မြန်မာနိုင်ငံဟာ
အပြည်ပြည်ဆိုင်ရာရွှေပြောင်းသွားလာသူများအဖွဲ (IMO)့ဝင်
နိုင်ငံတခုဖြစ်လာပြီမို့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများကို
ပိုမိုကာကွယ်ပေးနိုင်တော့မယ်လို့ ဒီနေ့ထုတ်မြန်မာ့အလင်းသတင်းစာမှာ
ရေးသားဖော်ပြထားပါတယ်။
ဒါပေမယ့် ဘာအထောက်အထားမှ မရှိရင်
ကူညီပေးနိုင်ဖို့ အခက်အခဲ ရှိမှာဖြစ်တယ်၊ဒါကြောင့် မြန်မာပြည်ပြင်ပ
ထွက်ပြီဆိုရင် မှတ်ပုံတင်၊အိမ်ထောင်စုစာရင်း စတဲ့ စာရွက်စာတမ်းတွေ
ယူဆောင်သွားဖို့လိုတယ်၊အဲ့ဒါတွေ မပါရင် လူကုန်ကူးခံရဖို့များပြီး
ယာယီနိုင်ငံကူးလက်မှတ်လုပ်တဲ့အခါမှာလဲ အခက်အခက်အများကြီးတွေ့ရနိုင်တယ်လို့
သတင်းမှာ ဖော်ပြထားပါတယ်။
သတင်းနဲ့ တဆက်ထဲမှာပဲ
ထိုင်းနိုင်ငံတွင်း လူကုန်ကူးခံရရင် အကူအညီတောင်းခံနိုင်တဲ့
ဖုန်းနံပတ်တွေနဲ့ ထိုင်းနိုင်ငံတွင်း ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးနေတဲ့
နေရာတွေကို ဖော်ပြထားပါတယ်။
DVB
0 comments:
Post a Comment