ကျွန်တော် ဘလော့ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ နှလုံးသားရဲ့ခံစားချက်လေးတွေကို ဖော်ပြမယ်ဆိုပြီး တည်ထောင်ဖြစ်ခဲ့တာပါ...။ ကဗျာလေးတွေကို ကိုယ်တိုင်ရေးဖြစ်တယ် ကျွန်တော်ကြိုက်နှစ်သက်တဲ့ ကဗျာတွေ၊စာသားတွေ တွေ့ခဲ့ရင်လည်းပြန်လည် ကူးယူဖော်ပြဖြစ်ခဲ့ပါတယ် နည်းပညာများကို မသိသေးတဲ့သူတွေနဲ့ အတူ ကျွန်တော်ကိုယ်တိုင်လည်း လေ့လာဖို့အတွက် ကျွန်တော်လေ့လာဖတ်ရှု့ခဲ့တဲ့ စာအုပ်တွေဆိုဒ်တွေကတဆင့် ကူးယူပြီး ပြန်လည်ဖော်ပြ ပေးထားတာပါ...။ ဒီဘလော့ကကျတော့်အတွက် မှတ်စုစာအုပ်လေးလို့ ပြောရင်လည်းမမှားနိုင်ပါဘူး...။ အကြင်နာမြို့တော် ဘလော့လေးသို့ လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေများအားလုံး ကျေးဇူးအထူးတင်ရှိပါကြောင်း ဒီနေရာလေးကနေ ပြောကြားလိုက်ရပါတယ်...။ ကျွန်တော့်ဘလော့လေးဆီသို့ ကဗျာများ၊ စာပေများ၊ ဗဟုသုတများ၊ နည်းပညာများ၊ သတင်းများ၊ စသဖြင့် ဖော်ပြပေးရန် ပေးပို့ လိုပါက ပေးပို့သူနာမည်နှင့်အတူ ဖော်ပြပေးသွားပါမည်။ အီးမေးပေးပို့လိုလျှင် akyinnarmyotaw@gmail.com (သို့မဟုတ်) akerheain@gmial.com သို့ ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ.....။ မိတ်ဆွေများအားလုံးကို လေးစားလျှက် အကြင်နာမြို့တော်.....။
Showing posts with label Andriod Phone. Show all posts
Showing posts with label Andriod Phone. Show all posts

1331 နံပါတ်သို့ SMS ပေးပို့၍ Internet လိုင်းဖွင့်နိုင်ပါပြီ




ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာ ၀န်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Prepaid GSM / WCDMA ကြိုတင်ငွေဖြည့်ကဒ်ဖြင့် တယ်လီဖုန်းသုံးစွဲသူများမှ အင်တာနက်စနစ်အား ဌာနသို့ လူကိုယ်တိုင်လာရောက် လျှောက်ထားရန် မလိုဘဲ မိမိမိုဘိုင်းဖုန်းဖြင့် (၁.၈.၂၀၁၃) ရက်နေ့မှစတင်၍ တိုက်ရိုက်ဖွင့်လှစ် သုံးစွဲနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
အင်တာနက်ဖွင့်ရန်အတွက် မိမိမိုဘိုင်းဖုန်းမှ 1331 နံပါတ်သို့ “Orderdata service” စာသားအား SMS ပေးပို့ရပါမည်။ အင်တာနက်လိုင်းပွင့်ပါက သုံးစွဲသူ၏ ငွေလက်ကျန်ထဲမှ ၁၀၀၀၀ိ/ (ကျပ်တစ်သောင်း တိတိ) ကိုနှုတ်ယူမည်ဖြစ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

အင်တာနက်လျှောက်ထားပြီးလျှင် 1234123 မှ

Dear customer, you have ordered product service successfully! Please restart you handset. ဟု message ပြန်ပို့လာပြီး ဖုန်းကို restart ချ၍ internet Setting ချိန်ပြီး အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။

Internet Setting ချိန်ရန်

Menu > Setting > Wireless & Networks > Mobile Network > Access Point Names ကို ဖွင့်ပြီး Menu ခလုတ်ကို နှိပ်ပါ ၊ New APN ကို ရွေးပါ။

Name : mptnet

APN : mptnet

Proxy : မရိုက်ရ

Port : မရိုက်ရ

Authentication type : PAP or CHAP (ရွေးချယ်လိုက်ပါ)
အထက်ပါ စာများ ရိုက်ပြီးသွားလျှင် Menu ခလုတ်နှိပ်ပြီး Save ဖြင့်ထွက်လိုက်ပါ။
Data Switch (အထက်အောက် မြှား) ကို On ပေးခြင်းဖြင့် Internet အသုံးပြုလို့ ရပါပြီ။

CDMA ဖုန်းနှင့် Computer အင်တာနက်ချိတ်ဆက်နည်း

1.Handset ပေါ်တွင် အသုံးပြုခြင်း

၁။ ပထမဦးစွာ Menu ကိုသွားပါ

၂။ esurfing icon ကို ရွေးပါ

၃။ WAP ကိုရွေးပါ

၎။option ကိုရွေးပါ

၅။option menu မှ setting ကို ရွေးပါ

၆။Proxy ကို ရွေးပါ

၇။Use Proxy ကိုရွေးပြီး off လုပ်ပါ။ ပြန်ထွက်ပါ။

၈။Proxy server ကို ရွေးပါ။

၉။custom1 ကိုရွေးပါ။

၁၀။ Address တွင် 192.168.50.16 ကို ရိုက်ထည့်ပါ။

၁၁။Port တွင် 8080 ကို ရိုက်ထည့်ပါ။

၁၂။ User name တွင် xxxxxx@c800.mm ကို ရိုက်ထည့်ပါ။ ( xxxxx သည် သင်ကြိုက်နှစ်သက်ရာဖြစ်သည်။ )

၁၃။ password တွင် သင်ကြိုက်နှစ်သက်ရာကိုပေးပါ။

၁၄။ PPP Number တွင် #777 ကို ရိုက်ထည့်ပါ။

၁၅။ Use HTTP/1.1 ကို ရွေးချယ် check လုပ်ပေးပြီး Ok လုပ်ပါက သင်၏ Handset သည် အင်တာနက် အသုံးပြုနိုင်သည့် handset တစ်လုံးဖြစ်သွားပါပြီ။

2.HUAWEI C5900 Handset ကို EVDO Modem အဖြစ် အသုံးပြု ၍ ကွန်ပြူတာဖြင့် ချိတ်ဆက် အင်တာနက်အသုံးပြုခြင်း

၁။ Hareware လိုအပ်ချက် အနေဖြင့် အင်တာနက်ချိတ်ဆက်အသုံးပြုမည့် သင့် ကွန်ပျူတာသည် Windows XP သို့မဟုတ် Windows 7 စက်မောင်းစနစ်ကို တပ်ဆင်သုံးဆွဲပြီးဖြစ်ရမည်။

၂။ Huawei C5900 Handset ၀ယ်ယူစဉ်က တပါတည်းပါရှိသော Drivers & PC Suite Software ပါရှိသော CD/DVD ခွေနှင့် USB ကြိုးရှိရပါမည်။

အထက်ပါ အချက်များ သင့်တွင်ပြည့်စုံပြီဆိုလျင် သင် စတင်ချိတ်ဆက်၇န် ကြိုးစားဖို့ အဆင်သင့်ဖြစ်ပါပြီ။

စတင်ချိတ်ဆက်ကြည့်ခြင်း

ပထမဦးစွာ Driver & Pc Suite CD/DVD ကို ကွန်ပျူတာ DVD drive ထဲသို့ထည့်ပါ။
CD/DVD ခွေထဲမှ သင့် ကွန်ပျူတာစက်မောင်းစနစ်နှင့်ကိုက်ညီသော Modem driver ကို install လုပ်ပါ။
PC Suite ကို ထည့်သွင်းပါ။
ပြီးလျှင် Handset နှင့် Computer ကို USB ကြိုးကို အသုံးပြုပြီး ချိတ်ပါ
လိုအပ်သော hardware setting များကို ကွန်ပျူတာက CD/DVD မှ ကူးယူသွားပြီး install လုပ်ပေးသွားပါမည်။
handset ကို modem mode တွင်ထားပါ။ USB Storage mode ကိုရောက်နေလျှင် ပြောင်းပေးပါ။ ( connectivity setting ထဲမှ Phone mode တွင် ပြောင်းနိုင်သည်။
သင်၏ ကွန်ပျူတာတွင် dial up connection တစ်ခုပြုလုပ်ပါ။
Windows 7 တွင် Network icon ကို right click ပြုလုပ်ပြီး Properties ကိုရွေးပါ။
Setup a new connection or network ကိုရွေးပါ။
Set up a Dial-up connection ကိုရွေးပေးပါ။
Next လုပ်ပါ/
Dial-up phone number တွင် #777 ကို ရိုက်ထည့်ပေးပါ။
User name တွင် xxxxxx@c800.mm ကို ရိုက်ထည့်ပါ။ ( xxxxx သည် သင်ကြိုက်နှစ်သက်ရာဖြစ်သည်။ )
password တွင် သင်ကြိုက်နှစ်သက်ရာကိုပေးပါ။
Connection name တွင် သင်ကြိုက်နှစ်သက်ရာကိုပေးပါ။
တခြားသူများကိုပါ connection ကို အသုံးပြုခွင့် ပေး/ မပေးကို ဆုံးဖြတ်၍ check box တွင် check / uncheck ကြိုက်သလိုလုပ်ပါ။
အားလုံးပြီးသွားလျှင် သင်၏ကွန်ပျူတာရှိ internet browser တွင် proxy server setting အား no proxy ရွေးပေးပါ။

သင်သည် HUAWEI C5900 Handset ကို EVDO Modem အဖြစ် အသုံးပြု ၍ ကွန်ပြူတာဖြင့် ချိတ်ဆက် အင်တာနက်အသုံးပြုနိုင်ပြီဖြစ်သည်။

HUAWEI C5900 Handset Modem driver ကို အောက်ပါ Link အတိုင်း Download လုပ်ယူနိုင်ပါသည်။

http://www.mediafire.com/?t789w301cdkgwlj

HUAWEI PC Suit Software ကို အောက်ပါ Link အတိုင်း Download လုပ်ယူနိုင်ပါသည်။

http://www.mediafire.com/?tn4x1p2csc351x7