ကျွန်တော် ဘလော့ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ နှလုံးသားရဲ့ခံစားချက်လေးတွေကို ဖော်ပြမယ်ဆိုပြီး တည်ထောင်ဖြစ်ခဲ့တာပါ...။ ကဗျာလေးတွေကို ကိုယ်တိုင်ရေးဖြစ်တယ် ကျွန်တော်ကြိုက်နှစ်သက်တဲ့ ကဗျာတွေ၊စာသားတွေ တွေ့ခဲ့ရင်လည်းပြန်လည် ကူးယူဖော်ပြဖြစ်ခဲ့ပါတယ် နည်းပညာများကို မသိသေးတဲ့သူတွေနဲ့ အတူ ကျွန်တော်ကိုယ်တိုင်လည်း လေ့လာဖို့အတွက် ကျွန်တော်လေ့လာဖတ်ရှု့ခဲ့တဲ့ စာအုပ်တွေဆိုဒ်တွေကတဆင့် ကူးယူပြီး ပြန်လည်ဖော်ပြ ပေးထားတာပါ...။ ဒီဘလော့ကကျတော့်အတွက် မှတ်စုစာအုပ်လေးလို့ ပြောရင်လည်းမမှားနိုင်ပါဘူး...။ အကြင်နာမြို့တော် ဘလော့လေးသို့ လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေများအားလုံး ကျေးဇူးအထူးတင်ရှိပါကြောင်း ဒီနေရာလေးကနေ ပြောကြားလိုက်ရပါတယ်...။ ကျွန်တော့်ဘလော့လေးဆီသို့ ကဗျာများ၊ စာပေများ၊ ဗဟုသုတများ၊ နည်းပညာများ၊ သတင်းများ၊ စသဖြင့် ဖော်ပြပေးရန် ပေးပို့ လိုပါက ပေးပို့သူနာမည်နှင့်အတူ ဖော်ပြပေးသွားပါမည်။ အီးမေးပေးပို့လိုလျှင် akyinnarmyotaw@gmail.com (သို့မဟုတ်) akerheain@gmial.com သို့ ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ.....။ မိတ်ဆွေများအားလုံးကို လေးစားလျှက် အကြင်နာမြို့တော်.....။

♥♥♥ မျှော်နေမိတဲ့ နှလုံးသားတစ်စုံ ♥♥♥


ညီမလေးရေ....

အကိုညီမလေးကိုအရမ်းလွမ်းတယ်...

အရမ်းလည်းချစ်နေခဲ့တယ်...


ကံကြမ္မာကအကို့ကို မျက်နှာသာမပေးဘူးနော်...

ရက်စက်မှုတွေပဲပေးနေတယ်.....

ဘယ်လိုပဲအကို့ကိုပေးနေပါစေ....

ညီမလေးစိတ်ချမ်းသာနေဖို့က အဓိကပါ

ညီမလေးပျော်ရွှင်နေမယ်ဆို

အကို့နှလုံးသားကိုပေးဆပ်နေမှာပါ...


ညီမလေးရေ......

ညီမလေးအကို့ကိုသတိရပေးလို့

အကိုအရမ်းပျော်နေခဲ့တယ်....

ညီမလေးရဲ့နှစ်သိမ့်အားပေးစကားလေးလုံးလေးတွေ

ညီမလေးရဲ့ ချစ်စရာကောင်းတဲ့

အသံလေးတွေကို အကိုအမြဲကြားနေချင်မိတယ်...

ညီမလေရဲ့ မျက်နှာလေးကိုတွေ့ခွင့်မရခဲ့တာ

ကြာခဲ့ပြီနော်

အကိုညီမလေးရဲ့ဓါတ်ပုံလေးကိုကြည့်ပြီး

တစ်ယောက်တည်းစကားတွေပြောနေခဲ့တာ

ညီမလေးမျက်လုံးလေးတွေက

အကို့ကို မျက်တောင်လေးတွေခက်ပြနေခဲ့တယ်....


ညီမလေးရေ...

ညီမလေးအွန်းလိုင်းပေါ်တက်လာမှာကို

အကိုစောင့်မျှော်နေခဲ့တယ်...

အွန်လိုင်းပေါ်တက်မလာတဲ့နေလေးတွေဆို

အကိုစိတ်တွေယောက်ရက်ခက်နေခဲ့တယ်....

နှလုံးသားတွေမှာနာကြင်တဲ့ဝေဒနာကို

ခံစားနေခဲ့ရတယ်.....

အဲဒီအချိန်မှာ ဖုန်းလေးကိုငေးမောကြည့်ပြီး

စိတ်တွေလေးမှိုင်းနေခဲ့ရတယ်....

အကိုအိပ်ရာဝင်တော့လည်း

အိပ်လို့မပျော်ခဲ့ဘူး...

မျက်လုံးတွေစပ်လို့

မှေးခနဲဖြစ်သွားတဲ့အချိန်လေးတွေမှာ

ညီမလေးရဲ့ ပုံရိပ်လေးတွေကိုအကိုတွေ့နေရတယ်....


ညီမလေးရေ.......

စိတ်တွေညစ်နေရပြီလား....

အားလုံးကိုပြန်တွေးကြည့်မယ်ဆို

အကို့ကြောင့် ညီမလေးစိတ်တွေညစ်နေရပြီနော်..

လောကကြီးရေ.......

ဖြူစင်တဲ့ညီမလေးမှာ

ဘာအပြစ်မှမရှိဘူးဆိုတာ

လောကကြီးအသိပါ

ညီမလေးစိတ်တွေမညစ်ရအောင်

ကူညီပေးပြောပေးပါလားဗျာ......


ညီမလေးရေ.....

ဖြူစင်တဲ့ညီမလေးကို

အကိုထာဝရချစ်နေတယ်.....