ကျွန်တော် ဘလော့ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ နှလုံးသားရဲ့ခံစားချက်လေးတွေကို ဖော်ပြမယ်ဆိုပြီး တည်ထောင်ဖြစ်ခဲ့တာပါ...။ ကဗျာလေးတွေကို ကိုယ်တိုင်ရေးဖြစ်တယ် ကျွန်တော်ကြိုက်နှစ်သက်တဲ့ ကဗျာတွေ၊စာသားတွေ တွေ့ခဲ့ရင်လည်းပြန်လည် ကူးယူဖော်ပြဖြစ်ခဲ့ပါတယ် နည်းပညာများကို မသိသေးတဲ့သူတွေနဲ့ အတူ ကျွန်တော်ကိုယ်တိုင်လည်း လေ့လာဖို့အတွက် ကျွန်တော်လေ့လာဖတ်ရှု့ခဲ့တဲ့ စာအုပ်တွေဆိုဒ်တွေကတဆင့် ကူးယူပြီး ပြန်လည်ဖော်ပြ ပေးထားတာပါ...။ ဒီဘလော့ကကျတော့်အတွက် မှတ်စုစာအုပ်လေးလို့ ပြောရင်လည်းမမှားနိုင်ပါဘူး...။ အကြင်နာမြို့တော် ဘလော့လေးသို့ လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေများအားလုံး ကျေးဇူးအထူးတင်ရှိပါကြောင်း ဒီနေရာလေးကနေ ပြောကြားလိုက်ရပါတယ်...။ ကျွန်တော့်ဘလော့လေးဆီသို့ ကဗျာများ၊ စာပေများ၊ ဗဟုသုတများ၊ နည်းပညာများ၊ သတင်းများ၊ စသဖြင့် ဖော်ပြပေးရန် ပေးပို့ လိုပါက ပေးပို့သူနာမည်နှင့်အတူ ဖော်ပြပေးသွားပါမည်။ အီးမေးပေးပို့လိုလျှင် akyinnarmyotaw@gmail.com (သို့မဟုတ်) akerheain@gmial.com သို့ ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ.....။ မိတ်ဆွေများအားလုံးကို လေးစားလျှက် အကြင်နာမြို့တော်.....။
Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

မြန်မာ Network Technician အများစုအနေနဲ့ WAN


မြန်မာ Network Technician အများစုအနေနဲ့ WAN အပိုင်းမှာ Theory အရရေ၊ လက်တွေ့မှာပါ အားနည်းတက်ကြပါတယ်။ ဒါပေမယ့် အားမငယ်ပါနဲ့.. လူတိုင်း မွေးကတည်းက ဘာမှ မတက်ပါဘူး။ လေ့လာအားကောင်းရင် သူများထက်တော့ ထူးနေမှာပါ။ "သီအိုရီလေ့လာပြီးမှ လက်တွေ့လုပ်ပါ" ဆိုတဲ့ ဆောင်ပုဒ်ကိုလဲ မမေ့လိုက်ပါနဲ့။ အချိန်ဆယ့်ငါးမိနစ်လောက်ပဲပေးပြီး အောက်ကလင့်မှာ WAN Introduction လေးကို ဖတ်ကြည့်ပါ။ တချိန်ချိန် တနေရာရာမှာ အသုံးဝင်လာမယ့် Knowledge မို့လို့ လေ့လာကြည့်ပါ။
http://docwiki.cisco.com/wiki/Introduction_to_WAN_Technologies

လမ်းလျှောက်တက်ပြီးမှ ပြေးပါ။
Detail သိလိုပါက
http://docwiki.cisco.com/wiki/Frame_Relay
http://docwiki.cisco.com/wiki/High-Speed_Serial_Interface
http://docwiki.cisco.com/wiki/Point-to-Point_Protocol
http://docwiki.cisco.com/wiki/Switched_Multimegabit_Data_Service
http://docwiki.cisco.com/wiki/Synchronous_Data_Link_Control_and_Derivatives
http://docwiki.cisco.com/wiki/X.25
http://docwiki.cisco.com/wiki/Digital_Subscriber_Line

Hard Disk Space များများရရှိပြီး ကွန်ပြူတာမြန်ဆန်စေရန်




ကွန်ပျူတာ တစ်လုံးမှာ hard disk ရဲ့ လုပ်ဆောင်မှု့ ဟာ အရေးပါလှပါတယ် မိမိရဲ့ hard disk မှာ free space နည်းနေရင် ကွန်ပျူတာ လုပ်ဆောင်မှု နှေးလာခြင်း၊ program များ run ရာတွင် ကြန့်ကြာခြင်းတို့ ဖြစ်ပေါ်လာလေ့ရှိပါတယ်…. Window တစ်ခု စတင် လိုက်တဲ့ အခါကတည်းက default disk setting ကိုWaste capacity ကို များစွာပေးထားတာပါ ကျွန်တော် တို့က အဲဒီမလို အပ်တဲ့ wasted capacityကို လျှော့ချလိုက်ခြင်းအားဖြင့် free space များများရ ရှိအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်..
လုပ်ဆောင်ရမဲ့ အဆင့်နည်းနည်းများပါတယ်.. တစ်ဆင့်ခြင်းကို သေသေချာချာ လုပ်ဆောင် သွားရင် လွယ်လွယ်လေးပါ……
ပထမဆုံး my computer ကို ဖွင့်ပါ Local disk :C ရဲ့ properties မှာ used space , free space ဘယ်လောက်ရှိတယ် ဆိုတာကို မှတ်သားထားလိုက်ပါ ဒါမှသာ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှု့ဟာ အကျိုးသက်ရောက် မှု့ရှိမရှိ ကို သိရှိနိုင်မှာ ပါ ..မှတ်သားပြီးသွားရင်တော့
၁။ Start Menu , Control Panel မှ Power options ကို click ပါ
ကျလာတဲ့ Power options properties dialog box မှ Hibernate tab ကို ထပ်ပြီး click လိုက်ပါဦး
ပြီးရင် Enable Hibernation ဆိုတဲ့စာကြောင်းလေးကို uncheck လုပ်ပြီး Apply , Ok ပေးပါမယ်..
၂။ Run box မှာ sysdm.cpl လို့ရိုက်ထည့်ပြီးတော့ enter ခေါက်ပါ
ရရှိလာတဲ့ system properties dialog box မှ System Restore tab ကို ထပ်ပြီး click ပါမယ်
Available drivers : အောက်က ( C ) ကို select ပေးပြီး settings button ကို click ပါမယ်
Device Settings ဆိုတဲ့ box တစ်ခုထပ်မံ ကျရောက်လာတာ ကို တွေ့ရမှာပါ
Disk space to use: အောက်မှာ မူလက 12 % ( 6132 MB ) ရှိရာမှ 3 % ( 1386 MB) သို့ လျှော့ချလိုက်ပါမယ်. ပြီးရင် Ok ပေးပါ..
၃။ Start Menu , Internet explorer ကို open ရပါမယ်
Menu bar မှ tools , Internet options ကို click ပါ
Delet files ကို ထပ်မံ click ပါမယ် alert box တက်လာပါမယ် ..
Delete all offline content ဆိုတဲ့ စာကြောင်းကို check ပေးပြီး Ok ပေးပါ
၎။ Delete files button ရဲ့ ညာဘက်ဘေးက settings ကို click ပါမယ်
Amount of disk space to use : စာကြောင်းအောက်က box ထဲမှာ မူလက 474 MB ပေးထားတာကို 50 MB လို့ ပြင်ရိုက်ပြီး OK ,OK………..
နောက်ဆုံးအဆင့်ကတော့ shift+delete နဲ့ ဖျက်မထား မိလို့ Recycle Bin ထဲက မလိုအပ်တဲ့ ဖိုင်တွေကို right click ထောက်ပြီး Empty Recycle Bin လုပ်ပါမယ် ပြီးပါပြီဗျာ My computer ထဲ က Disk C မှာ free space ဘယ်လောက်တိုးလာ သလဲဆိုတာ စစ်ဆေးကြည့်လိုက်ပါဦး………
အနှစ်ချုပ်ကတော့..
• Recycle Bin: Default 10 % dropped to 1%
• Hibernation:Default ON ( for notebooks) switched OFF
• Internet explorer: Default 474 MB dropped to 50 MB
• System Restore: Default 12% dropped to 1% (~ 1 GB)

windows 7 ကို USB ကနေ ၀င်းဒိုး တင်နည်း

windows 7 ကို USB ကနေ ၀င်းဒိုးတင်နိုင်အောင် ပြောခဲ့ပြီးပါပြီ။ လက်ရှိအသုံးများတဲ့ ၀င်းဒိုးသုံးခုမှာ USB က ၀င်းဒိုးတင်နိုင်ဖို့ အလွယ်ကူဆုံးက windows 7 ဖြစ်ပါတယ်။ application သီးသန့် ရှိပြီးသားဖြစ်လို့ CD burn သလိုပဲ၊ အဲဒီဆော့ဝဲလ် ကို သုံးပြီးတော့ USB drive မှာ burn လိုက်တာပဲ ဖြစ်ပါတယ်။ Vista မှာ ကျတော့ ဒါမျိုးမရတော့ဘူး။ 7 ထက်စာရင်တော့ နည်းနည်းခက်သွားတယ်။ ဒါပေမယ့် ပိုစိတ်ဝင်စားဖို့ ကောင်းတာက ဘာဆော့ဝဲလ်မှ သုံးစရာမလိုပဲ cmd command များကိုသာ အသုံးပြုပြီး bootable USB ဖြစ်အောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ မခက်ခဲပါဘူး။ အရမ်းကို ရိုးရှင်းပါတယ်။ windows 7 လို ready made မဟုတ်တဲ့အတွက်သာ သူ့ထက် ခက်ခဲတယ်လို့ သတ်မှတ်ပြီး၊ windows 7 အတွက် ရေးပြီးနောက်မှ Vista အတွက် ဆက်ရေးတာဖြစ်ပါတယ်။ ကျနော်ကတော့ အခုနည်းကို ပိုကျေနပ်ပါတယ်။ ကိုယ်တိုင်လုပ်ဆောင်ရတာဖြစ်သလို ဘာ application မှလည်း ထပ်မလိုဘူး။ အချိန်တိုင်းအတွက် အဆင်ပြေပါတယ်။
 windows ကို USB ကနေ တင်ဖို့ ကြိုးစားရတာက Netbook တွေပေါ်တာတဲ့ အတွက်ကြောင့်သာ ဖြစ်ပါတယ်။ (အလွယ်မှတ်ချင်ရင် CD/DVD စတဲ့ Optical drive မပါတာကို Netbook လို့ ခေါ်ပြီး၊ ပါတာကို Notebook လို့ ခေါ်ပါတယ်။ အခြားကွဲလွဲချက်တွေလည်း အများကြီးပေါ့။ အလွယ်တကူ ခွဲခြား မှတ်သားနိုင်အောင် ပြောပြတာပါ)။ အခု Vista ကို USB နဲ့ တင်လို့ရတဲ့ windows တစ်ခုရဖို့အတွက် DVD drive အသုံးပြုနိုင်တဲ့ ကွန်ပျူတာ တစ်လုံးလိုပါတယ်။ အဲဒီကွန်ပျူတာမှာ မိမိတင်ချင်တဲ့ windows Vista DVD ကို USB ထဲ bootable ဖြစ်အောင် ထည့်သွင်းပြီးမှ မိမိဝင်းဒိုးတင်ချင်တဲ့ စက်ဆီကို သွားရောက် အသုံးပြုတာဖြစ်ပါတယ်။ ပြီးအောင် ဖတ်ကြည့်လိုက်ပါ။ နားလည်သွားမှာပါ။ (cmd command တွေအကြောင်း ဘာမှမသိသေးသူများပါ နားလည်အောင် command တွေကို တစ်ဆင့်ချင်း ရိုက်ပြသွားပါ့မယ်။ မိမိရိုက်ပေးရမယ့် စာသားများကို အနီနဲ့ မျဉ်းသားပေးထားပြီး၊ ပေါ်လာတာတွေထဲက သတိပြုကြည့်ရှူရန် လိုတာများကို အ၀ါနဲ့ ၀ိုင်းပြထားပါတယ်။ တစ်ခုခု ရေးပြီးတိုင်းလည်း cmd မှ respond ပြန်လာပါတယ်။ အဲလိုပြန်လာတဲ့အထိစောင့်ပေးရမှာဖြစ်ပါတယ်)။
Run မှာ cmd လို့ ရိုက်ထည့်ပြီး Enter ခေါက်ပါ။ ပေါ်လာတဲ့ cmd box မှာ
diskpart လို့ ရိုက်ပြီး Enter ခေါက်ပါ။ အောက်မှာ ၀ိုင်းပြထားတဲ့အတိုင်း Diskpart>> ဆိုပြီး ပြန်ပေါ်လာတဲ့အထိ စောင့်ပေးပါ။

 list disk လို့ရိုက်ပါ။ (ဒီစာရေးပြီးတာနဲ့ enter ခေါက်ရမယ်ဆိုတာ အလိုလိုသိပြီးဖြစ်မှာပါ)။ ရေးပြီးရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း list ပေါ်လာတာကို စောင့်ပေးပါ။
 select disk 2 ဆိုပြီး ရိုက်လိုက်ပါတယ်။ 2 ဆိုတဲ့ ဂဏန်းက အပြောင်းအလဲ ရှိမှာပါ။ မိမိသုံးမယ့် flash drive က အခု disk နံပါတ် ဘယ်လောက်ဖြစ်နေလဲ ဆိုတာကို size ကိုကြည့်ပြီး သိနိုင်ပါတယ်။ ပုံမှာ ၀ိုင်းပြထားပါတယ်။ မိမိသုံးမယ့် flash drive က disk 1 ဖြစ်နေခဲ့ရင် select disk 1 လို့ ရေးပေးရမှာဖြစ်ပါတယ်။ မိမိသုံးမယ့် drive ကို select လုပ်ပေးတာပဲဖြစ်ပါတယ်။
clean လို့ ရိုက်လိုက်ပါ။ drive မှာ ရှိနေသမျှ data တွေကို ဖြတ်ပစ်ဖို့ ဖြစ်ပါတယ်။
create partition primary လို့ ရိုက်လိုက်ပါ။ drive ကို primary partition ဖြစ်အောင် ခွဲပေးဖို့ ဖြစ်ပါတယ်။
select partition 1 လို့ရိုက်ပါ။ ဒီမှာတော့ 1 က အပြောင်းအလဲ မရှိပါဘူး။ အပေါ်အဆင့်မှာ partition ကို တစ်ခုတည်းသာ ဖန်တီးလိုက်တာဖြစ်ပြီး၊ အဲဒီ partition ကိုပဲ select လုပ်ပေးပါတယ်။
active လို့ရိုက်ပါ။ (ကျနော်ပုံတွေမှာ ပြထားတဲ့အတိုင်း စာတွေ reply ပြန်ပြန်လာပါလိမ့်မယ်။ အခုပြထားတဲ့အတိုင်း တစ်ပုံစံတည်းတူနေမှာပါ)။
format fs=fat32 quick လို့ရိုက်ပါ။ ခုနက ရွေးချယ်ပြီး active ပေးလိုက်တဲ့ partition ကို fat32 type နဲ့ format အမြန်ချမှာဖြစ်ပါတယ်။ ၀ိုင်းပြထားတဲ့အတိုင်း 100 % complete ဖြစ်အောင် စောင့်ပေးပါ။ (quick ဆိုတာ ထည့်မရိုက်ရင်တော့ အကြာကြီးစောင့်ရလိမ့်မယ်)
assign လို့ရိုက်ပါ။ ရိုက်ပြီးတာနဲ့ USB drive ရဲ့ autorun တက်လာပါလိမ့်မယ်။ ပိတ်သာ ပိတ်ပေးလိုက်ပါ။ (ဖွင့်ကြည့်လည်းရပါတယ်။ format ချထားတာဖြစ်လို့ ဘာမှမရှိပါဘူး။ ဖွင့်ပြီး ထည့်ပေးစရာဘာမှ မလိုတဲ့အတွက် ပိတ်လိုက်ဖို့ပြောတာပါ)။

exit လို့ ရေးလိုက်ပါ။ Diskpart>> ဆိုတဲ့အထဲက လွတ်သွားပြီဖြစ်ပါတယ်။ အခု USB ကို ၀င်းဒိုး bootable လုပ်ပေးနိုင်တဲ့ primary partition ဖြစ်အောင် ပြုလုပ်ပြီးသွားပါပြီ။ နောက်တစ်ဆင့်အနေနဲ့ windows ခွေကို USB ထဲ ကူးထည့်ပါမယ်။ (iso ကို winrar နဲ့ ဖြည်ပြီး ဖိုင်အားလုံးကို ကူးထည့်ပေးလိုက်ရင်လည်း boot တက်ပါတယ်။ ဒါပေမယ့် ၀င်းဒိုးတင်တဲ့အခါ ဒုတိယအဆင့်ဖြစ်တဲ့ files extraction လုပ်တဲ့အခါမှာ error တက်တာမျိုး ကြုံရတတ်ပါတယ်)။ အဲဒါကြောင့် cmd ကနေ command ပေးပြီး copy လုပ်တဲ့နည်းကိုပဲ သုံးပါတယ်။ မိမိသုံးချင်တဲ့ windows Vista DVD ကို drive ထဲထည့်ပါ။ DVD drive ရဲ့ letter ကိုကြည့်ပါ။ (drive letter ဆိုတာက ၀င်းဒိုးတင်ထားတဲ့အပိုင်းဆိုရင် C:\ ။ အခြားအပိုင်းတွေဆို D, E စသဖြင့်ပေါ့။ မိမိ ခွေထည့်လိုက်တဲ့ Drive letter က ဘာလဲကြည့်ပါ)။ ၀င်းဒိုးထည့်မယ့် USB flash drive ကိုလည်း ဘာ letter လဲကြည့်ပါ။ ကျနော့်စက်မှာတော့ DVD drive က G ဖြစ်ပြီး၊ သုံးမယ့် flash drive က J ဖြစ်ပါတယ်။
( xcopy G:\*.* /s/e/f J:\ ) လို့ရိုက်လိုက်ပါတယ်။ xcopy ဆိုတာကို ရေးပြီး copy လုပ်ဖို့ ပြောလိုက်ပါတယ်။ space တစ်ချက် ခြားပါတယ်။ G ဆိုတာက DVD drive ရဲ့ letter ဖြစ်ပါတယ်။ မိမိ Drive letter အတိုင်း ပြောင်းရိုက်ပေးပါ။ drive တစ်ခုရဲ့ location ကို ညွှန်းတာဖြစ်လို့ G:\ လို့ရေးပါတယ်။ *.* ဆိုပြီး စတားရယ်၊ fullstop ရယ်၊ စတားရယ်ကို ဆက်ရေးပါတယ်။ space တစ်ချက်ခြားပြီး /s/e/f လို့ရေးပါတယ်။ space တစ်ချက် ထပ်ခြားပြီး flash drive ရဲ့ letter ကို ရေးပါတယ်။ ကျနော့်မှာက J ဖြစ်လို့  J:\ လို့ ရေးလိုက်တာပါ။
ပုံမှာ မြင်ရတဲ့အတိုင်း file တွေကို copy လုပ်နေတာကို တွေ့ရပါလိမ့်မယ်။ စောင့်ပေးပါ။
အခုပြထားတဲ့အတိုင်း ဖိုင်အရေအတွက် ပြလို့ copied ဆိုပြီး ပြောခဲ့ရင်တော့ copy ကူးလို့ ပြီးပြီ ဖြစ်ပါတယ်။ exit လို့ ထပ်ရိုက်ပြီး cmd ကို ပိတ်လိုက်နိုင်ပါတယ်။

(copy ကူးတဲ့ command ကို မရှင်းမှာ စိုးတဲ့အတွက် ထပ်ရှင်းပြပါ့မယ်။ အောက်က ပုံမှာ ပြထားတဲ့အတိုင်း မိမိရဲ့ DVD drive က R ဖြစ်ပြီး၊ flash drive က G ဖြစ်ခဲ့တယ် ဆိုပါစို့။ xcopy R:\*.* /s/e/f G:\
လို့ ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်)။
 
 ဒါဆိုရင်တော့ USB drive မှာ windows burn တာ ပြီးသွားပြီ ဖြစ်ပါတယ်။ DVD drive ရှိတဲ့ စက်မှာပဲဖြစ်ဖြစ်၊ မရှိတဲ့ စက်မှာပဲဖြစ်ဖြစ် ဒီ flash drive ကို သုံးပြီး windows Vista ကို install လုပ်နိုင်ပြီဖြစ်ပါတယ်။ လုပ်နည်းကတော့ အခုလိုလုပ်ပြီးတဲ့ flash drive ကို တင်ချင်တဲ့ ကွန်ပြူတာမှာထိုး၊ စက်ဖွင့်ပြီး boot menu ကို ခေါ်ပါ။ (boot menu ခေါ်ဖို့ shortcut key မပါတဲ့ (သို့) မသိတဲ့ စက်တွေက BIOS ထဲမှာ USB drive ကို first boot ဖြစ်အောင်ပြောင်းပေးပါ)။ ပြီးရင် boot ကို USB drive ကနေ ယူပေးလိုက်။ loading စလုပ်ပြီး windows installing အတွက် ပြင်ဆင်ပေးပါလိမ့်မယ်။ ကျန်တာအားလုံးကတော့ DVD က တင်တာနဲ့ တူတူပဲပေါ့။ သုံးတဲ့ stick ကသာ speed ကောင်းခဲ့ရင် ခွေနဲ့ တင်ထာထက်ကို မြန်ပါတယ်။ ကျနော့်ကို အဆင့်ကျော်ပြီး ရေးတယ်လို့ ပြောတဲ့လူများတဲ့အတွက် အတတ်နိုင်ဆုံး step by step ရေးပေးထားပါတယ်။ ဒီလောက်ဆိုရင် နားလည်မယ်လို့ ထင်ပါတယ်။ ၀င်းဒိုးတင်တတ်သူတွေ အနေနဲ့တော့ ဒီလောက်ဆိုရင် အဆင်ပြေသွားပါပြီ။

How to get US text free number

သင့်အနေနဲ့ မြန်မာနိုင်ငံကနေ နိုင်ငံခြားဖုန်းတွေဆီ SMS ပို့ဖို့ ဒါမှမဟုတ် နိုင်ငံခြားဖုန်းတွေဆီကနေ SMS အ၀င်လက်ခံဖို့အခက်အခဲဖြစ်နေပါသလား။

Internet တဆင့် US phone number ကိုအသုံးပြုပြီး အခမဲ့ messaging ပြုလုပ်နိုင်တဲ့ Service တစ်ခုအကြောင်း ပြောပြလိုပါတယ်။

ကဲ …
www.pinger.com/textfree ကိုသွားပြီး Signup လုပ်ရအောင်။

Username , Password နဲ့ သင့် email လိပ်စာကိုဖြည့် ၊

I agree to the Terms of Service and Privacy Policy ဆိုတာကို check လုပ် ၊

Security code ကိုမှန်အောင်ဖြည့်ပြီးရင် Create ကိုနှိပ်လိုက်ပါ။
နောက်တဆင့်မှာတော့ zip code တောင်းပါလိမ့်မယ်။ http://www.mongabay.com/igapo/ ကနေ သင်နှစ်သက်ရာ US zip code တစ်ခု ရှာပြီး ဖြည့်လိုက်ပါ။ နောက် Gender နဲ့ Age ကိုဖြည့်ပြီး Find ကိုနှိပ်။

ဒါဆိုရင် သင့်အတွက် US phone number ၁၀ ခုကို List လုပ်ပေးပါလိမ့်မယ်။ အဲဒီထဲကမှ သင်ကြိုက်တဲ့ နံပါတ်တစ်ခုကို ရွေးချယ်အသုံးပြုနိုင်ပါပြီ။
သင့်နံပါတ်ကို Option ကနေတဆင့် ပြန်လည်ကြည့်ရှုနိုင်ပါတယ်။
Google Account verification အတွက်လည်း ဒီဆားဗစ်ကို အသုံးပြုနိုင်ပါတယ်။ (country မှာ United States ကိုရွေးပေးရပါမယ်။ )

တစ်ခုသိထားရမှာက တစ်လအတွင်း Login မ၀င်ဖြစ်ခဲ့ရင် Signup လုပ်ခဲ့တဲ့ ဖုန်းနံပါတ်ကို အသုံးပြုလို့ရတော့မှာမဟုတ်ပဲ နောက်နံပါတ်တစ်ခုကို ပြန်လည်ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။

ကဲ .. သင့်စိတ်ကြိုက် US ဖုန်းနံပါတ်တွေ ရွေးချယ်အသုံးပြုကြရအောင် ...



အမေရိကန် ဖုန်းတစ်လုံး အခမဲ့ယူနည်း (အ၀င်သီးသန့်)

စာဖတ်သူမှာ ကွန်ပျူတာရှိမယ်၊ အင်တာနက်ရှိမယ်ဆိုရင်တော့ အမေရိကန် ဖုန်းတစ်လုံး အခမဲ့ပိုင်ဆိုင်နိုင်ပါပြီ။ စာဖတ်သူ အတွက် ကိုယ်ပိုင်သီးသန့် အမေရိကန်ဖုန်းနံပါတ်တစ်ခုကို အခမဲ့ ရရှိမှာပါ။ တကမ္ဘာလုံးကနေ ကိုယ့်ဆီကို ဖုန်းခေါ်နိုင်ပါလိမ့်မယ်။ သူငယ်ချင်းက ကိုယ့်ဖုန်းနံပါတ်ကို ခေါ်လိုက်တာနဲ့ ကိုယ့်ကွန်ပျူတာမှာ ဖုန်းမြည်သံ ထွက်လာပါလိမ့်မယ်။ နားကျပ်လေးနဲ့ ပြောရုံပါပဲ။

ဘယ်လိုလုပ်ရမလည်းဆိုတာ မရေးသေးခင် သဘောတရားကို အရင်ရှင်းပြပါရေစေ။ အင်တာနက်မှာ SIP Protocol ဆိုတာ ရှိပါသေးတယ်။ သူက အင်တာနက်ပေါ်မှာ အသံတွေ ကောင်းကောင်းမွန်မွန် ချောချောမောမော စီးဆင်းနိုင်အောင် အထူးပြုလုပ်ထားတဲ့ Protocol ဖြစ်ပါတယ်။ အဲဒီ SIP Protocol ကို အသုံးပြုထားတဲ့ Software တွေကို SIP Client လို့ ခေါ်ပါတယ်။ ဖုန်းခေါ်ဆိုနိုင်တဲ့ Software တွေ အားလုံးကိုတော့ SoftPhone (Software Phone) လို့ ခေါ်ပါတယ်။ အများသိတဲ့ Skype? Pfingo တို့ဟာလည်း SoftPhone တွေပါပဲ။ ဒါပေမဲ့ သူတို့က SIP Protocol ကို အသုံးပြုထားတာ မဟုတ်ပါဘူး။ SIP Protocol ကို အသုံးပြုတဲ့ Software တွေကို နမူနာပြောရရင် ExpressTalk တို့ XLite တို့ ဖြစ်ပါတယ်။ သူတို့ကို အတိုကောက်အနေနဲ့ SIP SoftPhone လို့ ခေါ်ပါတယ်။



ကိုယ့်ကွန်ပျူတာမှာ SIP Softphone တင်ပြီးသွားရင် SIP account တစ်ခုကို အခမဲ့ ရယူနိုင်ပါတယ်။ ကိုယ့်သူငယ်ချင်းဆီမှာလည်း SIP SoftPhone ရှိမယ်၊ SIP account ရှိမယ်ဆိုရင် သူနဲ့ကိုယ်နဲ့ ဖုန်းပြောလို့ရပါပြီ။ Gtalk နဲ့ တစ်ယောက်နဲ့တစ်ယောက် ဖုန်းပြောသလိုပါပဲ။ Gtalk ဆိုရင်လည်း သူ့ကွန်ပျူတာမှာ Gtalk တင်ထားမှ၊ သူ့မှာလည်း Gtalk account ရှိမှ၊ သူကလည်း Online ဖြစ်ဦးမှ၊ Connection ကလည်း ကောင်းဦးမှ ဖုန်းပြောလို့ ရသလိုပါပဲ။ SIP SoftPhone တွေဟာလည်း အဲဒီလိုပါပဲ။



SIP Phone တွေက အားနည်းချက်ကတော့ တစ်ယောက်နဲ့တစ်ယောက် ခေါ်ဆိုတဲ့အခါ username နဲ့သာ ခေါ်ဆိုခွင့် ရတာပါ။ အဲဒီလို username အစား ဖုန်းနံပါတ်တစ်ခု Free ပေးတဲ့ Service ကလည်း အွန်လိုင်းပေါ်မှာ ရှိနေပါပြီ။ တစ်နည်းအားဖြင့် username နဲ့ ဖုန်းနံပါတ်ကို တွဲပေးလိုက်တာပါပဲ။ နောက်ဆုံးတော့ ကိုယ့်အတွက် အမေရိကန် ဖုန်းနံပါတ်ရသွားမှာ ဖြစ်ပြီး အဲဒီဖုန်းနံပါတ်ကို တစ်ယောက်ယောက်က ခေါ်ဆိုလိုက်ရင် ကိုယ့်ကွန်ပျူတာမှာတင်ထားတဲ့ SIP SoftPhone က Alarm ပေးပါလိမ့်မယ်။ နားကျပ်လေးနဲ့ ဖုန်းပြောရုံပါပဲ။



ကဲ..စလိုက်ရအောင်။



၁။ www.callcentric.com ကိုသွားပြီး Sign Up လုပ်ပါ။ Sign Up လုပ်ပြီးသွားတဲ့အခါမှာ ကိုယ့် email ဆီကို Verification mail ပို့ပေးပါလိမ့်မယ်။ အဲဒီ verification mail မှာပါတဲ့ link ကို နှိပ်ပေးပါ။ သူက အချက်အလက်တွေ ထပ်တောင်းပါလိမ့်မယ်။ City, Zip code စသည်ဖြင့်ပါ။ U.S မှာရှိတဲ့ မြို့၊ State၊ Zip code စတာတွေကိုပဲ ထည့်ပေးပါ။ အားလုံးပြီးသွားရင်တော့ ကိုယ့်မှာ callcentric account တစ်ခု ရသွားပါလိမ့်မယ်။ Register လုပ်တုန်းက ပေးခဲ့တဲ့ username နဲ့ call centric က ထုတ်ပေးတဲ့ call centric number၊ call centric မှာ ဖော်ပြထားတဲ့ ကိုယ့်ရဲ့ IP တွေကို သေချာ မှတ်ထားပါဦး။



၂။ နောက်တစ်ဆင့်အနေနဲ့ phone.ipkall.com ကိုသွားပါ။ Register လုပ်လိုက်ပါ။ SIP username နဲ့ password မှာ အစောက callcentric မှာ ပေးခဲ့တဲ့ username နဲ့ password ကိုပဲ ထည့်ပေးပါ။ email မှာလည်း call centric က အတိုင်း ထည့်ပေးပါ။ hostname မှာတော့ callcentric.com လို့ ထည့်ပေးပါ။



၃။ Sign Up လုပ်ပြီးသွားတဲ့အခါမှာ IPKall ကနေ အီးမေးတစ်စောင် ပို့ပါလိမ့်မယ်။ အဲဒီ အီးမေးလ်ထဲမှာ Your IPKall phone number is ဆိုပြီး ပါပါလိမ့်မယ်။ အဲဒီဖုန်းနံပါတ်ဟာ အမေရိကန် ၀ါရှင်တန်ဒီစီ ဖုန်းနံပါတ်ဖြစ်ပါတယ်။ အဲဒီနံပါတ်ဟာ စာဖတ်သူအတွက် ကိုယ်ပိုင်သီးသန့် နံပါတ်တစ်ခု ဖြစ်ပါတယ်။ အဲဒီဖုန်းနံပါတ်ကို သူငယ်ချင်းဆီ ပေးလို့ရပါပြီ။



၎။ နောက်တစ်ဆင့်ကတော့ SIP SoftPhone ကို ကွန်ပျူတာမှာ ထည့်သွင်းဖို့ပါပဲ။ www.nch.com.au ကနေ Express Talk ကို download ဆွဲပြီး ကွန်ပျူတာမှာ install လုပ်လိုက်ပါ။



၅။ ExpressTalk ကို ဖွင့်လိုက်တဲ့အချိန်မှာ Wizard တစ်ခု ပေါ်လာပါလိမ့်မယ်။ Next တွေသာ နှိပ်သွားပါ။ SIP Setup ဆိုတဲ့ နေရာ ရောက်ရင်တော့ Yes, I already have a SIP account ကို ရွေးပြီး Next နှိပ်ပါ။ SIP Proxy မှာ in.callcentric.com ဆိုပြီး ထည့်ပါ။ SIP Number မှာ callcentric က ထုတ်ပေးထားတဲ့ number ကို ထည့်ပေးပါ။ password မှာလည်း callcentric တုန်းက ပေးခဲ့တဲ့ password ကိုပဲ ထည့်ပေးပါ။ ပြီးရင် OK နှိပ်လိုက်ပါ။



၆။ ExpressTalk က Server နဲ့ ချိတ်ဆတ်တာကို ခေတ္တစောင့်ပါ။ ပြီးဆုံးရင်တော့ ကိုယ့်ဖုန်းဟာ အ၀င် call လက်ခံဖို့ အဆင်သင့် ဖြစ်နေပါပြီ။

Repairing Memory Stick


Memory Stick တွေ လူသုံးများသလိုပဲ အပျက်လည်း များလှပါတယ်။ ကွန်ပျူတာက မသိတော့တာ၊ Format ချခိုင်းတာ၊ ဖိုင်တွေ ထပ်ထည့်လို့မရတော့တာ၊ Capacity အပြည့်မရတော့တာ စသည်ဖြင့် ပြဿနာတွေက စုံလှပါတယ်။ အခုတော့ Format ချခိုင်းတယ်၊ ဒါပေမဲ့ Format ချမရတဲ့ Memory Stick တစ်ချောင်းကို ပြုပြင်နည်းလေးကို ရေးသားပေးလိုက်ပါတယ်။

သဘောတရားကတော့ Format ချခိုင်းတယ်ဆိုတာက တနည်းအားဖြင့် File System မရှိလို့ပါပဲ။ Format ချလည်း မရတာကတော့ Partition Table က Corrupt ဖြစ်လို့ပါ။ အဲဒါကြောင့် Partition Table ဖျက်ပြီး အသစ်ပြန်ဆောက်၊ ပြီးတော့ File System ပြန်သတ်မှတ်လိုက်ရင် ပြန်ကောင်းသွားပါလိမ့်မယ်။ လိုအပ်တဲ့ Software ကတော့ နှစ်ခုတည်းပါ။Test Disk ရယ် Bootice ရယ်ပါ။
ပထမဆုံး Test Disk ကို Run ပါ။

No Log ကို Keyboard က Arrow Key နဲ့ ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ Hard Disk နဲ့ Memory Stick ရယ် ပေါ်လာပါလိမ့်မယ်။ Memory Stick ကို ရွေးပါ။ Enter ခေါက်ပါ။ နောက်ထပ် သူက Partition Table type ကို ရွေးခိုင်းပါလိမ့်မယ်။ Intel ကို ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ [Analyse] [Advanced] [Geometry] စသည်ဖြင့် ရွေးချယ်စရာတွေ ပေါ်လာပါလိမ့်မယ်။ အဲဒီထဲက [Delete] ကို ရွေးပြီး Enter ခေါက်ပါ။ Yes/No မေးရင် Y ကို နှိပ်ပြီး Enter ခေါက်ပါ။ ဒါဆိုရင် Memory Stick ရဲ့ Partition Table ကို ဖျက်ပြီး သွားပါပြီ။

ဒီထိဆိုရင် TestDisk ရဲ့အပိုင်း ပြီးသွားပါပြီ။ နောက်ထပ် Bootice ကို Run ပါ။
Perform Format ကို နှိပ်ပါ။ နောက်တစ်ဆင့် ပေါ်လာရင် USB-HDD mode (Single Partition) ကို ရွေးပါ။ Next ကို နှိပ်ပါ။ Dialog box ပေါ်လာရင် OK နှိပ်ပါ။ ဒါဆိုရင် Format စရိုက်ပါလိမ့်မယ်။
ရပါပြီ။ စာဖတ်သူရဲ့ Stick အပျက်ကလေး ပြန်ကောင်းသွားပါလိမ့်မယ်။

Download Bootice (100KB)

Download TestDisk (1.44MB)



Window System Services တွေကို လေ့လာမယ်



run box မှာ services.msc လို့ရိုက်ပြီး window system ရဲ့ services တွေအကြောင်းကို လေ့လာမှာ ဖြစ်ပါတယ်။



COM+ Event System

ဒါကတော့ System ပိုင်းမှာ သတင်းအချက်လက်တွေကို အကြောင်းကြားပေးတဲ့ service တစ်ခုဖြစ်တယ်။ သူ့ကိုပိတ်ထားမိမယ်ဆိုရင် logon & logoff အခြေအနေတွေမှာ window system ဆီကို သတင်းအချက် အ လက်တွေအကြောင်းကြားပေးနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ဒီ service က Automatic Start ဖြစ်နေသင့် တယ်။



Cryptographic Services

ဒါကတော့ database တွေကို စာရင်းပြုစုပေးတယ်၊ window ရဲ့ ပုံမှန် လုပ်ဆောင်တဲ့ file တွေကို အ တည်ပြုပေးတယ်၊ program အသစ်တွေ install လုပ်တဲ့နေရာမှာ အထောက်အပံပေးတယ်၊ window ရဲ့ root ဖိုင်ကို ကာကွယ်ပေးတယ်၊ ဒီ services က Automatic Start ဖြစ်နေသင့်တယ်။



DCOM Server Process Launcher

ဒါကတော့ COM+ Event System အပါအ၀င် network ပိုင်းဆိုင်ရာ service တွေနဲ့ တစ်ခုနှင့် တစ်ခု ချိတ်ဆက်ပြီး အထောက်အပံပေးထားတယ်။ သူ့ကို ပိတ်မယ်ဆိုရင် system registry ကနေပြင်ခြင်း ဖြင့်သာ ရနိုင်မယ်လို့ဆိုတယ်။ ဒီ services ကလည်း Automatic Start ဖြစ်နေသင့်ပါတယ်။



DHCP Client

ဒါကတော့ ကိုယ်သုံးနေတဲ့ ကွန်ပျုတာရဲ့ IP address & DNS records တွေကို မှတ်တမ်းတင် updates လုပ်ပေးတယ်။ ဒီ service ကိုပိတ်ထားမိရင် dynamic IP address နဲ့ DNS updates တွေ ကို ဆောင်ရွက်မပေးနိုင်တော့ဘူး။ ကိုယ့် ကွန်ပျုတာ system အတွက် static IP address တစ်ခုရှိ မယ်ဆိုရင်တော့ ပိတ်ထားနိုင်ပါတယ်။ ဒါပေမယ့် အင်တာနက်ချိတ်ဆက်တဲ့ နေရာမှာ အများ စုက DSL/calble ISP ရဲ့ DHCP ကိုသုံးကြတယ်။ အင်တာနက် ကွန်နရှင်က ကြာကြာအလုပ် မလုပ်နိုင်ပါ ဘူး။ ဒါကြောင့် ဒီ service ကလည်း Automatic Start ဖြစ်နေသင့်ပါတယ်။ အင်တာနက်မသုံးတဲ့ ကွန် ပျုတာဆိုရင်တော့ ပိတ်ထားချင်တယ်ဆိုရင် ပိတ်ထားနိုင်ပါတယ်။



DNS Client

ဒါကတော့ Domain Name System (DNS) နာမည်တွေနဲ့ register လုပ်ထားတဲ့ ကွန်ပျုတာရဲ့ နာမည်တွေအတွက် နောက်ကွယ်ကနေ ကူညီထောက်ပံပေးနေတဲ့ အထောက်အပံကောင်းဖြစ်တယ်။ ကွန်ပျုတာ လုံခြုံရေးအတွက် firewall ကို ဖွင့်ထားပြီး သုံးမယ်ဆိုရင် ဒီ service က disable ဖြစ်သွား နိုင်ပါတယ်။ အဲ့ဒါဆိုရင် DNS Server လက်ခံနိုင်မှုဟာ ကန့်သတ်သွားပါမယ်။ website တွေကြည့်ရ တာ အခက်အခဲဖြစ်သွားပါလိမ့်မယ်။ ကွန်ပျုတာက local network အတွင်းမှာ ချိတ်ဆက် အသုံးပြု လို့မရရင်တော့ DNS Client service ကို disabled လုပ်ထားနိုင်ပါတယ်။



Extensible Authentication Protocol

ဒါကတော့ network နဲ့ ပါတ်သတ်တဲ့ အလုပ်တွေကို ဆောင်ရွက်ပေးတဲ့ service ဖြစ်ပါတယ်။ သူ့နာမည်အတိုင်း EAP ကိုထောက်ပံပေးတယ်။နောက် wireless, VPN and Network Access Protection (NAP), application programming interfaces (APIs) တို့ကိုလည်း ထောက်ပံပေး တယ်။အထူးသဖြင့် wireless network အတွက်ဖြစ်ပါတယ်။ တကယ်လို့ ကွန်ပျုတာက wireless နဲ့ ပါတ်သတ်လို့ အသုံးမပြုဘူးဆိုရင်တော့ ပိတ်ထားချင်တယ်ဆိုရင် ပိတ်ထားလို့ရပါတယ်။



Group Policy Client

ဒါကတော့ ကွန်ပျုတာကို အသုံးပြုတဲ့ admin တစ်ယောက်က ကွန်ပျုတာရဲ့ setting တွေကို configure လုပ်ဖို့ရာ အထောက်အပံပေးထားတဲ့ service တစ်ခုဖြစ်ပါတယ်။ registry ကဲ့သို့ အသုံးပြု နိုင်ပြီး အသုံးပြုရ လွယ်ကူတဲ့အတွက် လူသုံးများတဲ့ service တစ်ခုဖြစ်ပါတယ်။ ဒီ service ကတော့ Auto Start ဖြစ်နေသင့်ပါတယ်။



Internet Connection Sharing (ICS)

ဒါကတော့ ကွန်ပျုတာ တစ်လုံးကနေ အခြား ကွန်ပျုတာတွေကို Internet connection share ပေးတဲ့အခါ ကူညီအထောက်အပံပေးတဲ့ service တစ်ခုပါ။ အသုံးလိုတဲ့ သူက On Demand (or) Manual လုပ်ထားနိုင်ပြီး အသုံးမလိုတဲ့သူက disable လုပ်ထားနိုင်ပါတယ်။



Net.Tcp Port Sharing Service

ဒါကတော့ net.tcp protocal ကိုကျော်ပြီး TCP ports ကို မျှဝေတဲ့ service ဖြစ်ပါတယ်။ Net. Tcp protocol ကိုသုံးပြီး TCP-ports ကို မျှဝေပေးနိုင်တယ်။ .NET Framework 3.0 နဲ့ အစိတ်အပိုင်းဖြစ် ခုဖြစ်တယ်။ ဒီ service ရဲ့ အသုံးပြုမှုက heavy ဖြစ်တယ်။ အင်တာနက်သုံးအတဲ့ TCP ports ကိုမျှဝေ သုံးစွဲမှု မလိုအပ်ဘူးဆိုရင် ပိတ်ထားချင်ရင် ပိတ်ထားနိုင်တယ်။ သူ့ကို disable လုပ်ထားရင် ကွန်ပျု တာရဲ့ System Performance ကို ကောင်းမွန်စေတယ်။



Network Access Protection Agent

ဒါကတော့ အင်တာနက်အပါအ၀င် network ချိတ်သုံးတဲ့ ကွန်ပျုတာရဲ့ security အတွက် စိတ်ချရ အောင် ကူညီထောက်ပံပေးတဲ့ service တစ်ခုဖြစ်တယ်။network connection ကို အသုံးမပြုတဲ့ ကွန် ပျုတာ ဆိုရင်တော့ disabled လုပ်ထားနိုင်ပါတယ်။ ပုံမှန်ကတော့ Auto Start ပါပဲ။



Network Connections

ဒါကတော့ အင်တာနက်အပါအ၀င် network နဲ့ပါတ်သတ်လို့ ကွန်ပျုတာကို သုံးနေတယ်ဆိုရင် run ထားရမယ့် service တစ်ခုပါ။ network ကို မသုံးဘူးဆိုရင် ပိတ်ထားလိုပါက ပိတ်ထားနိုင်ပါတယ်။



Network List Service

ဒါလည်း network connection နဲ့ အတူတူပါပဲ။



Network Location Awareness

ဒါလည်း network connection နဲ့ အတူတူပါပဲ။



Network Store Interface Service

ဒါလည်း network connection နဲ့အတူတူပါပဲ။Plug and Play

ဒါကတော့ တကယ်အသုံးဝင်တဲ့ service တစ်ခုပါ။ ကွန်ပျုတာရဲ့ hardware ပိုင်းဆိုင်ရာ ပြောင်းလဲမှု တိုင်းကို recognize and adapt အသိအမှတ်ပြု၊ အဆင်ပြေအောင် ညှိနှိုင်း ပြင်ဆင်ပေးနေတဲ့ service တစ်ခုပါ။ Automatic Start ဖြစ်နေရပါမယ်။



Portable Device Enumerator Service

ဒါကတော့ removable mass-storage devices တွေအတွက် အတည်ပြုပေးတဲ့ service တစ်ခုဖြစ်ပါ တယ်။ ဒီ service ကို ပိတ်ထားမယ်ဆိုရင်တော့ portable device တွေ တပ်ဆင်အသုံးပြုတဲ့အခါ အခက်အ ခဲဖြစ်နိုင်ပါတယ်။ Auto Start ဖြစ်နေသင့်ပါတယ်။



Print Spooler

ဒါကတော့ ကွန်ပျုတာမှာ install လုပ်ထားတဲ့ Printer drivers တွေနဲ့ တပ်ဆင်ထားတဲ့ printer တွေဖေါ်ထုတ်ပေးတဲ့ service တစ်ခုဖြစ်ပါတယ်။ ဒါကို ပိတ်ထားရင်တော့ printer driver install လုပ် ထားသည်ဖြစ်စေ printer ကိုတပ်ဆင်ထားသည်ဖြစ်စေ printer နေရာမှာဘာမှတွေ့မှာ မဟုတ် ပါ။ ပုံ မှန်အားဖြင့် Auto Start ဖြစ်နေသင့်ပါတယ်။



Remote Desktop Configuration

ဒါကတော့ ကွန်ပျုတာ တစ်လုံးကနေ တစ်လုံးက Desktop ကို ထိန်းချုပ် အသုံးပြုခြင်းကို ဆောင်ရွက် ပေးတဲ့ service ဖြစ်ပါတယ်။အသုံးမလိုက ပိတ်ထားနိုင်ပါတယ်။



Remote Procedure Call (RPC)

ဒါကတော့ အင်တာနက်အပါအ၀င် network နဲ့ ပါတ်သတ်တဲ့ service တွေ တစ်ခုနဲ့ တစ်ခုအထောက် အကူပြုပေးနေတဲ့ service တစ်ခုဖြစ်ပါတယ်။ network နဲ့ ပါတ်သတ်လို့ အသုံးပြုနေတဲ့ ကွန်ပျုတာ တစ်လုံးအနေနဲ့ Auto Start ဖြစ်နေသင့်ပါတယ်။



Remote Procedure Call (RPC) Locator

ဒါကလည်း Remote Procedure Call (RPC) နဲ့ အတူတူပါပဲ။



RPC Endpoint Mapper

ဒါကလည်း Remote Procedure Call (RPC) နဲ့ အတူတူပါပဲ။



Security Center

ဒါကတော့ network နဲ့ ပါတ်သတ်လို့ ကွန်ပျုတာလုံခြံရေးအတွက် Auto Start ဖြစ်နေသင့်တဲ့ service တစ်ခုပါ။



Server

ဒါကတော့ printer နဲ့ပါတ်သတ်လို့ အထောက်အကူပြုနေတဲ့အပြင် local အတွင် network ချိတ်ဆက် မှုမှာလည်း လိုအပ်တဲ့ service တစ်ခုဖြစ်ပြီး တခြား network နဲ့ ပါတ်သတ်တဲ့ service တွေနဲ့လည်း ချိတ်ဆက်နေတဲ့အတွက် Auto Start ပဲ ဖြစ်သင့်ပါတယ်။



Shell Hardware Detection

ဒါကတော့ hardware ပိုင်းနဲ့ ပါတ်သတ်အခြေအနေတွေကို auto play အနေနဲ့ဆောင်ရွက်ပေးနေတဲ့ service တစ်ခုဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ Auto Start ပဲထားပါတယ်။



Software Protection

ဒါကတော့ windows နဲ့ windows applications တွေအတွက် လိုင်စင်နံပါတ်တွေ အတည်ပြု install လုပ်ပေးတဲ့ service တစ်ခုပါ။ ဒီ service က Auto Start ဖြစ်နေရမည့်အပြင် ပိတ်မထားသင့်ပါဘူး။



System Event Notification

ဒါကတော့ window system ရဲ့ logon အခြေအနေ၊ network ၊ power အခြေအနေတွေကို ခြေရာခံ မှတ်သားတဲ့ service ဖြစ်ပါတယ်။ COM+ Event System နဲ့လည်း ပုံမှန် ဆက်စပ်တွဲဖတ်အလုပ်လုပ် နေပါတယ်။ ဒါကြောင့် ဒီ service ကလည်း Auto Start ဖြစ်နေသင့်ပါတယ်။



System Restore Service

ဒါကတော့ နာမည်အတိုင်းပါပဲ။ Window System ပိုင်းကို Restore လုပ်ထားပေးနိုင်တဲ့ service ပါ။ အကြောင်းတစ်ခုခုကြောင့် data တွေပျောက်သွားတာ၊ System ပိုင်းမှာ လုပ်ဆောင်ချက်တွေမှား ယွင်းပြီး ပြင်ဆင်မိတာတွေ ကို restore ပြန်လုပ်ပေးတဲ့ service တစ်ခုဖြစ်တာကြောင့် ကိုယ့် ကွန်ပျု တာက performance ကောင်းတယ်ဆိုရင် Auto Start ဖြစ်နေသင့်ပါတယ်။



Task Scheduler

ဒါကတော့ ကွန်ပျုတာမှာ အလုပ်ဆောင်နဲ့ သူလို service တွေနဲ့ program တွေရဲ့ လုပ်ဆောင်ချက် တွေကို အစီအစဉ်ရေးစွဲပေးတဲ့ service ဖြစ်ပါတယ်။ သူကလည်း ပိတ်မထားသင့်ပါဘူး။ Auto Start ဖြစ်နေရပါမယ်။



TCP/IP NetBIOS Helper

ဒါကတော့ ICP/IP ကို သုံးပြီး NetBIOS ကို ထောက်ပံ့ပေးတယ်။ network clients အတွက် NetBIOS names တွေခွင့်ပြုပေးတယ်။ တခြား network နဲ့ ပါတ်သတ်တဲ့ service တွေနဲ့လည်း ချိတ်ဆက်လုပ်ဆောင်နေတဲ့အတွက် network ကိုအသုံးပြုနေတဲ့ ကွန်ပျုတာ တစ်လုံးဆိုရင် Auto Start ပဲဖြစ်နေသင့်ပါတယ်။



Telephony

ဒါကတော့ LAN ကနေ အသုံးပြုထားတဲ့ local အတွင်းက ကွန်ပျုတာအတွက် IP based ကို ထိန်းချုပ် ပေးတဲ့ service ဖြစ်တယ်။ တခြား network နဲ့ ပါတ်သတ်တဲ့ service တွေနဲ့ ချိတ်ဆက်အလုပ်လုပ် နေသေးတယ်။ ပုံမှန်အားဖြင့် Auto ထားဖို့မလုပ်အပ်ပေမယ်။ ပိတ်မထားသင့်ဘူး။ Manual လောက် တော့ထားသင့်တယ်။



Terminal Services

ဒါကတော့ ကွန်ပျုတာမှာ multiple users တွေအသုံးပြုထားတဲ့အခါ ဆက်သွယ်ချိတ်ဆက်ခွင့်ပြုပေး တဲ့ service ပါ။ ကွန်ပျုတာက user account တွေ ခွဲထားမယ်ဆိုရင် ဒီ service ကိုပိတ်မထားသင့်ပါ ဘူး။ သူ့ကို ပိတ်ထားရင် Remote Desktop ကိုလည်းသုံးလို့မရတော့ပါဘူး။ ပုံမှန်အားဖြင့် Manual လောက်တော့ထားသင့်ပါတယ်။



Themes

ဒါကတော့ service နာမည်အတိုင်းပါပဲ။ ကွန်ပျုတာရဲ့ Themes တွေနဲ့ ပါတ်သတ်လို့ လောက်ဆောင် ပေးနေတဲ့ service ဖြစ်ပါတယ်။ပုံမှန်အားဖြင့် Auto Start ဖြစ်နေရပါမယ်။



Window Audio

ဒါကတော့ ကွန်ပျုတာရဲ့ အသံပိုင်းအတွက် ဆောင်ရွက်ပေးနေတဲ့ service ဖြစ်ပါတယ်။ သူ့ကိုပိတ် ထားမယ် ဆိုရင် အသံပိုင်းသုံးလို့မရတော့ပါဘူး။ ပုံမှန်အားဖြင့် Auto Start ဖြစ်နေသင့်ပါတယ်။



Window Firewall/Internet Connection Sharing (ICS)

ဒါကတော့ အင်တာနက် ကွန်နက်ရှင် မျှဝေသုံးစွဲမှုတွေနဲ့ အင်တာနက်ချိတ်ဆက်အသုံးပြုမှုတွေမှာ ကွန်ပျုတာအတွင်း လုံခြုံရေးအတွက် ကူညီထောက်ပံပေးနိုင်တဲ့ service တစ်ခုဖြစ်ပါတယ်။ network နဲ့ ပါတ်သတ်လို့ အသုံးပြုနေတဲ့ ကွန်ပျုတာဆိုရင် Auto Start ဖြစ်နေသင့်ပါတယ်။



Window Image Acquisition (WIA)

ဒါကတော့ Scanners နဲ့ Cameras တို့အတွက် image နဲ့ပါတ်သတ်လို့ကူညီထောက်ပံပေးတဲ့ service ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Auto Start ဖြစ်နေသင့်ပါတယ်။



Window Management Instrumentation

ဒါကတော့ operating system နဲ့ ပါတ်သတ်တဲ့ သတင်းအချက်အလက်တွေကို management လုပ် ပေးတာတွေကို လက်ခံပေးတဲ့ ကြားခံ service တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဒီ service က Auto Start ဖြစ်နေသင့်ပါတယ်။



Window Time

ဒါကတော့ ကွန်ပျုတာမှာရှိတဲ့ နာရီရဲ့ အချိန်အတိုင်းအတာကို ဆောင်ရွက်ပေးနေတဲ့ service ပါ။ သာ မန်အားဖြင့် မလိုအပ်ဘူးထင်ရပေမယ့်။ သူကလည်း တခြား service တွေနဲ့ ချိတ်ဆက်အလုပ်လုပ်နေ တဲ့အတွက် ပိတ်မထားသင့်ပါဘူး။



Wireless Zero Configuration

ဒါကတော့ service နာမည်အတိုင်းပါပဲ ကွန်ပျုတာရဲ့ wireless network နဲ့ ပါတ်သတ်တဲ့ service တစ်ခုပါ။ ကိုယ့် ကွန်ပျုတာက wireless network အသုံးပြုမှု/ မပြုမှုအပေါ် မူတည်ပြီး ပိတ်ထားခြင်း/ ဖွင့်ထားခြင်း စိတ်ကြိုက်လုပ်ဆောင်နိုင်ပါတယ်။



WMI Performance Adapter

ဒါကတော့ window performance နဲ့ပါတ်သတ်တဲ့ သတင်းအချက်အလတ်တွေကို WMI HiPerf ကနေ ထောင်ပံပေးနေတဲ့ service ပါ။ ပုံမှန်အားဖြင့်တော့ Auto Start ဖြစ်နေသင့်ပါတယ်။



Workstation

ဒါကတော့ client network ကနေ servers ဆီကို ထိန်းသိမ်းခြင်း အသစ်တည်ဆောက်ခြင်း စသည် တို့ကို ပြုလုပ်ဖို့ ဆက်သွယ်ပေးနေတဲ့ service တစ်ခုဖြစ်ပါတယ်။ network နဲ့ ပါတ်သတ်ပြီး သုံးနေတဲ့ ကွန်ပျုတာဆိုရင် Auto Start ဖြစ်နေသင့်ပါတယ်။



ကျန်တဲ့ service တွေလည်း ရှိပါသေးတယ်။


လက်ရှိ PW ကို သိသိ၊ မသိသိ ချိန်းမယ်

Password လုပ်ထားတဲ့ကွန်ပျူတာကို လက်ရှိ password ကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ပြောင်းလို့ရတဲ့
နည်းလမ်းတစ်ခုဖြစ်ပါတယ်။ဒါပေမယ့် ဒီနည်းလမ်းကိုသုံးပြီး သူများတွေစိတ်အနှောင့်အယှက်ဖြစ်တာမျိုးမလုပ်မိဖို့အရေး
ကြီးတယ်။ နည်းလမ်းဆိုတာသိထားရင်အားလုံးကောင်းတာပဲလေ။ ကောင်းတာ မကောင်းတာကိုယ်သာ ခွဲခြားသိရမှာပါ။ ကဲ..လွယ်ပါတယ်..

cmd နဲ့လုပ်မယ်ဗျာ...

ထုံးစံအတိုင်းပေါ့..

Start Menu > Run or Window logo + R ဖွင့်
Run Box တွင် cmd ပေါ့
အောက်က command line ကိုရိုက်ထည့်လိုက်ပါ
net user Meda 123456 ပြီတော့ Enter

( Meda ဆိုတဲ့နေရာမှာ မိမိချိန်းလိုတဲ့ ကွန်ပျူတာရဲ့ user name ကိုရိုက်ပါ Password ကတော့ ကြိုက်တာ
ကိုရိုက်)

ပြီးရင် cmd ကနေထွက်လိုက်ရုံပါပဲ exit> enter ကွန်ပျူတာကို log off ပေးပြီး ပြန်ဖွင့်ကြည့်ပါ password တောင်းရင် လက်ရှိပြောင်းလိုက်တဲ့ password
ကိုရိုက်ထည့် ပြီး၏

အဆင်ပြေပါစေ...

How To Use “SFC /Scannow” to Repair Protected Windows Operating System Files


ကျနော်တို့ ၀င်းဒိုးမှာ အသုံးတည့်တဲ့ command လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါတော့ sfc command ပါပဲ။ sfc command ဆိုတာ ပျက်ဆီးသွားတဲ့ window file system တွေကို ပြန်လည်အစား ထိုးပေးတဲ့ Command Prompt တစ်ခုဖြစ်ပါတယ်။ တစ်နည်းအားဖြင့် sfc command ကို System File Checker လို့လည်း ခေါ်ဆိုကြပါတယ်။ DLL.file အပါအ၀င် ၀င်းဒိုးဖိုင်မှန်သမျှကို sfc နဲ့ ကာကွယ်ပေးနိုင် တဲ့အကြောင့် ဒီ sfc command ဟာအရမ်းအသုံးအတည့်တဲ့ command tool တစ်ခုလို့ပြောလို့ရပါတယ်။

ကျနော်ဒီပို့စ်မှာ “sfc /scannow” ဆိုတဲ့ command နဲ့ မိမိကွန်ပျူတာမှာ ပျက်ဆီးသွားတဲ့ system file တွေကိုပြန်ပြီး repair လုပ်နိုင်တယ်ဆိုတဲ့သဘောကို အဓိကပြောချင်တာပါ။ sfc command နဲ့ parameter အဖြစ်တွဲပြီးအသုံးပြုနိုင်တဲ့ command တွေကတော့ အောက်ပါအတိုင်းလေ့လာနိုင်ပါတယ်…

sfc [/scannow] [/verifyonly] [/scanfile=file] [/verifyfile=file] [/offwindir=win] [/offbootdir=boot] [/?]

အထက်ပါ command များရဲ့ လုပ်ဆောင်ချက်တွေကို အောက်ပါရှင်းလင်းချက်ကို ဖတ်ပြီးသိနိုင်ပါတယ်…
/scannow = This option instructs sfc to scan all protected operating system files and repair as necessary.
/verifyonly = This sfc command option is the same as /scannow but without repairing.
/scanfile=file = This sfc option is the same as /scannow but the scan and repair is only for the specified file.
/offwindir=win = Used with other sfc options to define the Windows directory (win) when using sfc offline.
/offbootdir=boot = Similar to /offwindir, this sfc option is used to define the boot directory (boot).
[/?] = Use the help switch with the sfc command to show detailed help about the command's several options.

“Sfc /scannow” Command ကိုအသုံးပြုပြီး Operation System File တွေကို ကာကွယ်မယ်နည်း၊ ပြုပြင်နည်း

အကောင့်အမျိုးမျိုးရှိတဲ့စက်တွေကို Administrator Account ကနေ၀င်လိုက်ပါ။ scan ဖတ်တဲ့အချိန်ကတော့ ၁၀ မိနစ်လောက်ကြာမယ်။
(၁) ဒီနေရာမှာ မိမိ OS က XP ဖြစ်ခဲ့လျှင် CD / DVD Drive မှာ မိမိတင်ထားတဲ့ window cd / DVD ခွေကို အရင်ထည့်လိုက်ပါ။ ( Vista/ 7 မလို)

(၂) Start Menu> Run or Window + R နှိပ်

(၃) Run ဘောက်စ်တွင် sfc /scannow ဆိုတဲ့ command ကိုရိုက်ထည့်ပြီး Enter ခေါက်ပါ။ Enter ရိုက်ပြီး တာနဲ့ sfc က scan စစ်နေတာတွေ့ရမည်။ ( sfc နဲ့ / အကြားတွင် space bar တစ်ချက်ရိုက်ရမည်)။

(၄) scan စစ်တာ 100% complete ပြီးသွားလျှင် CMD.exe ကနေထွက်ပြီး ကွန်ပျူတာကို Restart လုပ်ပါ။

ဒါဆို “Sfc /scannow” Command ကိုအသုံးပြုပြီး Operation System File တွေကို Repair လုပ်နည်းက တော့ဒီလောက်ပါပဲ။

အားလုံးအဆင်ပြေပါစေ....


 

Blue Screen Error ဖြေရှင်းနည်း


ဒီနည်းကတော့ Blue screen ဖြေရှင်းနည်းတွေထဲက နောက်တစ်နည်း ဖြစ်ပါတယ်။ Blue screen တက်တက်လာလို့ စိတ်ညစ်နေတဲ့ သူငယ်ချင်းများအတွက် အထောက်အကူ ဖြစ်မယ်ထင်လို့ပါ။ Window XP, Vista & 7 တွေအတွက် အကုန်အသုံးပြုလို့ ရနိုင်ပါတယ်။ လက်တွေ့စမ်းသပ်ကြည့်ပြီးလို့ အဆင်ပြေသွားလို့ ဝေမျှလိုက်ပါတယ်။ အဆင်မပြေတာများ ရှိခဲ့ရင်တော့ ကျတော့်ရဲ့ အားနည်းချက်ပဲ ဖြစ်ပါလိမ့်မယ်။ အခု ကျတော်က Windows Vista နဲ့ လုပ်နည်းလေး တင်ပြပေးပါ့မယ်။ အောက်မှာ ဆက်လေ့လာကြည့်လိုက်ပါ။
လုပ်နည်း
1. Start menu >> Computer ကို Right Click ထောက်ပီး Properties ကို ၀င်လိုက်ပါ။

2. ကျလာတဲ့ Box ရဲ့ ဘယ်ဘက်နားလေးက advanced system setting ကို ၀င်လိုက်ပါ။
3. System Properties >> Advanced ထဲမှ အနီဝိုင်းပြထားတဲ့ Setting ကို ၀င်လိုက်ပါ။
4. System and Recovery ထဲမှ အနီရောင် ၀ိုင်းပြထားတဲ့ အောက်မှာရှိတဲ့ Automatically restart ကို အမှန်ခြစ်လေး ဖြုတ်ပေးလိုက်ပါ။ (ပုံမှာကြည့်ပါ)။ ပီးရင် OK ပေးလိုက်ပါ။
ဒါဆိုရင်တော့ ပုံမှန်တက်လာနေကျ Bluescreen ဆိုတာကြီး မတက်လာတော့ပါဘူး။