ကျွန်တော် ဘလော့ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ နှလုံးသားရဲ့ခံစားချက်လေးတွေကို ဖော်ပြမယ်ဆိုပြီး တည်ထောင်ဖြစ်ခဲ့တာပါ...။ ကဗျာလေးတွေကို ကိုယ်တိုင်ရေးဖြစ်တယ် ကျွန်တော်ကြိုက်နှစ်သက်တဲ့ ကဗျာတွေ၊စာသားတွေ တွေ့ခဲ့ရင်လည်းပြန်လည် ကူးယူဖော်ပြဖြစ်ခဲ့ပါတယ် နည်းပညာများကို မသိသေးတဲ့သူတွေနဲ့ အတူ ကျွန်တော်ကိုယ်တိုင်လည်း လေ့လာဖို့အတွက် ကျွန်တော်လေ့လာဖတ်ရှု့ခဲ့တဲ့ စာအုပ်တွေဆိုဒ်တွေကတဆင့် ကူးယူပြီး ပြန်လည်ဖော်ပြ ပေးထားတာပါ...။ ဒီဘလော့ကကျတော့်အတွက် မှတ်စုစာအုပ်လေးလို့ ပြောရင်လည်းမမှားနိုင်ပါဘူး...။ အကြင်နာမြို့တော် ဘလော့လေးသို့ လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေများအားလုံး ကျေးဇူးအထူးတင်ရှိပါကြောင်း ဒီနေရာလေးကနေ ပြောကြားလိုက်ရပါတယ်...။ ကျွန်တော့်ဘလော့လေးဆီသို့ ကဗျာများ၊ စာပေများ၊ ဗဟုသုတများ၊ နည်းပညာများ၊ သတင်းများ၊ စသဖြင့် ဖော်ပြပေးရန် ပေးပို့ လိုပါက ပေးပို့သူနာမည်နှင့်အတူ ဖော်ပြပေးသွားပါမည်။ အီးမေးပေးပို့လိုလျှင် akyinnarmyotaw@gmail.com (သို့မဟုတ်) akerheain@gmial.com သို့ ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ.....။ မိတ်ဆွေများအားလုံးကို လေးစားလျှက် အကြင်နာမြို့တော်.....။
Showing posts with label ကဗျာအပိုင်းအစ. Show all posts
Showing posts with label ကဗျာအပိုင်းအစ. Show all posts

♥ ... ရင်ထဲကဆူး ...♥

စဉ်းစားတိုင်းလည်း အဖြေမထွက်ဘူး
ဘယ်ဘ၀ ၀ဋ်ကြွေးမို့
ကံကြမ္မာက အဲ့လောက်ခါးသက်နေတာလဲ

သူများတွေလို ခံစားစရာနှလုံးသားတခုပဲ
ငါ့မှာလည်း ပါတာပါ

နာကျင်တက်မှန်းသိလို့
ရက်စက်တဲ့ ဘ၀ဆုလဒ်တွေ
ခဏ ခဏ မပေးပါနဲ့
ကြာရင် ငါရူးလိမ့်မယ်

နှောင်တွယ်စရာမရှိတဲ့ဘ၀မှာ
သေပျော်ပေမယ့် နေမပျော်ဘူး

ပြုတ်ကျနေတဲ့ စိတ်ဓါတ်ကို
ဆွဲဆွဲတင်နေရတာလည်းအမောပဲ

ဥုံ.... ဆိုပြီး မန်းလို့ရရင်
တနေကုန် ထိုင်ရွတ်နေမယ်

မပျော်ရွှင်မှု့တိုင်းမှာ
အနားသတ်ရှိရင်
အဲ့ကမ်းအဆုံးကို ငါလက်ပစ်ကူးလိုက်မယ်
မြန်မြန်ရောက်ပါစေတော့

♥~♥♥~♥အချစ်ကိုရှာဖွေခြင်း♥~♥♥~♥

လေတိုက်တိုင်းသစ်ရွက်မကြွေသလို

ရင်ခုန်တိုင်းလည်း အချစ်မဟုတ်ပါ

လှလို့ချစ်တာလား ချစ်လို့လှတာလား

လှလို့ချစ်ခဲ့တယ်ဆိုရင် ပိုင်ဆိုင်ခွင့်ရမှ

သင်္ခါရသဘော... အလှတို့ညိုးသွားခဲ့ရင်ကော

အချစ်စစ်ဖြစ်ခဲ့ရင် ဘယ်လိုအခြေအနေရောက်ရောက်

အချစ်က...ချစ်လို့လှနေတာပါ...ချစ်ရင်း..လှနေမှာပါ..

အချစ်ဆိုတာ အဆင့်ဆင့်ပြောင်းလွဲ

နှလုံးအသဲ ဘဝထဲအထိရောက်သွားခဲ့တယ်

တွေ့စ ခင်စ ကြင်နာစမှာ မျက်ဝန်းတွေမှတစ်ဆင့်

အချစ်ရဲ့အရိပ်အရောင် ရင်ခုန်သံနိုးထမူ့နဲ့

အလိုလိုနေရင်းသိလာခဲ့တယ် သံယောဇဉ်တို့ညိုတွယ်ခဲ့ကြတယ်

ရင်နှီးမူ့တစ်ဆင့်တိုး နွေးထွေးမူ့တို့ တိုးတိုးလေးလှိုင်းထစေတယ်

အပျော်လေးတွေရှာဖွေ လိုအပ်ချက်တွေဖလှယ်ရင်း

စိုးမိုးမူ့ဧရိယာထဲ တဖြည်းဖြည်းတိုးဝင်ခဲ့တယ်

လွမ်းလိုက်ရသည့်ဖြစ်ခြင်း....

အချစ်ကို တိတ်တခိုးမျှော်လင့်ရသူနဲ့

အချစ်ကို ဖွင့်ဟဝန်ခံရသူ

ခံစားရမူ့ဝေဒနာခြင်းတော့မတူတာအမှန်ပါ...

အလွမ်းဝေဒနာတွေ ကျိတ်မှိတ်ခံစားကြရင်း..

ဝေးလွင့်သွားမှာလား ...စိုးရင်း...........စိုးရင်း

ရင်တလှပ်လှပ်နဲ့ သောကဝေဒနာကြားက

ရုန်းထွက် လာခဲ့တော့တယ်.....

အော်.....အချစ်.........အချစ်......အချစ်..........


♥~♥♥~♥ ကဗျာချစ်သူ ♥~♥♥~♥

အမှတ်တမဲ့....နေ့ရက်တွေ..................
အမှတ်တရ ...ဖြစ်လာတဲ့အခါ............... .
မသိမသာနဲ့ဝင်လာတဲ့ကြိုးတစ်ချောင်းက
နှလုံးသားကိုချည်နှောင်တယ်..... ........

ညင်သာစွာလှုပ်ရှား...........
စမ်းရေလေးလိုရွေ့လျား...ရင်ထြဲ မစ်အထိရောက်လာတယ်............
တမင်ကွယ်ဝှက်ထားတဲ့ပုံရိပ်တွေ.. .........
စိတ်ကူးနဲ့ပုံဖော်ရင်း...ရင်ခွ င်မှာအလှဆုံးပန်းတစ်ပွင့်အဖြစ်
ထင်ဟပ်လို့နေခဲ့ပြီ............ .

ငါ့နှလုံးသားရဲ့.....ကဗျာတောမှာ ..........
မင်းက...အလှဆုံးပန်းကလေးတစ်ပွင့် ပါ.....
ရနံ့တွေပြယ် အဆင်းတွေကြွေလည်း...
ချစ်သက်သေကဗျာလေးတွေ... ငါဆက်ရွက်နေပါ့မယ်.......

ကဗျာဟာ ..ငါ့ဘဝရဲ့တိုးတိုးဖော်ပါ....
ဦးနှောက်ရဲ့စေတမန်တွေ......... ..
နှလုံးပုံရိပ်တွေကို ဘာသာပြန်ရင်း........
နှလုံးသွေးဖြင့်ကဗျာဆက်ရေးဖြစ် တယ်.........................

ပန်းကလေးရယ်............

မင်းအတွက်...ချစ်သောကဗျာတွေ..မွေးဖွားလာဖို့..
ငါ့ရဲ့နှလုံးသွေးစက်တွေ....ကုန် ခမ်းချင်ကုန်ခမ်းသွားပါစေ.........
ကဗျာကို ဆက်ရေးနေမယ်...........
ကဗျာကိုဆက်ချစ်နေမယ်.....ပန်းကလေးရယ်........ 

♥~♥♥~♥အလင်းအမှောင်နဲ့ ရေးဆွဲခဲ့တဲ့ ပန်းချီကား♥~♥♥~♥

တစ်စုံတစ်ရာအတွက်

အရာရာကိုစွန့်လွှတ်ခဲ့ရသလို.....

ကြမ်းတမ်းတဲ့ခရီးလမ်းပေါ်က

ထိရှမူ့တွေများခဲ့တဲ့ ဝတ်ရုံလေး...........

ချုပ်ရိုးတွေအထပ်ထပ်နဲ့

လောကဓံအတွက်

ကြံ့ကြံ့ခံရပ်တည်ခဲ့ရတယ်......

အငှါးဝတ်စုံမို့ တစ်နေ့ပြန်ပို့ရမှာပါ........

တစ်ဖြည်းဖြည်းနဲ့...

အလင်းအမှောင်နဲ့ခြယ်သခဲ့တဲ့ပန်းချီပုံရိပ်တွေကလည်း

ပြီးဆုံးတော့မယ်.....ဘယ်တော့လဲ

ဘယ်နေရာမှာအဆုံးသတ်မှာလဲ ဆိုတာ

မသိနိုင်ပေမယ့်

အလင်းအမှောင်ရဲ့ဆေးစက်ခြယ်သမူ့ကို

ရပ်တန့်ခွင့်မှမရှိတာပဲလေ.................

ငါကိုတိုင်ရေးဆွဲခဲ့တဲ့ ဒီပန်းချီကားချပ်လေး

စိတ်တိုင်းကြတော့မဖြစ်ခဲ့ဘူး

ဖြစ်နိုင်ရင် အစကပြန်ပြီးရေးဆွဲလိုက်ချင်ပါတယ်

စုတ်ချက်အမှားတွေနဲ့ငါ့ပန်းချီကား

အကဲဖြတ် ပန်းချီပြခန်းမှာ

ဘယ်လိုမျက်နှာပန်းလှပါ့မလဲလေ..........

ဝတ်စုံကလည်းတဖြည်းဖြည်းဟောင်းနွမ်းခဲ့ပြီ..........

အလင်းအမှောင်ဆေးစက်တွေကလည်း

တဖြည်းဖြည်း နည်းလာခဲ့ပြီ........

လက်ကျန်ဆေးစက်တွေကို သတိထားရေးဆွဲရတော့မယ်..

သြော် ... ဘာလိုလိုနဲ့......
ငါလျှောက်ခဲ့တဲ့တံတားလေးတောင် မကြာခင်ဆုံးတော့မှာပါလား....... 

♥~♥♥~♥အဖော်မဲ့ ငိုက်မြည်းနေရရှာပါပြီ ♥~♥♥~♥

မိုးတွေတဖွဲဖွဲကျနေတုန်းမှာဘဲ

သူမ ကျွန်တော်ရဲ့အိမ့်မက်တွေကို

ပုံဖော်ထုဆစ်ဖူးခဲ့တယ်။

မြူခိုးဆန်ဆန် မျှော်လင့်ချက်

တွေနဲ့သူမ ကကျွန်တော်ရဲ့အချစ်တွေကို

အသက်သွင်းခဲ့တယ်။

မိုးရေစက်တွေကြားမှာ တွေ့ခဲ့တဲ့

သူမရဲ့ပုံရိပ်တွေကို မိုးမမြင်လေမမြင်

စွဲလမ်းခဲ့တဲ့ကျွန်တော်ကို သူမက

ပျော်ကစားတဲ့ အရုပ်ကလေးတစ်ရုပ်ပဲ

သဘောထားခဲ့ တယ်။

သူမနှင့်ကျွန်တော်ဝေးကွာ ခြင်းတွေနဲ့

အတူ တစ်ချိန်ကအတူတူနေဖူးခဲ့တဲ့

အင်တာနက်ဆိုင်လေးရယ် အခုတော့ အဖော်မဲ့

ငိုက်မြည်းနေရရှာပါပြီ။

♥~♥♥~♥မြေလွှာအသဲနဲ့ ပန်းပျိုးသည့်လက်♥~♥♥~♥

စွယ်တော်လိုဖြူစင်

စပယ်လိုသန့်ရှင်း

သဇင်လိုရနံ့သင်းတဲ့ ဒီပန်း..

ခူးလို့ခြွေ ပိုင်ဆိုင်စေဖို့ရယ်လို့ ပျိုးခဲ့တာမှမဟုတ်ပဲလေ...

ငါဟာမင်းအတွက် ပန်းပျိုးတဲ့လက် သီးသန့်ရယ်ပါ....

ငါမင်းကိုသိပ်ချစ်တာပေါ့ပန်းကလေးရယ်

အသဲကိုမြေလွှာလုပ် နှလုံးသွေးနဲ့ဖြန်းပက်ပျိုးခဲ့တဲ့ပန်းမို့

အသက်နဲ့ထပ်တူမြတ်နိုးခဲ့တာအမှန်ပါကွာ...........

တင့်တောင့်တင့်တယ်အလှတွေနဲ့ ပွင့်လန်းလာတဲ့ ပန်း

ယုယစွာနမ်းရှိုက်ခဲ့ချင်ပေမယ့်...

လိပ်ပြာလေးတွေမင်းအနားကိုခိုနားလာတဲ့ အခါ.....

ငါ့ကိုယ်ငါ ...ဥယဉ်မူးမှန်းသိခဲ့မိတော့တယ်.......

မြတ်နိုးခဲ့တယ်

တန်ဖိုးထားခဲ့တယ်

အိပ်မက်တွေမက်ထားခဲ့တယ် သိပ်ချစ်လို့ပေါ့...

ယုယစွာပျိုးထားပေမယ့် ......

ငါ့ အသဲကိုနင်းချေပြီး မင်းထွက်သွားခဲ့တယ်..

ရင်မနာနိုင်သူငါက မင်းအတွက်

အသဲကိုခြေနင်းခုံလိုလုပ်ရင်း

ပြုံးပြီး ကြည့်နေပါ့မယ် ပန်းကလေးရယ်..........

ဘယ်ပင်ယံမှာ မင်းခိုနားနေပါစေ................

ဘယ်ရင်ခွင်မင်းရောက်နေပါစေ...................

ထာဝရလန်းဆန်းတဲ့ပန်းတစ်ပွင့်ဖြစ်နေဖို့

ငါ

တောင်းဆုတွေခြွေ လွမ်းရိပ်တွေဝေနေပါ့မယ် ပန်းကလေး....ရယ်...........

♥~♥♥~♥ အတိတ်ရဲ့ မိုးရာသီည ♥~♥♥~♥

”အတိတ်ရဲ့ မိုးရာသီည”

အိမ်ပြန်ချိန်ရဲ့ ညနေခင်းမှာ

မိုးတွေလည်းရွာ လေတွေလည်းတိုက်ခတ်လို့

ငါ့ရင်မှာ မိုးတွေစိုရွှဲလိုပေါ့

လျှပ်စီးတွေလက်လို့ ငါ့ရင်ကို ပြိုးပြိုးပြက်ပြက်နဲ့

ရင်ခုန်သံလျှပ်စီးတွေများ ၀င်လာသလား

သတိတွေလည်း ရမိပါတယ်

ဒီလိုအချိန်မှာ အိပ်မရဘဲ

လွန်ခဲ့တဲ့ ၅နှစ်က နာဂစ်ကို သတိရမိပါတယ်

မိုးတွေကျလို့ လျှပ်စီးတွေလက်ကာ

အမေ့ရဲ့ရင်ခွင်မှာ မှေးစက်ကာ အိပ်ပျော်ဖို့အတွက်

ခေါင်းအုံးလေးသဖွယ် ချမ်းလို့ကာ တိုးတိုးရယ်လို့

အော်….ဘယ်တော့များ ပြီးဆုံးမလဲမိုးရယ်

ကြောက်အားတွေပို မောင်နှမတွေကို သတိရရယ်လို့

ဘယ်ဆီများ ရောက်လို့နေလဲ

တွေးကာလေစိတ်ပူ အမေ့ရင်ခွင်မှာ နေခဲ့ရသူမို့

အန္တရာယ်တွေ ကင်းရှင်းစေသား

ဆုတောင်းကာငိုလို့ ကျမျက်ရည်ဝဲခဲ့ရတဲ့

မမေ့နိုင်စရာ ဒီမိုးရာသီမှာ

အလွမ်းမျက်ရည်တွေ ကုန်ဆုံးပါစေသားလို့

ဆုတောင်းကာအခါခါ ရင်ထဲမှာ အော်ငိုနေတာမို့

အော်….မိုးရယ်

အချိန်ဖန်တစ်ရာ ရွာပါစေ ယိမ်းနွဲ့တဲ့လေတွေ

မတိုက်ခတ်ပါစေနဲ့သားလို့

ဆုတောင်းကာအခါခါ ပြောခဲ့လိုက်ပါရစေသား.....။

♥~♥♥~♥အလွမ်းရင်ခွင်မှာ♥~♥♥~♥

စိတ်ရဲ့နားခိုရာ

အတွေးခရီးမှာ မင်းကသခင်ပါ

ရုန်းထွက်လေ ချည်နှောင်လေ

ငါ့ကိုငါထိန်းချုပ်ရခက်နေတယ်

ငါ့ကို မင်းကပျော်အောင်လည်းလုပ်နိုင်တယ်

ငါ့ကို မင်းကငိုအောင်လည်းလုပ်နိုင်တယ်

တွေတွေငေးငေးနဲ့ ငါဟာ

မင်းအကြောင်းတွေပဲ တွေးဖြစ်နေတယ်............

စွဲလမ်းမူ့ လွမ်းဆွေးမူ့တွေ...မင်းမူနေတဲ့

အလွမ်းရင်ခွင်မှာ

စိတ္တဇဆန်တဲ့ အရောင်ချယ်သမူ့တွေနဲ့

ငါ့နှလုံးသားဟာ နေသားမကျတော့ဘူး...

အချစ်လွင်ပြင်ကိုမရောက်ခင်ကတည်းက

ရှုံးနိမ့်စပြုနေပြီ လေ.....

ချစ်ခြင်းတွေပြိုင် အချစ်ကြီးသူကသာနိုင်မယ်ဆိုရင်

ချစ်သူရေ

နားလည်ခွင့်လွတ်မူ့ တွေ ပေးဆပ်မူ့တွေနဲ့

လမ်းခင်းထားတဲ့ ဒီနှလုံးသားကို

မင်း နင်းလျှောက်ရက်ပါ့မလားကွယ်...........

သက်ဆိုင်သူ ....သို့ 

သက်ဆိုင်သူ .... ရေ

နှလုံးသား....နန်းတော်
အကြင်နာ...စံအိမ်
သစ္စာ.....ရစ်ပုလ္လင်ထက်
နန်းတင်မိခဲ့....ချစ်ဘုရင်မလေးကို
ရင်လှိုက်ဖိုမော....မျော်မှန်းမိ
ကိုမှာအပြစ်ရှိလား

ရင်မှာမြတ်နိုး.....ချစ်ဆတိုး၍
တိတ်တခိုးနဲ့ .....ကြိတ်ပိုးခဲ့ ရ
မောင့်ဘ၀မှာ
နတ်သမီးတမျှ....လှပတဲ့
မင်းလေးကို.....တစ်နေ့ မမြင်
စိတ်မရွှင်......ရင်မှာတမ်းတ
လွမ်းနေရပြီကွာ
မင်းလေးရဲ့ .....အကြည့်တစ်ချက်
ညှိတွယ်ခဲ့ .......ကို့ ရဲ့ ကြင်နာ
မင်းလေးရဲ့ .....အပြုံးတစ်ချက်မှာ
ရုန်ုးမထွက်နိုင်....ချစ်သားမောင့်ကို
အညိုးဓါးနဲ့ ......ရင်ကိုခွဲ
အမုန်းဆား......မပက်လိုက်ပါနဲ့ နော်
မကြင်နာလို့ ....တမင်ခွာလို့ စိမ်း
မယိမ်းနွဲ့ ခဲ့ .....မောင့်ရဲ့ အချစ်က
တစ်မိုးနှောင်းလို့ ...တစ်ဆောင်းပြောင်း
တစ်ရာသီပောင်း၍....တစ်နွေကွေ့ လို့ 
တွေ့ သမျှမြင်ကွင်း......အမြင်မရှင်းခဲ့
အထာတွေတော့မကျ....အချစ်တွေဗရပွနဲ့ 
မောင်တစ်ယောက်မှာတော့ကွာ
ရော်၇မ်းမှန်းဆ....မျှော်မှန်းတမ်းတပြီး
လွမ်းရင်းမှ......ချစ်နေပါဦးမယ်နော်

ညီမလေး♥~♥♥~♥♥~♥♥~♥သို့

အသံမဲ့ စကားလုံးတွေနဲ့

ငြိတွယ်မိတဲ့ ဒီမျက်ဝန်းတွေ

အခုတော့............

တမ်းတခြင်းရဲ့ အခြားတစ်ဖက်မှာ

ကိုယ်ပိုင်ဆိုင်ရာ ဘ၀တွေကိုထုဆစ်

သတိရမိတဲ့ အဖြစ်တွေကိုထိမ်းချုတ်

လွမ်းဆွတ်ခြင်းတွေ မဆုတ်ယုတ်ခဲ့ဘူး။

ညီမလေး...

ခရီးဆက်ရဦးမဲ့ ချစ်ခြင်းအတွက်

အေးချမ်းတဲ့ ဒီည

လရောင်ဖျဖျကို မြင်ခဲ့ရင်

သတိတရ လွမ်းဆွတ်ခြင်းနဲ့

တိတ်ဆိတ်ခြင်းရဲ့ အသံတွေ...

ညီမလေးကြားနိုင်ပါစေ...............။

♥~♥♥~♥အသဲကွဲပန်းကဗျာကိုထွေးပိုက်ရင်း♥~♥♥~♥

အလွမ်းမိုးတွေကြောင့် ကဗျာပန်းကလေးတွေပွင့်နေတယ်

စုဆည်းထားခဲ့လေသမျှပန်းကလေးတွေ

ဒီရင်မှာပြည့်လျှံနေခဲ့ပြီ

ဒီပန်းလေးတွေပွင့်စေဖို့ ရင်းခဲ့ရတဲ့နှလုံးခုန်သံတွေ

ချစ်ရနံ့နဲ့ပျိုး အကြင်နာနဲ့ယုယ

မြတ်နိုးမူ့နဲ့လန်းဆန်းစေခဲ့ရတာ

တစ်ခါတစ်ခါ ငါဟာ ပန်းပျိုးရင်း...

ဝင်သက်ထွက်သက်တောင် မေ့နေတတ်ခဲ့တယ်........


အလှဆုံးပန်းတွေမဖြစ်ခဲ့ရင်တောင်

နှလုံးသားရဲ့လှုပ်ခတ်သံ ဦးနှောက်ရဲ့အချက်ပေးသံတွေနဲ့

ရှင်သန်နိုးထလာခဲ့တဲ့ဒီပန်းကလေးတွေ

မင်းအတွက်ငါပျိုးထားခဲ့တယ် ချစ်သူရယ်.....

ခူးလိုခူး ခြွေလိုခြွေ မပန်ဆင်နိုင်ရင်လည်း

ထားခဲ့ပါကွယ်...

အရှိန်အဟုန်နဲ့ တိတ်ခတ်လို့

ပန်းကလေးတွေမြေသို့ကြွေဆင်းခဲ့ရင်တောင်

မင်းကို ပန်းခြွေတဲ့လေရယ်လို့ ငါ မပြောရက်ပါဘူး

ချစ်သူရယ်...............


မိုးနဲ့အတူပွင့်တဲ့စံပယ်ပန်းကလေးတွေ

နှင်းနဲ့အတူ သင်းပြန့်မယ့်သဇင်ပန်းတွေ

နွေဦးရဲ့ပန်းအလှပိတောက်တွေ

နှစ်တစ်ခုကိုအလှဆင်ဖို့

ရာသီစက်ဝိုင်းကြားမှာကခုန်နေကြတယ်.........

ချစ်သူရယ်

ငါ့ရင်မှာတော့ ကဗျာ ဆိုတဲ့ပန်းတစ်မျိုးသာ

မင်းအတွက် ဖူးပွင့်နေခဲ့တယ်

ငါ့ဘဝရှင်သန်နေသမျှ.....

မာယာတွေနဲ့ အလဲထိုးအနိုင်ယူသွားတဲ့မင်းကို

မုန်းမေ့ဖို့ခက်တဲ့ ငါ့မှာ

ရင်ထဲက အသဲကွဲပန်းတွေကိုထွေးပိုက်ရင်း

ဟိုး ...အဝေးကိုတွေတွေလေးငေးကြည့်နေရဆဲပါပဲ ချစ်သူရယ်.............

♥~♥♥~♥စုသခင်မလေးထံသို့♥~♥♥~♥

မဖြစ်နိုင်မှန်း သိပေမယ့်
မိုးစက်လေးတွေကြားထဲမှာ
မောင်ရှာမိသေးတယ် စုသခင်,,,,,

ခိုက်ခိုက်တုန်အောင် ချမ်းနေပေမယ့်
နှင်းဖြူတွေကို အဖော်ပြုပြီး
မောင်ပြန်ခဲ့ရတယ် စုသခင်,,,,,

လေတိုက်တိုင်း သတိမရပေမယ့်
သစ်ရွက်ကြွေတိုင်း လွမ်းနေမိတော့
နွေဦးရောက်မှာ ကြောက်မိတယ်စုသခင်,,,,,

အဆင့်အတန်း မတူတဲ့ဘ၀မှာ
ခံစားမှုတွေဖြစ်ခဲ့တော့
မရေရာအနမ်း
ဝေဒနာအလွမ်းနဲ့
ဒီရင်မှာ နွမ်းမိတယ် စုသခင်,,,,,

♥~♥♥~♥ဒို့ လွမ်းနေတယ်ချစ်သူရယ်♥~♥♥~♥

ငွေနှင်းမှုံ နေခြည်သိုင်းလို့

ဖြူလွှလွှစနိုးပွင့်တို့ဆင်းသက်တော့မည့်...ဟန်ချီ

မြောက်ပြန်လေရူး တသုန်သုန်တိတ်ခတ်မြူးတော့

ကိုယ့်ချစ်သူလေးချမ်းရှာရော့မည်...

အရမ်းလွမ်းလှပြီ..........အသဲပန်းကို

တိတ်တိတ်လေးခူးဆွတ်သွားသူရယ်....................

ဆောင်းဦးဟေမာန်သို့ မျှော်တလင့်လင့်နဲ့ရောက်ပြန်တော့မယ်

မျှော်သာမျှော်လျှက်အခေါ်ခက်ပြန်

နုတ်ဆက်ရန်လည်းမဝံ့ရဲတဲ့အဖြစ်တွေမို့

လေလှိုင်းမှတစ်ဆင့် ရင်ထဲကစကားပွင့်တွေကို

အမှာပါးခဲ့ပါ့မယ်....

ကိုယ့်အချစ်တွေ...သဇင်ရနံတို့နဲ့အတူ

မင်းရင်ထဲ ခိုနားခွင့်ပြုပါ ချစ်သူရယ်.............

အင်တာနက်အချစ်နတ် ...ဖမ်းစားခြင်းခံရတဲ့ကိုယ့်ရင်မှာ

အစွဲလမ်းတွေပိုလွမ်းရနံ့တွေဝေနေလေတော့

နေ့နေ့ညညမေ့မရခဲ့

မခိုင်စိတ်ထားလွမ်းရက်ရှည်တွေကြားမှာ

ရင်ထဲကပဲ့တင်သံ မင်းအတွက်ကဗျာရွက်သံတွေဖြစ်ခဲ့ရပြီ...

ကဗျာလေးတွေရွက်ဆိုရင်း...

တူဆုံတွေ့မယ့်နေ့ကိုစောင့်မျှော်ရင်း....


ဒို့ လွမ်းနေတယ်ချစ်သူရယ်................

♥~♥♥~♥အလင်းအမှောင်နဲ့ ရေးဆွဲခဲ့သောပန်းချီကား♥~♥♥~♥

တစ်စုံတစ်ရာအတွက်

အရာရာကိုစွန့်လွှတ်ခဲ့ရသလို........

ကြမ်းတမ်းတဲ့ခရီးလမ်းပေါ်က

ထိရှမူ့တွေများခဲ့တဲ့ ဝတ်ရုံလေး...........

ချုပ်ရိုးတွေအထပ်ထပ်နဲ့

လောကဓံအတွက်

ကြံ့ကြံ့ခံရပ်တည်ခဲ့ရတယ်..........



အငှါးဝတ်စုံမို့ တစ်နေ့ပြန်ပို့ရမှာပါ........

တစ်ဖြည်းဖြည်းနဲ့...

အလင်းအမှောင်နဲ့ခြယ်သခဲ့တဲ့ပန်းချီပုံရိပ်တွေကလည်း

ပြီးဆုံးတော့မယ်.....ဘယ်တော့လဲ

ဘယ်နေရာမှာအဆုံးသတ်မှာလဲ ဆိုတာ

မသိနိုင်ပေမယ့်

အလင်းအမှောင်ရဲ့ဆေးစက်ခြယ်သမူ့ကို

ရပ်တန့်ခွင့်မှမရှိတာပဲလေ.................




ငါကိုတိုင်ရေးဆွဲခဲ့တဲ့ ဒီပန်းချီကားချပ်လေး

စိတ်တိုင်းကြတော့မဖြစ်ခဲ့ဘူး

ဖြစ်နိုင်ရင် အစကပြန်ပြီးရေးဆွဲလိုက်ချင်ပါတယ်

စုတ်ချက်အမှားတွေနဲ့ငါ့ပန်းချီကား

အကဲဖြတ် ပန်းချီပြခန်းမှာ

ဘယ်လိုမျက်နှာပန်းလှပါ့မလဲလေ..........



ဝတ်စုံကလည်းတဖြည်းဖြည်းဟောင်းနွမ်းခဲ့ပြီ..........

အလင်းအမှောင်ဆေးစက်တွေကလည်း

တဖြည်းဖြည်း နည်းလာခဲ့ပြီ........

လက်ကျန်ဆေးစက်တွေကို သတိထားရေးဆွဲရတော့မယ်..

♥♥♥ အဖြူရောင်လေပာာနယ် ♥♥♥


ခြေတစ်လှမ်းကို အသည်းတစ်စခင်းပေးခဲ့ရင်
ခြေလှမ်းပေါင်းမှားစွာကို
ငါ့အသည်းပေါင်းများစွာနဲ့ ခင်းပေးခဲ့မယ်...

မင်းအနားလိုအပ်ချိန်တိုင်းပေးဆပ်ချင်တာ
မင်းချစ်သူနဲ့ပျော်လည်း ငါပျော်နိုင်အောင်
ကြိုးစားနေမိမှာ.......
ရင်ထဲကငိုကြွေးနေတာကို
ရယ်မောခြင်းနဲ့ ဖုံးကွယ်ထားမှာပါ
အချစ်ဆိုတာနေလိုပဲလေ......
နေထွက်လာရင် ပျော်ရွှင်ရပြီး
နေ၀င်သွားရင်လွမ်းမောရတာပေါ့....

စွဲလမ်းချင်းရင့်ရင့်တွေ စူးဝင်နေစဲပါ
နှလုံးသားကခေါက်ရိုးချိုး သိမ်းထားရပါများလို့
အချစ်တွေတောင် ကျိုးကြေမွနေပြီ......

မင်းပြောမဲ့..မင်းချစ်တဲ့သူနဲ့ပတ်သက်သမျှ
ရင်ဖွင့်စကားတွေကို....
နားထောင်ပေးနေပါမယ့်....
မင်းစိတ်ညစ်တဲ့အခါတိုင်း မင်းအနားနေနေပေးမယ်......
ဒါပေမဲ့.......
မင်းပျော်ချိန်တော့ ငါ့ကိုမေ့ထားစေချင်တယ်
အဲဒီချိန်ကျရင် ငါမင်းအနား
မရှိအောင်ကျိုးစားရင်းပေါ့...

တမ်းတချင်းတွေ ဒလပောာစီးဆင်းနေတဲ့
ငါ့သွေးတွေဖောက်ရင်
ကမ္ဘာတစ်ခုလုံး ချင်းချင်းနီသွားလိမ်မယ်
နင်က မသိချင်းတွေနဲ့အတူ
အဖြူရောင်လေပာာနယ်ထဲမှာပေါ့........


ငါ့ရဲ့ .. ရသ

တိမ်တွေ ဖုံးတဲ့ လမိုက်ညတွေလို
ဥသြ ငှက်တစ်ကောင်ရဲ့ ရင်ထဲမှာ
ရထား နှစ်စင်း အပြိုင် ခုတ်မောင်းနေတယ်..
စကားလုံးတွေနဲ့  ငါ့ကို ဝိုင်းမဖောက်ကြပါနဲ့ 

ကိုင်း မရှိတဲ့ သစ်ခြောက်ပင်နဲ့ 
အတောင်မပါတဲ့ ငှက်တစ်ကောင်..
အိမ်ပြန်နောက်ကျခဲ့တဲ့ ညပေါင်းများစွာ
ငါ့အိမ်မက်တွေ ငါပြန်စဉ်းစား
လွမ်းနေမိပါသေးတယ်......

ငါတို့ ဘဝတွေ ဆုံမက်စေဖို့  သီအိုရီတွေ ငါ့မှာမရှိဘူး..
အချစ်တခုနဲ့  တည်ဆောက်ဖို့ မလွယ်တဲ့ 
ငါ့အိမ်မက်တွေကို  အတိတ်ထဲမှာ မင်းထားသွားတယ်..

ငါ့ဘဝကို ပြောင်းပြန်လှန်
ငါတည်ဆောက်ခဲ့တဲ့ အသိုက်အမြုံလေး
ငါ့ကြောင့် ပြိုကွဲတော့မှာလား..
နောင်တ မရှိတဲ့ နောက်ကျတဲ့ခြေတစ်လှမ်း
ပျောက်ပျက်မသွားမဲ့ အိမ်မက်... တိမ်တိုက်တွေ

မှောင်မိုက် ညစ်ထေးနေတဲ့ လွင့်ပျံ တိမ်တိုက်တွေ ကြားက
ရုန်းထွက်ခဲ့ပြီးကာမှ ငါ့ဘက်မှာ မရှိကြတဲ့ လူတွေ..
တိမ်တိုက်မဲထဲကို ပြန်မရောက်ချင်ဘူး..
ငါ့ဘဝရဲ့ ရသ ကဘာလဲ..

“နားလည်မှုတွေထပ်တူ”

“နားလည်မှုတွေထပ်တူ”

ကောင်းကင်တစ်ခုမှာ

ဆုံမှတ်တွေ သတ်မှတ်လို့

နားလည်မှုတွေဖြစ်လာဖို့

ထပ်တူပြု ချစ်ကြိုးတွေနဲ့ပေါ့....

မဆုံနိုင်ခင် ပစ်ခွါ နားလည်မှုတွေထပ်တူရယ်ပါလို့

ပြောနေကျ ချစ်ခွန်းတွေကို

အဓိပ္ပာယ်တွေ ဖော်ဆောင်ကာ

ဆောင်ယူလေပြေ ချစ်ခြင်းတွေက

နှလုံးသားတစ်ခုဝယ် ချစ်ခြင်းတွေဖလှယ်ကာရယ်နဲ့

ရင်ထဲမှာ ဖြူစင်စွာနဲ့ချစ်ခဲ့တာမို့..

အော်......အော်....အော်.......

အချစ်တစ်ခုရဲ့ဆုံမှတ် နားလည်မှုတွေထပ်တူတဲ့....

စကားရယ်အသံသာ ရှောင်ဖယ်ကာနေခဲ့ရင်ဖြင့်

အချစ်စစ်ရယ်ဘယ်မှာ....ရှာဖွေကာနေရမည်နည်း......


ကျမျက်ရည် မကြေငြာတော့ဘူး

မင်းသိရဲ့လား...


တဖွဲဖွဲရွာနေတဲ့ မိုးစက်တွေကြား


တစ်လောကလုံးလင်းနေသားနဲ့


ငါ့နှလုံးသားတစ်ခုထဲ အမှောင်ကျ


မင်း......ငါ့ကို


ထားခဲ့တုန်းကပေါ့...


အပျံသင်စ ငှက်တစ်ကောင်ကို


မညှာမတာ အတောင်ရိုက်ချိုးခဲ့သလိုပါပဲ...


မင်းအတွက်ဆိုရင်


မိဘ နဲ့ ပတ်ဝန်းကျင်ကြား


ဘေးစကားတွေကို ပစ်ပယ်လို့


" ချစ်တယ် " ဆိုတဲ့ စကားတစ်ခွန်းနဲ့တင်


အရာအားလုံးကို ဆန့်ကျင်ရဲခဲ့တာလေ..


ဟိုး...ကောင်းကင်ထိပျံတက်


ခရီးမိုင်များစွာအတွက်


လက်တွဲမဖြုတ်စတမ်း ငါနဲ့အတူပျံသန်းမယ်တဲ့...


ပေးခဲ့တဲ့ ကတိတွေပျက်သုန်း


ငါ့ရဲ့........


ရည်ရွယ်ချက်တွေလဲ ပျောက်ဆုံးခဲ့ပြီ...


အခုတော့..


မင်းမရှိတဲ့ ရာသီရဲ့နေ့စွဲတွေထဲ


အထီးကျန်ဆန်ပြိုလဲလို့


လွမ်းတဲ့စိတ်နဲ့ပဲ


မင်းအရိပ်လေးကိုအိပ်မက်


ဂယောင်ခြောက်ခြားသွေးပျက်နေဆဲပါ...


စာမလာ သတင်းမကြားပဲ


မင်း...ငါ့ကိုထားခဲ့ပေမယ့်


မင်းကြောင့်ကျခဲ့တဲ့ မျက်ရည်ရဲ့အငွေ့ကိုတောင်မှ


မင်းကို မခံစားစေချင်ခဲ့ဘူး...


ရေစက် မဆုံလို့ဝေးခဲ့ရပြီပဲ


ငါတစ်ယောက်ထဲ စိတ်ချမ်းသာဖို့


မင်းပြန်လာပါလို့ လဲ မမျှော်လင့်ချင်တော့ဘူး...


ထားခဲ့ဖူးတဲ့ မေတ္တာအတွက်ပဲ


လှိုက်လှိုက်လှဲလှဲ တောင်းဆုပြုခဲ့တယ်...


အခုဘ၀ကစလို့ နောင်သံသရာအဆက်ဆက်


အချစ် နဲ့ပတ်သက်သမျှ


မမြင်ရ မကြားရ


နှလုံးသားနဲ့တောင်မှ


မခံစားတတ်သောသူသာ


ဖြစ်ရပါလို၏...


အချစ်ဆိုတဲ့စကား


ကိုယ့်နားမှာ မကြားပါရစေနဲ့တော့ ...


အလိမ်အညာတွေပါကွာ


တိမ်သလ္လာတွေ ကင်းစင်မှ


မင်းချစ်တယ်ဆိုတဲ့ ကောင်းကင်ပြာ


ကိုယ်မဟုတ်တာတော့


သေချာသွားခဲ့ပြီ ...


အပြုံးတေးတွေနဲ့ အခါခါ


ချော့သိပ်တာ များခဲ့တော့


ယုံကြည်ခြင်းရဲ့ ဆန့်ကျင်ဘက်တရား


အိပ်စက်ကာ သွားခဲ့ရတာပေါ့ ...


မင်းရဲ့ ပရိယာယ်မာယာ


ပန်းတိုင်ကို ရောက်ကာမှ


ကိုယ့်အသိညဏ် နိုးထရှင်သန်ခဲ့ရတော့


နောက်ဆုံးတော့


ကိုယ်ပဲ အရှုံးပေးရတော့တာပေါ့ ... ။


အားငယ်စရာတစ်ခုခုဖြစ်တိုင်း


ကျအံဆဲဆဲမျက်ရည်တွေကို


အတင်းထိန်းရင်း ပေးထားခဲ့တဲ့


ကတိတစ်ခုနဲ့ သူ့ကိုသတိရမိတယ်


ဒီလောက်အားငယ်နေရင်


ငါမရှိတော့ရင် ဘယ်လိုလုပ်မလဲလို့


အခါခါမေးဖူးတဲ့သူ


မျက်ရည်မကျတော့စေရဘူးလို့ 


င့ါဆီကတောင်းခဲ့တဲ့ကတိပိုင်ရှင်


င့ါကိုရင့်ကျက်စေဖို့များ


အခုလိုတစ်ယောက်တည်းထားခဲ့တာလားမသိတော့ဘူး


င့ါဘ၀တစ်ခုလုံးကို


အမှောင်ချခဲ့တဲ့ သူရေ


ပြောင်းလဲ့သွားတဲ့ငါ့ဘ၀ကို


ယောင်လို့တောင်လှည့်မကြည့်သွားဘူးနော်


တော်ပါပြီ


တွေးရင်းနဲ့ မျက်ရည်တွေတောင်ကျလာပြီ

အမှောင်ကမ္ဘာ

အမှောင်ကမ္ဘာထဲ


အလင်းရောင်တစ်စစကို


တွေ့မြင်လိုတွေ့မြင်ငြား


ဝိုးတ၀ါးလျှောက်လှမ်းရင်း


လမ်းပျောက်ခဲ့သူ...ငါ့ကို


လမ်းပြကယ်တင်သယောင်နဲ့


အနက်ရှိုင်းဆုံးအမှောင်ထုထဲကို


လှည့်ဖျားခေါ်ဆောင်ပြီး


ခြေရာဖျောက်ထားရစ်ခဲ့သူ...နင်။ ။


အချိုသကာဖုံးထားတဲ့


အချိုသာဆုံးစကားတစ်ခွန်းနဲ့


အပြုံးမပျက်ငါ့ဘ၀ကို


အဆုံးသတ်စေခဲ့သူ..နင့်ကို


အမုန်းရက်နိုင်ခဲ့သူ......ငါ။ ။


ဆုံနိုင်ခွင့်မရှိတဲ့ လမ်းတစ်ခုကို


မတူညီတဲ့....ခံယူချက်တွေနဲ့


အတူတကွလျှောက်လှမ်းခဲ့ကြသူ


တို့နှစ်ယောက်အတွက်


"လမ်းခွဲ"တစ်ခုက


အသင့်ကြိုဆိုနေခဲ့လေရဲ့...။ ။


မချစ်တော့လို့


ကျောခိုင်းချန်ရစ်ခဲ့သူနင်နဲ့


ချစ်လျက်ကျန်ရစ်ခဲ့သူငါ


"ဝေးကွာခြင်း"ဆိုတဲ့


ခေါင်းစဉ်တစ်ခုနောက်ကွယ်မှာ


ဘယ်သူဟာ ပိုနာကျင်ရမှာလဲ...။ ။


သေချာတာတစ်ခုကတော့


ကွဲပျက်သွားခဲ့တဲ့.


အချစ်တစ်ခုရဲ့အဆုံးသတ်နိဂုံးမှာ


အောင်နိုင်သူတစ်ယောက်ဟာ


ငါမဟုတ်ခဲ့ဘူး.....။ ။

အမုန်းခွန်အား

ရင်တစ်ခုလုံးပေါက်ကွဲလုမတတ်....ငါအထိနာခဲ့တာ.......

တစ်ခါပြန်လည် ရိတ်သိမ်းဖို့မစိုက်ပျိုးချင်တော့ဘူး....

ပေပင်လိုအချစ်မျိုးမို့ မင်းတစ်ယောက်နဲ့တင်....

ပြီးဆုံးသွားခဲ့ပါပြီ..................

အကြင်နာမှာ.......ကြိုးကြာ ဟင်္သာ....

သစ္စာမှာ.....အောက်ချင်း

ခွင့်လွတ်သည်မှာ..ကိန္နရီကိန္နရာ......တဲ့

တစ်ချိန်ကမင်းရွက်ပြခဲ့တဲ့ ငှက်တို့ရဲ့ဒဏ္ဍာရီ....လေ..........

ခုတော့............

တို့နှစ်ယောက်ရဲ့ ပုံပြင်တွေဆီမှာကျန်ရစ်ခဲ့ပြီပေါ့......

နွေဦးရာသီရဲ့ထင်ကျန်ရစ်တဲ့ နှလုံးသားဒဏ်ရာတို့ဟာလည်း

မိုးနဲ့အတူ.....မြေခနေခဲ့ရပြီ............

'လ' မိုက်ညမိုးစက်ဖွဲဖွဲအောက် က ငှက်ဆိုးထိုးသံတွေ............

ညရဲ့နှိပ်စက်ခြင်းတွေနဲ့

ငါ့ကိုခြောက်လှန့်နေကြပြီချစ်သူရယ်...................

ချစ်ခွန်းသီဖွဲ့တတ်သောနှလုံးသားအား

အမုန်းခွန်အားတွေ ...ချပ်ဝတ်တန်စာတွေဆင်မြန်းပြီးမှ.........

မင်းရှိတဲ့နယ်နိမိတ်ကို.... ငါ ဖြတ်ကျော်တော့မှာပါကွာ...................

ငါ့ထက်အကြင်နာပိုမယ့်လူ မင်းနဘေးမှာရှိခဲ့ပြီမို့

တိတ်တဆိတ်ထွက်ခွာခဲ့တာပါ......

အကြင်နာတွေပြည်ဖုံးကားမချနိုင်သေးလေတော့

မေတ္တာတွေ မင်းတို့အတွက် လက်ဖွဲ့ပေးခဲ့ပါတယ်