ကျွန်တော် ဘလော့ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ နှလုံးသားရဲ့ခံစားချက်လေးတွေကို ဖော်ပြမယ်ဆိုပြီး တည်ထောင်ဖြစ်ခဲ့တာပါ...။ ကဗျာလေးတွေကို ကိုယ်တိုင်ရေးဖြစ်တယ် ကျွန်တော်ကြိုက်နှစ်သက်တဲ့ ကဗျာတွေ၊စာသားတွေ တွေ့ခဲ့ရင်လည်းပြန်လည် ကူးယူဖော်ပြဖြစ်ခဲ့ပါတယ် နည်းပညာများကို မသိသေးတဲ့သူတွေနဲ့ အတူ ကျွန်တော်ကိုယ်တိုင်လည်း လေ့လာဖို့အတွက် ကျွန်တော်လေ့လာဖတ်ရှု့ခဲ့တဲ့ စာအုပ်တွေဆိုဒ်တွေကတဆင့် ကူးယူပြီး ပြန်လည်ဖော်ပြ ပေးထားတာပါ...။ ဒီဘလော့ကကျတော့်အတွက် မှတ်စုစာအုပ်လေးလို့ ပြောရင်လည်းမမှားနိုင်ပါဘူး...။ အကြင်နာမြို့တော် ဘလော့လေးသို့ လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေများအားလုံး ကျေးဇူးအထူးတင်ရှိပါကြောင်း ဒီနေရာလေးကနေ ပြောကြားလိုက်ရပါတယ်...။ ကျွန်တော့်ဘလော့လေးဆီသို့ ကဗျာများ၊ စာပေများ၊ ဗဟုသုတများ၊ နည်းပညာများ၊ သတင်းများ၊ စသဖြင့် ဖော်ပြပေးရန် ပေးပို့ လိုပါက ပေးပို့သူနာမည်နှင့်အတူ ဖော်ပြပေးသွားပါမည်။ အီးမေးပေးပို့လိုလျှင် akyinnarmyotaw@gmail.com (သို့မဟုတ်) akerheain@gmial.com သို့ ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ.....။ မိတ်ဆွေများအားလုံးကို လေးစားလျှက် အကြင်နာမြို့တော်.....။

ကုလားတွေရက်စက်ရုပ်မာတာကိုမြန်မာပြည်သူတွေခံနေရတဲ့အကြောင်း ကမ္ဘာသိအောင်ဘိုလိုရေးထားတယ်


I have wrote at my disgust about how apologists in the west would rather be complacent with letting a small percent of our people be targeted with no response back as to not offend all muslims. This is basically saying that those percent we lose are sacrificed to the appeasement of a destructive belief system for the feelings of the rest of the fools who support those radicals.

The Buddhists in Myanmar are a wonderful example to all infidels! When their people are attacked they respond as if it was an attack on each and every one of them! Buddhists in Myanmar are an example of true unity and love for each other! The response of Buddhists for the woman who was burned yesterday is against possessions of the muslims who are heavily guarded by military protection... yet many of the muslims also burn their own houses after taking out their valuables to add to their playing the victims.... And further retaliate against the Buddhists when it is the muslims who started this (as they continuously do) with violence by burning a Buddhist woman.

The UN and OIC constantly cry about human rights of the muslims, but the right to possessions is not close to the rights of Buddhists to not have their monks murdered, women raped, people attacked or set on fire! This woman's body that was burned is far more precious and sacred than any material worth! The fake journalists and apologist cowards want to blame the Buddhists for defending their right to exist... Well I want to thank Buddhists for protecting their beautiful culture and not standing by idly while any percent of their people are targeted! Very admirable and we support y'all! ~Rachael Salak

Infidel Nations

လူထု မောင်ကာဠု

မြန်မာ့စွယ်စုံဆင်အား ဗုဒ္ဓစွယ်တော် လှည့်လည်ရာတွင် အသုံးပြုရန် သီရိလင်္ကာသို့ လှူဒါန်း


သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ မြန်မာ့စွယ်စုံဆင် တစ်ကောင်အား သီရိလင်္ကာနိုင်ငံ၌ ဗုဒ္ဓစွယ်တော် လှည့်လည်ရာတွင် အသုံးပြုနိုင်ရန်အတွက် လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းပွဲကို မေ၂၈ ရက်နံနက် ၁၀ နာရီ အချိန်တွင် ရန်ကုန် တိရစ္ဆာန်ဥယျာဉ်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါ်သက်သက်ဇင်နှင့် သီရိလင်္ကာ ဒီမိုကရက်တစ် ဆိုရှယ်လစ် သမ္မတနိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး H.R. Piyasiri တို့မှ တက်ရောက်ခဲ့ကြသည်။
"သီရိလင်္ကာနိုင်ငံက ကန္နီမြို့ စွယ်တော်တိုက်မှာ တစ်နှစ်တစ်ကြိမ် စွယ်တော်လှည့်လည်ပွဲ လုပ်ပါတယ်။ အဲဒီအခါမှာ စွယ်တော်ကို ပင့်ဆောင်လှည့်လည်ရာမှာ စွယ်စုံဆင်တွေနဲ့ပဲ အသုံးပြုပါတယ်။ လက်ရှိစွယ်စုံဆင် တစ်ကောင်က သေသွားတဲ့အတွက် အခုလို မြန်မာနိုင်ငံဆီကနေ စွယ်စုံဆင် အလှူခံတာပါ။ ဒီဆင်ကို ဘာအလုပ်မှ မခိုင်းဘဲ စွယ်တော်လှည့်ဖို့ အတွက်ပဲ အသုံးပြုပြီး ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက် သွားမှာပါ။ သီရိလင်္ကာ နိုင်ငံဘက်ကနေလည်း အခြားတရိစ္ဆာန်တစ်ကောင် လက်ဆောင်ပြန်ပေးဖို့ အစီအစဉ် ရှိပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး၏ ကိုယ်ရေးအရာရှိဖြစ်သူ ဒေါ်သန်းသန်းဇော်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ လှူဒါန်းသော အောင်လင်းဦးအမည်ရှိ စွယ်စုံဆင်မှာ အသက်ခြောက်နှစ်အရွယ်ရှိပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ သာယာဝတီ သစ်ထုတ်လုပ်ရေး ဒေသရှိ မြိုင်ဟေ၀န် ဆင်စခန်းမှဖြစ်ကြောင်း သိရသည်။
"မြန်မာနိုင်ငံမှာက စွယ်စုံဆင်တွေ မရှားပေမယ့် သီရိလကာင်္နိုင်ငံမှာက စွယ်စုံဆင် ရှားတဲ့အတွက် အခုလို လှူဒါန်းတာပါ။ စွယ်စုံဆင်ဆိုတာ အစွယ်နှစ်စုံက ရှေ့ဘက်ကို ရှည်ထွက်နေတဲ့ဆင်ကို ခေါ်တာပါ။ ဒီဆင်ကို လေးနှစ်သားကစပြီး ယဉ်ပါးအောင် သင်ကြားပေးထားပါတယ်" ဟု အဆိုပါဆင်အား လေ့ကျင့်ထိန်းကျောင်းပေးသူ သာယာဝတီ၊ မြိုင်ဟေ၀န်ဆင်စခန်းမှ ကိုထွန်းထွန်းဝင်းက ပြောကြားသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန အနေဖြင့် ၂၀၀၆ ခုနှစ်တွင် ပထမအကြိမ်အဖြစ် စွယ်စုံနှစ်ကောင်အား သီရိလင်္ကာနိုင်ငံ ကန္နီမြို့ စွယ်တော်တိုက်သို့လည်ကောင်း၊ ၂၀၀၉ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ကိုလံဘိုမြို့၊ မဟာရာဇာဓိဟာရ၊ ကိုတေးဘုန်းတော်ကြီး ကျောင်းတိုက်သို့လည်းကောင်း လှူဒါန်းခဲ့ကြောင်းသိရသည်။


မြန်မာ Network Technician အများစုအနေနဲ့ WAN


မြန်မာ Network Technician အများစုအနေနဲ့ WAN အပိုင်းမှာ Theory အရရေ၊ လက်တွေ့မှာပါ အားနည်းတက်ကြပါတယ်။ ဒါပေမယ့် အားမငယ်ပါနဲ့.. လူတိုင်း မွေးကတည်းက ဘာမှ မတက်ပါဘူး။ လေ့လာအားကောင်းရင် သူများထက်တော့ ထူးနေမှာပါ။ "သီအိုရီလေ့လာပြီးမှ လက်တွေ့လုပ်ပါ" ဆိုတဲ့ ဆောင်ပုဒ်ကိုလဲ မမေ့လိုက်ပါနဲ့။ အချိန်ဆယ့်ငါးမိနစ်လောက်ပဲပေးပြီး အောက်ကလင့်မှာ WAN Introduction လေးကို ဖတ်ကြည့်ပါ။ တချိန်ချိန် တနေရာရာမှာ အသုံးဝင်လာမယ့် Knowledge မို့လို့ လေ့လာကြည့်ပါ။
http://docwiki.cisco.com/wiki/Introduction_to_WAN_Technologies

လမ်းလျှောက်တက်ပြီးမှ ပြေးပါ။
Detail သိလိုပါက
http://docwiki.cisco.com/wiki/Frame_Relay
http://docwiki.cisco.com/wiki/High-Speed_Serial_Interface
http://docwiki.cisco.com/wiki/Point-to-Point_Protocol
http://docwiki.cisco.com/wiki/Switched_Multimegabit_Data_Service
http://docwiki.cisco.com/wiki/Synchronous_Data_Link_Control_and_Derivatives
http://docwiki.cisco.com/wiki/X.25
http://docwiki.cisco.com/wiki/Digital_Subscriber_Line

Driver Magician

Windows တင်ပြီး Driver ကြောင့်စိတ်ညစ်နေကျသူများအတွက် ကြိုတင်ပြီး Backup လုပ်ထားနိုင်အောင် Driver Magician ဆိုတဲ့ Full Version Software လေးပါ။






Software လေးကို ဒီမှာ ဒေါင်းပါ

RAR Passwrod:   aungminthu


ဂေါတမ မြတ်စွားဘုရားရှင် ဗျာဒိတ်တော်ခံခဲ့ရသော ဘုရားရှင် ၂၄ ဆူတော်


(၁) ဒီပင်္ကရာ ဘုရားရှင်

(၂) ကောဏ္ဍည ဘုရားရှင်

(၃) မင်္ဂလ ဘုရားရှင်

(၄) သုမန ဘုရားရှင်

(၅) ရေ၀တ ဘုရားရှင်

(၆) သောဘိတ ဘုရားရှင်

(၇) အနောမဒဿီ ဘုရားရှင်

(၈) ပဒုမ ဘုရားရှင်

(၉) နာရဒ ဘုရားရှင်

(၁၀) ပဒုမုတ္တရ ဘုရားရှင်

(၁၁) သုမေဓာ ဘုရားရှင်

(၁၂) သုဇာတာ ဘုရားရှင်

(၁၃) ပီယဒဿီ ဘုရားရှင်

(၁၄) ဓမ္မဒဿီ ဘုရားရှင်

(၁၅) အတ္ထဒဿီ ဘုရားရှင်

(၁၆) သိဒ္ဓတ္ထ ဘုရားရှင်

(၁၇) တိဿ ဘုရားရှင်

(၁၈) ဖုဿ ဘုရားရှင်

(၁၉) ၀ိပဿီ ဘုရားရှင်

(၂၀) သိခီ ဘုရားရှင်

(၂၁) ဝေဿဘူ ဘုရားရှင်

(၂၂) ကကုသန္ဓ ဘုရားရှင်

(၂၃) ကောနာဂမဏ ဘုရားရှင်

(၂၄) ကဿပ ဘုရားရှင် တို့ ဖြစ်ပါသည်။
.

ဆရာတော် အရှင်စန္ဒိမာ ၏ ဓမ္မပဒ၀တ္ထုပထမတွဲ

ရွေးချယ်ခွင့်နဲ့ ရပိုင်ခွင့်

ဗုဒ္ဓဘာသာဟာ တကယ်တော့ ရွေးချယ်ပိုင်ခွင့်ရှိတဲ့ ဘာသာပါ။ ပြီးတော့ အဲဒီ ရွေးချယ်မှုကိုလည်း ကိုယ်ကိုယ်တိုင်ပဲ ရယူခံစားနိုင်တာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာ အမိန့်ပေးပြီး ပြဋ္ဌာန်းသတ်မှတ်ထားတာ မရှိပါဘူး။ ကြောင်းကျိုး ဆက်စပ်ပြထားတာပဲ ရှိပါတယ်။ ဘုရားရှင် ကိုယ်တိုင်လည်း ဘာလုပ်ပေးမယ်၊ ဘယ်လိုကယ်တင်ပေးမယ်၊ ဘယ်လို ဖန်တီးပေးမယ်ဆိုတဲ့ ကယ်တင်ရှင်မျိုး မဟုတ်ဘဲ ဒီလိုလမ်းမျိုးရှိတယ်၊ ဒါကိုရွေးချယ်ရင် ဒီလိုဆိုးကျိုးရှိပြီး ဒါကို ရွေးချယ်ရင်တော့ ဒီလိုကောင်းကျိုးတွေ ရနိုင်တယ်ဆိုတဲ့ မှန်ကန်တဲ့ လမ်းကိုညွန်ပြပေးတော်မူတဲ့ လမ်းညွန်ပဲ ဖြစ်ပါတယ်။ လမ်းညွန်မှုကို ခံယူပြီး ရွေးချယ်မှု အပိုင်းကတော့ ကိုယ်ရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။ အဲဒီလို ဆုံးဖြတ်ချက်နဲ့ ရွေးချယ်ပြီးရင်လည်း ဒီသက်ရောက်မှုကတော့ ကိုယ့်ထံကိုပဲ ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ဒါကလည်း ဘယ်သူကမှ ပြဋ္ဌာန်းသတ်မှတ်ပေးလို့ မဟုတ်ဘဲ ကိုယ်ကိုယ်တိုင်ရဲ့ ရွေးချယ်မှုကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရွေးချယ်မှုဟာ သိပ်ကို အရေးကြီးတယ်လို့ ဆိုတာဖြစ်ပါတယ်။

ဒီလိုရွေးချယ်မှုဟာ အရေးကြီးတဲ့အတွက် ရွေးချယ်မှု မှန်ကန်ဖို့လည်း လိုလာပြန်ပါတယ်။ ရွေးချယ်မှုမှန်ကန်ဖို့အတွက် အမှန်ကို မြင်တတ်ဖို့လည်း လိုလာပြန်ပါတယ်။ အဲဒါကို ဗုဒ္ဓဘာသာမှာတော့ သမ္မာဒိဋ္ဌိလို့ ခေါ်ပါတယ်။ မှန်ကန်တဲ့ အမြင်ရှိဖို့အတွက် ပညာရှိဖို့လည်း လိုပါတယ်။ အဲဒီပညာက သစ္စာကို သိနိုင်တဲ့ ပညာပဲ ဖြစ်ပါတယ်။ ဒါကို မြတ်ဗုဒ္ဓက ဆင်းရဲကြောင်း အမှန်တရားကို သိနိုင်တဲ့ ပညာ၊ ဆင်းရဲဖြစ်ကြောင်း အမှန်တရားကို သိနိုင်တဲ့ ပညာ၊ ဆင်းရဲ ချုပ်ရာ အမှန်တရားကို သိနိုင်တဲ့ ပညာနဲ့ ဆင်းရဲချုပ်ရာသို့ သွားရာလမ်းမှန်ကို သိနိုင်တဲ့ ပညာလို့ ညွန်ပြတော်မူပါတယ်။ ဒီလို ပညာမျိုးရှိမှပဲ စစ်မှန်တဲ့ အမြင်မှန်မှုလို့ ဆိုနိုင်တာ ဖြစ်ပါတယ်။ ဒီအမြင်ဟာ ရွေးချယ်မှုအတွက် အရေးကြီးဆုံးနဲ့ အခြေခံအကျဆုံးပဲ ဖြစ်ပါတယ်။
နောက် ရွေးချယ်မှုအပိုင်းမှာ အရေးကြီးတဲ့ အချက်တစ်ခုက ကိုယ့်ရဲ့အလုပ်တွေမှာ တာဝန်ယူနိုင်မှုပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အကောင်းအဆိုး အလုပ်တွေဟာ ကိုယ့်ရဲ့ ပုံဖော်မှုပဲဆိုတဲ့ အချက်ဖြစ်ပါတယ်။ စာလိုပြောတော့ ကမ္မဿကတာ သမ္မာဒိဋ္ဌိပါပဲ။ ကံသာလျှင် မိမိရဲ့ ကိုယ်ပိုင်ဖြစ်တယ်လို့ အမှန်အတိုင်း မြင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီစကားရပ်က ကိုယ်လုပ်တဲ့ အလုပ်၊ ကိုယ်ရွေးချယ်တဲ့ ရွေးချယ်မှုတွေဟာ ကိုယ်အပေါ်မှာပဲ သက်ရောက်စေပြီး အကောင်းအဆိုး ခံစားမှုကို ဖြစ်စေကြောင်း ဖော်ညွန်းချက် တစ်ခုပဲ ဖြစ်ပါတယ်။ ကိုရွေးချယ်ပြီးလုပ်တဲ့ အလုပ်ဟာ မှားရင်လည်း အဲဒီအမှားရဲ့ သက်ရောက်မှု၊ မှန်ရင်လည်း အဲဒီအမှန်ရဲ့ သက်ရောက်မှုကို ကိုယ်ကိုယ်တိုင်ပဲ ရပိုင်ခံစားခွင့် ရှိတဲ့သဘောမျိုးပဲ ဖြစ်ပါတယ်။

ဆိုတော့ကား ဗုဒ္ဓဘာသာ ရှုထောင့်က ပြောရင် သတ္တဝါတိုင်းဟာ လွတ်လပ်တဲ့ ရွေးချယ်ပိုင်ခွင့်ရှိပြီး အဲဒီ ရွေးချယ်မှုရဲ့ သက်ရောက်မှုကိုလည်း ကိုယ်ကိုယ်တိုင် ရရှိခံစားနိုင်တာ ဖြစ်တဲ့အတွက် အကောင်းရွေးမလား၊ အဆိုးရွေးမလား ဆိုတာဟာ ကိုယ့်အပေါ်မှာပဲ မူတည်နေတော့တာ ဖြစ်ပါတယ်။ အဲ ရွေးချယ်ပြီးရင်လည်း တာဝန်ယူမှုကို ကိုယ်ကပဲ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဘာရွေးပြီး ဘာယူမယ်ဆိုတာကို သိဖို့အတွက် ပညာကို အသုံးချရင်း အမှန်ရွေးပြီး အမှန်ယူနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ အရွေးမှားရင် နိဗ္ဗာန်ကနေ အဝေးသွားတတ်ပြီး အရွေးမှန်မှ နိဗ္ဗာန်ကို မနှေးအမြန် နီးစေနိုင်မှာ ဖြစ်တဲ့အတွက် မှန်ကန်တဲ့ ရွေးချယ်မှုနဲ့ မှန်ကန်တဲ့ ရယူမှုကို အမှန်အသိ ဉာဏ်နဲ့ညှိကြဖို့ပဲ ဖြစ်ပါတယ်။------------------------------------------------
စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)

(မနာပဒါယီ)ဆိုဒ်မှတဆင့်ကူးယူတင်ပြဓမ္မဒါနပြုပါသည်

လင်မယားနှစ်ယောက်ကိုအုတ်ခဲနဲ့ထုတဲ့ ပုသိမ်ကဗိုလ်ကြီး

နေအိမ်ရှေ့မှာ ကားရပ်လို့ဆိုပြီးတော့ ပုသိမ်မြို့အခြေစိုက် လေတပ်စခန်းက ဗိုလ်ကြီး ဖြိုးပြည့်အောင်က ကားပိုင်ရှင်လင်မယားကို ပါးရိုက်၊
ထိုးကြိတ်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် ပုသိမ်မြို့ ဘူတာဈေးအနီးမှာ ဒီကနေ့ ရုတ်ရုတ်သည်းသည်း ဖြစ်ပွားခဲ့ပါတယ်။

ပုသိမ်မြို့ ဗွက်ကြီးတန်းလမ်းထဲမှာ ဖွင့်ထားတဲ့ “မျိုး” စားသောက်ဆိုင်ပိုင်ရှင် ဦးမျိုးဝေဟာ ဒီနေ့မနက် ၈ နာရီလောက်က သူ့ဇနီးနဲ့အတူ ဘူတာဈေး (အောင်ဧရာဈေး) ကို ဈေးဝယ်ဖို့ ရောက်လာခဲ့ပါတယ်။

ဦးမျိုးဝေဟာ ဘူတာဈေးနားရောက်တော့ ဒေါက်တာ အောင်ငြိမ်းရဲ့နေအိမ်ရှေ့ ကားလမ်းဘေးမှာ ကားကိုရပ်ခဲ့ပါတယ်။ နေအိမ်နဲ့ ကားရပ်ထားတဲ့နေရာဟာ အနည်းဆုံး ပေ ၂၀ လောက် အကွာအဝေး ရှိတယ်လို့ ဦးမျိုးဝေက ဧရာဝတီကိုပြောပါတယ်။


“ကျနော်က ဈေးလာဝယ်တာ လမ်းဘေးမှာပဲ ကားရပ်လိုက်တယ်။
၁၀ မိနစ်လောက် နေတော့ အဲဒီအိမ်ထဲကနေ ဆိုင်ကယ်နဲ့ကောင်လေးတယောက် ထွက်လာတယ်။ အစ်ကို ကားရွှေ့ပေးပါတဲ့။ မင်းဆိုင်ကယ်ထုတ်ဖို့ကို အစ်ကို့ကားက အလွတ်ကြီးပါကွာလို့ ပြောတော့ သူက မဟုတ်ဘူး ကားရွှေ့ပေးပါလို့ပဲ ပြောတယ်”

“အဲဒီမှာကျနော်က တကယ်လို့ မင်းကားနဲ့ ထွက်တာ မလွတ်ဘူးဆိုရင် ဖယ်ပေးမယ်လို့ ပြောတော့ သူ့ဆိုင်ကယ်ကို ပြန်သွင်းသွားပြီးတော့ ခြံတံခါးကို ဖွင့်လိုက်တယ်။ ပြီးတော့ ကျနော့်ဆီပြန်လာတယ်။ ကျနော့်ကားထွက်မယ် ခင်ဗျားဖယ်လိုက်တော့လို့ပြောတယ်။ မင်းကားမှ ထွက်မလာသေးဘဲ၊
မင်းကားထွက်လာရင် အလွတ်ကြီးရှိပေမယ့် ငါဖယ်ပေးမှာပါလို့ပြောရော သူက ဆဲပြီးတော့ ပါးကို ၁ ချက် စရိုက်တယ်”
“ပါးကိုရိုက်ပြီး သူတို့အိမ်ရှေ့မှာ စိုက်ထားတဲ့အပင်အောက်က အုတ်နီခဲတွေ သွားယူတယ်။ ကျနော်လည်း ကားပေါ်ကဆင်းလိုက်တော့ အုတ်နီခဲနဲ့ ၂ ချက် ပစ်တယ်။ ပထမ ၁ ချက်ပစ်တာ
ရှောင်လိုက်တော့ လွတ်သွားပြီးတော့မှ နောက် ၁ ချက် ထပ်ပစ်တော့ မလွတ်တော့ဘူး။ ခေါင်းကိုထိပြီး မူးလဲသွားတယ်။ အဲဒီမှာ ခြေထောက် ၂ ချောင်းကို ဆွဲထားပြီးတော့ ရင်ဘတ်ကို တက်နင်းတယ်။ ကန်တာတွေလုပ်တယ်” လို့ ရိုက်နှက်ခံခဲ့ရတဲ့ ဦးမျိုးဝေက ပြောပါတယ်။

ခင်ပွန်းဖြစ်သူကို ထိုးကြိတ် ကန်ကြောက်နေလို့ ဦးမျိုးဝေရဲ့ဇနီး ဒေါ်သူဇာက ၀င်ရောက်တားဆီးခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ကြီး ဖြိုးပြည့်အောင်က ဒေါ်သူဇာကိုပါ အုတ်နီခဲနဲ့ပေါက်၊ ဗိုက်ကို ခြေထောက်နဲ့ ကန်တာတွေ လုပ်ခဲ့တယ်၊ ဗိုလ်ကြီး ဖြိုးပြည့်အောင်ရဲ့ဖခင် ဒေါက်တာ အောင်ငြိမ်းကလည်း သံပိုက်လုံးနဲ့ ၀င်ရိုက်ခဲ့တယ်လို့ ဈေးအနီးမှာနေထိုင်တဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ဒီလိုရိုက်နှက်နေတာကို ဈေးသွားဈေးလာတွေနဲ့ ဈေးသည် ၃၀၀ လောက်က ၀ိုင်းအုံ ကြည့်ရှုနေကြပါတယ်။

“ကျမတို့က ၀င်မဆွဲရဲဘူး။ ၀င်ဆွဲရင် ကိုယ်ပါ အရိုက်ခံရနိုင်တယ်။ ဈေးနားက လူတယောက် ၀င်ဆွဲတာတောင် သူ့ကိုရန်ပြုမယ်လုပ်လို့ မဆွဲတော့ဘဲ ပြန်သွားတယ်”လို့ ဈေးသည်အဒေါ်ကြီးတဦးက ပြောပါတယ်။

ဗိုလ်ကြီးတို့သားအဖရဲ့ လက်ချက်ကြောင့် ဦးမျိုးဝေနဲ့ ဇနီး ဒေါ်ခင်သူဇာတို့မှာ ဒဏ်ရာအသီးသီးရခဲ့ပြီး ပုသိမ်ဆေးရုံမှာ အတွင်းလူနာအဖြစ်နဲ့ တက်ရောက်ကုသနေရကြောင်း သိရပါတယ်။

ရိုက်နှက်ခံရသူတွေရဲ့ တိုင်တန်းမှုကြောင့် ဒေါက်တာ အောင်ငြိမ်းနဲ့ ဗိုလ်ကြီး ဖြိုးပြည့်အောင်တို့ကို ပုသိမ်မြို့ အသည်ကြီးရဲစခန်းက ပြစ်မှုအမှတ် (၉၉/၂၀၁၃)
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄ (ညစ်ညမ်းစွာဆဲဆိုမှု)၊
၃၂၅ (နာကျင်ဒဏ်ရာရအောင် လက်ရောက်ကျူးလွန်မှု) နဲ့
၃၅၄ (ကာယအိနြေ္ဒပျက်စီးသည်အထိ လက်ရောက်မှု) တို့နဲ့ အမှုဖွင်အရေးယူထားကြောင်း သိရပါတယ်။

သားအဖ ၂ ဦးကို ရဲက ကိုယ်ပိုင်ခံဝန်ချက်နဲ့ ပြန်လွှတ်ပေးထားတယ်၊ သူတို့အိမ်နားမှာတော့ ရဲတပ်သားတွေ လုံခြုံရေးယူကာ စောင့်ကြပ်နေကြောင်း သိရပါတယ်။

ရိုက်နှက်ခံရသူတိုရဲ့ ဆွေမျိုးတွေကတော့ အခုကိစ္စကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဥပဒေအရ ထိထိရောက်ရောက် အရေးယူပေးစေလိုကြောင်း ပြောပါတယ်။

ပုသိမ်လေတပ်စခန်းဌာနချုပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ကြီး ဖြိုးပြည့်အောင်ဟာ အသက် ၂၇ နှစ်ရှိပြီး ကိုယ်ပိုင်အမှတ် (လေ - ၃၂၆၂) ဖြစ်ကြောင်း သိရပါတယ်။

ဗိုလ်ကြီး ဖြိုးပြည့်အောင်က အရင်တုန်းကလည်း သူ့အိမ်ရှေ့မှာ ဆိုင်ကယ်ရပ်တဲ့လူ၊ ဈေးရောင်းတဲ့လူတွေကို ရန်စ စော်ကားရိုက်နှက်တဲ့လုပ်ရပ်တွေ ကျူးလွန်တာ ၄ ကြိမ် ရှိပြီလို့ ဘူတာဈေးက ဈေးသည်တွေက ပြောပါတယ်။

“သူတို့အိမ်ရှေ့မှာ ဈေးသည်က သခွားသီးတွေခင်းရောင်းနေတာကို ကားနဲ့တက်ကြိတ်ပစ်တယ်။ အဲဒါနဲ့ ဈေးသည်က သူ့ပစ္စည်းတွေသိမ်းနေတုန်း ပြန်ရောက်လာပြီး မြန်မြန်မဖယ်ဘူးလား လူပါတက်ကြိတ်ပစ်လိုက်ရမလား ဆိုပြီး ပြောတယ်။
အဲဒီလို ဥပဒေမဲ့ရမ်းကားနေတဲ့လူတွေကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူစေချင်ပါတယ်”လို့ ဘူတာဈေးက ကုန်စိမ်းရောင်းသူဈေးသည်တဦးက ပြောပါတယ်။

ပညာရေးစနစ်ကိုအခမဲ့ပညာရေးဝါဒသို့ပြောင်းလဲသွားရန်လိုအပ်

မေလ ၂၄ ရက် ၂၀၁၃

ပညာရေးပြုပြင်ပြောင်းလဲ မှုနိုင်ငံလုံးဆိုင်ရာ ကွန်ရက်ကကြီး မှူးကျင်းပသည့် ဒေသဆိုင်ရာ ပညာရေးဆွေးနွေးပွဲကို မေလ၁၉ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့သည် ဟုဖြစ်မြောက်ရေးကော်မတီဝင် ဦးကြည်ဇော်လွင်ကပြောပါသည်။

““ပညာရေးမူဝါဒ ပြောင်းလဲ တဲ့နေရာမှာ ထည့်သွင်းစဉ်းစားရ မယ့်အချက်တွေထဲမှာအရပ်ဘက် က လူတွေရဲ့အမြင်တွေကိုလည်း နားထောင်စုစည်းဖို့လိုတဲ့အတွက် ဒီပညာရေး ဆွေးနွေးပွဲကို ကျင်းပ ရခြင်းဖြစ်တယ်”” ဟု၎င်းကပြော သည်။
အဆိုပါ ဒေသဆိုင်ရာပညာ ရေးဆွေးနွေးပွဲကို မွန်ပြည်နယ် မော်လမြိုင်မြို့ရှိမွန်မြတ်သော အိမ်ထောင်စုဘုရားရှိခိုးကျောင်း ၌ပြုလုပ်ခဲ့ပါသည်။

မွန်ပြည်နယ်မှာ ရှိသည့်နိုင်ငံ ရေးပါတီများ၊လူမှုအဖွဲ့အစည်းများ တိုင်းရင်းသားအဖွဲ့အစည်းများ နှင့်အစိုးရ ပညာရေးမှ ဆရာ/ ဆရာမများ၊၀ါရင့်ကျောင်းဆရာများ အယောက်(၁၀၀)ခန့်တက်ရောက် ခဲ့ကြပါသည်။

အစိုးရ၏လက်ရှိပညာရေး မှုဝါဒများကို ပညာရေးဝန်ထမ်း ဟောင်းများဖြစ်ကြသောနိုင်ငွေသိန်း နှင့် တာဝန်ထမ်းဆောင်နေဆဲ ဖြစ်သော မော်လမြိုင် တက္ကသိုလ် မှဆရာမောင်မောင်မြင့်တို့က ဦး ဆောင်တင်ပြဆွေးနွေးသွားခဲ့ပါ သည်။

ဤဆွေးနွေးပွဲမှရရှိထားသည့် အမြင်များအကြံပြုချက်များကို စာတမ်းပြုစုကာ လာမည့်၂၀၁၃ ခုနှစ်ဇွန်လတွင်ပြုလုပ်မည့်မြန်မာ နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင် ပြောင်းလဲရေးဆွေးနွေးပွဲ အတွင်း သို့ တင်ပြသွားရန်ရှိပါသည်။

အဆိုပါ ပညာရေးပြုပြင် ပြောင်းလဲရေးဆွေးနွေးပွဲ၏ ရည်ရွယ်ချက်သည်မြန်မာနိုင်ငံလုံး ဆိုင်ရာပညာရေးမူဝါဒ တစ်ရပ် ပေါ်ထွက် နိုင်ရေးပင်ဖြစ်ပါသည်။

ဒေသဆိုင်ရာပညာရေး ဆွေးနွေးပွဲသည် ပြီးခဲ့သည့်၂၀၁၂ ခုနှစ်အောက်တိုဘာလက ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ ခရစ်ယာန် ဓမ္မတက္ကသိုလ်၌ ကျင်းပသော မြန်မာနိုင်ငံလုံး ဆိုင်ရာပညာရေး ပြုပြင်ပြောင်း လဲရေး ဆွေးနွေးပွဲမှ ဆုံးဖြတ်ချက် များဖြစ်ကြောင်း မိချမ်းအိုင်းက ပြောကြားခဲ့သည်ဟု ဦးကြည် ဇော်လွင်က ပြောပါသည်။

““မိချမ်းအိုင်က ကျွန်တော် တို့နဲ့လာတွေ့တယ်။မွန်ပြည်နယ်မှာလဲပညာရေးနဲ့ ပတ်သတ်တဲ့ အမြင်မူဝါဒ တစ်ခုရရှိဖို့လိုအပ်တဲ့ အကြောင်းပြောတယ်။ဒီလိုနဲ့ဘဲ နိုင်ငံရေးပါတီတွေ လူမှုရေးအဖွဲ့ အစည်းတွေ ပညာရေးနဲ့ပတ် သတ်တဲ့ဆရာ/ဆရာမတွေ အားပေးမှုကြောင့်ပူးပေါင်းပါဝင် မှုကြောင့်ဖြစ်လာတဲ့ဆွေးနွေးပွဲဖြစ် တယ်””ဟု ဆိုပါသည်။

ပြီးခဲ့သည့်မတ်လကပညာရေး အဖွဲ့အစည်းများ၊လူမှုရေးအဖွဲ့ အစည်းများ တိုင်းရင်းသားအဖွဲ့ အစည်းများနှင့် နိုင်ငံရေး ပါတီ များမှ ကိုယ်စားလှယ်များစုပေါင်း ပြီး မွန်ပြည်နယ်မော်လမြိုင် ဓာတုမာလာ ကျောင်းတိုက်တွင်း ၌တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

မေလ(၅)ရက်နေ့မှာ ဖြစ် မြောက်ရေးကော်မတီ တစ်ရပ် ဖွဲ့စည်းနိုင်ခဲ့ပြီး မေလ၁၂ရက်နေ့ တွင် မော်လမြိုင်မြို့ ဖက်တန်း ရပ်ကွက်ရှိ မွန်ဓမ္မာရုံတွင်း၌ ပဏာမ ဆွေးနွေးပွဲကို ပြုလုပ်နိုင် ခဲ့သည်ဟု သိရသည်။

“ သီလပျက်စီးသူတို့ ရောက်ရှိခံစားကြရာ ငရဲဘုံနှင့်ငရဲသားတို့ဘ၀ ”


“ လူ့ဘ၀နေစဉ်မှာ...ကာမဂုဏ် ၅-ပါးကို လွန်ကျွံစွာခံစားပြီး၊
ငါးပါးသီလကျိုးပေါက်ပျက်စီးကြကုန်သောသူတို့၏ ရောက်ရှိ
ခံစားရာ ငရဲဘုံရှိငရဲသားတို့ဘ၀ကို ဖော်ကျူးဖန်တီးထားတဲ့ ဗီဒီယို
ဖိုင်ပါ။ တကယ့်ငရဲဘ၀မှာတော့ ဒီထဲကထက် အဆပေါင်းများစွာ
ပိုဆင်းရဲနိုင်ပါတယ်။ ဤAnimation Video ကိုကြည့်ရင်း တရား
သံဝေဂပွားကာဘ၀တိုတိုလေးအတွင်းမှာ - တတ်စွမ်းသမျှဒါနမှု၊
အထူးသဖြင့် သီလမှု၊ သမထ၊ ၀ိပဿနာကောင်းမှုတို့ကို ပြုဆောင်
နိုင်ကြရန်တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ ”

- ဗုဒ္ဓဘာသာလူငယ်များအသင်း ( မြန်မာပြည် )

“ ငရဲကြီး ၈ ထပ် သီလစောင့်မှ လွတ်မည် ”
••••••••••••••••••••••••••••••••••••

ငရဲ အကြာင်း သိထားသင့်သောအရာများ ဖြစ်ပါသည်။ အကုန်
ဖတ်ကြည့်စေလိုပါသည်။မသိ့သေးသူများကိုလည်းပြောပြနိုင်ပါစေ။
ပြန်လည်မျှဝေချင်းဖြင့် ကုသိုလ်ယူပါ။
အပါယ်ဟူသည် (ချမ်းသာမှု အပေါင်းမှ ကင်းဆိတ်ခြင်း) ( ပါဠိလို
အပါယ =အပါရ) ((အပ+အယ) အယ=ချမ်းသာသုခမှ၊ အပ=
ကင်းတာ)) မှ ဆင်းသက်လာသည်။ အပါယ် လေးဘုံ ဆိုသည့်
ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူ၍ရှိလေသည်။ ငရဲ
အမျိုးအစား (၈) မျိုး ရှိလေသည်။
(၁) ။သိဉ္စိုး ငရဲ၊
(၂) ။ကာဠသုတ် ငရဲ၊
(၃) ။သံဃာတာ ငရဲ၊
(၄) ။ရောရုဝ ငရဲ၊
(၅) ။မဟာရောရုဝ ငရဲ၊
(၆) ။တာပန ငရဲ၊
(၇) ။မဟာ တာပန ငရဲ၊
(၈) ။အဝီစိ ငရဲ စသည်ဖြင့် ငရဲကြီး ရှစ်ထပ် ရှိသည်၊

(၁)။ သိဉ္စိုးငရဲ -
( ထပ်တလဲလဲ မလွတ်မြောက်ပဲ ခံစားရသောငရဲ ဟု အဓိပ္ပါယ်
ရှိလေသည်။ )

ငရဲ၌ခံးစားရပုံ
-------------
ငရဲထိန်းများက အလျှံတပြောင်ပြောင် တ၀င်းဝင်း တောက်နေသော
ငရဲလက်နက်များဖြင့် ထိုး ခုတ် ရိုက်နှက်၍ သေအောင် ပြုလုပ်ကြသည်။
ငရဲခံကြသူများမှာ ထိုသို့ လက်နက်များဖြင့် ထိုးခုတ်ရိုက်နှက်၍
သေသော်လည်း တစ်ဖန်ပြန်ထပ်ရှင်သန်ကာ အရင်အတိုင်း ထပ်ကာ
ထပ်ကာ ဆိုင်ရာငရဲဒုက္ခတို့ကို ငရဲသက်တမ်း မကုန်မချင်း ပြန်ခံစား
နေရသည်။

ငရဲ၏သက်တမ်း
ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘ၀၏ အနှစ်ငါးရာ ဖြစ်လေသည်။
ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ်ကိုးသန်း
ဖြစ်လေသည်။တည်နေရာနှင့် အကျယ်အ၀န်းမှာ မဟာပထ၀ီမြေထု၏
အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ကွာဝေး၍ ယူဇနာပေါင်း
တစ်သောင်းအကျယ်အ၀န်းရှိလေသည်။


(၂)။ ကာဠသုတ်ငရဲ -
( မည်းနက်သော ကြိုးငရဲ ဟု အဓိပ္ပါယ်ရှိလေသည်။ )

ငရဲ၌ဆင်းရဲခံစားရပုံ
--------------------
ငရဲထိန်းများက လက်နက်မျိုးစုံဖြင့် လိုက်၍ ခုတ်၊ ထစ်၊ ထိုး၊ ရိုက်၊
နှက်ကြသော် ငရဲသားများမှာ ကြောက်အားလန့်အားဖြင့် ပြေးလွှား
ရကာ အမောဆို့၍ လဲကျသောအခါ လက်သမားဆရာများက
သစ်သားများကို မည်းနက်သော သစ်မျှဉ်းကြိုးဖြင့် တိုင်းတာကာ
လိုသလို ဖြတ်ကြသကဲ့သို့ ငရဲသားများ အမောဆို့ကာ လဲကျသော
အခါ ငရဲထိန်းများက မည်းနက်သော ကြိုးဖြင့် လိုသလို ပုံစံမျိုး
တိုင်းတာကာ လွှ ငမန်းတို့ဖြင့် ဖြတ်ကြ ပိုင်းကြလုပ်ခြင်းကို ခံကြ
ရသည်။ ထိုသို့ လက်နက်များဖြင့် ပိုင်းဖြတ်၍ သေသော်လည်း
တစ်ဖန်ပြန်ထပ်ရှင်သန်ကာ အရင်အတိုင်း ထပ်ကာထပ်ကာ ဆိုင်ရာ
ငရဲဒုက္ခတို့ကို ငရဲသက်တမ်း မကုန်မချင်း ပြန်ခံစားနေရသည်။

ငရဲ၏သက်တမ်း
---------------
ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘ၀၏ အနှစ်တစ်ထောင် ဖြစ်လေသည်။
ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ်သုံးကုဋ္ဋေ
ခြောက်သန်း ဖြစ်လေသည်။တည်နေရာနှင့် အကျယ်အ၀န်းမှာ သိဉ္စိုး
ငရဲ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ပထ၀ီမြေထ
ုအကွာတွင် တည်ရှိ၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အ၀န်းရှိလေသည်။


(၃)။သံဃာတာငရဲ -
( သံတောင်ကြိတ် ငရဲ ဟု အဓိပ္ပါယ်ရှိလေသည်။ )

ငရဲ၌ခံစားရပုံ
-------------
ငရဲမီးလျှံ တစ်ဟုန်းဟုန်း တောက်လောင်နေသော ကိုးယူဇနာမျှ
ကျယ်ဝန်းသည့် ဒယ်အိုးကြီးများထဲသို့ ငရဲသားများထည့်ကာ ငရဲထိန်း
များက တောင်လောက်ကြီးမားသော သံကြိတ်တုံးကြီးများနှင့် ဖိ၍
လှိမ့်သတ်ကြသည်။ ငရဲသားများမှာ အလူးအလိမ့်ကို ခံကြရသည်။
ထိုသို့ ဖိ၍ ပိ၍ သေရသော်လည်း တစ်ဖန်ပြန် ထပ်ရှင်သန်ကာ အရင်
အတိုင်း ထပ်ကာထပ်ကာ ဆိုင်ရာငရဲဒုက္ခတို့ကို ငရဲသက်တမ်း မကုန်
မချင်း ပြန်ခံစားနေရသည်။

ငရဲဘုံ၏သက်တမ်း
------------------
ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘ၀၏ အနှစ်နှစ်ထောင် ဖြစ်လေသည်။
ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ်တစ်ဆယ့်
လေးကုဋ္ဋေ လေးသန်း ဖြစ်လေသည်။

ငရဲပြည်၏အကျယ်အ၀န်း
------------------------
တည်နေရာနှင့် အကျယ်အ၀န်းမှာ ကာဠသုတ်ငရဲ ၏အောက်
ယူဇနာပေါင်း တစ်သောင်းငါးထောင် ပထ၀ီမြေထုအကွာတွင်
တည်ရှိ၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အ၀န်းရှိလေသည်။


(၄)။ ရောရုဝ ငရဲ -
( ငရဲမီးလျှံများ နှိပ်စက်၍ ငရဲသူ ငရဲသားများ အော်ဟစ်ငိုယိုမြည်
တမ်းခြင်း ဟု အဓိပ္ပါယ်ရှိလေသည်။

ငရဲ၌ခံစားရပုံ
-------------
ငရဲတစ်ခုလုံးရှိ ငရဲမီးလျှံများမှာ ငရဲသားတို့၏ မျက်စိပေါက်၊ နားပေါက်၊
နှာခေါင်းပေါက်၊ ပါးစပ်ပေါက် တို့ကို အတင်းဒရကြမ်း ၀င်ရောက်
လောင်မြိုက်ခြင်းကြောင့် ငရဲသားများ ကျယ်လောင်သော အသံဖြင့်
အော်ဟစ်ငိုယိုကြသော ငရဲဆင်းရဲကို ခံစားကြရပေသည်။ ထိုသို့
မီးလျှံများကြောင့် လောင်ကျွမ်း၍ သေသော်လည်း တစ်ဖန်ပြန်
ထပ်ရှင်သန်ကာ အရင်အတိုင်း ထပ်ကာထပ်ကာ ဆိုင်ရာငရဲဒုက္ခတို့ကို
ငရဲသက်တမ်း မကုန်မချင်း ပြန်ခံစားနေရသည်။

ငရဲ၏သက်တမ်း
-----------------
ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘ၀၏ အနှစ်လေးထောင် ဖြစ်လေသည်။
ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ် ငါးဆယ့်
ခုနှစ်ကုဋ္ဋေ ခြောက်သန်း ဖြစ်လေသည်။

တည်နေရာနှင့်အကျယ်အ၀န်း
-----------------------------
တည်နေရာနှင့် အကျယ်အ၀န်းမှာ သံဃာတာငရဲ ၏အောက် ယူဇနာပေါင်း
တစ်သောင်းငါးထောင် ကွာဝေး၍ ယူဇနာပေါင်း တစ်သောင်းအကျယ်
အ၀န်းရှိလေသည်။

(၅)။ မဟာရောရုဝ ငရဲ =
( ငရဲမီးလျှံမှ မီးခိုးများ နှိပ်စက်၍ ငရဲသူ ငရဲသားတို့ အော်ဟစ်ငိုယိုခြင်း
ဟု အဓိပ္ပါယ်ရှိလေသည်။)
ငရဲပြည်တစ်ခုလုံး မှိုင်းမှိုင်းရယ်ညိုလို့ ပိတ်ဖုန်းသွားမည့်အလား
အောက်မေ့ရလောက်အောင် များပြားလှပေ၏။ မီးခိုးငွေ့များသည်
ငရဲသူ ငရဲသားများ၏ ဒွါရ (အပေါက်) များသို့ ၀င်စေလျက် အော်ဟစ်
ငိုယိုခြင်း ခံစားရလေသည်။
ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘ၀၏ အနှစ်ရှစ်ထောင် ဖြစ်လေသည်။
ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ် နှစ်ရာ
သုံးဆယ့်ကုဋ္ဋေလေးသန်း ဖြစ်လေသည်။
တည်နေရာနှင့် အကျယ်အ၀န်းမှာ ရောရုဝငရဲ၊ ၏အောက် ယူဇနာပေါင်း
တစ်သောင်းငါးထောင် ကွာဝေး၍ ယူဇနာပေါင်း တစ်သောင်းအကျယ်
အ၀န်းရှိလေသည်။

(၆)။ တာပနငရဲ = အပူလောင်ခြင်း ဟု အဓိပ္ပါယ်ရှိလေသည်။
အလျှံတစ်ပြောင်ပြောင်တောက်နေသည့် အုန်းပင်လုံးမျှရှိသည့် သံ
တံကျဉ် (တံစို့) ဟု ဆိုရသောအပေါ်၌ ငရဲသူ ငရဲသားများကို အတင်း
အကျပ် ထိုင်ခိုင်း၍ တစ်ကိုယ်လုံး မီးကျီမီးခဲကဲ့သို့ ရဲရဲတောက်အောင်
မီးကင်ခြင်းဖြင့် ခံစားကြရပေသည်။ ထိုသို့ အသားများ မီးလောင်ကျွမ်း၍
သေသော်လည်း တစ်ဖန်ပြန် ထပ်ရှင်သန်ကာ အရင်အတိုင်း ထပ်ကာ
ထပ်ကာ ဆိုင်ရာငရဲဒုက္ခတို့ကို ငရဲသက်တမ်း မကုန်မချင်း ပြန်ခံစား
နေရသည်။
ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘ၀၏ အနှစ်တစ်သောင်းခြောက်ထောင်
ဖြစ်လေသည်။ ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့်
အနှစ်ကိုးရာနှစ်ဆယ့်ကုဋ္ဋေ ခြောက်သန်း ဖြစ်လေသည်။တည်နေရာနှင့်
အကျယ်အ၀န်းမှာ မဟာရောရု ငရဲ၊ ၏အောက် ယူဇနာပေါင်း တစ်သောင်း
ငါးထောင် ကွာဝေး၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အ၀န်းရှိလေသည်။

(၇)။ မဟာ တာပနငရဲ =
( သာလွန်၍ ပူလောင်ခြင်း ဟု အဓိပ္ပါယ်ရှိလေသည်။ )
ငရဲမီးများ အလျှံတစ်ပြောင်ပြောင် တောက်လောင်နေသည့် သံတောင်ကြီး
အပေါ်မှ ငရဲထိန်းများ၏ အစွမ်းသတ္တိကြောင့် မတက်ချင်သော်လည်း
အတင်းတက်ခိုင်း၊ အပူလောင်ခံပြီး ငရဲသူ ငရဲသားများ တက်ကြရပေသည်။
ထိုသို့ဖြင့် အပေါ်ရောက်သည့်အခါ အောက်ခြေသို့ ပြန်တွန်းချခြင်း ခံကြ
ရပေသည်။ ဤသို့ဖြင့်အကြိမ်ကြိမ် မဆုံးနိုင်ပဲ ခံစားကြရခြင်း ဖြစ်ပေသည်။
ဤငရဲ၏ သက်တမ်းမှာ အကုသိုလ်ကံ မကုန်မချင်း အန္တရကပ် တစ်ဝက်
အတိဖြစ်၏။ ထိုမျှအထိ ကြာရှည်စွာ ခံကြရပေသည်။
တည်နေရာနှင့် အကျယ်အ၀န်းမှာ တာပနငရဲ ၏အောက် ယူဇနာပေါင်း
တစ်သောင်းငါးထောင် ကွာဝေးသော မြေထုအရပ်၌တည်ရှိ၍ ယူဇနာပေါင်း
တစ်သောင်းအကျယ်အ၀န်းရှိလေသည်။


(၈)။ အဝီစိငရဲ =
( ငရဲသူ၊ ငရဲသား၊ ငရဲမီးလျှံ၊ ဆင်းရဲဒုက္ခ (၃) မျိုးလုံး လစ်လပ်မှုမရှိ
(အကြားမရှိ) တရစပ် ခံစားရခြင်း ဟု အဓိပ္ပါယ်ရှိလေသည်။ )

ငရဲသူ ငရဲသားများသည် အိုးခွက်ထဲမှ ထန်းစေ့၊ မုံ့ညင်းစေ့၊ စပါးစေ
့များကဲ့သို့ တင်းကြမ်းပြည့်ကာ အကြားအကြားခြားခြင်း မရှိသကဲ့သို့
ငရဲသူ ငရဲသားများ၏ ဆင်းရဲဒုက္ခ တစ်ပေါင်းတစ်ခုတည်း နေရာအနှံ့အပြား
ခံစားကြရခြင်း ဖြစ်ပေသည်။
ဤငရဲ၏ သက်တမ်းမှာ အကုသိုလ် မကုန်မချင်း အန္တရကပ် တစ်ကပ်
တိတိဖြစ်၏။ အန္တရကပ် တစ်ကပ်ဆိုသည်မှာ ဆုပ်ကပ်နှင့် တက်ကပ်
တစ်စုံကို ဆိုလိုပေသည်။ ဆုတ်ကပ်ဆိုသည်မှာ အနှစ်တစ်ရာကြာတိုင်း
ကြာတိုင်း တစ်နှစ်ဆုတ်သည့်နည်းဖြင့် ဆယ်နှစ်သက်တမ်းသို့ ဆုတ်ယုတ်
ကျရောက်လာခြင်းကာလကို ဆုတ်ကပ်တစ်ကပ် ဖြစ်ပေသည်။
တက်ကပ်ဆိုသည်မှာ ဆယ်နှစ်သက်တမ်းမှစ၍ အသင်္ချေရ တန်းသို့ ပြန်
ဆက်လာခြင်းကာလကို တက်ကပ်တစ်ကပ် ဖြစ်ပေသည်။ ၎င်းဆုတ်ကပ်
တက်ကပ် နှစ်ကပ်ပေါင်းကို အန္တရကပ် တစ်ကပ်ဟုခေါ်သည်။
တည်နေရာနှင့် အကျယ်အ၀န်းမှာ မဟာ တာပန ငရဲ ၏အောက် ယူဇနာ
ပေါင်း တစ်သောင်းငါးထောင် ကွာဝေး၍ ယူဇနာပေါင်း တစ်သောင်း
အကျယ်အ၀န်းရှိလေသည်။

( မှတ်ချက် = မြေပြင်မှအောက်၌ ယူဇနာပေါင်း (15000)ဝေးသောအရပ်၌
သဉ္ဖိုင်း ငရဲတည်ရှိသည်......ယင်း ငရဲအောက်ယူဇနာ..(15000)ဝေးသော
အရပ်၌ ကာဠသုတ်ငရဲတည်ရှိသည်...ဤ သို့စသည်ဖြင့် တစ်ထပ်နှင့်တစ်ထပ်
ယူဇနာ(15000)တစ်သောင်းငါးထောင်စီခြားလျှက်အထက်အောက်တည်
နေကြသည်...။
တစ်ယူဇနာ=၁၃ မိုင်(တချို့ ၁၂ မိုင်ခွဲ နှင့်တွက်ကြသည်။)

(ငရဲငယ် ၂၅၆ သွယ်)
ထိုငရဲကြီး ၈ ထပ်သာမက၊ ငရဲငယ်များလည်း ငရဲကြီး၏ တစ်ဝက်စီ၏
တစ်မျက်နှာလျှင် ငရဲငယ် ရှစ် ဌာနစီ တည်ရှိပေသည်။ ငရဲကြီး တစ်ထပ်၏
၎ မျက်နှာတွင် ငရဲငယ်ပေါင်း ၃၂ ဌာန ရှိပေသည်။ ငရဲကြီး ၆ထပ် ၌မူ
ငရဲငယ်ပေါင်း ၂၅၆ ဘုံတို့ ရှိနေကြပေသည်။ ဤ ငရဲငယ်များသည်
ငရဲကြီးတို့၏ မီးညွှန့် အခိုးငွေ့နှင့် ခံစားရာ အဆုံး၌ တည်ရှိနေပေသည်။

ငရဲငယ် (၈) ဌာန ဆိုသည်မှာ
----------------------------
၁။ မီးပူငရဲ
၂။ သံပူငရဲ
၃။ ပြာပူငရဲ
၎။ ရေပူငရဲ
၅။ ကြေးနီအိုးငရဲ
၆။ ဘင်ပုတ်ငရဲ
၇။ လက်ပံတောငရဲ
၈။ ကြိမ်ပိုက်ငရဲ တို့ဖြစ်သည်။
(လောကပညတ္တိကျမ်း၌ မိန်ဆိုထားပါသည်။)


“ မဟာစည်ဆရာတော်ဘုရာကြီး၏ ၀ိပဿနာရှု့နည်းအကျဉ်းချူပ်တွင်
အောက်ပါအတိုင်း ငရဲ၌ ဆင်းရဲဒုက္ခအတိခံစားရပုံကို ရှင်းရှင်းလင်းလင်း
ကွင်းကွင်းကွက်ကွက်ဖြင့် ဖော်ပြထားပါသည်။
ငရဲဘုံ၌ ဖြစ်ရသောသတ္တ၀ါတို့၏ ကိုယ်ထည် သုံးဂါဝုတ် ပမာဏရှိ၏။
မြန်မာအတိုင်းအားဖြင့် ၄ တိုင် တာ ၈၀၀ ရှိ၏။ ငရဲထိန်းတို့သည် ထိုမျှ
ကိုယ်ခန္ဓာ ကြီးမားသော ငရဲသားကို အလျှံတပြောင်ပြောင် မီးစွဲလောင်သော
သံမြေပေါ်၌ ပက်လက် အိပ်စေကုန်၏။ ထို့နောက် ညဘက် လက်ဝါး၌
ထန်းလုံးခန့်ရှိ ရဲရဲတောက်သော သံတစို့ကြီးကို ရိုက်နှက်သွင်းကုန်၏။
ဘယ်ဘက် လက်ဝါး၌လည်း နည်းတူပင် ရိုက်နှက် သွင်းကုန်၏။
ညာဘက်ခြေ၊ ဘယ်ဘက်ခြေ၊ ခါး၊ လက်တို့၌လည်း နည်းတူပင် ရိုက်
သွင်းကုန်၏။

ထို့အတူ မှောက်လှက် အိပ်စေ၍လည်ကောင်း၊ စောင်းလျက် အိပ်စေ၍
လည်ကောင်း၊ ငါးပါးသော ဌာနတို့၌ သံစို့ကြီးများကို ရိုက်နှက်၍ ညှင်းဆဲ
နှိပ်စက်ကုန်၏။ အကုသိုလ်ကံ မကုန်သေးမချင်း ငရဲသားကား မသေနိုင်။
ဤသို့ အညှင်းဆဲခံနေရသော ငရဲသားများသည် ရဲရဲတောက်သော သံ
မြေပြင်ကို မြင်ရုံမျှဖြင့်လည်း များစွာ စိတ်ဆင်းရဲရ၏။ အလွန် ကြမ်းတမ်း
ရက်စက်စွာ ကြိမ်းမောင်း ပြောဆိုသောငရဲထိန်းတို့၏ အသံကို ကြားရ
၍လည်း စိတ်ဆင်းရဲရ၏။ သံမြေပြင်ပေါ်၌ အတင်းတွန်းလှဲသိပ်ခြင်း၊
မီးလောင်ခံရခြင်း၊ သံစို့ နှက်ခံရခြင်းတို့ကြောင့်လည်း အတိုင်းမသိ
ကြီးစွာသော ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ကို ခံစားရ၏။

ထိုသို့သော ကာလ၌ ကယ်ပါ၊ သနားပါ၊ ချမ်းသာပေးပါ စသည်ဖြင့်
မျက်ရည်ယိုစီး ငိုကြွေး မြည်တမ်းလျက် တောင်းပန်သော်လည်း
မည်သူကမျှ မသနား၊ ချမ်းသာမပေးချေ။ မိဖဲ့ ဖမဲ့ ဆွေမျိုးမဲ့၊ ဆွေခင်ပွန်း
မဲ့၍ တစ်ကိုယ်တည်းသာဖြစ်လျက် ညှိုးငယ်စွာနှင့် အလွန်ကြီးမားသော
ဆင်းရဲတွေကို အော်မြည်ယောင်ယမ်းလျက် မိနစ်စက္ကန့်မခြားဘဲ ခံစား၍
နေရရှာလေတော့၏။ ထိုသို့သော ကာလ၌ ၀ိပဿနာအလုပ်ကို အားထုတ်
ခွင့်မရနိုင်တော့ချေ။

ထို့ပြင် သံစို့ ငါးချက်နှက်၍ မသေသော ငရဲသားကို ငရဲထိန်းတို့သည်
အိမ်မိုးတစ်ဖက်ခန့်ရှိသော တံစည်းပေါက်ပြားကြီးတို့ဖြင့် ရှစ်မြှောင့်ပုံ၊
ခြောက်မြှောင့်ပုံ စသည်ဖြစ်အောင် မျဉ်းပစ်၍ ရွေခုတ်ကြပြန်၏။ သွေး
တို့သည် မြစ်ဖြစ်၍ စီးလေကုန်၏။ ထိုသွေးတို့မှ မီးတောက် ထပြန်၍
ရွေခုတ်ရာ ကိုယ်၌စွဲလောင်လေ၏။ အတိုင်းမသိသော ဆင်းရဲကို ခံစား
ရလေ၏။ ထိုစဉ်အခါ၌ ၀ိပဿနာ အလုပ်ကို အားထုတ်ခွင့် မရနိုင်တော့ချေ။
ထိုမျှဖြင့် မသေသေးလျှင် ဇောက်ထိုးတွဲလဲ ဆွဲထား၍ ဗန်းကြီးခန့်ရှိ
ပဲကွပ်တို့ဖြင့် ပါးပါးလွှာလျက် ရွေခုတ်ကြပြန်၏။ ထိုမျှဖြင့်လည်း မသေ
သေးလျှင် မီးလျှံရဲရဲတောက်သော သံရထား၌ နွား မြင်းတို့ကဲ့သို့ တပ်၍
မီးကျီခဲတောင့်ကြီးပေါ်သို့ တက်စေကုန်၏။ မတက်ဘဲနေလျှင် ရဲရဲ
တောက်သော သံတုတ်ကြီးများဖြင့် အပြင်းရိုက်၍ တက်စေကုန်၏။
တောင်ထိပ်သို့ရောက်လျှင် တစ်ဖန် ဆင်းစေကုန်၏။ ဤသို့ တက်ချည်
ဆင်းချည် အဖန်ဖန်ပြုစေကုန်၏။ ထိုမျှဖြင့်လည်း မသေသေးလျှင်
ကျိုက်ကျိုက်ဆူပွက်လျက် ရဲရဲတောက်သော လေဟကုမ္ဘီ ခေါ် သံရည်
ပွက်အိုးကြီးထဲသို့ ပစ်ချလိုက်ကုန်၏။ ထိုငရဲသားသည် သံရည်ထဲ၌
ရှဲကနဲကျ၍ အမြှုပ်တစ်စီစီ ထလျက် နစ်မြှုပ်သွားရှာလေ၏။

အနှစ်သုံးသောင်းကြာမှ ငရဲအိုး၏ အောက်ဝသို့ရောက်၏။ တစ်ဖန် အနှစ်
သုံးသောင်းကြာမှ ငရဲအိုး၏ အောက်နှုတ်ခမ်းသို့ရောက်လျက် ပေါ်လာ၏။
အရပ်မျက်နှာများသို့လည်း ဖီလာသွား၏။ ထမင်းအိုးပွက်သောအခါ၌ ဆန်စေ့
ကလေးများကဲ့သို့ပင်တည်း။ အတိုင်းမသိသော ဆင်းရဲမှုနှင့် ရင်ဆိုင်တေ
ွ့နေရလေ၏။ ထိုစဉ်အခါ၌ ၀ိပဿနာအလုပ်ကို အားထုတ်ခွင့်ကိုကား မရနိုင်
တော့ချေ။
ကံမကုန်သေး၍ ထိုမျှဖြင့် မသေပြန်လျှင် သံရည်ပွက်ထဲမှ ငရဲသားကို
ထုတ်ယူ၍ ငရဲထိန်းတို့သည် မီးတဟုန်းဟုန်း အမြဲတောက်လောင်လျက်
ရှိသော ငရဲကြီးထံသို့ ပစ်သွင်းလိုက်ကြပြန်၏။ ထိုငရဲသည်ကား အလျား
အနံ အမြင့် ယူဇနာ တစ်ရာရှိလေ၏။ လေးထောင့်ညီသော သံသေတ္တာကြီးနှင့်
တူ၏။ အရှေ့ဘက်နရံမှ မီးလျှံသည် အနောက်ဘက်၌ နံရံကို ဖောက်ပြီးလျှင်
အပြင်ဘက်၌ ယူဇနာ တစ်ရာတိုင်အောင် ပူလောင်၏။ အနောက်နံရံ၊ တောင်နံရံ၊
မြောက်နံရံကို ဖောက်ပြီးလျှင် အပြင်ဘက်၌ ယူဇနာ တစ်ရာတိုင်အောင်
ပူလောင်၏။

အနောက်နံရံ၊ တောင်နံရံ၊ အထက်သံမိုး၊ အောက်သံမြေပြင်တို့မှ မီးလျှံတို့
သည်လည်း နည်းတူချည်း ဟစ်အော်မြည်သတည်း။ ထိုငရဲကြီးအတွင်း၌
ထိုမှဤမျှ ပြေးလွှားလူးလိမ့် ဟစ်အော်မြည်တမ်းလျက် ကြီးစွာသော ဆင်းရဲ
ဒုက္ခတို့ကို ခံစားရလေ၏။

နှစ်ပေါင်းများစွာကြာသော် တစ်ခါတစ်ရံ၌ ထိုငရဲကြီး၏ တံခါးဝဆီသို့ အတင်း
ပြေးကြ၏။ အချို့မှာလည်း လမ်းခရီးတွင် မောပန်းလူးလိမ့်လျက်ရှိကုန်၏။
အချို့မှာ တံခါးဝသို့ ရောက်ကုန်၏။ အနှစ်သိန်းပေါင်းများစွာ ကြာလျှင် ထို
တံခါးမကြီးသည် ပိတ်သွားလေသည်။

ထွက်နိုင်သော ငရဲသားသည်လည်း အပြင်သို့ ရောက်သည်နှင့် တစ်ပြိုင်နက်
ဘင်ပုပ်ငရဲသို့ ကျသွားလေ၏။ မစင်ဘင်ပုပ်ထဲ၌ နစ်မြုပ်နေစဉ် ဆင်၏ လည်ပင်း
ခန့်ရှိသော ပိုးလောက်တို့က ကိုက်ခဲစားကြလေသည်။

ထိုဘင်ပုပ်ငရဲထံမှ လွတ်ပြန်လျှင် ပြာပူငရဲ ထံသို့ ကျရောက်သွားပြန်၏။
ထိုငရဲ၌ အိမ်ထွတ်ခန့်ရှိသော မီးကျီခဲ၊ ရဲရဲတောက်သော ပြာပူတို့ဖြင့်
လောင်ကျွမ်း၍ ဆင်းရဲကြီးစွာကို ခံစားရပြန်၏။

ထိုငရဲမှ လွတ်ပြန်လျှင် (လက်ပံတောငရဲ) သို့ ရောက်ပြန်၏။ လက်ပံပင်
တို့မှာ ၁၆ လက်မရှည်သော ဆူးရှိကုန်၏။ ငရဲထိန်းတို့က ရိုက်နှက်၍
ထိုလက်ပံပင်တို့၌ တက်ချည် ဆင်းချည် ပြုလုပ်စေ၏။ လက်ပံဆူးတို့သည်
တက်သောအခါ၌ အောက်ကိုလှည့်၍ နေကုန်၏။ ဆင်းသောအခါ၌
အထက်သို့ လှည့်၍နေကုန်၏။ ကြောက်လန့်တကြား လျင်စွာတက်ရ၊
ဆင်းရသော ငရဲသားတို့၏ ကိုယ်သည် ထိုလက်ပံဆူးတို့ဖြင့် ထိုးမိ၍
စုတ်ပြဲလျက် ရှိလေ၏။

ထိုငရဲမှ လွတ်ပြန်လျှင် (သံလျက်တောငရဲ )သို့ရောက်ပြန်၏။ ရောက်သည်နှင့်
တစ်ပြိုင်နက် သံလျက်နှင့် တူစွာ နှစ်သွားရှိသော အရွယ်တို့သည် ကြွေ၍
ငရဲသား၏ ကိုယ်၌ကျလေကုန်၏။ လက်၊ ခြေ၊ နား၊ လျှာ၊ ကိုယ်အင်္ဂါတို့သည်
အပိုင်းပိုင်း ပြတ်လေကုန်၏။ ထ၍ ပြေးပြန်လျှင် သံမြေပြင်၌ သင်းတုံး
သွားတို့သည် ထွက်ပေါ်လျက် ရှိကုန်၏။ ရှေ့မှ သံတံတို့လည်း ကာရံလျက်
ရှိကုန်၏။

ထိုအခါ၌ ၀ိပဿနာအလုပ်ကို အားထုတ်ခွင့်ကို မရနိုင်တော့ချေ။ထိုငရဲမှ
လွတ်ပြန်လျှင် ဝေတ္တရဏီ မည်သော (ကြိမ်ချောင်းငရဲ)သို့ ကျရောက်
ပြန်လေ၏။ ထိုငရဲမှာ ကျစ်ကျစ်ဆူသော အရည်အတိပြည့်၏။ သင်တုံး
သွားနှင့် တူသော နွယ်များ၊ ကြာရွက်များရှိ၏။ အောက်မြေပြင်၌ သင်တုံး
သွား ခင်းလျက်ရှိ၏။ ကမ်းပါးတို့၌လည်း သင်းတုံးသွားကဲ့သို့ ထက်သော
ကြိမ်နွယ်များ သမန်းမြက်များရှိ၏။ ငရဲသားတို့သည် ထိုချောင်းကို ဆင်း
မိလျှင် မြေပြင်မှ သင်တုံးသွားရှသောကြောင့် လည်းကောင်း ဘိုင်းခနဲ
လဲရှာလေ၏။ လဲလျှင် ကျစ်ကျစ်ဆူလျက် ပူစပ်သော အရည်ထဲ၌ စုန်ချည်
ဆန်ချည် မျောနေလေ၏။ ကမ်းပါး၌ရှိသော ကြိမ်သမန်းမြက် တို့ဖြင့်
လည်းရှ၊ ချောင်းထဲ၌ရှိသော ကြာရွက်တို့ဖြင့်လည်း ရှ၏။ ငရဲသားတို့၏
ကိုယ်ထည် အစုတ်စုတ်အပြတ်ပြတ် ဖြစ်လေ၏။ ထိုစဉ်ခဏ၌ ၀ိပဿနာ
တရားကို အားထုတ်ခွင့်ကို မရနိုင်တော့ချေ။

စုန်ချည်ဆန်ချည် မျောလျက် အတိဒုက္ခရောက်နေသော ထိုငရဲသားကို
ငရဲထိန်းတွေ့လျှင် ငါးမျှားချိတ်ကြီးဖြင့် ဆွဲတင်၍ ဘာအလိုရှိသလဲဟု
မေး၏။ "ထမင်းဆာသည်" ဟု ဆိုလျှင် ရဲရဲတောက်သော အတုံးအခဲဖြင့်
ပြည့်သော သံခြင်းတောင်းကြီးကို ယူလာကုန်၏။ ငရဲသားသည် ကြောက်
လှသောကြောင့် ပါးစပ်ကြီး အတင်းပိတ်၍ ထားရှာလေ၏။ ထိုအခါ ငရဲ
ထိန်းတစ်ယောက်က ပေါက်ချွန်းကြီးနှင့် အတင်းပေါက်၍ ပါးစပ်ကို ဖွင့်၏။
အခြားငရဲထိန်းကလည်း ထိုနည်းတူပင် တစ်ဖက်မှ ပေါက်၍ ဖွင့်၏။
ထိုသို့ ဖွင့်၍ ပါးစပ်ဟင်းလင်း ပွင့်နေသော အခါ၌ ရဲရဲတောက်သော
ထိုသံတုံး သံခဲတို့ကို တစ်ခုပြီးတစ်ခု ပစ်ထည့်၍ ကျွေးကြလေသည်။

ထိုသံတုံး သံခဲတို့သည် နှုတ်ခမ်း၊ လျှာ၊ အာခေါင်၊ လည်ချောင်း၊ အူတို့ကို
လောင်ကျွမ်းပြီးလျှင် အောက်ဒွါရမှ ထွက်သွားကုန်၏။ "ရေငတ်သည်" ဟု
ဆိုပြန်လျှင် ကျိုက်ကျိုက်ဆူပွက်သော သံရည်တို့ကို လောင်းထည့်၍
ပေးကုန်၏။ ထိုသံရည်ပူတို့သည်လည်း နည်းတူပင် လောင်၍ အောက်ဒွါရမှ
ထွက်သွားရကုန်၏။ ငရဲသားသည် မသေသေးပြန်လျှင် ထိုငရဲသားကို ငရဲကြီး
ထံသို့တစ်ဖန် ပစ်သွင်းလိုက်ပြန်လေ၏။

ဤသို့ဖြင့် ငရဲသားတို့ ငရဲမျိုးစုံကို ခံစားရပုံကို ကွင်းကွင်းကွက်ကွက်မြင်သာအောင်
ဖွင့်ဆိုပြလေသည်ကို မှတ်သားရပါသည်။မြတ်စွာဗုဒ္ဓဘုရား ပွင့်တော်မူလာသော
အခါမှ ဤဆင်းရဲဒုက္ခတို့၏ လွတ်မြောက်ရာလမ်းကို ဂရုဏာ ရှေ့ထားလမ်းပြ
ညွှန်ပြတော်မူသဖြင့် များစွာသော လူ, နတ်, ဗြဟ္မာတို့သည် ကျွတ်တမ်း
ဝင်ကြရ ပေသည်။ ထိုသို့ ဘုရားပွင့်ခါအချိန်မှာ ကျွတ်တမ်းမ၀င် နိုင်ခဲ့ရသော်လည်း
ယခုခေတ် အချိန်အခါမှာ လူဖြစ်လာသော စာဖတ်သူတို့လည်း အထူးကံကောင်း
လှသည်ကို ဖော်ပြညွှန်းဆိုနေသည့် သက်သေ အထောက်အထားများ အများ
အပြားရှိနေသည်။

အဘယ်ကြောင့်ဆိုသော် သင်တို့ ကျွန်ုပ်တို့သည်.. ခဲယဉ်းခြင်း လေးမျိုး
ကိုလည်း ရရှိနေပြီး တရားထူးရနိုင်တဲ့ အခွင့်ထူး လေးရပ်နှင့်လည်း ပြည့်စုံ
နေပါသည်။
* ရရန် ခဲယဉ်းလှသော လူ့ဘ၀ကို ရရှိနေရ၏။
* အသက်ရှည် ကျန်းမာနေသည်။
* သူတော်ကောင်းတရားများလည်း နာကြားရသည်။
* မြတ်စွာဘုရား သာသနာနှင့်လည်း တွေ့ကြုံရသည်။
* သာသနာထွန်းကားရာ အရပ်ဒေသမှာလည်း နေထိုင်ရ၏။
* အယူမှန်သော အသိတရားရှိ၏။
* အာရုံခံ (၆) ပါးတို့သည်လည်း ကောင်းမွန် ပြည်စုံသူဖြစ်နေခြင်း
တို့သည် စာဖတ်သူတို့၏ ကုသိုလ်ကံ ကောင်းမှုအထူးပင် ဖြစ်ပေတော့သည်။
ထို့ကြောင့် ရရှိလာသော ဤလူ့ဘ၀ကြီးကို အခွင့်ရေးပိုင်ပိုင် ဆုပ်ကိုင်လျက်
ကျွတ်တမ်းဝင်ရန်ဘ၀မှာ ယခု မိမိတို့ ရရှိထားသော ဘ၀ပင်ဖြစ်ပါတော့သည်ဟု
ကျေးဇူးရှင် သဒ္ဓမ္မရံသီရိပ်သာ ဆရာတော် အရှင်ကုဏ္ဍလာဘိဝံသ အပါအ၀င်
ပညာရှိ သူတော်စင်အများက တိုက်တွန်းထားတာကို မှတ်သားရပါတယ်။

ကိုးကား -
- မဟာစည် ဆရာတော်ဘုရား၏ “ ၀ိပဿနာကျင့်စဉ်အကျဉ်းချူပ် ”
- သဒ္ဓမ္မရံသီရိပ်သာဆရာတော်၏ “ ယခုဘ၀ ကောင်းမြတ်လှ ”
- သု (သဒ္ဓမ္မရံသီ) ၏ “ ချစ်တတ်အောင်သင် ”
- ချမ်းမြေ့ဆရာတော် ၏ “ဆင်းရဲငြိမ်းအေး ချမ်းသာရေး ”
- Shwemyotaw ဘလော့။

- ဗုဒ္ဓဘာသာလူငယ်များအသင်း ( မြန်မာပြည် )

လဝက ဝန်ထမ်းများကို တိုက်ခိုက်ခဲ့သူများ စစ်တွေတရားရုံးမှာ အမှုစစ်ဆေး

မေလ ၂၄ ရက် ၂၀၁၃

ပြီးခဲ့တဲ့ ဧပြီလက ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ မွတ်ဆလင် လူဦးရေစာရင်းကောက်ခံစဉ် လဝက ဝန်ထမ်းတွေကို ထိခိုက်ဒဏ်ရာရတဲ့အထိ ခဲတွေနဲ့ ပစ်ပေါက်ခဲ့သူတွေထဲက ဦးဆောင်သူတွေလို့ ယူဆရတဲ့ မူဆလင်ဘာသာဝင် ၇ ဦးကို စစ်တွေခရိုင်တရားရုံးမှာ မနေ့က ရုံးတင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

စစ်တွေမြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာနက ဦးစီးမှူး ဦးရန်အောင်မြင့်က တရားလိုပြုလုပ်ပြီး ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ- ၁၄၈ ရုန်းရင်းဆန်ခတ်ပြုမှု၊ ၃၃၂ ၊ ၃၃၃ ဝတ္တရားနှောင့်ယှက်မှု၊ ၃၉၅ ဓားပြမှု၊ ၅၀၆ ခြိမ်းခြောက်မှု၊ ၁၁၄ အားပေးကူညီမှု စတာတွေနဲ့ အမှုဖွင့်တရားစွဲဆိုထားတာဖြစ်တယ်လို့ ဒီအမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က RFA ကိုပြောပါတယ်။

အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မွတ်စလင် လူဦးရေစာရင်းကို အတိအကျသိရှိနိုင်ဖို့ ဆွဲ၊ တင်၊ စစ် လို့ခေါ်တဲ့ ပထမအဆင့် နေထိုင်ရာနေရာတွေကို မြေပုံရေးဆွဲပြီး လူဦးရေမှတ်တမ်းတင်ခြင်း စတဲ့အဆင့်တွေနဲ့ ရခိုင်ပြည်နယ်တစ်ခုလုံးကို ပြီးခဲ့တဲ့ဧပြီလ ၂၆ ရက်နေ့ကစတင်ပြီး မေလ ၁၅ ရက်နေ့အထိ နိုင်ငံတော်စီမံချက်အနေနဲ့ တစ်ပြိုင်နက်တည်းဆောင်ရွက်ဖို့ စီစဉ်ခဲ့တာလို့ ဆိုပါတယ်။

အဲသည်လို လူဦးရေစာရင်းကောက်ခံရာမှာ စစ်တွေမြို့နယ်အတွင်းက မွတ်စလင် ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုပေးဖို့တောင်းဆိုပြီး စစ်ဆေးရေးအဖွဲ့ဝင်တွေကို စခန်းတွင်းဒုက္ခသည်တွေက ခဲတွေနဲ့ ပစ်ပေါက်ခဲ့တဲ့အတွက် သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့ရကာ စစ်ဆေးရေးအဖွဲ့ဝင်တချို့လည်း ဆေးရုံတက်ရတဲ့အထိ ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်

ဒီအမှုကို လာမယ့်ဇွန်လ ၆ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်တယ်လို့လည်း သိရပါတယ်။