ကျွန်တော် ဘလော့ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ နှလုံးသားရဲ့ခံစားချက်လေးတွေကို ဖော်ပြမယ်ဆိုပြီး တည်ထောင်ဖြစ်ခဲ့တာပါ...။ ကဗျာလေးတွေကို ကိုယ်တိုင်ရေးဖြစ်တယ် ကျွန်တော်ကြိုက်နှစ်သက်တဲ့ ကဗျာတွေ၊စာသားတွေ တွေ့ခဲ့ရင်လည်းပြန်လည် ကူးယူဖော်ပြဖြစ်ခဲ့ပါတယ် နည်းပညာများကို မသိသေးတဲ့သူတွေနဲ့ အတူ ကျွန်တော်ကိုယ်တိုင်လည်း လေ့လာဖို့အတွက် ကျွန်တော်လေ့လာဖတ်ရှု့ခဲ့တဲ့ စာအုပ်တွေဆိုဒ်တွေကတဆင့် ကူးယူပြီး ပြန်လည်ဖော်ပြ ပေးထားတာပါ...။ ဒီဘလော့ကကျတော့်အတွက် မှတ်စုစာအုပ်လေးလို့ ပြောရင်လည်းမမှားနိုင်ပါဘူး...။ အကြင်နာမြို့တော် ဘလော့လေးသို့ လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေများအားလုံး ကျေးဇူးအထူးတင်ရှိပါကြောင်း ဒီနေရာလေးကနေ ပြောကြားလိုက်ရပါတယ်...။ ကျွန်တော့်ဘလော့လေးဆီသို့ ကဗျာများ၊ စာပေများ၊ ဗဟုသုတများ၊ နည်းပညာများ၊ သတင်းများ၊ စသဖြင့် ဖော်ပြပေးရန် ပေးပို့ လိုပါက ပေးပို့သူနာမည်နှင့်အတူ ဖော်ပြပေးသွားပါမည်။ အီးမေးပေးပို့လိုလျှင် akyinnarmyotaw@gmail.com (သို့မဟုတ်) akerheain@gmial.com သို့ ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ.....။ မိတ်ဆွေများအားလုံးကို လေးစားလျှက် အကြင်နာမြို့တော်.....။
Showing posts with label ဟာသစာစု. Show all posts
Showing posts with label ဟာသစာစု. Show all posts

ငါ........အိပ်လိုက်ပါတော့မယ်ဟာ


မြေနိမ့်ရာလှံစိုက်
ငါးကြော်မကြိုက် ကြောင်မိုက်တဲ့

ရေနစ်ရာဝါးကူထိုး
နင်ညွှန်တဲ့လက်ညှိုး
ငါ့...ရင်ဘတ်ကိုမှ တဲ့တဲ့ထိုးရလားဟာ..။

ခုတော့.........
နူရာဝဲစွဲ လဲရာသူခိုးထောင်း
စိတ်ထောင်းတော့ကိုယ်ကြေ
စေလိုရာစေ
ကံမကောင်းပေတော့
ညောင်ပင်တစ္ဆေဝေလေလေနဲ့
ပိုးသာကုန် မောင်ပုံစောင်းမတတ်ခဲ့ပါဘူး. ..ကွာ။

ဆူးကြားက ဘူးခါးလို
ဘူးလေးရာ ဖရုံဆင့်
ရင်မှာတော့ နင့်နေတာဘဲဟ........။

ငါကလည်းငတုံး...........
အရိပ်ပြလို့ အကောင်မထင်
ကိုယ်ထင် ကုတင်ရွှေနန်း ဆိုပြီး
ကိုယ့်မြင်းကိုယ်စိုင်း စစ်ကိုင်းရောက်ရောက်
ငါ့လှေငါထိုးပဲခူးရောက်ရောက် လုပ်ခဲ့တာ
ကျောချမှ ဓါးပြမှန်းသိတော့တယ် ဟာ.......။

ရေမြင့်လို့ကြာတင့်ပေမဲ့
နေမြင့်တော့ အရုးရင့်တယ်ဟ။

ပြော မှ သိ
ထိ မှ နာ
သာ မှ ခင်
တကယ် မချစ်ချင်လို့
နင် နှင်ခဲ့မယ်ဆိုရင်တော့
မျက်စိကိုမှိတ်
နားကိုပိတ်လို့
ကြိုးစားကြိတ်မှိတ်
ငါ အိပ်လိုက်ပါတော့မယ်ဟာ.....................။


ငွေနဲ့ဝယ်ယူလို့မရတဲ့ ပျော်ရွှင်မှု့တစ်ချို့



၁။  စာသင်ခန်းထဲကို နောက်ကျမှရောက်တယ်။ ကျောင်းသားတွေ အားလုံးစုံနေကြပေမယ့်
     အတန်းထဲကို ဆရာမ မရောက်သေးဘူးလို့ သိလိုက်ရတဲ့အခိုက်အတန့်။


၂။  မြက်ခင်းပေါ်မှာ လှဲပြီး ကြယ်တွေကို ကြည့်ရတဲ့အခိုက်အတန့် ။


၃။  မိုးရွာတဲ့အခါ မိုးရေထဲမှာ ကရတဲ့ အခိုက်အတန့် ။


၎။  ကျူရှင်သွားဖို့ ထွက်အလာ လမ်းမှာကျူရှင်က ပြန်လာတဲ့ သူငယ်ချင်းတွေက ဒီနေ့
     ကျူရှင်ပိတ်တယ်လို့ ပြောတာ ကြားလိုက်ရတဲ့အခိုက်အတန့်။


၅။  စာမေးပွဲမဖြေနိုင်ဘူးလို့ ထင်ထားပေမယ့် အမှန်တကယ် အောင်စာရင်းထွက်တဲ့အခါ
     စာမေးပွဲအောင်ကြောင်း သိလိုက်ရတဲ့ အခိုက်အတန့် ။


၆။ နေထွက်တဲ့အချိန်နဲ့ နေ၀င်တဲ့အချိန်ကို စောင့်ကြည့်ရတဲ့ အခိုက်အတန့် ။


၇။ အ၀တ်တွေရှင်းတဲ့အချိန် အိတ်ကပ်တွေကို လိုက်နှိုက်စမ်းရင်း ရုတ်တရက်
    ပိုက်ဆံအနည်းငယ် တွေ့လိုက်ရတဲ့ အခိုက်အတန့် ။


၈။ ရေချိုးခန်းထဲမှာ ရေချိုးရင်း သီချင်းအော်ဆိုရတဲ့ အခိုက်အတန့် ။


၉။ သင်ချစ်ခင်မြတ်နိုးသူက သူနဲ့တွေ့ဖို့ သင့်ကိုချိန်းဆိုတဲ့ အခိုက်အတန့် ။


ဒါတွေဟာ ငွေနဲ့ဝယ်လို့မရတဲ့ တဒင်္ဂ သင့်ပျော်ရွှင်မှုတစ်ချို့ပါ...



မှတ်ပလား...

မှတ်ပလား..

ယောက်ျား -  ဟေ့ငါတို့ကိုလှေကားထစ် ၃ ထစ်ဆင်းပီးရင်
                 လူပျိုပြန်ဖြစ်တယ်ကွ

မိန်းမ       -  ရှင်တို့ကမှ လှေကားထစ်ဆင်းနေရသေးတယ်
                ကျုပ်တို့က ပြတင်းပေါက်ဖွင့်ပြီး.....
                 " အလကားဟေ့လို့ အော်လိုက်တာနဲ့ အိမ်တောင်ပြိုသွားဦးမယ် " ...

တင်မြှောက်ချင်း


အင်တာနက်တရိုး အပိုင်းစိုးတော်မူသော

ဂိတ်ဝေးပိုင်ရှင် ကွန်နက်ရှင်ကြီးခင်ဗျာ

သားတော်တို့မှာ Link တစ်ချက်ခေါက် error ရောက်သည့်ပြသနာ

Gmail ကိုခေါ် မပေါ်သည့်ပြသနာ

အစရှိသည့် မမြန်၊ ကြာ၊ နှေး အင်တာနက် ဘေးဘယ အဖြာဖြာတို့မှ သက်သာစေရန်အလို့ငှာ

အာသွက်၊ လျှာသွက်၊ လိုင်းလည်း သွက်အောင်

ပူရှိန်း သွက်လက် ဂရမ်းအရက်ဖြင့်လည်းကောင်း

တိမ်ဖုံး၊ မိုးရွာ ပေါ်မလာသည့် ကြိုးမဲ့အင်တာနက်ကို လိုင်းပြန်တက်အောင်

ရိုးရာမပျက် မုန့်ဖြူ၊ မုန့်နီ တွဲဖက်ကာ

ငါးရှဥ့်ခြောက်စပ် စားတော်ကပ်ပါသည်

အလုပ်များစွာ တန်းစီကာ ဒေါင်းလုပ်ဆွဲစရာ ပုံနေသည်မို့

စံနန်းပျော်ရာ ရတနာပုံ ဆိုင်ဘာရွာမှ

စီးတော်လိပ်မသုံး ချီတာနှုန်းဖြင့် င်္Ferrari စီးကာ ကဖေးဆိုင်သို့

ကြွရောက်တော်မူပါချင်ဗျားးးးးးးးးးး.......



EPC


နင့်ကို ချစ်ရတာကလဲ မြန်မာပြည်က
Online သုံးနေရသလိုပဲဟာ....
ဆန့်တငင်ငင်နဲ့ရယ်...
ဘယ်အချိန်ကျမှ နင့်အချစ်ကို
Down လို့ပြီးမယ်မသိ...
Refresh လုပ်ရတာနဲ့တင်
ငါငိုမယ်ဆို ငိုလို့ရနေပြီ...
Log Out လေးမလုပ်ရက်လို့ ငါစောင့်နေလိုက်တယ်....
မီးပါပြတ်ရော...

တေရော....EPC


စကားများချိန် စာမသင်ရ


ဆရာမ -
          ငါစာသင်နေတဲ့အချိန် ဘာလို့စကားများနေကြတာလဲ....

ကျောင်းသား -
          ကျွန်တော်တို့ စကားများနေတဲ့အချိန်မှာ
ဆရာမဘာလို့ စာသင်နေလဲ.......

(ပျော်ရွှင်နိုင်ပါစေ...)