ကျွန်တော် ဘလော့ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ နှလုံးသားရဲ့ခံစားချက်လေးတွေကို ဖော်ပြမယ်ဆိုပြီး တည်ထောင်ဖြစ်ခဲ့တာပါ...။ ကဗျာလေးတွေကို ကိုယ်တိုင်ရေးဖြစ်တယ် ကျွန်တော်ကြိုက်နှစ်သက်တဲ့ ကဗျာတွေ၊စာသားတွေ တွေ့ခဲ့ရင်လည်းပြန်လည် ကူးယူဖော်ပြဖြစ်ခဲ့ပါတယ် နည်းပညာများကို မသိသေးတဲ့သူတွေနဲ့ အတူ ကျွန်တော်ကိုယ်တိုင်လည်း လေ့လာဖို့အတွက် ကျွန်တော်လေ့လာဖတ်ရှု့ခဲ့တဲ့ စာအုပ်တွေဆိုဒ်တွေကတဆင့် ကူးယူပြီး ပြန်လည်ဖော်ပြ ပေးထားတာပါ...။ ဒီဘလော့ကကျတော့်အတွက် မှတ်စုစာအုပ်လေးလို့ ပြောရင်လည်းမမှားနိုင်ပါဘူး...။ အကြင်နာမြို့တော် ဘလော့လေးသို့ လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေများအားလုံး ကျေးဇူးအထူးတင်ရှိပါကြောင်း ဒီနေရာလေးကနေ ပြောကြားလိုက်ရပါတယ်...။ ကျွန်တော့်ဘလော့လေးဆီသို့ ကဗျာများ၊ စာပေများ၊ ဗဟုသုတများ၊ နည်းပညာများ၊ သတင်းများ၊ စသဖြင့် ဖော်ပြပေးရန် ပေးပို့ လိုပါက ပေးပို့သူနာမည်နှင့်အတူ ဖော်ပြပေးသွားပါမည်။ အီးမေးပေးပို့လိုလျှင် akyinnarmyotaw@gmail.com (သို့မဟုတ်) akerheain@gmial.com သို့ ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ.....။ မိတ်ဆွေများအားလုံးကို လေးစားလျှက် အကြင်နာမြို့တော်.....။
Showing posts with label ခံစားချက်အပိုင်းအစ. Show all posts
Showing posts with label ခံစားချက်အပိုင်းအစ. Show all posts

♥~♥♥~28.5.2012 နေ့စွဲလေး~♥♥~♥

နွမ်းလျမှု့တွေဖြစ်နေတဲ့အချိန်လေးမှာ

ကျွန်တော့်ကိုအားအင်တွေပြည့်လာအောင်

စွမ်းဆောင်ပေးခဲ့တဲ့ ကောင်မလေးရေ

ကျေးဇူးအထူးပင်တင်နေခဲ့မိတယ်

ဒီနေ့လေးဟာကျွန်တော့် အားအင်တွေဖြစ်ခဲ့တဲ့နေလေးတစ်နေပါ

အရမ်းချစ်ရတဲ့ကောင်မလေးဆီက

စကားလေးတွေနဲ့ တူတဲ့ စာသားလေးတွေကို

ပြန်လည်ကြားခွင့်ရခဲ့တယ် သူ့ရဲ့စကားသံလေးတွေဟာ

ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ

သာယာအေးမြနေတဲ့ ဘ၀ကြီးတစ်ခုကို

ပိုင်ဆိုင်ခွင့်ရလိုက်သလိုပါပဲ...

ကျွန်တော့် အားအင်တွေကုန်ခန်းနေသလိုဖြစ်နေတဲ့

နေ့ရက်တွေကို ချေဖျတ်

အားအင်အသစ်တွေပြန်လည်ဖြစ်ပေါ်စေခဲ့တယ်...

ကျွန်တော့်အသက်ထက်ချစ်ရတဲ့ကောင်မလေးဆီက

အားအင်တွေဖြစ်ပေါ်စေတဲ့နေ့လေးတစ်နေ့အဖြစ်

ကျွန်တော့်နှလုံးသားထဲမှာ မှတ်တမ်းတင်လိုက်ပါတယ်

အရမ်းချစ်ရတဲ့ကောင်မလေး...

♥~♥♥~ပေးအပ်ပြီးသားပါ~♥♥~♥

ပျက်ရယ်ပြုမှုကိုခံရသည့်အခါ

အားငယ်သွားတတ်သော်လည်း

မည်သည့်အခါမျှ စိတ်မဆိုးရက်ခဲ့ပါ…

အနိုင်ကျင့်မှုကို ခံရသည့်အခါ

ဝမ်းနည်းသွားတတ်သော်လည်း

မည်သည့်အခါမျှ မနာကြည်းရက်ခဲ့ပါ…

တန်ဖိုးမထားမှုကို ခံရသည့်အခါ

မကျေနပ်မှုကို ခံစားရတတ်သော်လည်း

မည်သည့်အခါမျှ မငြိုငြင်ရက်ခဲ့ပါ…

စွန့်ပစ်သွားခြင်းကို ခံရသည့်အခါ

ကျွမ်းမြေ့လောင်မြိုက်စွာ ပူပန်ရသော်လည်း

မည်သည့်အခါမျှ မေ့လျော့၍ မရနိုင်ခဲ့ပါ…

စတွေ့သည်မှ ငါသည်သင့်အား

မာနတရား နှင့် အသက်ကို

ပေးအပ်ထားခဲ့ပြီးသားမို့ပါ....

♥~♥♥~စိုးမိုးနိုင်သူ~♥♥~♥

ငါ့ဘ၀ထဲမှာ အချိန်တွေရှိသမျှ စိုးမိုးနေခဲ့သူ

မချစ်နိုင်မှန်းသိနေပေမဲ့ မေ့ဖျောက်လို့မရနိုင်တော့

ငါ့ရဲ့နှလုံးသားထဲမှာ စိုမိုးနေခဲ့သူ

နင့်ကို စွဲလမ်းစွာချစ်နေခဲ့မိတယ်

မချစ်ပါဘူးလို့ နင့်ပါးစပ်က နာကြီးစွာဘယ်လိုပင်ပြောခဲ့ပေမဲ့

ဘ၀တွေရှိနေသမျှ ချစ်နေသွားမဲ့သူပါ

မနီးစပ်တော့မှန်းသိနေပေမဲ့ နင့်အပေါ်ကိုချစ်တဲ့အချစ်တွေ

နည်းနည်းမှလျှော့မသွားပါဘူး

ဝေးနေခဲ့ရတဲ့အချိန်လေးတွေမှာ နှလုံးသားရိုက်ခက်နေတဲ့

အလွမ်းဝေတနာကို တစ်ယောက်တည်းမျိုသိပ်ရင်း

နင့်ကိုချစ်တဲ့အချစ်တွေ ပြန့်ကျဲနေခဲ့တယ်

နင်နဲ့အတူ ရှိခဲ့ဖူးတဲ့အချိန်လေးတွေကို

လွမ်းမောစွာတွေးတောနေခဲ့မိတယ်

နင်မုန်းချင်မုန်းသွားပါ ဒါမဲ့ငါနင့်ကို

ထာဝရချစ်နေဆဲပါချစ်သူ........

♥~♥♥~စောင့်မျှော်နေသူ~♥♥~♥

င့ါရဲ့ ဘ၀ထဲမှာ

ပျော်ရွှင်မှု့တွေပျောက်ဆုံးနေခဲ့တယ်

အချိန်ကြာခဲ့ပြီပေါ့ အလွမ်းတွေကိုရင်မှာပိုက်ပြီး

ဆွေးကျန်နေခဲ့ရတဲ့ဘ၀လေးတစ်ခုပါ

သောကမုန်တိုင်းတွေရဲ့ဒဏ်ကို လူးလွန့်စွာခံစားရင်းနဲ့

အသက်ကိုရှင်သန်နေခဲ့ရတယ် မင်းယုံချင်မှလည်းယုံမှာပါ

ငါဟာမင်းကိုတစ်ရက်မှမေ့လို့မရခဲ့ဘူး မင်းနဲ့အတူ ဆုံတွေ့ခဲ့တဲ့

ချိန်လေးကိုရောက်တိုင်းပဲ ငါ့နှလုံးသားဟာ

မင်းကိုတမ်းတနေခဲ့မိတယ်

မင်းကတော့ငါ့ကိုဥပေက္ခာပြုထားရက်တယ်နော်

ငါမင်းကိုမုန်းမေ့လို့မရခဲ့ပါဘူး ပြန်မလာနိုင်တော့မှန်း

သိနေပေမဲ့ မင်းပြန်လာမဲ့အချိန်လေးကို

ငါလက်ချိုးပြီးစောင့်ကြိုနေခဲ့မိတယ် အခုအချိန်မှာ ငါဟာ

မျှော်လင့်ချက်တွေ ရည်မှန်းချက်တွေ ပျောက်ဆုံးပျက်ဆီးခဲ့ပေမဲ့

မင်းတစ်ယောက်တည်းကိုပဲ တမ်းတနေခဲ့မိတယ်

ဖြူစင်စွာချစ်ခဲ့တဲ့ ငါ့နှလုံးသားတစ်နေရာလောက်ကို

မင်းခဏလောက်ပဲဖြစ်ဖြစ် ၀င်ကြည့်ပေးလို့ရမယ်ဆိုရင်

ဝင်ကြည့်ပေးပါလား ဘယ်လိုအခြေအနေမှာပဲရောက်ရောက်

မင်းကို ငါ့နှလုံးသားက မျှော်လင့်စွာ စောင့်မျှော်နေဆဲပါ...

♥~♥♥~February 23, 2012~♥♥~♥

ကြည်နူးဘ၀င် ပြုံးပျော်မဆုံး တစ်ကမ္ဘာလုံးဝယ်

အပြုံးပန်တွေဝေေ၀ဆာနေတဲ့ မျက်ဝန်းလေးကို

မှန်းဆကမြင်ယောင်ကြည့်ခဲ့မိတယ်

သူလေ...ခရုလေးတွေကောက်ခါလွှတ်

ပင်လယ်ပြင်ကို သံကုန်ဟစ်ကြွေးပြီး

ပျော်လို့မဆုံးလှတဲ့ မျက်ဝန်းလေးဟာ

အရမ်းကိုကြည်နူးနေမိမှာပေါ့

ပျော်ရွှင်ကြည်နူးနေတဲ့မျက်ဝန်းလေးကို

တွေ့မြင်ခွင့်ရခဲ့ချင်ပေမဲ့

တွေ့မြင်ခွင်တွေ လောကကြီးကမပေးခဲ့ဘူးဗျာ

ဘယ်လိုပဲဖြစ်နေပါစေလေ

သူ....ကိုပျော်ရွှင်မှု့တွေပေးခဲ့တဲ့ လောကကြီးကိုပဲ

ကျွန်တော်အရမ်းကျေးဇူးတင်မိပါတယ်...

♥~♥♥~လွမ်းနေမိသူ~♥♥~♥

ကောင်မလေးရေ အရမ်းလွမ်းနေမိပြီ

ကောင်မလေးကိုချစ်တဲ့ အကို့နှလုံးသားဟာ ဖြူစင်ပါတယ်

ဒါကိုကောင်မလေမသိနိုင်ခဲ့ဘူးနော်

မသိချင်းများစွာနဲ့ ဖုံးအုပ်ခဲ့တာလားကောင်မလေးရေ

သိသိနဲ့များ တိမ်တိုက်တွေလို လွင့်ပျယ်ခဲ့တာလား

ကောင်မလေးရဲ့အသံလေးတွေကြားခွင့်မရခဲ့တာ

အကို့နှလုံးသားထဲမှာတော့ ပူလောင်းခြင်းဒဏ်ကိုခံစားနေခဲ့ရတယ်

ကောင်မလေးဆီကိုဖုန်းဆက်တော့လည်း

စက္ကန့်အပိုင်းအခြားလေးသာပြောခွင့်ရခဲ့တယ် အွန်လိုင်းလည်းတက်မလာ

ဖုန်းဆက်တော့လည်း စက္ကန့်အပိုင်းအခြားလေးသာ တွေ့ခွင့်ရခဲ့တဲ့

အကို့နှလုံးသားမှာ ဘယ်လောက်ထိပူလောင်နေလည်းဆိုတာ

ကောင်မလေးစာနာနားလည်ပေးပါနော်

ကောင်မလေးရေ ရာသီဥတုပြောင်းလည်းမှုကြောင့်

တိမ်တိုက်တွေကိုများအားကျခဲ့တာလား ချမ်းအေးလှတဲ့ဆောင်းရာသီမှာ

အနွေးဓါတ်မရှိ အရောင်အဆင်းမရှိတာ့တဲ့ ဆောင်းဝတ်အိင်္ကျီကို

စွန့်ပြစ်သလိုများစွန့်ပြစ်ခဲ့တာလား သံယောဇဉ်ကြိုးလေးကို

ဖြတ်တောက်ခဲ့တာလား သိချင်စိတ်တွေများပြားနေတဲ့

နှလုံးသားတစ်စုံထဲမှာ ပူလောင်ခြင်းတွေပြည့်နှပ်နေခဲ့တယ်

ကောင်မလေးရေ....


♥~♥♥~အတူဆုံတွေ့မယ့်နေ့~♥♥~♥

ငွေနှင်းမှုံ နေခြည်သိုင်းလို့ ဖြူလွှလွှစနိုးပွင့်တို့ဆင်းသက်တော့မည့် ဟန်ချီ

မြောက်ပြန်လေရူး တသုန်သုန်တိတ်ခတ်မြူးတော့

ကိုယ့်ချစ်သူလေးချမ်းရှာရော့မည်

အရမ်းလွမ်းလှပြီ ဒီအသဲပန်းကို တိတ်တိတ်လေးခူးဆွတ်သွားသူရယ်

ဆောင်းဦးဟေမာန်သို့ မျှော်တလင့်လင့်နဲ့ရောက်ပြန်တော့မယ်

မျှော်သာမျှော်လျှက်အခေါ်ခက်ပြန် နှုတ်ဆက်ရန်လည်းမဝံ့ရဲတဲ့အဖြစ်တွေမို့

လေလှိုင်းမှတစ်ဆင့် ရင်ထဲကစကားပွင့်တွေကို အမှာပါးခဲ့ပါ့မယ်

ကိုယ့်အချစ်တွေ သဇင်ရနံတို့နဲ့အတူ မင်းရင်ထဲခိုနားခွင့်ပြုပါ ချစ်သူ

အင်တာနက်အချစ်နတ် ဖမ်းစားခြင်းခံရတဲ့ကိုယ့်ရင်မှာ

အစွဲလမ်းတွေပို လွမ်းရနံ့တွေဝေနေလေတော့ နေ့နေ့ညညမေ့မရခဲ့ဘူး

မခိုင်စိတ်ထားလွမ်းရက်ရှည်တွေကြားမှာ

ရင်ထဲကပဲ့တင်သံ မင်းအတွက်ကဗျာရွက်သံတွေဖြစ်ခဲ့ရပြီ

ကဗျာလေးတွေရွက်ဆို အတူဆုံတွေ့မယ့်နေ့ကိုစောင့်မျှော်ရင်း

 ဒို့ လွမ်းနေတယ်ချစ်သူရယ်.....။


♥~♥♥~♥စောင့်မျှော်နေဆဲပါချစ်သူ♥~♥♥~♥

င့ါရဲ့ ဘ၀ထဲမှာ ပျော်ရွှင်မှု့တွေပျောက်ဆုံးနေခဲ့တယ်

အချိန်ကြာခဲ့ပြီပေါ့ အလွမ်းတွေကိုရင်မှာပိုက်ပြီး

ဆွေးကျန်နေခဲ့ရတဲ့ဘ၀လေးတစ်ခုပါ

သောကမုန်တိုင်းတွေရဲ့ဒဏ်ကို လူးလွန့်စွာခံစားရင်းနဲ့

အသက်ကိုရှင်သန်နေခဲ့ရတယ် မင်းယုံချင်မှလည်းယုံမှာပါ

ငါဟာမင်းကိုတစ်ရက်မှမေ့လို့မရခဲ့ဘူး

မင်းနဲ့အတူဆုံတွေ့ခဲ့တဲ့ ချိန်လေးကိုရောက်တိုင်းပဲ

ငါ့နှလုံးသားဟာ မင်းကိုတမ်းတနေခဲ့မိတယ်

မင်းကတော့ငါ့ကိုဥပေက္ခာပြုထားရက်တယ်နော်

ငါမင်းကိုမုန်းမေ့လို့မရခဲ့ပါဘူး...

ပြန်မလာနိုင်တော့မှန်း သိနေပေမဲ့

မင်းပြန်လာမဲ့အချိန်လေးကို ငါလက်ချိုးပြီးစောင့်ကြိုနေခဲ့မိတယ်

အခုအချိန်မှာ ငါဟာ မျှော်လင့်ချက်တွေ ရည်မှန်းချက်တွေ

ပျောက်ဆုံးပျက်ဆီးခဲ့ပေမဲ့ မင်းတစ်ယောက်တည်းကိုပဲ

တမ်းတနေခဲ့မိတယ်....

ဖြူစင်စွာချစ်ခဲ့တဲ့ ငါ့နှလုံးသားတစ်နေရာလောက်ကို

မင်းခဏလောက်ပဲဖြစ်ဖြစ် ၀င်ကြည့်ပေးလို့ရမယ်ဆိုရင်

ဝင်ကြည့်ပေးပါလား.....

ဘယ်လိုအခြေအနေမှာပဲရောက်ရောက်

မင်းကို ငါ့နှလုံးသားက မျှော်လင့်စွာ

စောင့်မျှော်နေဆဲပါချစ်သူ....

♥~♥♥~♥ငါ့ရင်ထဲကစကားသံ♥~♥♥~♥

မင်းရင်ထဲမှာ ငါရှိသေးလား

ငါ့ရင်ဘတ်က မင်းကိုတမ်းတ
ပြောမဖြစ်တဲ့ အတွင်းဒဏ်ရာ
တစ်ယောက်တည်း အထီးကျန်ဆန်ဆန်
တို့အတိတ်ထဲ သာယာပြီးလမ်းမှောက်
အခုရောက်နေတာ ငါ့နေရာမဟုတ်သလိုပဲ။
ပျော်ရာမနေ တော်ရာနေဆိုစကား
ငါ့အတွက်မှားနေပါပေါ့လား။
တော်တော်ပြည့်စုံလဲငါမနေနိုင်
မင်းကလဲငါနဲ့မပျော်နိုင်။
ဘ-၀ ဟာ ငါ့အတွက်
အနှစ်မဲ့ အက္ခရာသာသာ။
စိတ်ငြိမ်သံတွေနားထောင်ရင်း
ငါ့ရင်ထဲကစကားသံပြန်ကြား
မမှားဘူးကွာ(မင်းကိုငါအရမ်းချစ်တယ်)။

♥~♥♥~♥လမ်းခင်းပေးမယ့် ပန်းတပွင့်♥~♥♥~♥

အချစ်နဲ့တည်ဆောက်သောဒီကမ္ဘာမှာ
.
ချစ်ကံခေ စွာဖြတ်သန်းရင်း
.
အရိုင်းပန်းတစ်ပွင့် ကို နှလုံးသားဥယဉ်နန်းမှာ သိမ်းထားခဲ့တယ်...
.
ပန်ဆင်သူကိုမျှော်လင့်ရင်းပေါ့.......
.
သုံညနဲ့ စခဲ့ရတဲ့ ဘဝဆိုတဲ့ခရီးလမ်း...
.
ကံကြမ္မာကကြမ်း ဇာတာခွင်ကလှုပ်ရမ်းလေ တော့
.
မခိုင်စိတ်ထားတွေနဲ့ အားတင်း တိုးခဲ့ရတယ်
.
ငါ့ အတွက်တော့
.
ဘဝရဲ့အားပေးဖော်ဆိုတာ
.
ဒဏ္ဍာရီထဲက
.
သူရဲကောင်းတွေပါ........
.
ငါ့ရဲ့ဖိနှိပ်ချုပ်ချယ်မူအောက်က ပြုံးခွင့်မရဖူးတဲ့
.
ငါ့ နှလုံးခုန်သံတွေ...
.
ငါ့ အထီးကျန်နေ့ရက်တွေ...
.
အလွမ်းဒဏ်တွေနဲ့နှလုံးသားကိုတိုက်စားရင်း
.
အိမ်မက်သခင် ကိုပုံဖော်ထားခဲ့ကြတယ်...
.
ဆောင်းမနက်ခင်းတွေ...
.
နွေဦးရာသီတွေ...
.
မိုးညချမ်းလေးတွေကို ကျော်ဖြတ်ရင်းက
.
ငါ့ ဘဝရဲ့ အိမ်မက်သခင်ကိုတွေ့ခဲ့ ရတယ်
.
ဒါပေမယ့်..............ဒါပေမယ့်
.
သူ့ခေါင်းမှာ ပန်းတွေက ဝေဝေဆာဆာရှိနေခဲ့ပါပြီလေ......
.
တစ်ပွင့်ပန်းကိုရင်မှာသိုဝှက်လို့
.
ချစ်ရနံ့တွေ တားဆီးရတော့မယ့်ရင်ခွင်နန်းမှာ...
.
အရောင်ပြောင်းခဲ့ရတဲ့ပန်းဆိုပေမယ့်
.
မေတ္တာရနံ့တွေ တိုတ်ခတ်ဖြတ်ပြေးနေမယ့်ဒီရင်မှာ.....
.
နေ လို အနွေး ' လ ' လိုအအေးတွေနဲ့.....
.
ပြောင်းလွဲခြင်းမဲ့တဲ့ ...ထာဝရ ဆိုတဲ့
.
အဖြူရောင်ပန်းတစ်ပွင့်ဖြစ်ခွင့်ရ ရင်လည်း
.
ငါနေပျော်ပါတယ် သခင်ရယ်............
.
ချစ်သစ္စာဆိုတဲ့ ပန်းတစ်ပွင့်ဟာ..
.
အရောင်တွေဘယ်လိုပြောင်းပြောင်း.
.
ရာသီတွေ ဘယ်လိုနှောင်းနှောင်း
.
ငါ့နှလုံးသား ထောင့်စွန်းတစ်နေရာမှာ.
.
ရင်ခုန်သံ စည်းချက်တွေနဲ့အတူ ပွင့်လွှာတွေအရစ်ရစ်ထပ်တိုးရင်း
.
သခင်ရဲ့ အနာဂါတ်ခြေလှမ်းတွေအောက်သို့
.
တစ်လွှာခြင်း ..........တစ်လွှာခြင်း ....
.
သက်ဆင်း ...
.
လမ်းခင်းပေးခဲ့ပါ့မယ်သခင်ရယ်.....

♥~♥♥~♥ တိမ်တိုက်တွေများဖြစ်ခဲ့ပြီလား♥~♥♥~♥

ကောင်မလေးရေ...

အရမ်းလွမ်းနေမိပြီ...

ကောင်မလေးကိုချစ်တဲ့ အကို့အချစ်ဟာ

အရမ်းဖြူစင်ပါတယ်...

ဒါကိုကောင်မလေမသိနိုင်ခဲ့ဘူးနော်..

မသိချင်းများစွာနဲ့ ဖုံးအုပ်ခဲ့တာလားကောင်မလေးရယ်

သိသိနဲ့များ တိမ်တိုက်တွေလို

လွင့်ပျယ်ခဲ့တာလား....

ကောင်မလေးရဲ့အသံလေးတွေကြားခွင့်မရခဲ့တာ

အကို့နှစ်လုံးသားထဲမှာတော့

ပူလောင်းခြင်းဒဏ်ကိုခံစားနေခဲ့ရတယ်

ကောင်မလေးဆီကိုဖုန်းဆက်တော့လည်း

စက္ကန့်အပိုင်းအခြားလေးသာပြောခွင့်ရခဲ့တယ်နော်...

အွန်လိုင်းလည်းတက်မလာ

ဖုန်းဆက်တော့လည်း စက္ကန့်အပိုင်းအခြားလေးသာ

တွေ့ခွင့်ရခဲ့တဲ့ အကို့နှစ်လုံးသားမှာ

ဘယ်လောက်ထိပူလောင်နေလည်းဆိုတာ

ကောင်မလေးစာနာနားလည်ပေးပါနော်...

ကောင်မလေးရေ ရာသီဥတုပြောင်းလည်းမှု့ကြောင့်

တိမ်တိုက်တွေကိုများအားကျခဲ့တာလား..

ချမ်းအေးလှတဲ့ဆောင်းရာသီမှာ

အနွေးဓါတ်မရှိ အရောင်အဆင်းမရှိတာ့တဲ့

ဆောင်းဝတ်အိင်္ကျီကို

စွန့်ပြစ်သလိုများစွန့်ပြစ်ခဲ့တာလား

သံယောဇဉ်ကြိုးလေးကိုဖြတ်တောက်ခဲ့တာလား...

သိချင်စိတ်တွေများပြားနေတဲ့

နှစ်လုံးသားတစ်စုံထဲမှာ

ပူလောင်ခြင်းတွေပြည့်နှပ်နေခဲ့တယ်

ကောင်မလေးရေ....

♥~♥♥~♥ ဒို့လွမ်းနေတယ် ချစ်သူရယ် ♥~♥♥~♥

ငွေနှင်းမှုံ နေခြည်သိုင်းလို့

ဖြူလွှလွှစနိုးပွင့်တို့ဆင်းသက်တော့မည့် ဟန်ချီ...

မြောက်ပြန်လေရူး တသုန်သုန်တိတ်ခတ်မြူးတော့

ကိုယ့်ချစ်သူလေးချမ်းရှာရော့မည်...

အရမ်းလွမ်းလှပြီ အသဲပန်းကို

တိတ်တိတ်လေးခူးဆွတ်သွားသူရယ်...

ဆောင်းဦးဟေမာန်သို့ မျှော်တလင့်လင့်နဲ့ရောက်ပြန်တော့မယ်

မျှော်သာမျှော်လျှက်အခေါ်ခက်ပြန်

နုတ်ဆက်ရန်လည်းမဝံ့ရဲတဲ့အဖြစ်တွေမို့

လေလှိုင်းမှတစ်ဆင့် ရင်ထဲကစကားပွင့်တွေကို

အမှာပါးခဲ့ပါ့မယ်....

ကိုယ့်အချစ်တွေ...သဇင်ရနံတို့နဲ့အတူ

မင်းရင်ထဲ ခိုနားခွင့်ပြုပါ ချစ်သူရယ်...

အင်တာနက်အချစ်နတ် ...ဖမ်းစားခြင်းခံရတဲ့ကိုယ့်ရင်မှာ

အစွဲလမ်းတွေပိုလွမ်းရနံ့တွေဝေနေလေတော့

နေ့နေ့ညညမေ့မရခဲ့

မခိုင်စိတ်ထားလွမ်းရက်ရှည်တွေကြားမှာ

ရင်ထဲကပဲ့တင်သံ မင်းအတွက်ကဗျာရွက်သံတွေဖြစ်ခဲ့ရပြီ...

ကဗျာလေးတွေရွက်ဆိုရင်း...

တူဆုံတွေ့မယ့်နေ့ကိုစောင့်မျှော်ရင်း....

 ဒို့ လွမ်းနေတယ်ချစ်သူရယ်...........

♥~♥♥~♥တောရိုင်း ရှင်းသူ♥~♥♥~♥

ငါ့ရဲ့ကိုယ်ပိုင်စိုက်ခင်းလေး မှာ

နေပူပူ မိုးရွာရွာ

ညာလက်နဲ့ပုန်းဆိုးမြေရိုင်းတွေကိုချဲ့ထွင်ရှင်းလင်းရင်း

ဘယ်လက်နဲ့ ကောက်ပင်စိမ်းစိမ်းတွေစိုက်ပျိုးလာခဲ့တယ်

ဝင်းမှည့်ရင့်သန်လာမယ့် ရွှေဝါရောင်စပါးခင်းလေး

ငါ မျှော် ကြည့်မိတယ် တောဘယ်လောက်ရှုပ်နေပါစေ

ဓါးထက်လေထင်းရလေ စိုက်ခင်းရလေ ပါပဲလေ

ငါ့ရဲ့ အဇ္ဈတ္တ ပုန်းဆိုးမြေ

အတ္တ မာန်မာန လိုချင်တက်မက်မူ့တွေနဲ့ပြည့်နှက်နေခဲ့တယ်လေ....

ခွင့်လွတ်သည်းခံခြင်း နှိမ့်ချရိုကျိုးခြင်းကျေက်ခုံမှာ...

မေတ္တာဓါးကောင်း တစ်လက်ဖြစ်ဖို့ ငါ့ကိုယ်ငါသွေးရအုံးမယ်....

အာရုံခံစားမူ့တောင်တန်း

လိုချင်တက်မက်မူ့နယ်မြေ

မလိုလားအပ်တဲ့ သစ်ပင်တွေ ငါ ခုတ်ထွင်ရှင်းလင်းခဲ့ရမှာပေါ့လေ........

မေတ္တာနယ်မြေ အချစ်သစ်ပင်တွေရှင်သန်ပါစေ...

လောက ဥယဉ်နန်းမှာ အားလုံးကဥယဉ်မှုးတွေပါ...

အကောင်းဆုံး စိုက်ပျိုးခွင့်မရခဲ့လျှင်တောင်....

အလှဆုံး မဖြစ်ခဲ့ရင်တောင်.....

အရိုင်းမြက်ပင်နဲ့ အဆိပ်သစ်ပင်တွေကို

ဖယ်ရှားခုတ်ထွင်လို့

အကျိုးကိုလိုလားခြင်း ဆိုတဲ့ သစ်တစ်ပင်ကိုပဲစိုက်ပျိုးခဲ့ကြမယ်

ငှက်တစ်သောင်းအတွက်မဖြစ်ချင်နေပါစေ

လမ်းကြုံတဲ့ငှက်ကလေးတွေ ခိုနားသွားပါစေ လေ...

အကြင်နာ လက် အဖြူရောင်ချစ်ခြင်းတွေနဲ့...

ခဏလေးဖြစ်ဖြစ်ဆုံကြတဲ့အချိန်....

တို့တတွေ...

တစ်ဦးကိုတစ်ဦး လက်ခြင်းချိတ်ထားကြမယ်

အနာဂါတ်အတွက် ကြယ်ပွင့်လေးတွေ

ငါတို့ကောင်းကင်မှာ ထွန်းလင်းတောက်ပလို့နေ ပါစေကွယ်......

♥~♥♥~♥အချစ်ပင်လယ်♥~♥♥~♥

နီးစပ်မူ့ မနီးစပ်မူ့ထက်

သတိရမူ့တွေခပ်စိပ်စိပ်ဖြစ်လာတဲ့အခါ

ညင်သာစွာနေရာယူလာတဲ့ အလွမ်းဝေဒနာတွေ

ဝေးလွင့်နေတဲ့တို့နှစ်ဦးကို တမြေ့မြေ့တိုက်စားလာတော့

နှလုံးသားမီးပြတိုက်က တဖြည်းဖြည်း အချက်ပြခဲ့ပြီ

အချစ်ပင်လယ်ကို မေတ္တာရွက်လှေလေးနဲ့ခရီးဆက်ကြမယ်

အနက်ရှိုင်းဆုံးသမုဒ္ဒအထိပေါ့...

'လ' ရောင်အနမ်းတွေနဲ့ ရေလှိုင်းခတ်သံတွေ......

ညရဲ့အလှမှာ အကြင်နာတို့ဖြင့်ကခုန်ပါစေ ချစ်သူ

အမှောင်တွေကြီးစိုးလို့

မုန်တိုင်းတွေထန်ရေလှိုင်းတွေဆန်နေရင်ခဲ့ရင်လည်း

နှလုံးသားမီးအိမ်လေးကိုထွန်းညှိလို့ ခိုင်မြဲတဲ့လက်တွေချိတ်ဆွဲထားကြမယ်......

အကြင်နာတွေ........

နားလည်ခွင့်လွတ်မူ့တွေ.......

တို့ရဲ့ရွက်လှေလေးမှာ ဂီတသစ္စာတေးတစ်ပုဒ်အဖြစ်

ဖြန့်လွင့်ထားကြမယ်...ချစ်သူရယ်..............

♥~♥♥~♥အချစ် နဲ့ အတူ♥~♥♥~♥

ရင်ခွင်မှာသိုသိပ် တိတ်တိတ်လေးပျိုးထားတဲ့ ဒီပန်း

မင်းအတွက်သီးသန့်ရယ်ပါ..

ရနံ့တွေပြယ် နွမ်းခြောက်လို့မကြွေရအောင်

နှလုံးသားမိုးနှင်း မေတ္တာလေပြေညှင်းတွေနဲ့

ရိုးသားစွာ ယိမ်းနွဲ့ကခုန်စေခဲ့တယ်

တကယ်ဆို ငါ့နှလုံးသားရဲ့တောင်းတတဲ့ဒဏ်

ငါခံနိုင်ခဲ့တာ မဟုတ်ဘူးချစ်သူ

တစ်ခါတစ်ခါတွေးမိတယ်

မဆုံဖြစ်ခဲ့ကြရင်အကောင်းသား

ညင်ညင်သာသာနဲ့ ရင်မှာတွယ်ညှိနေတဲ့မင်းပုံရိပ်တွေ

ကြင်နာမူ့အင်အားတွေမြင့်မားလာတဲ့အခါ

အချစ်ဆိုတဲ့လေပွေရိုင်းတွေအဖြစ် ငါ့ရင်ကိုမွှေခဲ့ကြတယ်

အသဲမြေလွှာက ပန်းကလေးတွေ သခင်ကိုမျှော်နေခဲ့ကြပြီချစ်သူ

နီးလျှက်နဲ့ဝေး ဝေးမှပိုလို့လွမ်းရပေါ့

သံယောဇဉ်ပိုခိုင်လေလေအကြင်နာတို့ကငါ့ကို

ပို ဝေဒနာတွေပေးလေလေပါပဲ

ဆုံဆည်းမယ့်နေ့ရက်လေးကို မှန်းမျှော်ကြည့်မိတယ်

ကမ္ဘာမြေရဲ့ အလှဆုံးနေရာလေးတစ်ခုမှာ

အချစ်နဲ့အတူ ရင်ခုန်သံနေ့ရက်တွေကို ဝေမျှရင်း

ရင်ထဲကပန်းလှလေးတွေကို

တောင်လေပြေ မြောက်လေညှင်းတွေနဲ့

ဒဏ္ဍာရီအထိပြန့်လွင့်မယ့်ရနံ့တွေ

ဒီရင်မှတစ်ဆင့် ပြန့်လွင့်ခွင့်ပေးလိုက်ချင်ပြီ

ချစ်သူရယ်.....


♥~♥♥~♥နှလုံးသားပြတိုက် ဖွင့်လှစ်ခြင်း♥~♥♥~♥

နှလုံးသားပြတိုက်ဖွင့်ပြလိုက်ချင်တယ်......

မင်းဟာငါ့ရဲ့ စိတ်ဆင်ရိုင်းတွေကို ထူးခတ်ကြိုးတုပ်နိုင်တဲ့

အကြင်နာ ချွန်းတစ်လက်ပါကွာ...

အဆိပ်ပြင်းတဲ့မြွေတွေ ပလွေတစ်လက်ရဲ့

ဂီတသံစဉ်မှာယိမ်းနွဲ့မွေ့ပျော်စေတယ်လေ..............

ကိုယ်ပိုင်ဂီတနဲ့နှလုံးသားကိုချော့မြူတဲ့အခါ

ငြိမ်းချမ်းခြင်းတေးသံတွေမွေးဖွားလာတယ်..........

အထီးကျန်မူ့တွေဟာလည်းကဗျာတွေဖြစ်လာခဲ့ရတယ်.......

ဘဝဇာတ်ခုံဆိုတာလည်း ကိုယ်ပိုင်ဂီတကိုယ်ပိုင်သံစဉ်တွေနဲ့

ဖွဲ့စည်းတည်ဆောက် ဖန်တီးမှ

ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်လာခဲ့တာပါ....................

မင်းနဲ့ငါ ရသမျှထည့်လာခဲ့တဲ့ လွယ်အိတ်ချင်းကအတူတူပါ

ဒါပေမယ့်ငါ့လွယ်အိတ်ကိုငါပြန်ကြည့်မိတော့မှ

မလိုလားအပ်တဲ့အရာတွေပိုများနေခဲ့တယ်

အမှိုက်တွေ ကျောက်စရစ်တွေ ငါသယ်ပိုးလာခဲ့မိတယ်

ခရီးလက်ပန်းကျ နွမ်းလျှပေါ့............

ဒါကြောင့်ငါ နှလုံးသားပြတိုက်တစ်ခုတည်ဆောက်ခဲ့တယ်...

ငါ့နှလုံးသားပြတိုက်မှာ အဖိုးလက်ထက်ကဆောက်ခဲ့တဲ့

ဓနိမိုး ထရံကာအိမ်လေးရှိတယ်

အဖေ့လက်ထက်မှာဆောက်ခဲ့တဲ့

သွပ်မိုးပျဉ်ကာ အိမ်လေးတစ်လုံးရှိနေတယ်

ငါ့လက်ထက်မှာ ဆောက်မယ့် """"............""" တစ်လုံး

မျှော်လင့်ချက်မြေမှာ ဆန္ဒအုတ်မြစ်ချထားနှင့်တယ်....

တဖြည်းဖြည်းမြင့်တက်သွားမယ့်ပန်းချီပုံရိပ်တွေ

ငါ့နံရံမှာချိတ်ဆွဲထားရတော့မယ်လေ

နှလုံးသားပြတိုက် လေကွယ်ရာရပ်ဝန်းမှာ

မင်းက ညင်သာစွာဖူးပွင့်နေတဲ့ပန်းတစ်ပွင့်ပါ

ကျောက်စရစ်တွေဖယ်အမှိုက်တွေရှင်းလင်းထားတော့မယ်

အလင်းခွန်အားတွေစုရင်းစုရင်း

ဆန်းသစ်တဲ့မြင်ကွင်းတွေနဲ့

လှပတဲ့ပုံရိပ်တွေနဲ့

သာယာတဲ့တေးသံတွေနဲ့

နှလုံးသားပြတိုက်ကို ဖွင့်လှစ်ထားလိုက်မယ်...ချစ်သူရယ်....
 

♥~♥♥~♥မမြင်ကွယ်ရာကပဲ ဆက်ချစ်နေပါ့မယ်♥~♥♥~♥



ဝေးခဲ့ကြရပြီဆိုတဲ့အသိက ရင်တစ်ခုလုံးကိုမွှေနှောက်နေခဲ့ကြပြီလေ..

အပြုံးတွေနဲ့ပြုစား သံယောစဉ်တွေနဲ့ချည်နှောင်ပြီးမှ...

ငါ့ကိုအလဲထိုးခဲ့တာလားချစ်သူရယ်........

အချစ်နဲ့ပတ်သက်လာရင်ငါကခပ်အအလူတစ်ယောက်ပါ...

အထီးကျန်နေ့ရက်တွေကြားမှာ စိတ်ကူးနဲ့ရူးခဲ့ရတဲ့ငါ့အဖြစ်

မရဲတရဲနဲ့ မင်းအချစ်ကိုမျှော်လင့်ခဲ့ဖူးတယ်....

နွေဦးရာသီရဲ့ အလှအပတွေနဲ့ ဆောင်းလက်ကျန်လေးကိုခြုံလွှမ်းပြီး

ငါ့ဘဝထဲကိုမင်းရောက်လာခဲ့တယ်.

ပျော်ရွှင်ကြည်နူးခဲ့ကြတဲ့နေ့ရက်တွေ.......ရယ်

လှပခဲ့ဖူးတဲ့မနက်ခင်းတွေ.......ရယ်

ရင်ခုန်စရာမျှော်လင့်ချက်တွေနဲ့

အနာဂါတ်အတွက် အိပ်မက်တွေကြားမှာ....ငါ့ကို

လှလှပပကျရှုံးစေခဲ့တယ်.....လေ

မင်းအကြောင်းတွေတွေးမိတိုင်း နှလုံးသားဟာအနာတရဖြစ်ရတယ်...

ကွဲအစ်သွားတဲ့မှန်လေးတစ်ချပ်လို ပြန်ဆက်စပ်လို့မရတဲ့ဘဝတွေမို့..

မပြီးဆုံးသေးတဲ့ တစ်ခန်းရပ်ဒို့ရဲ့ဇာတ်လမ်းလေး..မှာ

အလဲလဲအကွဲကွဲရှုံးနိမ့်ရင်း....မမြင်ကွယ်ရာကပဲဆက်ချစ်နေပါတော့မယ်

အသဲကွဲသံစဉ်တွေနဲ့ ငါနှုတ်ဆက်ခဲ့ပါတယ် ချစ်သူရယ်

မင်း...ကြည်ဖြူရာ ရင်ခွင်မှာ ပျော်ပါတော့ကွယ်........


♥~♥♥~♥ ရဲရင့်စွာရှင်သန်ကြစို့ ♥~♥♥~♥

“အူဝဲ”.........တဲ့

မေမေ့ဝမ်းကကျွတ်တည်းက 

လောကကြီးကိုအသံပေး

တစ်ယောက်တည်းပဲမွေးဖွားခဲ့တာ

အေးမြတဲ့မေတ္တာတွေကြား

ပေးသမျှအချစ်တွေခံယူရင်း

ဖြူစင်တဲ့အတွေးလေးနဲ့ကလေးလေး

အမှားအမှန်ဆိုတာမသိ

အပူအပင်ကလည်းဗလာနတ္ထိ

အအိပ်၊အစားဖိတ်ကြားစရာမလိုပဲ

ပျော်ရွှင်စွာဆော့ကစား

အဖော်မင်တာကလေးဘ၀ပါ
...........................

အချိန်တွေကိုစီးနင်း

အရွယ်တွေလဲကြီးပြင်းခဲ့ပြီ

ဖြူစင်ခြင်းတွေပျောက်ဆုံး

ဟန်ဆောင်ခြင်းမျက်နှာဖုံးတွေနဲ့

ကာလာစုံလည်းဖုံးလွှမ်းခဲ့ပြီ

ကြည်နူးခြင်းတွေထပ်ဆင့်

“အချစ်”ဆိုတာခံစားတတ်ပြီ

ပျော်ရွှင်ခြင်းတွေကွန့်မြူး

စိတ်ကူးတွေနဲ့အိပ်မက်ဖူးပြီ

မျက်ရည်တွေသိမ်းဆည်း

“နာကျင်ခြင်း”တွေလဲရရှိခဲ့ပြီ

မျှော်လင့်ချက်တွေဆိတ်သုဉ်း

အနာဂတ်တွေလည်းအမှောင်ဖုံးခဲ့ပြီ
....................

လိုချင်လဲပေးမလိုချင်လဲပေး

ဘ၀ကပေးတဲ့သင်ခန်းစာ

ဘာတွေဖြစ်ဖြစ်ချန်ရစ်ခဲ့လို့မရတာ

အရှုံးဆိုတာမေ့

အမုန်းဆိုတာသင်ပုန်းချေလို့

ရှေ့ဆက်ရမယ့်ဘ၀ထဲ

အပြုံးတွေကိုဝေမျှ

မေတ္တာတရားရဲ့အင်အားကို

“မြှား”တစ်လက်လိုကိုင်စွဲ

ကဲ...ရဲရင့်စွာရှင်သန်ကြစို့..........။

♥~♥♥~♥ ငွေ ♥~♥♥~♥

သိတတ်စအရွယ် လူမမည်ဘဝ

ကလေးကအစ လူကြီးဆုံးတိုင်

ချစ်ခင်ဆုံမက် နှစ်သက်ကြတဲ့...ငွေ

သူကိုမြင်ရင် ဘယ်လိုကြွယ်ဝ

ချမ်းသာလှတဲ့ သူကြွယ်တောင်မရ

လိုချင်လှတဲ့........"ငွေ"

အများသူငါ လေးစားစွာဖြင့်

ဦး၊ဒေါ်၊မောင်။မ နှုတ်ဆက်ကြတဲ့...ငွေ

သူမရှိလို့ သိသူနည်းပါး

မိတ်ဆွေကရှား ချစ်သူထားသွား

သြော်...တော်တော်အရာရောက်

အရေးပေါက်တဲ့ လူကြီးကလေး

လက်မနှေးပဲ လိုချင်တက်မက်

ချဉ်ခြင်းတက်တဲ့

သြော်..သြော်

သဝေထိုး ငရေ၀ဆွဲ "ငွေ" တဲ့လေ........

♥♥♥ တိတ်ဆိတ်ခြင်းရဲ့ အသံ ♥♥♥


အသံမဲ့ စကားလုံးတွေနဲ့

ငြိတွယ်မိတဲ့ ဒီမျက်ဝန်းတွေ

အခုတော့............

တမ်းတခြင်းရဲ့ အခြားတစ်ဖက်မှာ

ကိုယ်ပိုင်ဆိုင်ရာ ဘ၀တွေကိုထုဆစ်

သတိရမိတဲ့ အဖြစ်တွေကိုထိမ်းချုတ်

လွမ်းဆွတ်ခြင်းတွေ မဆုတ်ယုတ်ခဲ့ဘူး။

ညီမလေး...



ခရီးဆက်ရဦးမဲ့ ချစ်ခြင်းအတွက်

အေးချမ်းတဲ့ ဒီည

လရောင်ဖျဖျကို မြင်ခဲ့ရင်

သတိတရ လွမ်းဆွတ်ခြင်းနဲ့

တိတ်ဆိတ်ခြင်းရဲ့ အသံတွေ...

ညီမလေးကြားနိုင်ပါစေ..............