ကျွန်တော် ဘလော့ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ နှလုံးသားရဲ့ခံစားချက်လေးတွေကို ဖော်ပြမယ်ဆိုပြီး တည်ထောင်ဖြစ်ခဲ့တာပါ...။ ကဗျာလေးတွေကို ကိုယ်တိုင်ရေးဖြစ်တယ် ကျွန်တော်ကြိုက်နှစ်သက်တဲ့ ကဗျာတွေ၊စာသားတွေ တွေ့ခဲ့ရင်လည်းပြန်လည် ကူးယူဖော်ပြဖြစ်ခဲ့ပါတယ် နည်းပညာများကို မသိသေးတဲ့သူတွေနဲ့ အတူ ကျွန်တော်ကိုယ်တိုင်လည်း လေ့လာဖို့အတွက် ကျွန်တော်လေ့လာဖတ်ရှု့ခဲ့တဲ့ စာအုပ်တွေဆိုဒ်တွေကတဆင့် ကူးယူပြီး ပြန်လည်ဖော်ပြ ပေးထားတာပါ...။ ဒီဘလော့ကကျတော့်အတွက် မှတ်စုစာအုပ်လေးလို့ ပြောရင်လည်းမမှားနိုင်ပါဘူး...။ အကြင်နာမြို့တော် ဘလော့လေးသို့ လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေများအားလုံး ကျေးဇူးအထူးတင်ရှိပါကြောင်း ဒီနေရာလေးကနေ ပြောကြားလိုက်ရပါတယ်...။ ကျွန်တော့်ဘလော့လေးဆီသို့ ကဗျာများ၊ စာပေများ၊ ဗဟုသုတများ၊ နည်းပညာများ၊ သတင်းများ၊ စသဖြင့် ဖော်ပြပေးရန် ပေးပို့ လိုပါက ပေးပို့သူနာမည်နှင့်အတူ ဖော်ပြပေးသွားပါမည်။ အီးမေးပေးပို့လိုလျှင် akyinnarmyotaw@gmail.com (သို့မဟုတ်) akerheain@gmial.com သို့ ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ.....။ မိတ်ဆွေများအားလုံးကို လေးစားလျှက် အကြင်နာမြို့တော်.....။

♥~♥♥~♥မျှားတစ်ဆင်း ပန်းတစ်ပွင့်♥~♥♥~♥

ငါချစ်သော....သူငယ်ချင်း

တစ်ချိန်ကငါလည်း မင်းလိုပဲ
အဖေ့ရဲ့ ဒေါသသံ အမေ့ရဲ့ ဆူညံသံတွေကြားမှာ
နေခဲ့ဖူးပါတယ်..............

အဲဒီတုန်းက....

အဖေ့ရဲ့ဒေါသသံ အမေ့ရဲ့ ဆူညံသံတွေကို
ငါ.. ဘာသာမပြန်တတ်ခဲ့ဘူး
အလင်းမဲ့ နယ်နိမိတ်ရောက်မှ
'လ' မင်းရဲ့ဧရိယာ ဘယ်လောက်ကျယ်ပြန့်ပြီး
နေမင်းရဲ့အလင်းအား...ဘယ်လောက်
စူးရှထက်မျက်တယ်ဆိုတာ
.........ငါသိလိုက်ရတယ်.

သူငယ်ချင်းရယ်.......

အခါလွန်မိုးနှင်းလေးတွေစိုရွှဲတော့မှ ငါလေ
အဖေ့ရဲ့ ဂရုဏာဒေါသသံ...
အမေ့ရဲ့ ဆူညံနေမယ့် မေတ္တာသံတွေကိုကြားချင်လိုက်တာ
'ဆူတာ ကြိမ်းတာ ရိုတ်တာ ခံလိုက်ချင်ပါရဲ့ကွာ.
ဒါပေမယ့်လည်း..... ငါ ဆို့နစ်ကြေကွဲစွာ
အလင်းမဲ့နယ်ထဲကို ဖြတ်သန်းထိုးဖောက် နေခဲ့ရပြီလေ............

သူငယ်ချင်းရယ် ...ငါတို့တတွေ ....

အဖေပစ်လွှတ်လိုက်တဲ့ မျှားတစ်စင်းအဖြစ်နဲ့
အမေပေးလိုက်တဲ့ ပန်းကလေးကိုပန်ပြီး
ဒီလွင်ပြင်ခရီးကို...
မေတ္တာနဲ့ ဂရုဏာကိုလမ်းခင်း.....
မုတိတာဝတ်စုံကို ဝတ်ဆင်ရင်း....
ဥပေက္ခာ နှလုံးသားတစ်စုံနဲ့

လမ်းဆက်လျှောက်ကြပါစို့ ...သူငယ်ချင်း................

0 comments: