မလုပ်ကြပါဘူးလို့ အားရပါးရ ပြန်ပြောတယ်။

*** တပည့်တော်တို့ မြန်မာလူငယ်တွေနဲ့ ကွာလိုက်တာ ဘုရား။ ဒီမှာတော့ ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး ကျောင်းတက်တဲ့လူကို ဆင်းရဲသားဆိုပြီး ဝိုင်းအထင်သေးကြတယ်။ မိဘလုပ်စာစား၊ မိဘအိမ်က ကားနဲ့ စတိုင်ကျကျ ကျောင်းတက်နိုင်သူကိုမှ သူဌေးဆိုပြီး အထင်ကြီးကြတယ်။

မေတ္တာရှင် - အေး ဟုတ်တယ်။ မြန်မာ အများစုဟာ ဂုဏ်မယူသင့်တာတွေကို ဂုဏ်ယူပြီး ဂုဏ်ယူသင့်တာကို ဂုဏ်မယူတဲ့အတွက် ကြီးပွါးသင့်သလောက် မကြီးပွါးကြတာဘဲ။

ဆယ်တန်းအောင်မြင်သူများ ဖတ်ကြည့်သင့်ပါတယ်

 

၂၀၁၃ ခုနှစ်အတွက် ကမ္ဘာ့ ဝင်ငွေအကောင်းဆုံး အလုပ်ရာထူး ၁၀ မျိုး

နံပါတ် ၁၀ ကနေ ၁ အထိ စီထားပါတယ်။

10. Natural Sciences Manager

ကမ္ဘာ့ရဲ့  သဘာဝအလျောက် ဖြစ်စဉ် ပြောင်းလဲမှုကို သုတေသန ပြုလုပ်ပေးနေရတဲ့ အလုပ်မျိုးပါ။


9. Marketing Manager

စီးပွားရေးလုပ်ငန်း၊ ထုတ်ကုန်ပစ္စည်းများအတွက် မာကဲတင်း လုပ် စီမံခန့်ခွဲပေးရသူ မန်နေဂျာကလည်း နံပါတ် ၉ မှာ ရှိနေပါတယ်။


8. Computer and Information Systems Manager

ကွန်ပြူတာ နှင့် သတင်းအချက်အလက် စနစ်ဆိုင်ရာ မန်နေဂျာ ရာထူးပါ။ ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲ၊ Programming, Networking တို့ တတ်မြောက် ကျွမ်းကျင်ထားသူမျိုး ဖြစ်ပါတယ်။


7. Air Traffic Controller

လွယ်လွယ်ခေါ်တော့ လေကြောင်းမော်တော်ပီကယ်ပေါ့။ သင်္ချာစွမ်းရည်၊ ကွန်ပြူတာ စနစ်ထိန်းချုပ် စွမ်းရည်၊ ဒီဇိုင်းဖန်တီးနိုင်စွမ်း တို့ တတ်မြောက် ထားသူတို့ ဖြစ်ပါတယ်။ ဒီအတွက် သီးသန့်ဘာသာရပ်ကို နိုင်ငံကြီးတွေမှာ သင်ကြားပေးပါတယ်။ အများစုကတော့ စစ်ဘက်ကပါ။


6. Lawyers

ရှေ့ နေ အလုပ်ကတော့ လူတိုင်းသိပြီးသား ဖြစ်ပါတယ်။ သူက နံပါတ် ၆ မှာ ရှိနေပါတယ်။


5. Dentist

သွားဆရာဝန် ကနေ နံပါတ် ၅ မှာ ရှိနေပါတယ်။

4. Airline Pilot

လေယာဉ်မှူး တစ်ယောက်ရဲ့  ဝင်ငွေက ကမ္ဘာ့နံပါတ် ၄ မှာ ရှိနေပါတယ်။


3. Engineering Manager

နယ်ပယ်ကဏ္ဍစုံက အင်ဂျင်နီယာပါ။ တော်ရုံအင်ဂျင်နီယာမဟုတ်တော့ပဲ စီမံခန့်ခွဲတဲ့ Level ကိုရောက်သွားတဲ့ အင်ဂျင်နီယာ မန်နေဂျာ ရာထူးက ကမ္ဘာ့ နံပါတ် ၃ ဝင်ငွေ အများဆုံး ရှိနေပါတယ်။

2. Chief Executive Officers

ဘယ်ကုမ္မဏီမှာမဆို ဖွဲ့စည်းပုံ အရ အကြီးဆုံး ရာထူးနဲ့ ခန့်အပ်ထားသူ ဖြစ်ပါတယ်။ အချို့ ကတော့ Owner ကိုယ်ပိုင်ပဲ စီအီးအိုလုပ်ကြပါတယ်။ ကမ္ဘာ့ ကုမ္မဏီကြီးတွေမှာတော့ စီအီးအို ကို သက်သက်ခန့်ပါတယ်။ သူကတောင် ကမ္ဘာ့နံပါတ် ၂ မှာပဲ ရှိပါတယ်။


1. Surgeon

ဆာဂျင်ခေါ် ခွဲစိတ်ဆရာဝန်များက ကမ္ဘာမှာ ဝင်ငွေအကောင်းဆုံး ပရော်ဖက်ရှင်နယ် သမားများ ဖြစ်ပါတယ်တဲ့။

အားလုံးခြုံငုံပြီး စစ်တမ်းကောက်ထားချက်ပါ။ အချို့ နိုင်ငံမှာကျ နံပါတ် ၁၀ က နံပါတ် ၁ ဖြစ်ချင်ဖြစ်နေတတ်ပါတယ်။ ဥပမာ မာကဲတင်း အလုပ်က ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ လခကောင်းပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လခ နည်းနေသေးတဲ့ ပရော်ရှင်နယ်လိုင်းတစ်ခုပါ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ယှဉ်ရင် တော့ ယင်းအချက်များ ကွဲလွဲနေတတ်ပါတယ်။ အထက်ပါ ၁၀ ချက်ကတော့ တစ်ကမ္ဘာလုံး ခြုံငုံသုံးသပ်၍ စစ်တမ်းကောက် ထားခြင်း ဖြစ် ကြောင်း သိရပါတယ်။


ကုလားတွေရက်စက်ရုပ်မာတာကိုမြန်မာပြည်သူတွေခံနေရတဲ့အကြောင်း ကမ္ဘာသိအောင်ဘိုလိုရေးထားတယ်


I have wrote at my disgust about how apologists in the west would rather be complacent with letting a small percent of our people be targeted with no response back as to not offend all muslims. This is basically saying that those percent we lose are sacrificed to the appeasement of a destructive belief system for the feelings of the rest of the fools who support those radicals.

The Buddhists in Myanmar are a wonderful example to all infidels! When their people are attacked they respond as if it was an attack on each and every one of them! Buddhists in Myanmar are an example of true unity and love for each other! The response of Buddhists for the woman who was burned yesterday is against possessions of the muslims who are heavily guarded by military protection... yet many of the muslims also burn their own houses after taking out their valuables to add to their playing the victims.... And further retaliate against the Buddhists when it is the muslims who started this (as they continuously do) with violence by burning a Buddhist woman.

The UN and OIC constantly cry about human rights of the muslims, but the right to possessions is not close to the rights of Buddhists to not have their monks murdered, women raped, people attacked or set on fire! This woman's body that was burned is far more precious and sacred than any material worth! The fake journalists and apologist cowards want to blame the Buddhists for defending their right to exist... Well I want to thank Buddhists for protecting their beautiful culture and not standing by idly while any percent of their people are targeted! Very admirable and we support y'all! ~Rachael Salak

Infidel Nations

လူထု မောင်ကာဠု

မြန်မာ့စွယ်စုံဆင်အား ဗုဒ္ဓစွယ်တော် လှည့်လည်ရာတွင် အသုံးပြုရန် သီရိလင်္ကာသို့ လှူဒါန်း


သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ မြန်မာ့စွယ်စုံဆင် တစ်ကောင်အား သီရိလင်္ကာနိုင်ငံ၌ ဗုဒ္ဓစွယ်တော် လှည့်လည်ရာတွင် အသုံးပြုနိုင်ရန်အတွက် လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းပွဲကို မေ၂၈ ရက်နံနက် ၁၀ နာရီ အချိန်တွင် ရန်ကုန် တိရစ္ဆာန်ဥယျာဉ်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါ်သက်သက်ဇင်နှင့် သီရိလင်္ကာ ဒီမိုကရက်တစ် ဆိုရှယ်လစ် သမ္မတနိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး H.R. Piyasiri တို့မှ တက်ရောက်ခဲ့ကြသည်။
"သီရိလင်္ကာနိုင်ငံက ကန္နီမြို့ စွယ်တော်တိုက်မှာ တစ်နှစ်တစ်ကြိမ် စွယ်တော်လှည့်လည်ပွဲ လုပ်ပါတယ်။ အဲဒီအခါမှာ စွယ်တော်ကို ပင့်ဆောင်လှည့်လည်ရာမှာ စွယ်စုံဆင်တွေနဲ့ပဲ အသုံးပြုပါတယ်။ လက်ရှိစွယ်စုံဆင် တစ်ကောင်က သေသွားတဲ့အတွက် အခုလို မြန်မာနိုင်ငံဆီကနေ စွယ်စုံဆင် အလှူခံတာပါ။ ဒီဆင်ကို ဘာအလုပ်မှ မခိုင်းဘဲ စွယ်တော်လှည့်ဖို့ အတွက်ပဲ အသုံးပြုပြီး ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက် သွားမှာပါ။ သီရိလင်္ကာ နိုင်ငံဘက်ကနေလည်း အခြားတရိစ္ဆာန်တစ်ကောင် လက်ဆောင်ပြန်ပေးဖို့ အစီအစဉ် ရှိပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး၏ ကိုယ်ရေးအရာရှိဖြစ်သူ ဒေါ်သန်းသန်းဇော်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ လှူဒါန်းသော အောင်လင်းဦးအမည်ရှိ စွယ်စုံဆင်မှာ အသက်ခြောက်နှစ်အရွယ်ရှိပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ သာယာဝတီ သစ်ထုတ်လုပ်ရေး ဒေသရှိ မြိုင်ဟေ၀န် ဆင်စခန်းမှဖြစ်ကြောင်း သိရသည်။
"မြန်မာနိုင်ငံမှာက စွယ်စုံဆင်တွေ မရှားပေမယ့် သီရိလကာင်္နိုင်ငံမှာက စွယ်စုံဆင် ရှားတဲ့အတွက် အခုလို လှူဒါန်းတာပါ။ စွယ်စုံဆင်ဆိုတာ အစွယ်နှစ်စုံက ရှေ့ဘက်ကို ရှည်ထွက်နေတဲ့ဆင်ကို ခေါ်တာပါ။ ဒီဆင်ကို လေးနှစ်သားကစပြီး ယဉ်ပါးအောင် သင်ကြားပေးထားပါတယ်" ဟု အဆိုပါဆင်အား လေ့ကျင့်ထိန်းကျောင်းပေးသူ သာယာဝတီ၊ မြိုင်ဟေ၀န်ဆင်စခန်းမှ ကိုထွန်းထွန်းဝင်းက ပြောကြားသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန အနေဖြင့် ၂၀၀၆ ခုနှစ်တွင် ပထမအကြိမ်အဖြစ် စွယ်စုံနှစ်ကောင်အား သီရိလင်္ကာနိုင်ငံ ကန္နီမြို့ စွယ်တော်တိုက်သို့လည်ကောင်း၊ ၂၀၀၉ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ကိုလံဘိုမြို့၊ မဟာရာဇာဓိဟာရ၊ ကိုတေးဘုန်းတော်ကြီး ကျောင်းတိုက်သို့လည်းကောင်း လှူဒါန်းခဲ့ကြောင်းသိရသည်။


မြန်မာ Network Technician အများစုအနေနဲ့ WAN


မြန်မာ Network Technician အများစုအနေနဲ့ WAN အပိုင်းမှာ Theory အရရေ၊ လက်တွေ့မှာပါ အားနည်းတက်ကြပါတယ်။ ဒါပေမယ့် အားမငယ်ပါနဲ့.. လူတိုင်း မွေးကတည်းက ဘာမှ မတက်ပါဘူး။ လေ့လာအားကောင်းရင် သူများထက်တော့ ထူးနေမှာပါ။ "သီအိုရီလေ့လာပြီးမှ လက်တွေ့လုပ်ပါ" ဆိုတဲ့ ဆောင်ပုဒ်ကိုလဲ မမေ့လိုက်ပါနဲ့။ အချိန်ဆယ့်ငါးမိနစ်လောက်ပဲပေးပြီး အောက်ကလင့်မှာ WAN Introduction လေးကို ဖတ်ကြည့်ပါ။ တချိန်ချိန် တနေရာရာမှာ အသုံးဝင်လာမယ့် Knowledge မို့လို့ လေ့လာကြည့်ပါ။
http://docwiki.cisco.com/wiki/Introduction_to_WAN_Technologies

လမ်းလျှောက်တက်ပြီးမှ ပြေးပါ။
Detail သိလိုပါက
http://docwiki.cisco.com/wiki/Frame_Relay
http://docwiki.cisco.com/wiki/High-Speed_Serial_Interface
http://docwiki.cisco.com/wiki/Point-to-Point_Protocol
http://docwiki.cisco.com/wiki/Switched_Multimegabit_Data_Service
http://docwiki.cisco.com/wiki/Synchronous_Data_Link_Control_and_Derivatives
http://docwiki.cisco.com/wiki/X.25
http://docwiki.cisco.com/wiki/Digital_Subscriber_Line

Driver Magician

Windows တင်ပြီး Driver ကြောင့်စိတ်ညစ်နေကျသူများအတွက် ကြိုတင်ပြီး Backup လုပ်ထားနိုင်အောင် Driver Magician ဆိုတဲ့ Full Version Software လေးပါ။






Software လေးကို ဒီမှာ ဒေါင်းပါ

RAR Passwrod:   aungminthu


ဂေါတမ မြတ်စွားဘုရားရှင် ဗျာဒိတ်တော်ခံခဲ့ရသော ဘုရားရှင် ၂၄ ဆူတော်


(၁) ဒီပင်္ကရာ ဘုရားရှင်

(၂) ကောဏ္ဍည ဘုရားရှင်

(၃) မင်္ဂလ ဘုရားရှင်

(၄) သုမန ဘုရားရှင်

(၅) ရေ၀တ ဘုရားရှင်

(၆) သောဘိတ ဘုရားရှင်

(၇) အနောမဒဿီ ဘုရားရှင်

(၈) ပဒုမ ဘုရားရှင်

(၉) နာရဒ ဘုရားရှင်

(၁၀) ပဒုမုတ္တရ ဘုရားရှင်

(၁၁) သုမေဓာ ဘုရားရှင်

(၁၂) သုဇာတာ ဘုရားရှင်

(၁၃) ပီယဒဿီ ဘုရားရှင်

(၁၄) ဓမ္မဒဿီ ဘုရားရှင်

(၁၅) အတ္ထဒဿီ ဘုရားရှင်

(၁၆) သိဒ္ဓတ္ထ ဘုရားရှင်

(၁၇) တိဿ ဘုရားရှင်

(၁၈) ဖုဿ ဘုရားရှင်

(၁၉) ၀ိပဿီ ဘုရားရှင်

(၂၀) သိခီ ဘုရားရှင်

(၂၁) ဝေဿဘူ ဘုရားရှင်

(၂၂) ကကုသန္ဓ ဘုရားရှင်

(၂၃) ကောနာဂမဏ ဘုရားရှင်

(၂၄) ကဿပ ဘုရားရှင် တို့ ဖြစ်ပါသည်။
.

ဆရာတော် အရှင်စန္ဒိမာ ၏ ဓမ္မပဒ၀တ္ထုပထမတွဲ

ရွေးချယ်ခွင့်နဲ့ ရပိုင်ခွင့်

ဗုဒ္ဓဘာသာဟာ တကယ်တော့ ရွေးချယ်ပိုင်ခွင့်ရှိတဲ့ ဘာသာပါ။ ပြီးတော့ အဲဒီ ရွေးချယ်မှုကိုလည်း ကိုယ်ကိုယ်တိုင်ပဲ ရယူခံစားနိုင်တာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာ အမိန့်ပေးပြီး ပြဋ္ဌာန်းသတ်မှတ်ထားတာ မရှိပါဘူး။ ကြောင်းကျိုး ဆက်စပ်ပြထားတာပဲ ရှိပါတယ်။ ဘုရားရှင် ကိုယ်တိုင်လည်း ဘာလုပ်ပေးမယ်၊ ဘယ်လိုကယ်တင်ပေးမယ်၊ ဘယ်လို ဖန်တီးပေးမယ်ဆိုတဲ့ ကယ်တင်ရှင်မျိုး မဟုတ်ဘဲ ဒီလိုလမ်းမျိုးရှိတယ်၊ ဒါကိုရွေးချယ်ရင် ဒီလိုဆိုးကျိုးရှိပြီး ဒါကို ရွေးချယ်ရင်တော့ ဒီလိုကောင်းကျိုးတွေ ရနိုင်တယ်ဆိုတဲ့ မှန်ကန်တဲ့ လမ်းကိုညွန်ပြပေးတော်မူတဲ့ လမ်းညွန်ပဲ ဖြစ်ပါတယ်။ လမ်းညွန်မှုကို ခံယူပြီး ရွေးချယ်မှု အပိုင်းကတော့ ကိုယ်ရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။ အဲဒီလို ဆုံးဖြတ်ချက်နဲ့ ရွေးချယ်ပြီးရင်လည်း ဒီသက်ရောက်မှုကတော့ ကိုယ့်ထံကိုပဲ ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ဒါကလည်း ဘယ်သူကမှ ပြဋ္ဌာန်းသတ်မှတ်ပေးလို့ မဟုတ်ဘဲ ကိုယ်ကိုယ်တိုင်ရဲ့ ရွေးချယ်မှုကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရွေးချယ်မှုဟာ သိပ်ကို အရေးကြီးတယ်လို့ ဆိုတာဖြစ်ပါတယ်။

ဒီလိုရွေးချယ်မှုဟာ အရေးကြီးတဲ့အတွက် ရွေးချယ်မှု မှန်ကန်ဖို့လည်း လိုလာပြန်ပါတယ်။ ရွေးချယ်မှုမှန်ကန်ဖို့အတွက် အမှန်ကို မြင်တတ်ဖို့လည်း လိုလာပြန်ပါတယ်။ အဲဒါကို ဗုဒ္ဓဘာသာမှာတော့ သမ္မာဒိဋ္ဌိလို့ ခေါ်ပါတယ်။ မှန်ကန်တဲ့ အမြင်ရှိဖို့အတွက် ပညာရှိဖို့လည်း လိုပါတယ်။ အဲဒီပညာက သစ္စာကို သိနိုင်တဲ့ ပညာပဲ ဖြစ်ပါတယ်။ ဒါကို မြတ်ဗုဒ္ဓက ဆင်းရဲကြောင်း အမှန်တရားကို သိနိုင်တဲ့ ပညာ၊ ဆင်းရဲဖြစ်ကြောင်း အမှန်တရားကို သိနိုင်တဲ့ ပညာ၊ ဆင်းရဲ ချုပ်ရာ အမှန်တရားကို သိနိုင်တဲ့ ပညာနဲ့ ဆင်းရဲချုပ်ရာသို့ သွားရာလမ်းမှန်ကို သိနိုင်တဲ့ ပညာလို့ ညွန်ပြတော်မူပါတယ်။ ဒီလို ပညာမျိုးရှိမှပဲ စစ်မှန်တဲ့ အမြင်မှန်မှုလို့ ဆိုနိုင်တာ ဖြစ်ပါတယ်။ ဒီအမြင်ဟာ ရွေးချယ်မှုအတွက် အရေးကြီးဆုံးနဲ့ အခြေခံအကျဆုံးပဲ ဖြစ်ပါတယ်။
နောက် ရွေးချယ်မှုအပိုင်းမှာ အရေးကြီးတဲ့ အချက်တစ်ခုက ကိုယ့်ရဲ့အလုပ်တွေမှာ တာဝန်ယူနိုင်မှုပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အကောင်းအဆိုး အလုပ်တွေဟာ ကိုယ့်ရဲ့ ပုံဖော်မှုပဲဆိုတဲ့ အချက်ဖြစ်ပါတယ်။ စာလိုပြောတော့ ကမ္မဿကတာ သမ္မာဒိဋ္ဌိပါပဲ။ ကံသာလျှင် မိမိရဲ့ ကိုယ်ပိုင်ဖြစ်တယ်လို့ အမှန်အတိုင်း မြင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီစကားရပ်က ကိုယ်လုပ်တဲ့ အလုပ်၊ ကိုယ်ရွေးချယ်တဲ့ ရွေးချယ်မှုတွေဟာ ကိုယ်အပေါ်မှာပဲ သက်ရောက်စေပြီး အကောင်းအဆိုး ခံစားမှုကို ဖြစ်စေကြောင်း ဖော်ညွန်းချက် တစ်ခုပဲ ဖြစ်ပါတယ်။ ကိုရွေးချယ်ပြီးလုပ်တဲ့ အလုပ်ဟာ မှားရင်လည်း အဲဒီအမှားရဲ့ သက်ရောက်မှု၊ မှန်ရင်လည်း အဲဒီအမှန်ရဲ့ သက်ရောက်မှုကို ကိုယ်ကိုယ်တိုင်ပဲ ရပိုင်ခံစားခွင့် ရှိတဲ့သဘောမျိုးပဲ ဖြစ်ပါတယ်။

ဆိုတော့ကား ဗုဒ္ဓဘာသာ ရှုထောင့်က ပြောရင် သတ္တဝါတိုင်းဟာ လွတ်လပ်တဲ့ ရွေးချယ်ပိုင်ခွင့်ရှိပြီး အဲဒီ ရွေးချယ်မှုရဲ့ သက်ရောက်မှုကိုလည်း ကိုယ်ကိုယ်တိုင် ရရှိခံစားနိုင်တာ ဖြစ်တဲ့အတွက် အကောင်းရွေးမလား၊ အဆိုးရွေးမလား ဆိုတာဟာ ကိုယ့်အပေါ်မှာပဲ မူတည်နေတော့တာ ဖြစ်ပါတယ်။ အဲ ရွေးချယ်ပြီးရင်လည်း တာဝန်ယူမှုကို ကိုယ်ကပဲ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဘာရွေးပြီး ဘာယူမယ်ဆိုတာကို သိဖို့အတွက် ပညာကို အသုံးချရင်း အမှန်ရွေးပြီး အမှန်ယူနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ အရွေးမှားရင် နိဗ္ဗာန်ကနေ အဝေးသွားတတ်ပြီး အရွေးမှန်မှ နိဗ္ဗာန်ကို မနှေးအမြန် နီးစေနိုင်မှာ ဖြစ်တဲ့အတွက် မှန်ကန်တဲ့ ရွေးချယ်မှုနဲ့ မှန်ကန်တဲ့ ရယူမှုကို အမှန်အသိ ဉာဏ်နဲ့ညှိကြဖို့ပဲ ဖြစ်ပါတယ်။------------------------------------------------
စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)

(မနာပဒါယီ)ဆိုဒ်မှတဆင့်ကူးယူတင်ပြဓမ္မဒါနပြုပါသည်