ကျွန်တော် ဘလော့ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ နှလုံးသားရဲ့ခံစားချက်လေးတွေကို ဖော်ပြမယ်ဆိုပြီး တည်ထောင်ဖြစ်ခဲ့တာပါ...။ ကဗျာလေးတွေကို ကိုယ်တိုင်ရေးဖြစ်တယ် ကျွန်တော်ကြိုက်နှစ်သက်တဲ့ ကဗျာတွေ၊စာသားတွေ တွေ့ခဲ့ရင်လည်းပြန်လည် ကူးယူဖော်ပြဖြစ်ခဲ့ပါတယ် နည်းပညာများကို မသိသေးတဲ့သူတွေနဲ့ အတူ ကျွန်တော်ကိုယ်တိုင်လည်း လေ့လာဖို့အတွက် ကျွန်တော်လေ့လာဖတ်ရှု့ခဲ့တဲ့ စာအုပ်တွေဆိုဒ်တွေကတဆင့် ကူးယူပြီး ပြန်လည်ဖော်ပြ ပေးထားတာပါ...။ ဒီဘလော့ကကျတော့်အတွက် မှတ်စုစာအုပ်လေးလို့ ပြောရင်လည်းမမှားနိုင်ပါဘူး...။ အကြင်နာမြို့တော် ဘလော့လေးသို့ လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေများအားလုံး ကျေးဇူးအထူးတင်ရှိပါကြောင်း ဒီနေရာလေးကနေ ပြောကြားလိုက်ရပါတယ်...။ ကျွန်တော့်ဘလော့လေးဆီသို့ ကဗျာများ၊ စာပေများ၊ ဗဟုသုတများ၊ နည်းပညာများ၊ သတင်းများ၊ စသဖြင့် ဖော်ပြပေးရန် ပေးပို့ လိုပါက ပေးပို့သူနာမည်နှင့်အတူ ဖော်ပြပေးသွားပါမည်။ အီးမေးပေးပို့လိုလျှင် akyinnarmyotaw@gmail.com (သို့မဟုတ်) akerheain@gmial.com သို့ ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ.....။ မိတ်ဆွေများအားလုံးကို လေးစားလျှက် အကြင်နာမြို့တော်.....။

မင်းရင်ခွင်ဆီသို့ 

ငါ....................

အချစ်တစ်ခုကို

ရယူပိုင်ဆိုင်ချင်တယ်...။

ဒါပေမယ့်.....

ပေးဆပ်ခြင်းဆိုရင်လဲ

မင်းကို ချစ်နေမှာပါ....။

ငါ့နှလုံးသားကို စစ်တုရင်

နယ်ရုပ်ကလေးတစ်ရုပ်လို

မင်းရွေ့ ချင်တဲ့  အကွက်ရွေ့ 

လိုရာကိုစေ..စေလိုရာကို

သွားရမယ့် ကောင်ပါ.....။

ငါ့ အချစ်က

နူးညံ့ မှု့ တွေအပြည်နဲ့ 

လှုပ်ရှားမှု့ တွေလေ

မင်းတစ်ယောက်ဆီကိုသာ

ဦးတည်ပြီးလှုပ်ရှားနေတာ.....။

ငါ့............နှလုံးသား

နာရီလက်တံကလေးတွေ

ရပ်တန့် လို့  မသွားမချင်း

မင်းရင်ခွင်ကို ဦးတည်လို့ 

ဆက်ရွေ့ နေမယ်......

1 comments:

Thein Than Win said...

Chit Thu ကြားနိုင်ပါစေ




T T W