ကျွန်တော် ဘလော့ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ နှလုံးသားရဲ့ခံစားချက်လေးတွေကို ဖော်ပြမယ်ဆိုပြီး တည်ထောင်ဖြစ်ခဲ့တာပါ...။ ကဗျာလေးတွေကို ကိုယ်တိုင်ရေးဖြစ်တယ် ကျွန်တော်ကြိုက်နှစ်သက်တဲ့ ကဗျာတွေ၊စာသားတွေ တွေ့ခဲ့ရင်လည်းပြန်လည် ကူးယူဖော်ပြဖြစ်ခဲ့ပါတယ် နည်းပညာများကို မသိသေးတဲ့သူတွေနဲ့ အတူ ကျွန်တော်ကိုယ်တိုင်လည်း လေ့လာဖို့အတွက် ကျွန်တော်လေ့လာဖတ်ရှု့ခဲ့တဲ့ စာအုပ်တွေဆိုဒ်တွေကတဆင့် ကူးယူပြီး ပြန်လည်ဖော်ပြ ပေးထားတာပါ...။ ဒီဘလော့ကကျတော့်အတွက် မှတ်စုစာအုပ်လေးလို့ ပြောရင်လည်းမမှားနိုင်ပါဘူး...။ အကြင်နာမြို့တော် ဘလော့လေးသို့ လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေများအားလုံး ကျေးဇူးအထူးတင်ရှိပါကြောင်း ဒီနေရာလေးကနေ ပြောကြားလိုက်ရပါတယ်...။ ကျွန်တော့်ဘလော့လေးဆီသို့ ကဗျာများ၊ စာပေများ၊ ဗဟုသုတများ၊ နည်းပညာများ၊ သတင်းများ၊ စသဖြင့် ဖော်ပြပေးရန် ပေးပို့ လိုပါက ပေးပို့သူနာမည်နှင့်အတူ ဖော်ပြပေးသွားပါမည်။ အီးမေးပေးပို့လိုလျှင် akyinnarmyotaw@gmail.com (သို့မဟုတ်) akerheain@gmial.com သို့ ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ.....။ မိတ်ဆွေများအားလုံးကို လေးစားလျှက် အကြင်နာမြို့တော်.....။

ဆင်းရဲရခြင်းအကြောင်း (၁၁) ပါး


မြန်မာများ ဗဒ္ဓသာသနာ ဖြစ်ပါလျက်

ဒါနလည်းပြုပါလျက်

ဆင်းရဲရခြင်းအကြောင်း (၁၁) ပါး

၁။  လိုအပ်သောနေရာတွင်မလှူပဲ မလိုအပ်သောနေရာတွင် လှူဒါန်းခြင်း၊

၂။   သမ္ပဒါလေးပါး (ဥဌာန၊ အာရက္ခ၊ ယလျာဏမိတ္တ) ချို့ယွင်းခြင်း၊

၃။   စီးပွားရေးကို မေတ္တာဖြင့်မရှာဘဲ ၀ိသမလောဘဖြင့်ရှာဖွေခြင်း၊

၎။   ပျင်းရိခြင်းကို ရောင့်ရဲခြင်းဟု အထင်မှားခြင်း၊

၅။   ကိုယ့်ကိုယ်ကို မထိန်းသိမ်းနိုင်ခြင်း၊

၆။   အချိန်တန်ဖိုးကို မသိခြင်း၊

၇။   ကိုယ့်ထက်သာလျှင် မနာလိုခြင်း၊

၈။   စာပေဗဟုသုတ မရှိခြင်း၊

၉။   ဒေသန္တရဗဟုသုတ မရှိခြင်း၊

၁၀။ ခေါင်းဆောင်စိတ်နည်းခြင်း၊

၁၁။ ကိုယ့်အားကိုယ်ကိုးလိုစိတ်နည်းခြင်း။


အောင်မြင်မှုနှင့် တိုးတက်မှု


၂၀-၈၀ နိယာမ

လူတွေမှာ ၂၀% က လည်ပင်းအထက်ပိုင်းနဲ့ပိုက်ဆံရှာတယ်၊ ၈၀% က လည်ပင်းအောက်ပိုင်းနဲ့ ပိုက်ဆံရှာတယ်။ ၂၀% က အချိန်ဝယ်တယ်၊ ၈၀% က အချိန်ရောင်းတယ်။ ၂၀% က လုပ်ငန်းကိုင်ငန်းကြီးတွေ လုပ်တယ်၊ ၈၀% က အလုပ်လုပ်တယ်။ ၂၀% က အနာဂတ်အတွက် အစီအစဉ်ချတယ်၊ ၈၀% က အိပ်ယာထမှ ဒီနေ့ဘာလုပ်မယ်ဆိုတာ စဉ်းစားတယ်။ ၂၀% က ကိုယ့်ကိုကိုယ် ပြောင်းလဲတယ်၊ ၈၀% က ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်တယ်။ ၂၀% က ဥစ္စာကြွယ်ဝတယ်၊ ၈၀% က ဆင်းရဲတယ်။ မင်း ၂၀% လုပ်မလား၊ ၈၀% လုပ်မလား။

တတိယ ၈ နာရီ

တစ်ရက်မှာ ၈ နာရီစာ အပိုင်းအခြားသုံးခုစီ မျှမျှတတပေးထားတယ်။ ပထမ ၈ နာရီမှာ လူတွေအလုပ်လုပ်ကြတယ်၊ ဒုတိယ ၈ နာရီမှာ လူတွေအိပ်ကြတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ကွဲပြားခြားနားချက်တွေကို များသောအားဖြင့် တတိယ ၈ နာရီကနေ ဖန်တီးခဲ့ကြတာပဲ။

လမ်းနှစ်လမ်း

လူတိုင်းမှာ လျှောက်စရာလမ်းနှစ်လမ်းရှိတယ်၊ တစ်လမ်းကလျှောက်ကိုလျှောက်ရမယ့်လမ်း၊ နောက်တစ်လမ်းက ကိုယ်လျှောက်ချင်တဲ့လမ်း။ မလျှောက်မနေ လျှောက်ကိုလျှောက်ရမယ့်လမ်းကို လှလှပပလျှောက်ပြီးမှ ကိုယ်လျှောက်ချင်တဲ့လမ်းကို လျှောက်လို့ရပါလိမ့်မယ်။

တခါသုံးယုံကြည်မှု

ယုံကြည်မှုဆိုတာ စာရွက်တစ်ရွက်လိုပဲ၊ ကြေသွားပြီဆိုတာနဲ့ ဘယ်လိုပဲဖြန့်ဖြန့် နဂိုအတိုင်းပြန်မဖြစ်တော့ဘူး။

နောင်တ

နောက် အနှစ် ၂၀ ကြာသွားတဲ့အခါ မင်းကိုပိုပြီးစိတ်ပျက်စေမှာက မင်းလုပ်ခဲ့တဲ့ ကိစ္စတွေမဟုတ်ဘူး၊ မင်းမလုပ်လိုက်ရတဲ့ကိစ္စတွေပဲ။

နေရာ

အအေးတစ်ပုလင်းကို လမ်းဘေးဆိုင်မှာ ၁၀ နဲ့ရောင်းတယ်၊ ဟိုတယ်မှာ ၃၀ နဲ့ရောင်းတယ်။ လူတစ်ယောက်ရဲ့တန်ဘိုးဟာလည်း သူရောက်နေတဲ့နေရာပေါ်မှာပဲမူတည်တယ်။

သမာဓိ

စကားတစ်ခွန်း မပြောသေးခင်မှာ မင်းဟာအဲဒီစကားရဲ့အရှင်သခင်ပဲ၊ ပြောလိုက်ပြီဆိုရင်တော့ မင်းဟာသူ့ရဲ့ကျွန်ဖြစ်သွားပြီ။

ရွေးချယ်မှု

နောက်ဆုံးတော့လည်း မင်းဘာကိုယုံရင်ဘာဖြစ်တာပဲ။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး ဝေါဟာရ နှစ်ခုရှိတယ်၊ တစ်ခုက ခေါင်းမာတာ၊ နောက်တစ်ခုက ကြိုးစားတာ။ ကြိုးစားတဲ့ကောင်က သူ့ကိုသူပြောင်းလဲပစ်တယ်၊ ခေါင်းမာတဲ့ကောင်က သူ့ကံကိုသူပြောင်းလဲပစ်တယ်။

မနာလိုခြင်းနှင့် အားကျခြင်း

သူများတွေထက်မဆိုစလောက် သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ သူတို့တွေထက်အဆပေါင်းများစွာ သာသွားတဲ့အခါ မင်းကိုအားကျကြလိမ့်မယ်။

နောက်ဆုံးအပြုံး

ဘယ်သူ့ကိုမှမယှဉ်နိုင်ဘူးလို့ထင်တဲ့အခါ အားမငယ်ပါနဲ့၊ မင်းဟာသာမန်လူတစ်ယောက်ဆိုတာလည်း သတိရပါ။ သူများတကာရယ်မောနေတာတွေ့ရင်လည်း တကမ္ဘာလုံးမှာ မင်းတစ်ယောက်တည်း ဝမ်းနည်းပူဆွေးနေတယ်မထင်ပါနဲ့၊ တကယ်တော့ သူများတွေက မင်းထက်ပိုပြီး ဟန်လုပ်တတ်လို့ပဲ။ အကူအညီမဲ့နေတဲ့အခါ မင်းငိုချင်ငိုလိုက်ပါ၊ သို့သော် ငိုပြီးရင်တော့ ပြန်ပြီးနိုးကြားတက်ကြွလာရမယ်၊ အရာရာကိုလက်လွှတ်ဆုံးရှုံးပစေဦးတော့၊ မင်းရဲ့အပြုံးလေးကိုတော့ ရှုံးမသွားပါစေနဲ့။

ပူပင်သောက

လူတစ်ယောက်ရဲ့ ပူပင်သောကတွေကနေ သူ့ရဲ့စိတ်နေသဘောထား အတိုင်းအဆနဲ့ အနာဂတ်အောင်မြင်မှုရဲ့ အတိမ်အနက်ကို မှန်းဆလို့ရတယ်။ တနည်းအားဖြင့်၊ ပြဿနာအသေးလေးတွေဟာ အချိန်ကုန်ခံပြီး ပူပန်နေစရာမလိုဘူး၊ တကယ့်ကြီးမားတဲ့ ကိစ္စတွေကျပြန်တော့ ပူနေရုံနဲ့လည်း အကျိုးမရှိဘူး။ အချိန်တိုတိုနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းရှိရင် အရာရာတိုင်းဟာ မိုးတွေထန်ပြီးတဲ့နောက် ပွင့်လင်းသွားတဲ့ ရာသီဥတုလို သာယာနေမှာပါပဲ။

အောင်မြင်မှုနှင့် တိုးတက်မှု

မင်းမအောင်မြင်လို့ရတယ်၊ သို့သော်မတိုးတက်လို့မရဘူး။ မင်းရဲ့အောင်မြင်မှုကိုကဖျက်ကယက်လုပ်မယ့်သူတွေ ရှိကောင်းရှိလိမ့်မယ်၊ ဒါပေမဲ့ မင်းတိုးတက်တာကိုတော့ ဘယ်သူမှကာဆီးကာဆီးလုပ်မှာမဟုတ်ဘူး။

ဖိအားနှင့် တွန်းအား

အပြင်ကသက်ရောက်တဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥဟာ အစာတစ်လုပ်ဖြစ်သွားပေမယ့် အတွင်းကနေရုန်းထွက်လာတဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥကျတော့ အသက်တစ်ချောင်း ဖြစ်လာစေတယ်။ လူ့ဘဝဆိုတာလည်းအဲလိုပါပဲ၊ အပြင်ကလာတဲ့အားတွေက ဖိအားတွေဖြစ်ပြီး အတွင်းကနေ ဖြစ်တည်လာတဲ့အားတွေက ကြီးပြင်းရှင်သန်မှုပါ။ ပြင်ပကအားတွေနဲ့ အခွဲခံဖို့ပဲ ထိုင်စောင့်နေလို့ရှိရင် သင်ဟာ သူများရဲ့အစာတနပ် ဖြစ်သွားမှာမလွဲပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး အတွင်းကနေ ဖောက်ထွက်နိုင်ရင်တော့ ကိုယ့်ရဲ့ရှင်သန်ကြီးပြင်းခြင်းဟာ အသက်တစ်ချောင်း အသစ်တဖန် ပြန်လည်မွေးဖွားလာတာနဲ့ တူတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။


♥♥♥ တိတ်ဆိတ်ခြင်းရဲ့ အသံ ♥♥♥


အသံမဲ့ စကားလုံးတွေနဲ့

ငြိတွယ်မိတဲ့ ဒီမျက်ဝန်းတွေ

အခုတော့............

တမ်းတခြင်းရဲ့ အခြားတစ်ဖက်မှာ

ကိုယ်ပိုင်ဆိုင်ရာ ဘ၀တွေကိုထုဆစ်

သတိရမိတဲ့ အဖြစ်တွေကိုထိမ်းချုတ်

လွမ်းဆွတ်ခြင်းတွေ မဆုတ်ယုတ်ခဲ့ဘူး။

ညီမလေး...



ခရီးဆက်ရဦးမဲ့ ချစ်ခြင်းအတွက်

အေးချမ်းတဲ့ ဒီည

လရောင်ဖျဖျကို မြင်ခဲ့ရင်

သတိတရ လွမ်းဆွတ်ခြင်းနဲ့

တိတ်ဆိတ်ခြင်းရဲ့ အသံတွေ...

ညီမလေးကြားနိုင်ပါစေ..............


♥♥♥ အလွမ်းရင်ခွင် ♥♥♥


စိတ်ရဲ့နားခိုရာ

အတွေးခရီးမှာ မင်းကသခင်ပါ

ရုန်းထွက်လေ ချည်နှောင်လေ

ငါ့ကိုငါထိန်းချုပ်ရခက်နေတယ်

ငါ့ကို မင်းကပျော်အောင်လည်းလုပ်နိုင်တယ်

ငါ့ကို မင်းကငိုအောင်လည်းလုပ်နိုင်တယ်

တွေတွေငေးငေးနဲ့ ငါဟာ

မင်းအကြောင်းတွေပဲ တွေးဖြစ်နေတယ်............



စွဲလမ်းမူ့ လွမ်းဆွေးမူ့တွေ...မင်းမူနေတဲ့

အလွမ်းရင်ခွင်မှာ

စိတ္တဇဆန်တဲ့ အရောင်ချယ်သမူ့တွေနဲ့

ငါ့နှလုံးသားဟာ နေသားမကျတော့ဘူး...

အချစ်လွင်ပြင်ကိုမရောက်ခင်ကတည်းက

ရှုံးနိမ့်စပြုနေပြီ လေ.....

ချစ်ခြင်းတွေပြိုင် အချစ်ကြီးသူကသာနိုင်မယ်ဆိုရင်

ချစ်သူရေ

နားလည်ခွင့်လွတ်မူ့ တွေ ပေးဆပ်မူ့တွေနဲ့

လမ်းခင်းထားတဲ့ ဒီနှလုံးသားကို

မင်း နင်းလျှောက်ရက်ပါ့မလား.......


♥♥♥ စုသခင်မလေးထံသို့ ♥♥♥


မဖြစ်နိုင်မှန်း သိပေမယ့်

မိုးစက်လေးတွေကြားထဲမှာ

မောင်ရှာမိသေးတယ် စုသခင်♥♥♥


ခိုက်ခိုက်တုန်အောင် ချမ်းနေပေမယ့်

နှင်းဖြူတွေကို အဖော်ပြုပြီး

မောင်ပြန်ခဲ့ရတယ် စုသခင်♥♥♥


လေတိုက်တိုင်း သတိမရပေမယ့်

သစ်ရွက်ကြွေတိုင်း လွမ်းနေမိတော့

နွေဦးရောက်မှာ ကြောက်မိတယ်စုသခင်♥♥♥


အဆင့်အတန်း မတူတဲ့ဘ၀မှာ

ခံစားမှုတွေဖြစ်ခဲ့တော့

မရေရာအနမ်း

ဝေဒနာအလွမ်းနဲ့

ဒီရင်မှာ နွမ်းမိတယ် စုသခင်♥♥♥


♥♥♥ အလင်းအမှောင်နဲ့ ရေးဆွဲခဲ့သော ပန်းချီကား ♥♥♥


တစ်စုံတစ်ရာအတွက်

အရာရာကိုစွန့်လွှတ်ခဲ့ရသလို........

ကြမ်းတမ်းတဲ့ခရီးလမ်းပေါ်က

ထိရှမူ့တွေများခဲ့တဲ့ ဝတ်ရုံလေး...........

ချုပ်ရိုးတွေအထပ်ထပ်နဲ့

လောကဓံအတွက်

ကြံ့ကြံ့ခံရပ်တည်ခဲ့ရတယ်..........



အငှါးဝတ်စုံမို့ တစ်နေ့ပြန်ပို့ရမှာပါ........

တစ်ဖြည်းဖြည်းနဲ့...

အလင်းအမှောင်နဲ့ခြယ်သခဲ့တဲ့ပန်းချီပုံရိပ်တွေကလည်း

ပြီးဆုံးတော့မယ်.....ဘယ်တော့လဲ

ဘယ်နေရာမှာအဆုံးသတ်မှာလဲ ဆိုတာ

မသိနိုင်ပေမယ့်

အလင်းအမှောင်ရဲ့ဆေးစက်ခြယ်သမူ့ကို

ရပ်တန့်ခွင့်မှမရှိတာပဲလေ.................




ငါကိုတိုင်ရေးဆွဲခဲ့တဲ့ ဒီပန်းချီကားချပ်လေး

စိတ်တိုင်းကြတော့မဖြစ်ခဲ့ဘူး

ဖြစ်နိုင်ရင် အစကပြန်ပြီးရေးဆွဲလိုက်ချင်ပါတယ်

စုတ်ချက်အမှားတွေနဲ့ငါ့ပန်းချီကား

အကဲဖြတ် ပန်းချီပြခန်းမှာ

ဘယ်လိုမျက်နှာပန်းလှပါ့မလဲလေ..........



ဝတ်စုံကလည်းတဖြည်းဖြည်းဟောင်းနွမ်းခဲ့ပြီ..........

အလင်းအမှောင်ဆေးစက်တွေကလည်း

တဖြည်းဖြည်း နည်းလာခဲ့ပြီ........

လက်ကျန်ဆေးစက်တွေကို သတိထားရေးဆွဲရတော့မယ်♥♥♥♥♥♥♥♥♥♥♥♥


♥♥♥ မျှော်နေမိတဲ့ နှလုံးသားတစ်စုံ ♥♥♥


ညီမလေးရေ....

အကိုညီမလေးကိုအရမ်းလွမ်းတယ်...

အရမ်းလည်းချစ်နေခဲ့တယ်...


ကံကြမ္မာကအကို့ကို မျက်နှာသာမပေးဘူးနော်...

ရက်စက်မှုတွေပဲပေးနေတယ်.....

ဘယ်လိုပဲအကို့ကိုပေးနေပါစေ....

ညီမလေးစိတ်ချမ်းသာနေဖို့က အဓိကပါ

ညီမလေးပျော်ရွှင်နေမယ်ဆို

အကို့နှလုံးသားကိုပေးဆပ်နေမှာပါ...


ညီမလေးရေ......

ညီမလေးအကို့ကိုသတိရပေးလို့

အကိုအရမ်းပျော်နေခဲ့တယ်....

ညီမလေးရဲ့နှစ်သိမ့်အားပေးစကားလေးလုံးလေးတွေ

ညီမလေးရဲ့ ချစ်စရာကောင်းတဲ့

အသံလေးတွေကို အကိုအမြဲကြားနေချင်မိတယ်...

ညီမလေရဲ့ မျက်နှာလေးကိုတွေ့ခွင့်မရခဲ့တာ

ကြာခဲ့ပြီနော်

အကိုညီမလေးရဲ့ဓါတ်ပုံလေးကိုကြည့်ပြီး

တစ်ယောက်တည်းစကားတွေပြောနေခဲ့တာ

ညီမလေးမျက်လုံးလေးတွေက

အကို့ကို မျက်တောင်လေးတွေခက်ပြနေခဲ့တယ်....


ညီမလေးရေ...

ညီမလေးအွန်းလိုင်းပေါ်တက်လာမှာကို

အကိုစောင့်မျှော်နေခဲ့တယ်...

အွန်လိုင်းပေါ်တက်မလာတဲ့နေလေးတွေဆို

အကိုစိတ်တွေယောက်ရက်ခက်နေခဲ့တယ်....

နှလုံးသားတွေမှာနာကြင်တဲ့ဝေဒနာကို

ခံစားနေခဲ့ရတယ်.....

အဲဒီအချိန်မှာ ဖုန်းလေးကိုငေးမောကြည့်ပြီး

စိတ်တွေလေးမှိုင်းနေခဲ့ရတယ်....

အကိုအိပ်ရာဝင်တော့လည်း

အိပ်လို့မပျော်ခဲ့ဘူး...

မျက်လုံးတွေစပ်လို့

မှေးခနဲဖြစ်သွားတဲ့အချိန်လေးတွေမှာ

ညီမလေးရဲ့ ပုံရိပ်လေးတွေကိုအကိုတွေ့နေရတယ်....


ညီမလေးရေ.......

စိတ်တွေညစ်နေရပြီလား....

အားလုံးကိုပြန်တွေးကြည့်မယ်ဆို

အကို့ကြောင့် ညီမလေးစိတ်တွေညစ်နေရပြီနော်..

လောကကြီးရေ.......

ဖြူစင်တဲ့ညီမလေးမှာ

ဘာအပြစ်မှမရှိဘူးဆိုတာ

လောကကြီးအသိပါ

ညီမလေးစိတ်တွေမညစ်ရအောင်

ကူညီပေးပြောပေးပါလားဗျာ......


ညီမလေးရေ.....

ဖြူစင်တဲ့ညီမလေးကို

အကိုထာဝရချစ်နေတယ်.....


♥♥♥ စိတ်၏စေရာ ♥♥♥


ညလေပြေညှင်း သဲ့သဲ့တိုက်ခက်

သတိရခြင်းနဲ့ အလွမ်းဓါတ်တွေသယ်ဆောင်ခဲ့လေပြီ

သစ်ရွက်ပမာ မခိုင်တဲ့ငါ့စိတ်

လေပြေညှင်းနဲ့အတူ မင်းတယောက်ရှိတဲ့စီသို့

မျောလွင့်ကြွေကြသွားရှာလေပြီ.....။



စွဲလန်းစိတ်တခုကြောင့်

မင်းအပေါ်ကို သတိရခြင်းလေပြေညှင်းလေး

တိုက်ခက်ပေးမိရင်လည်း

ဒီလေပွေရူး

ဆော့မြူးနေတယ်လို့ မင်းထင်ကြေးပေးနေမလား....။



သတိရတယ်ဆိုတာ

စိတ်ရဲ့စေခိုင်းမှုလို့ နားလည်ထားပေမယ့်

မင်းအကြောင်းတွေးမိတိုင်း

ငါ့ရဲ့အတွေးနယ်ချဲ့ချင်တဲ့စိတ် ဘယ်လိုမှထိန်းချုပ်မရခဲ့ဘူး

ငါနင့်ကို အရမ်းသတိရနေတယ်ဟာ.....။



ခင်မင်မှုထက် တဆင့်တိုး

ချစ်ရေးဆိုမယ် အားတင်းထားတိုင်း

မင်းတုန့်ပြန်လာမယ့်အဖြေတခု အကောင်းအဆိုး

ငါခံနိုင်ရည်ရှိအောင် အားမွေးနေတယ်

အချစ်ဆိုတဲ့ဘာသာစကားက

ခင်မင်မှုကနေအစပျိုး သံယောဇဉ်တွေတိုးလာတော့

အချစ်ရုပ်ကြွင်း ဖြေးညှင်းစွာထင်ရှားလာတယ်

ခင်မင်မှုကနေစ အချစ်ရဲ့အဓိပ္ပါယ်ဖြစ်သွားတယ်ဆိုတာနားလည်ပေးပါ.....။



နေ့စဉ်ညတိုင်း မင်းအကြောင်းတွေးလို့

ရင်ခုန်သံတွေမြိုသိပ်ထားရတာလည်းယနေ့အချိန်ထိပေါ့

မင်းအတွက်ငါသိမ်းဆည်းထားတဲ့

ရင်းတွင်းစကားတွေ ပွင့်အံလာတဲ့တနေ့

ရွှေရင်အစုန်ကို နွေရူးလေပူလာတိုက်ခက်တယ်လို့

မင်းထင်သွားမလား ဆိုးထိတ်မိတယ်

စွဲလန်းမိတဲ့ငါ့ရဲ့စိတ်ကို မလွန်ဆန်နိုင်တော့လည်း

နေလိုပူတဲ့ ခံစားချက်တွေနဲ့

မင်းအချစ်ကို မျှော်လင့်လျှက်နဲ့ပေါ့....။


♥♥♥ နေ့စွဲလေးတစ်ခုကို တမ်းတနေခြင်း ♥♥♥


အေးမြတဲ့ သူ့အပြုံး

စိမ့်ဆန်းရေတွေရှုံးလောက်တယ်......

ချိုမြတဲ့ သံစဉ်အလှ

လောကကြီးကိုမေ့သွားနိုင်တယ်.......

ဖြူစဉ်တဲ့ သူ့စိတ်ထား

တုရက်စရာမရှိတော့ပေ.....

မိုးရေထဲမှာ အတူသွားခွင့်ရခဲ့တယ်

ထိုနေ့တွေတပြိုင်တည်းတွေ့ခွင့်ရခဲ့တဲ့ နေ့စွဲလေး...

တောသားလေးရဲ့ နှလုံးသားထဲ

တောသားလေးရဲ့ဘ၀ထဲမှာ

ဘယ်သောအခါမှမေ့ဖျောက်မရခဲ့တယ်.....

၂၅ရက်၊ ၈လ၊ ၂၀၁၁ခုနှစ် ဆိုတဲ့

နေ့စွဲလေးတစ်ခုပေါ့......


အမေရဲ့ ခွန်အားများ.....


အမေ......

ဇွတ်တရွတ်နိုင်ခဲ့ တဲ့ သားက

(၁၀)တန်းမဖြေပဲ အိမ်ကထွက်ပြေးတော့

စိုးရိမ်စိတ်နဲ့  ငိုရင်းပြောတဲ့ စကား

ငါ့သား....

ကိုယ့်လမ်းကိုယ်ရွေး

ကိုယ့်ခွန်အားနဲ့ ကိုယ်တက်

လှေကားထစ်တော့ ကျော်မတက်မိစေနဲ့ 

အားငယ်စိတ်တွေ ၀င်လာတိုင်း

သားအတွက် အားဆေးတစ်ခွက်ပါ

အမေ.......


လူတိုင်မှာ အိမ်မက်ကိုယ်စီနဲ့ 

ငါ့သား....

ဘ၀အလှကို ဖန်းတီးပြီးထုဆစ်

ကိုယ့်အရည်အချင်းကိုယုံ

တစ်နေ့ မှာတော့မျှော်လင့်ချက်ကို

ငါ့သားရင်ထဲထားပြီး အသက်ရှင်

ဒီစကားလေးတွေ ပြန်ကြားမိတိုင်း

ခွန်းချိုစကားလေးတွေ တမ်းတမိတယ်

အမေ......


ကမ်းမမြင် လမ်းမမြင်နဲ့ 

ဘ၀မုန်တိုင်းကြမ်းကြမ်းကို ဖြတ်ကူး

လှေမမှောက် တက်မကျိုးရအောင်

အားကြိုးမာန်တက် စုန်ဆန်လှော်ခတ်ရင်း

လက်ပန်းကျတဲ့ ခဏမှာ

ငါ့သား....

'မဖြစ်နိုင်ဟူသောစကား ငါ့အဘိဓာန်တွင်မရှိ'

ဒီလိုလူတော်မျိုးဖြစ်အောင်ကျိုးစား

အမေ့ စကားလေး ထပ်ခါထပ်ခါပြန်ကြားယောင်ရင်း

သား သိပ်သတိရတာပဲ

အမေ.......


မေတ္တာတရား

မျှော်လင့် ခြင်းသက်သက်နဲ့ 

ကျွန်တော်ရင်ခွင်မှာ

ကာရန်မှလှတဲ့ ကဗျာလို

သံစဉ်မညီညာတဲ့  တေးတစ်ပုဒ်လိုပါပဲ

အမေ.......။

ဖျားနေတဲ့  အချိန်တိုင်းမှာ

သားတမ်းတလိုက်တဲ့ အချိန်တိုင်းကို

အဖျားတ၀က်လောက် ပျောက်သွားတယ်

အမေ........။

ခလုတ်ထိမှ အမိတဆိုတဲ့  စကားကို

သား သိခဲ့ ပါပြီအမေ

အမေဆုံးမခဲ့ တဲ့  စကားလေးကို

အမြဲ အမှတ်ရနေဆဲပါ အမေ

ဘ၀မှ အခက်ခဲဆုံးပုဒ်စာက

မှန်မှန်ကန်ကန်ရွေးချယ်တတ်မှု့ 

သားရွေးချယ်ခဲ့ တဲ့  လမ်းဟာ

ခရောင်းလမ်းဆိုပေမယ့်

မေမေ့ ရဲ့  တောင်ဆုပို့ သခြင်းနဲ့ 

မေတ္တာတရားတွေကြောင့်

အခုအချိန်အထိ ခလုတ်မထိဆူးမငြိဆဲပါ

အမေ......။

ပျောက်ဆုံးသွားက ပြန်မရ အဲဒါ မိနဲ့ဖ


ပန်းပေါင်းလှလည်း မမှီပါ
စမ်းရေလေးလည်းမအေးပါ
သဘာဝလှ ချိုမြတာက......

ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ်ဆစ်
ဖြစ်လင့်အရွယ် ဖခင်ရှာကျွေး
မိခင်မွေးလို့ကြီးရတယ်.........

သားကငယ်ငယ်
မိခင်ဝယ်..........နို့ချိုတိုက်ကျွေး အဖြစ်လေး..........

သားကငယ်ငယ်
ဖခင်မယ်...........လုပ်ကိုင်ရှာကျွေး အဖြစ်လေး.....

တွေးရင်းမြင်ရ.............ဒီအလှ.................

သားကငယ်ငယ်.............မှတ်မိတယ်..........

တိုင်းရေးမငြိမ်............ရှစ်ရှစ်ချိန်ဝယ်..........

ဆန်ဝယ်မရ.............တို့တောက...............

ဖေဖေကြည့်သည်...........သားတွေဆီသို့........

သားတွေမျက်နှာ.............မလှလေတော့.........

ဖေဖေကြံဆ................ဗိုက်အလှ...................

ဖေဖေထွက်သွား.............လယ်ဟာနားသို့..........

ဖေဖေခူးလာ..................ကန်စွန်းတွေပါ............

ဖေဖေယူလာ..................ဒီဟင်းလျှာကို............

ဆီကားမရှိ.....................ရေအတိနဲ့.................

ပြုတ်ချက်ခလေး..............လုပ်လို့ကျွေးတဲ့..........

မေမေပါ................တွေးရင်းမြင်ရ...................

ဒီအလှ...............ကန်စွန်းကုန်သွား....................

စားရဟင်းလျှာမရှိပါ..........ဖေဖေကြံပေးအဖြစ်လေး.....

ပိုက်ကွန်ဆွဲထုတ်............တကုတ်ကုတ်နဲ့..................

ဖေဖေထွက်သွား.............ပင်လယ်နားသို့.....................
ဖေဖေပြန်လာ.................ငါးတွေပါတော့....................

ဖေဖေယူလာ.................ဒီဟင်းလျှာကို.....................

ဆီကားမရှိ.................မီးအတိနဲ့..............................

ကင်လို့ကျွေးမွေး...........မေမေလေး..........................

တွေးရင်းမြင်ရ.............ဒီအလှ..............................

ကမ္ဘာမြေ၀ယ်.......................ဘာသာစုံကြွယ်.............

မတူတယ်...............ကမ္ဘာမြေ၀ယ်..........................

လူမျိုးစုံကြွယ်............မတူတယ်...........................

ကမ္ဘာမြေ၀ယ်................သတ္တ၀ါစုံကြွယ်...................

မတူတယ်....................တူညီအလှ....................

ရှိကြတာက.............အဲဒါ
မိနဲ့ဖ...................

သားတို့ရှေ့ရေး.........တွေးကာပေးလို့...........

အမြင့်ရောက်စေ...........သားတို့တွေကို.........

သူတို့ဘ၀..................ချကာခင်းပေး.................

လှေကားလေးပေါ့..........ဖြတ်သန်းသွားပါ..............

သားတို့ရာတဲ့..............ဒီမျှကျေးဇူး...............

ရှိဘူးသူကို.............ဘေးမှာချထား..............

မေ့ကာသွားတဲ့...........တို့သားတွေ..............

ဥစ္စာရှိထား................ရုပ်များနောက်သို့..........

လိုက်ရင်းမောနေ.........ဒီသားတွေ................

စိတ်မှာခံစား..............အချစ်များနောက်သို့..........

လိုက်ရင်းမောနေ..........ဒီသားတွေ.............

တန်ဖိုးကြီးမား..............မေတ္တာတရားနဲ့.........

ချစ်ကာသွားတဲ့................မိဘတွေကို............

ပျောက်ဆုံးသွားက............ပြန်မရ................

အတူရှိတုန်း...............အချိန်မဖြုန်းဖို့......................

လုပ်ကိုင်ကျွေးကာ........ပြုဆုပါ......................

ဘုရားကစ....................နတ်များအဆုံး........

ဝမ်းမြောက်ပျူဟာ..........ချီမွမ်းတာ...............

ရှိတုန်းယူထား..............ကုသိုလ်များ..............

ပျောက်ဆုံးသွားက..........ငွေပုံပေးကြ............

ပြန်မရ..............အဲဒါ
မိနဲ့ဖ...........................


♥♥♥ အကြင်နာတွေ ♥♥♥


နီးစပ်မူ့မနီးစပ်မူ့ထက်

သတိရမူ့တွေခပ်စိပ်စိပ်ဖြစ်လာတဲ့အခါ

ညင်သာစွာနေရာယူလာတဲ့ အလွမ်းဝေဒနာတွေ......

ဝေးလွင့်နေတဲ့တို့နှစ်ဦးကို တမြေ့မြေ့တိုက်စားလာတော့

နှလုံးသားမီးပြတိုက်က တဖြည်းဖြည်း အချက်ပြခဲ့ပြီ......

အမှောင်တွေကြီးစိုးလို့

မုန်တိုင်းတွေထန်ရေလှိုင်းတွေဆန်နေရင်ခဲ့ရင်လည်း

နှလုံးသားမီးအိမ်လေးကိုထွန်းညှိလို့ ခိုင်မြဲတဲ့လက်တွေချိတ်ဆွဲထားကြမယ်......

အကြင်နာတွေ...............

နားလည်ခွင့်လွတ်မူ့တွေ..............

တို့ရဲ့ရွက်လှေလေးမှာ ဂီတသစ္စာတေးတစ်ပုဒ်အဖြစ်

ဖြန့်လွင့်ထားကြမယ်...ချစ်သူရယ်♥♥♥♥♥♥♥♥♥


♥♥♥ အဖြူရောင်လေပာာနယ် ♥♥♥


ခြေတစ်လှမ်းကို အသည်းတစ်စခင်းပေးခဲ့ရင်
ခြေလှမ်းပေါင်းမှားစွာကို
ငါ့အသည်းပေါင်းများစွာနဲ့ ခင်းပေးခဲ့မယ်...

မင်းအနားလိုအပ်ချိန်တိုင်းပေးဆပ်ချင်တာ
မင်းချစ်သူနဲ့ပျော်လည်း ငါပျော်နိုင်အောင်
ကြိုးစားနေမိမှာ.......
ရင်ထဲကငိုကြွေးနေတာကို
ရယ်မောခြင်းနဲ့ ဖုံးကွယ်ထားမှာပါ
အချစ်ဆိုတာနေလိုပဲလေ......
နေထွက်လာရင် ပျော်ရွှင်ရပြီး
နေ၀င်သွားရင်လွမ်းမောရတာပေါ့....

စွဲလမ်းချင်းရင့်ရင့်တွေ စူးဝင်နေစဲပါ
နှလုံးသားကခေါက်ရိုးချိုး သိမ်းထားရပါများလို့
အချစ်တွေတောင် ကျိုးကြေမွနေပြီ......

မင်းပြောမဲ့..မင်းချစ်တဲ့သူနဲ့ပတ်သက်သမျှ
ရင်ဖွင့်စကားတွေကို....
နားထောင်ပေးနေပါမယ့်....
မင်းစိတ်ညစ်တဲ့အခါတိုင်း မင်းအနားနေနေပေးမယ်......
ဒါပေမဲ့.......
မင်းပျော်ချိန်တော့ ငါ့ကိုမေ့ထားစေချင်တယ်
အဲဒီချိန်ကျရင် ငါမင်းအနား
မရှိအောင်ကျိုးစားရင်းပေါ့...

တမ်းတချင်းတွေ ဒလပောာစီးဆင်းနေတဲ့
ငါ့သွေးတွေဖောက်ရင်
ကမ္ဘာတစ်ခုလုံး ချင်းချင်းနီသွားလိမ်မယ်
နင်က မသိချင်းတွေနဲ့အတူ
အဖြူရောင်လေပာာနယ်ထဲမှာပေါ့........


♥တာင်းဆုခြွေ♥


အချစ်ဆိုတာ

အေးမြခြင်းလား

ပူလောင်ခြင်းလား

အချစ်ဆိုတာသူအလိုလို
ပေါက်ဖွားတတ်တာတဲ့ပြောတယ်
တသက်မှာတခါပဲ

ချစ်မယ်လိုစိတ်ကရည်စူး
ချစ်သူ
ငါရင်ထဲကအချစ်တွေကို
မင်းပေါက်ဖွားလာအောင်လုပ်ခဲ့ပြီးမှ
စွန့်ခွာပြုရက်
တွယ်ရာမဲ့ ကလေးတယောက်လို
နားခိုရာ ရင်ခွင်ရှာမိတယ်..
စုတ်ပြတ်သတ်နေတဲ့ အတွေးတစ်စနဲ့
ကဗျာတွေလည်း ပြန့်ကျဲကုန်တယ်
ပိုင်ဆိုင်တာ အားလုံးပေါင်းမှ
ခံစားတတ်တဲ့ နှလုံးသားတခုပါ

အဲဒါကိုမှ
ခံစားတတ်အောင်

ပြုစားရက်လေတယ်

အလွမ်းတခုကိုအခြေခံပြီး
ကဗျာတစ်ပုဒ်ဖြစ်ဖို့
ကာရံတွေ နဘေတွေ တန်းစီ
ခံစားချက်တွေကို
နှလုံးသားနဲ့ခံစား

အလွမ်းကဗျာတပုဒ်ချရေးမိတယ်

မင်းရင်ထဲက အလွမ်းဆိုတာကရော်
ဘယ်လိုရှိနေမလည်း

ငါသိချင်စမ်းပါဘိ

မုသားမပါတဲအလွမ်းကိုပေါ့

မင်းခံစားကြည့်ရုံသက်သက်လုပ်ခဲ့တဲ့

အချစ်ဆိုတဲ့အရသာကကော

မင်းအတွက်ချိုမြိန်နေသလား

ငါနှလုံးသားက အခုတော့
ကြေကွဲ

ငါကြေကွဲမူတွေက

မင်းအတွက်ချိုမြိန်နေမယ်ဆိုရင်
မင်းအတွက် ငါနှလုံးသားတခုလုံးကို

မင်းအတွက်စတေးလိုက်မယ်

မင်းကျေနပ်မယ်ဆိုရင်ပေါ့....

ငါလိုတော့မင်းမကြေကွဲပါစေနဲလို

မြတ်ဘုရားထံတောင်းဆုရယ် ခြွေ

ဆုတောင်းပေးခဲ့ပါတယ်..။

ငါ........အိပ်လိုက်ပါတော့မယ်ဟာ


မြေနိမ့်ရာလှံစိုက်
ငါးကြော်မကြိုက် ကြောင်မိုက်တဲ့

ရေနစ်ရာဝါးကူထိုး
နင်ညွှန်တဲ့လက်ညှိုး
ငါ့...ရင်ဘတ်ကိုမှ တဲ့တဲ့ထိုးရလားဟာ..။

ခုတော့.........
နူရာဝဲစွဲ လဲရာသူခိုးထောင်း
စိတ်ထောင်းတော့ကိုယ်ကြေ
စေလိုရာစေ
ကံမကောင်းပေတော့
ညောင်ပင်တစ္ဆေဝေလေလေနဲ့
ပိုးသာကုန် မောင်ပုံစောင်းမတတ်ခဲ့ပါဘူး. ..ကွာ။

ဆူးကြားက ဘူးခါးလို
ဘူးလေးရာ ဖရုံဆင့်
ရင်မှာတော့ နင့်နေတာဘဲဟ........။

ငါကလည်းငတုံး...........
အရိပ်ပြလို့ အကောင်မထင်
ကိုယ်ထင် ကုတင်ရွှေနန်း ဆိုပြီး
ကိုယ့်မြင်းကိုယ်စိုင်း စစ်ကိုင်းရောက်ရောက်
ငါ့လှေငါထိုးပဲခူးရောက်ရောက် လုပ်ခဲ့တာ
ကျောချမှ ဓါးပြမှန်းသိတော့တယ် ဟာ.......။

ရေမြင့်လို့ကြာတင့်ပေမဲ့
နေမြင့်တော့ အရုးရင့်တယ်ဟ။

ပြော မှ သိ
ထိ မှ နာ
သာ မှ ခင်
တကယ် မချစ်ချင်လို့
နင် နှင်ခဲ့မယ်ဆိုရင်တော့
မျက်စိကိုမှိတ်
နားကိုပိတ်လို့
ကြိုးစားကြိတ်မှိတ်
ငါ အိပ်လိုက်ပါတော့မယ်ဟာ.....................။


မှတ်မှတ်ရရ စကားစုလေးများ


လူငယ်တို့သည် အတောင်ပါသော ငှက်ကလေးများဖြစ်ကြသည်။
ပျံသန်းခွင့်.........ပေးလိုက်ပါ။

သစ်သားနှင့်တူပေမဲ့ နံ့သာတုံးက ထင်းမဖြစ်ပါ။ သူ့ရဲ့ သင်းပျံ့တဲ့ မွှေးရနံ့ကြောင့်ပေါ့။

အသေအချာဆုံး ရင်းနှီးမြှုပ်နှံမှု့ကတော့ ကိုယ့်ကိုကို အားကိုးခြင်းပါပဲ။

ဆုံးဖြတ်ချက်ဆိုရင် ဖြေးဖြေးချ။ လုပ်စရာရှိရင်  မြန်မြန်လုပ်။

ရိုးရိုးကန်ရုံနဲ့ မအောင်မြင်နိုင်ဘူး ရုန်းပြီးကန်လိုက်စမ်းပါ။

တစ်ခါမှ အမှားမလုပ်ဖူးတဲ့သူဟာ ဘာမှ မလုပ်ဖူးတဲ့သူပဲ။

တံခါးဖွင့်ထားတယ် တွန်းပြီးဝင်လာရမှာက မင်းအလုပ်။

သက်သာဖို့မကြိုးစားပါနဲ့ အရည်အချင်းရှိဖို့ ကြိုးစားပါ။

ဒူးထောက်ပြီး အသက်ရှင်ရတာထက် မက်တပ်ရပ်ပြီး သေရတာကမြတ်တယ်။

ပညာဆိုတာ ရတဲ့နေရာမှာယူ လိုတဲ့နေရာမှာသုံး။

ရိုးသားခြင်းက ခိုးစားခြင်းထက် ပိုပြီးမြတ်တယ်။

ဝီရိယဆိုတာ ပင်ပန်းစွာ လုပ်ခိုင်းတာမဟုတ်ပါ။ နိုးကြားထကြွခြင်းကိုသာ ဆိုလိုတာပါ။

စွန့်ပစ်သင့်တဲ့ လူ့ဘ၀ရဲ့ အမှိုက်လေးမျိုးရှိတယ်။ အဲ့ဒါ.... လောဘ၊ ဒေါသ၊ အတ္တ၊ မာန။

ကလဲ့စားချေတယ်ဆိုတာ ကိုယ်ရှုံးနိမ့်ခဲ့ဖူးကြောင်း ၀န်ခံလိုက်တာပါပဲ။

မရိုးသားဘူးဟု ထင်ရသူထက်စာလျှင် ရိုးသားချင်ယောင်ဆောင်သူက ပိုကြောက်စရာကောင်းပါသည်။

လောကကြီးမှာ မင်းထက်တော်တဲ့လူ မရှိဘူး၊
လောကကြီးမှာ မင်းထက်ကြိုးစားနေတဲ့ လူတွေပဲရှိတယ်။

ဒုက္ခဆိုတာ ကိုယ်စိုက်ခဲ့သော သစ်ပင်ဖြစ်သည်။

မာနဆိုတာ ကိုယ့်ကိုယ်ကို ပြန်ပြီးတူးဆွခံနေရတဲ့ ပေါက်ချွန်းတစ်လက်ပါ။

ပိုက်ဆံရှိတိုင်း.... လူချမ်းသာမဟုတ်ဘူး။ စာရိတ္တမွဲရင်...လူမွဲပဲ။

အလုပ်မလုပ်သောသူများသည်
အလုပ်လုပ်သော သူများထက်ပိုပြီး မောပန်းလွယ်ကြ၏ ။

နိုင်ရင်ခေါင်းမော့ချင်မော့။ ဒါပေမဲ့ရှုံးရင်တော့.... ခေါင်းမငုံ့မိပါစေနဲ့ ။

ဒုက္ခတွေထဲမှာ မျှော်လင့်ခြင်းများစွာနဲ့ အသက်ရှင်နေရတာလည်း
ဒုက္ခတစ်ခုပါပဲနော်။

ဆင်းရဲခြင်းများ၊ ပူလောင်ခြင်းများ၊ ငိုကြွေးခြင်းများဖြင့် အထပ်ထပ်
ရစ်ပတ်နှောင်ဖွဲ့ခံထားရတဲ့ သတ္တ၀ါကို လူဟုခေါ်ပါသည်။

လူတစ်ယောက်ရဲ့ အနာဂတ်ကို သိချင်ရင် အဲဒီလူရဲ့ ပစ္စုပ္ပန်အလုပ်ကို ကြည့်ရတယ်တဲ့။

အောင်မြင်တယ်ဆိုတာ အခက်အခဲတွေနဲ့ ဒုက္ခတွေကို အနိုင်ရခဲ့ခြင်းဖြစ်တယ်။

တိုးတက်ချင်တဲ့သူဟာ ဝေဖန်ခြင်းကို လက်ခံရတယ်။