ကျွန်တော် ဘလော့ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ နှလုံးသားရဲ့ခံစားချက်လေးတွေကို ဖော်ပြမယ်ဆိုပြီး တည်ထောင်ဖြစ်ခဲ့တာပါ...။ ကဗျာလေးတွေကို ကိုယ်တိုင်ရေးဖြစ်တယ် ကျွန်တော်ကြိုက်နှစ်သက်တဲ့ ကဗျာတွေ၊စာသားတွေ တွေ့ခဲ့ရင်လည်းပြန်လည် ကူးယူဖော်ပြဖြစ်ခဲ့ပါတယ် နည်းပညာများကို မသိသေးတဲ့သူတွေနဲ့ အတူ ကျွန်တော်ကိုယ်တိုင်လည်း လေ့လာဖို့အတွက် ကျွန်တော်လေ့လာဖတ်ရှု့ခဲ့တဲ့ စာအုပ်တွေဆိုဒ်တွေကတဆင့် ကူးယူပြီး ပြန်လည်ဖော်ပြ ပေးထားတာပါ...။ ဒီဘလော့ကကျတော့်အတွက် မှတ်စုစာအုပ်လေးလို့ ပြောရင်လည်းမမှားနိုင်ပါဘူး...။ အကြင်နာမြို့တော် ဘလော့လေးသို့ လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေများအားလုံး ကျေးဇူးအထူးတင်ရှိပါကြောင်း ဒီနေရာလေးကနေ ပြောကြားလိုက်ရပါတယ်...။ ကျွန်တော့်ဘလော့လေးဆီသို့ ကဗျာများ၊ စာပေများ၊ ဗဟုသုတများ၊ နည်းပညာများ၊ သတင်းများ၊ စသဖြင့် ဖော်ပြပေးရန် ပေးပို့ လိုပါက ပေးပို့သူနာမည်နှင့်အတူ ဖော်ပြပေးသွားပါမည်။ အီးမေးပေးပို့လိုလျှင် akyinnarmyotaw@gmail.com (သို့မဟုတ်) akerheain@gmial.com သို့ ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ.....။ မိတ်ဆွေများအားလုံးကို လေးစားလျှက် အကြင်နာမြို့တော်.....။

♥တာင်းဆုခြွေ♥


အချစ်ဆိုတာ

အေးမြခြင်းလား

ပူလောင်ခြင်းလား

အချစ်ဆိုတာသူအလိုလို
ပေါက်ဖွားတတ်တာတဲ့ပြောတယ်
တသက်မှာတခါပဲ

ချစ်မယ်လိုစိတ်ကရည်စူး
ချစ်သူ
ငါရင်ထဲကအချစ်တွေကို
မင်းပေါက်ဖွားလာအောင်လုပ်ခဲ့ပြီးမှ
စွန့်ခွာပြုရက်
တွယ်ရာမဲ့ ကလေးတယောက်လို
နားခိုရာ ရင်ခွင်ရှာမိတယ်..
စုတ်ပြတ်သတ်နေတဲ့ အတွေးတစ်စနဲ့
ကဗျာတွေလည်း ပြန့်ကျဲကုန်တယ်
ပိုင်ဆိုင်တာ အားလုံးပေါင်းမှ
ခံစားတတ်တဲ့ နှလုံးသားတခုပါ

အဲဒါကိုမှ
ခံစားတတ်အောင်

ပြုစားရက်လေတယ်

အလွမ်းတခုကိုအခြေခံပြီး
ကဗျာတစ်ပုဒ်ဖြစ်ဖို့
ကာရံတွေ နဘေတွေ တန်းစီ
ခံစားချက်တွေကို
နှလုံးသားနဲ့ခံစား

အလွမ်းကဗျာတပုဒ်ချရေးမိတယ်

မင်းရင်ထဲက အလွမ်းဆိုတာကရော်
ဘယ်လိုရှိနေမလည်း

ငါသိချင်စမ်းပါဘိ

မုသားမပါတဲအလွမ်းကိုပေါ့

မင်းခံစားကြည့်ရုံသက်သက်လုပ်ခဲ့တဲ့

အချစ်ဆိုတဲ့အရသာကကော

မင်းအတွက်ချိုမြိန်နေသလား

ငါနှလုံးသားက အခုတော့
ကြေကွဲ

ငါကြေကွဲမူတွေက

မင်းအတွက်ချိုမြိန်နေမယ်ဆိုရင်
မင်းအတွက် ငါနှလုံးသားတခုလုံးကို

မင်းအတွက်စတေးလိုက်မယ်

မင်းကျေနပ်မယ်ဆိုရင်ပေါ့....

ငါလိုတော့မင်းမကြေကွဲပါစေနဲလို

မြတ်ဘုရားထံတောင်းဆုရယ် ခြွေ

ဆုတောင်းပေးခဲ့ပါတယ်..။

0 comments: