ကျွန်တော် ဘလော့ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ နှလုံးသားရဲ့ခံစားချက်လေးတွေကို ဖော်ပြမယ်ဆိုပြီး တည်ထောင်ဖြစ်ခဲ့တာပါ...။ ကဗျာလေးတွေကို ကိုယ်တိုင်ရေးဖြစ်တယ် ကျွန်တော်ကြိုက်နှစ်သက်တဲ့ ကဗျာတွေ၊စာသားတွေ တွေ့ခဲ့ရင်လည်းပြန်လည် ကူးယူဖော်ပြဖြစ်ခဲ့ပါတယ် နည်းပညာများကို မသိသေးတဲ့သူတွေနဲ့ အတူ ကျွန်တော်ကိုယ်တိုင်လည်း လေ့လာဖို့အတွက် ကျွန်တော်လေ့လာဖတ်ရှု့ခဲ့တဲ့ စာအုပ်တွေဆိုဒ်တွေကတဆင့် ကူးယူပြီး ပြန်လည်ဖော်ပြ ပေးထားတာပါ...။ ဒီဘလော့ကကျတော့်အတွက် မှတ်စုစာအုပ်လေးလို့ ပြောရင်လည်းမမှားနိုင်ပါဘူး...။ အကြင်နာမြို့တော် ဘလော့လေးသို့ လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေများအားလုံး ကျေးဇူးအထူးတင်ရှိပါကြောင်း ဒီနေရာလေးကနေ ပြောကြားလိုက်ရပါတယ်...။ ကျွန်တော့်ဘလော့လေးဆီသို့ ကဗျာများ၊ စာပေများ၊ ဗဟုသုတများ၊ နည်းပညာများ၊ သတင်းများ၊ စသဖြင့် ဖော်ပြပေးရန် ပေးပို့ လိုပါက ပေးပို့သူနာမည်နှင့်အတူ ဖော်ပြပေးသွားပါမည်။ အီးမေးပေးပို့လိုလျှင် akyinnarmyotaw@gmail.com (သို့မဟုတ်) akerheain@gmial.com သို့ ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ.....။ မိတ်ဆွေများအားလုံးကို လေးစားလျှက် အကြင်နာမြို့တော်.....။

ကျမျက်ရည် မကြေငြာတော့ဘူး

မင်းသိရဲ့လား...


တဖွဲဖွဲရွာနေတဲ့ မိုးစက်တွေကြား


တစ်လောကလုံးလင်းနေသားနဲ့


ငါ့နှလုံးသားတစ်ခုထဲ အမှောင်ကျ


မင်း......ငါ့ကို


ထားခဲ့တုန်းကပေါ့...


အပျံသင်စ ငှက်တစ်ကောင်ကို


မညှာမတာ အတောင်ရိုက်ချိုးခဲ့သလိုပါပဲ...


မင်းအတွက်ဆိုရင်


မိဘ နဲ့ ပတ်ဝန်းကျင်ကြား


ဘေးစကားတွေကို ပစ်ပယ်လို့


" ချစ်တယ် " ဆိုတဲ့ စကားတစ်ခွန်းနဲ့တင်


အရာအားလုံးကို ဆန့်ကျင်ရဲခဲ့တာလေ..


ဟိုး...ကောင်းကင်ထိပျံတက်


ခရီးမိုင်များစွာအတွက်


လက်တွဲမဖြုတ်စတမ်း ငါနဲ့အတူပျံသန်းမယ်တဲ့...


ပေးခဲ့တဲ့ ကတိတွေပျက်သုန်း


ငါ့ရဲ့........


ရည်ရွယ်ချက်တွေလဲ ပျောက်ဆုံးခဲ့ပြီ...


အခုတော့..


မင်းမရှိတဲ့ ရာသီရဲ့နေ့စွဲတွေထဲ


အထီးကျန်ဆန်ပြိုလဲလို့


လွမ်းတဲ့စိတ်နဲ့ပဲ


မင်းအရိပ်လေးကိုအိပ်မက်


ဂယောင်ခြောက်ခြားသွေးပျက်နေဆဲပါ...


စာမလာ သတင်းမကြားပဲ


မင်း...ငါ့ကိုထားခဲ့ပေမယ့်


မင်းကြောင့်ကျခဲ့တဲ့ မျက်ရည်ရဲ့အငွေ့ကိုတောင်မှ


မင်းကို မခံစားစေချင်ခဲ့ဘူး...


ရေစက် မဆုံလို့ဝေးခဲ့ရပြီပဲ


ငါတစ်ယောက်ထဲ စိတ်ချမ်းသာဖို့


မင်းပြန်လာပါလို့ လဲ မမျှော်လင့်ချင်တော့ဘူး...


ထားခဲ့ဖူးတဲ့ မေတ္တာအတွက်ပဲ


လှိုက်လှိုက်လှဲလှဲ တောင်းဆုပြုခဲ့တယ်...


အခုဘ၀ကစလို့ နောင်သံသရာအဆက်ဆက်


အချစ် နဲ့ပတ်သက်သမျှ


မမြင်ရ မကြားရ


နှလုံးသားနဲ့တောင်မှ


မခံစားတတ်သောသူသာ


ဖြစ်ရပါလို၏...


အချစ်ဆိုတဲ့စကား


ကိုယ့်နားမှာ မကြားပါရစေနဲ့တော့ ...


အလိမ်အညာတွေပါကွာ


တိမ်သလ္လာတွေ ကင်းစင်မှ


မင်းချစ်တယ်ဆိုတဲ့ ကောင်းကင်ပြာ


ကိုယ်မဟုတ်တာတော့


သေချာသွားခဲ့ပြီ ...


အပြုံးတေးတွေနဲ့ အခါခါ


ချော့သိပ်တာ များခဲ့တော့


ယုံကြည်ခြင်းရဲ့ ဆန့်ကျင်ဘက်တရား


အိပ်စက်ကာ သွားခဲ့ရတာပေါ့ ...


မင်းရဲ့ ပရိယာယ်မာယာ


ပန်းတိုင်ကို ရောက်ကာမှ


ကိုယ့်အသိညဏ် နိုးထရှင်သန်ခဲ့ရတော့


နောက်ဆုံးတော့


ကိုယ်ပဲ အရှုံးပေးရတော့တာပေါ့ ... ။


အားငယ်စရာတစ်ခုခုဖြစ်တိုင်း


ကျအံဆဲဆဲမျက်ရည်တွေကို


အတင်းထိန်းရင်း ပေးထားခဲ့တဲ့


ကတိတစ်ခုနဲ့ သူ့ကိုသတိရမိတယ်


ဒီလောက်အားငယ်နေရင်


ငါမရှိတော့ရင် ဘယ်လိုလုပ်မလဲလို့


အခါခါမေးဖူးတဲ့သူ


မျက်ရည်မကျတော့စေရဘူးလို့ 


င့ါဆီကတောင်းခဲ့တဲ့ကတိပိုင်ရှင်


င့ါကိုရင့်ကျက်စေဖို့များ


အခုလိုတစ်ယောက်တည်းထားခဲ့တာလားမသိတော့ဘူး


င့ါဘ၀တစ်ခုလုံးကို


အမှောင်ချခဲ့တဲ့ သူရေ


ပြောင်းလဲ့သွားတဲ့ငါ့ဘ၀ကို


ယောင်လို့တောင်လှည့်မကြည့်သွားဘူးနော်


တော်ပါပြီ


တွေးရင်းနဲ့ မျက်ရည်တွေတောင်ကျလာပြီ

0 comments: