ကျွန်တော် ဘလော့ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ နှလုံးသားရဲ့ခံစားချက်လေးတွေကို ဖော်ပြမယ်ဆိုပြီး တည်ထောင်ဖြစ်ခဲ့တာပါ...။ ကဗျာလေးတွေကို ကိုယ်တိုင်ရေးဖြစ်တယ် ကျွန်တော်ကြိုက်နှစ်သက်တဲ့ ကဗျာတွေ၊စာသားတွေ တွေ့ခဲ့ရင်လည်းပြန်လည် ကူးယူဖော်ပြဖြစ်ခဲ့ပါတယ် နည်းပညာများကို မသိသေးတဲ့သူတွေနဲ့ အတူ ကျွန်တော်ကိုယ်တိုင်လည်း လေ့လာဖို့အတွက် ကျွန်တော်လေ့လာဖတ်ရှု့ခဲ့တဲ့ စာအုပ်တွေဆိုဒ်တွေကတဆင့် ကူးယူပြီး ပြန်လည်ဖော်ပြ ပေးထားတာပါ...။ ဒီဘလော့ကကျတော့်အတွက် မှတ်စုစာအုပ်လေးလို့ ပြောရင်လည်းမမှားနိုင်ပါဘူး...။ အကြင်နာမြို့တော် ဘလော့လေးသို့ လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေများအားလုံး ကျေးဇူးအထူးတင်ရှိပါကြောင်း ဒီနေရာလေးကနေ ပြောကြားလိုက်ရပါတယ်...။ ကျွန်တော့်ဘလော့လေးဆီသို့ ကဗျာများ၊ စာပေများ၊ ဗဟုသုတများ၊ နည်းပညာများ၊ သတင်းများ၊ စသဖြင့် ဖော်ပြပေးရန် ပေးပို့ လိုပါက ပေးပို့သူနာမည်နှင့်အတူ ဖော်ပြပေးသွားပါမည်။ အီးမေးပေးပို့လိုလျှင် akyinnarmyotaw@gmail.com (သို့မဟုတ်) akerheain@gmial.com သို့ ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ.....။ မိတ်ဆွေများအားလုံးကို လေးစားလျှက် အကြင်နာမြို့တော်.....။

Repairing Memory Stick


Memory Stick တွေ လူသုံးများသလိုပဲ အပျက်လည်း များလှပါတယ်။ ကွန်ပျူတာက မသိတော့တာ၊ Format ချခိုင်းတာ၊ ဖိုင်တွေ ထပ်ထည့်လို့မရတော့တာ၊ Capacity အပြည့်မရတော့တာ စသည်ဖြင့် ပြဿနာတွေက စုံလှပါတယ်။ အခုတော့ Format ချခိုင်းတယ်၊ ဒါပေမဲ့ Format ချမရတဲ့ Memory Stick တစ်ချောင်းကို ပြုပြင်နည်းလေးကို ရေးသားပေးလိုက်ပါတယ်။

သဘောတရားကတော့ Format ချခိုင်းတယ်ဆိုတာက တနည်းအားဖြင့် File System မရှိလို့ပါပဲ။ Format ချလည်း မရတာကတော့ Partition Table က Corrupt ဖြစ်လို့ပါ။ အဲဒါကြောင့် Partition Table ဖျက်ပြီး အသစ်ပြန်ဆောက်၊ ပြီးတော့ File System ပြန်သတ်မှတ်လိုက်ရင် ပြန်ကောင်းသွားပါလိမ့်မယ်။ လိုအပ်တဲ့ Software ကတော့ နှစ်ခုတည်းပါ။Test Disk ရယ် Bootice ရယ်ပါ။
ပထမဆုံး Test Disk ကို Run ပါ။

No Log ကို Keyboard က Arrow Key နဲ့ ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ Hard Disk နဲ့ Memory Stick ရယ် ပေါ်လာပါလိမ့်မယ်။ Memory Stick ကို ရွေးပါ။ Enter ခေါက်ပါ။ နောက်ထပ် သူက Partition Table type ကို ရွေးခိုင်းပါလိမ့်မယ်။ Intel ကို ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ [Analyse] [Advanced] [Geometry] စသည်ဖြင့် ရွေးချယ်စရာတွေ ပေါ်လာပါလိမ့်မယ်။ အဲဒီထဲက [Delete] ကို ရွေးပြီး Enter ခေါက်ပါ။ Yes/No မေးရင် Y ကို နှိပ်ပြီး Enter ခေါက်ပါ။ ဒါဆိုရင် Memory Stick ရဲ့ Partition Table ကို ဖျက်ပြီး သွားပါပြီ။

ဒီထိဆိုရင် TestDisk ရဲ့အပိုင်း ပြီးသွားပါပြီ။ နောက်ထပ် Bootice ကို Run ပါ။
Perform Format ကို နှိပ်ပါ။ နောက်တစ်ဆင့် ပေါ်လာရင် USB-HDD mode (Single Partition) ကို ရွေးပါ။ Next ကို နှိပ်ပါ။ Dialog box ပေါ်လာရင် OK နှိပ်ပါ။ ဒါဆိုရင် Format စရိုက်ပါလိမ့်မယ်။
ရပါပြီ။ စာဖတ်သူရဲ့ Stick အပျက်ကလေး ပြန်ကောင်းသွားပါလိမ့်မယ်။

Download Bootice (100KB)

Download TestDisk (1.44MB)



Window System Services တွေကို လေ့လာမယ်



run box မှာ services.msc လို့ရိုက်ပြီး window system ရဲ့ services တွေအကြောင်းကို လေ့လာမှာ ဖြစ်ပါတယ်။



COM+ Event System

ဒါကတော့ System ပိုင်းမှာ သတင်းအချက်လက်တွေကို အကြောင်းကြားပေးတဲ့ service တစ်ခုဖြစ်တယ်။ သူ့ကိုပိတ်ထားမိမယ်ဆိုရင် logon & logoff အခြေအနေတွေမှာ window system ဆီကို သတင်းအချက် အ လက်တွေအကြောင်းကြားပေးနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ဒီ service က Automatic Start ဖြစ်နေသင့် တယ်။



Cryptographic Services

ဒါကတော့ database တွေကို စာရင်းပြုစုပေးတယ်၊ window ရဲ့ ပုံမှန် လုပ်ဆောင်တဲ့ file တွေကို အ တည်ပြုပေးတယ်၊ program အသစ်တွေ install လုပ်တဲ့နေရာမှာ အထောက်အပံပေးတယ်၊ window ရဲ့ root ဖိုင်ကို ကာကွယ်ပေးတယ်၊ ဒီ services က Automatic Start ဖြစ်နေသင့်တယ်။



DCOM Server Process Launcher

ဒါကတော့ COM+ Event System အပါအ၀င် network ပိုင်းဆိုင်ရာ service တွေနဲ့ တစ်ခုနှင့် တစ်ခု ချိတ်ဆက်ပြီး အထောက်အပံပေးထားတယ်။ သူ့ကို ပိတ်မယ်ဆိုရင် system registry ကနေပြင်ခြင်း ဖြင့်သာ ရနိုင်မယ်လို့ဆိုတယ်။ ဒီ services ကလည်း Automatic Start ဖြစ်နေသင့်ပါတယ်။



DHCP Client

ဒါကတော့ ကိုယ်သုံးနေတဲ့ ကွန်ပျုတာရဲ့ IP address & DNS records တွေကို မှတ်တမ်းတင် updates လုပ်ပေးတယ်။ ဒီ service ကိုပိတ်ထားမိရင် dynamic IP address နဲ့ DNS updates တွေ ကို ဆောင်ရွက်မပေးနိုင်တော့ဘူး။ ကိုယ့် ကွန်ပျုတာ system အတွက် static IP address တစ်ခုရှိ မယ်ဆိုရင်တော့ ပိတ်ထားနိုင်ပါတယ်။ ဒါပေမယ့် အင်တာနက်ချိတ်ဆက်တဲ့ နေရာမှာ အများ စုက DSL/calble ISP ရဲ့ DHCP ကိုသုံးကြတယ်။ အင်တာနက် ကွန်နရှင်က ကြာကြာအလုပ် မလုပ်နိုင်ပါ ဘူး။ ဒါကြောင့် ဒီ service ကလည်း Automatic Start ဖြစ်နေသင့်ပါတယ်။ အင်တာနက်မသုံးတဲ့ ကွန် ပျုတာဆိုရင်တော့ ပိတ်ထားချင်တယ်ဆိုရင် ပိတ်ထားနိုင်ပါတယ်။



DNS Client

ဒါကတော့ Domain Name System (DNS) နာမည်တွေနဲ့ register လုပ်ထားတဲ့ ကွန်ပျုတာရဲ့ နာမည်တွေအတွက် နောက်ကွယ်ကနေ ကူညီထောက်ပံပေးနေတဲ့ အထောက်အပံကောင်းဖြစ်တယ်။ ကွန်ပျုတာ လုံခြုံရေးအတွက် firewall ကို ဖွင့်ထားပြီး သုံးမယ်ဆိုရင် ဒီ service က disable ဖြစ်သွား နိုင်ပါတယ်။ အဲ့ဒါဆိုရင် DNS Server လက်ခံနိုင်မှုဟာ ကန့်သတ်သွားပါမယ်။ website တွေကြည့်ရ တာ အခက်အခဲဖြစ်သွားပါလိမ့်မယ်။ ကွန်ပျုတာက local network အတွင်းမှာ ချိတ်ဆက် အသုံးပြု လို့မရရင်တော့ DNS Client service ကို disabled လုပ်ထားနိုင်ပါတယ်။



Extensible Authentication Protocol

ဒါကတော့ network နဲ့ ပါတ်သတ်တဲ့ အလုပ်တွေကို ဆောင်ရွက်ပေးတဲ့ service ဖြစ်ပါတယ်။ သူ့နာမည်အတိုင်း EAP ကိုထောက်ပံပေးတယ်။နောက် wireless, VPN and Network Access Protection (NAP), application programming interfaces (APIs) တို့ကိုလည်း ထောက်ပံပေး တယ်။အထူးသဖြင့် wireless network အတွက်ဖြစ်ပါတယ်။ တကယ်လို့ ကွန်ပျုတာက wireless နဲ့ ပါတ်သတ်လို့ အသုံးမပြုဘူးဆိုရင်တော့ ပိတ်ထားချင်တယ်ဆိုရင် ပိတ်ထားလို့ရပါတယ်။



Group Policy Client

ဒါကတော့ ကွန်ပျုတာကို အသုံးပြုတဲ့ admin တစ်ယောက်က ကွန်ပျုတာရဲ့ setting တွေကို configure လုပ်ဖို့ရာ အထောက်အပံပေးထားတဲ့ service တစ်ခုဖြစ်ပါတယ်။ registry ကဲ့သို့ အသုံးပြု နိုင်ပြီး အသုံးပြုရ လွယ်ကူတဲ့အတွက် လူသုံးများတဲ့ service တစ်ခုဖြစ်ပါတယ်။ ဒီ service ကတော့ Auto Start ဖြစ်နေသင့်ပါတယ်။



Internet Connection Sharing (ICS)

ဒါကတော့ ကွန်ပျုတာ တစ်လုံးကနေ အခြား ကွန်ပျုတာတွေကို Internet connection share ပေးတဲ့အခါ ကူညီအထောက်အပံပေးတဲ့ service တစ်ခုပါ။ အသုံးလိုတဲ့ သူက On Demand (or) Manual လုပ်ထားနိုင်ပြီး အသုံးမလိုတဲ့သူက disable လုပ်ထားနိုင်ပါတယ်။



Net.Tcp Port Sharing Service

ဒါကတော့ net.tcp protocal ကိုကျော်ပြီး TCP ports ကို မျှဝေတဲ့ service ဖြစ်ပါတယ်။ Net. Tcp protocol ကိုသုံးပြီး TCP-ports ကို မျှဝေပေးနိုင်တယ်။ .NET Framework 3.0 နဲ့ အစိတ်အပိုင်းဖြစ် ခုဖြစ်တယ်။ ဒီ service ရဲ့ အသုံးပြုမှုက heavy ဖြစ်တယ်။ အင်တာနက်သုံးအတဲ့ TCP ports ကိုမျှဝေ သုံးစွဲမှု မလိုအပ်ဘူးဆိုရင် ပိတ်ထားချင်ရင် ပိတ်ထားနိုင်တယ်။ သူ့ကို disable လုပ်ထားရင် ကွန်ပျု တာရဲ့ System Performance ကို ကောင်းမွန်စေတယ်။



Network Access Protection Agent

ဒါကတော့ အင်တာနက်အပါအ၀င် network ချိတ်သုံးတဲ့ ကွန်ပျုတာရဲ့ security အတွက် စိတ်ချရ အောင် ကူညီထောက်ပံပေးတဲ့ service တစ်ခုဖြစ်တယ်။network connection ကို အသုံးမပြုတဲ့ ကွန် ပျုတာ ဆိုရင်တော့ disabled လုပ်ထားနိုင်ပါတယ်။ ပုံမှန်ကတော့ Auto Start ပါပဲ။



Network Connections

ဒါကတော့ အင်တာနက်အပါအ၀င် network နဲ့ပါတ်သတ်လို့ ကွန်ပျုတာကို သုံးနေတယ်ဆိုရင် run ထားရမယ့် service တစ်ခုပါ။ network ကို မသုံးဘူးဆိုရင် ပိတ်ထားလိုပါက ပိတ်ထားနိုင်ပါတယ်။



Network List Service

ဒါလည်း network connection နဲ့ အတူတူပါပဲ။



Network Location Awareness

ဒါလည်း network connection နဲ့ အတူတူပါပဲ။



Network Store Interface Service

ဒါလည်း network connection နဲ့အတူတူပါပဲ။Plug and Play

ဒါကတော့ တကယ်အသုံးဝင်တဲ့ service တစ်ခုပါ။ ကွန်ပျုတာရဲ့ hardware ပိုင်းဆိုင်ရာ ပြောင်းလဲမှု တိုင်းကို recognize and adapt အသိအမှတ်ပြု၊ အဆင်ပြေအောင် ညှိနှိုင်း ပြင်ဆင်ပေးနေတဲ့ service တစ်ခုပါ။ Automatic Start ဖြစ်နေရပါမယ်။



Portable Device Enumerator Service

ဒါကတော့ removable mass-storage devices တွေအတွက် အတည်ပြုပေးတဲ့ service တစ်ခုဖြစ်ပါ တယ်။ ဒီ service ကို ပိတ်ထားမယ်ဆိုရင်တော့ portable device တွေ တပ်ဆင်အသုံးပြုတဲ့အခါ အခက်အ ခဲဖြစ်နိုင်ပါတယ်။ Auto Start ဖြစ်နေသင့်ပါတယ်။



Print Spooler

ဒါကတော့ ကွန်ပျုတာမှာ install လုပ်ထားတဲ့ Printer drivers တွေနဲ့ တပ်ဆင်ထားတဲ့ printer တွေဖေါ်ထုတ်ပေးတဲ့ service တစ်ခုဖြစ်ပါတယ်။ ဒါကို ပိတ်ထားရင်တော့ printer driver install လုပ် ထားသည်ဖြစ်စေ printer ကိုတပ်ဆင်ထားသည်ဖြစ်စေ printer နေရာမှာဘာမှတွေ့မှာ မဟုတ် ပါ။ ပုံ မှန်အားဖြင့် Auto Start ဖြစ်နေသင့်ပါတယ်။



Remote Desktop Configuration

ဒါကတော့ ကွန်ပျုတာ တစ်လုံးကနေ တစ်လုံးက Desktop ကို ထိန်းချုပ် အသုံးပြုခြင်းကို ဆောင်ရွက် ပေးတဲ့ service ဖြစ်ပါတယ်။အသုံးမလိုက ပိတ်ထားနိုင်ပါတယ်။



Remote Procedure Call (RPC)

ဒါကတော့ အင်တာနက်အပါအ၀င် network နဲ့ ပါတ်သတ်တဲ့ service တွေ တစ်ခုနဲ့ တစ်ခုအထောက် အကူပြုပေးနေတဲ့ service တစ်ခုဖြစ်ပါတယ်။ network နဲ့ ပါတ်သတ်လို့ အသုံးပြုနေတဲ့ ကွန်ပျုတာ တစ်လုံးအနေနဲ့ Auto Start ဖြစ်နေသင့်ပါတယ်။



Remote Procedure Call (RPC) Locator

ဒါကလည်း Remote Procedure Call (RPC) နဲ့ အတူတူပါပဲ။



RPC Endpoint Mapper

ဒါကလည်း Remote Procedure Call (RPC) နဲ့ အတူတူပါပဲ။



Security Center

ဒါကတော့ network နဲ့ ပါတ်သတ်လို့ ကွန်ပျုတာလုံခြံရေးအတွက် Auto Start ဖြစ်နေသင့်တဲ့ service တစ်ခုပါ။



Server

ဒါကတော့ printer နဲ့ပါတ်သတ်လို့ အထောက်အကူပြုနေတဲ့အပြင် local အတွင် network ချိတ်ဆက် မှုမှာလည်း လိုအပ်တဲ့ service တစ်ခုဖြစ်ပြီး တခြား network နဲ့ ပါတ်သတ်တဲ့ service တွေနဲ့လည်း ချိတ်ဆက်နေတဲ့အတွက် Auto Start ပဲ ဖြစ်သင့်ပါတယ်။



Shell Hardware Detection

ဒါကတော့ hardware ပိုင်းနဲ့ ပါတ်သတ်အခြေအနေတွေကို auto play အနေနဲ့ဆောင်ရွက်ပေးနေတဲ့ service တစ်ခုဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ Auto Start ပဲထားပါတယ်။



Software Protection

ဒါကတော့ windows နဲ့ windows applications တွေအတွက် လိုင်စင်နံပါတ်တွေ အတည်ပြု install လုပ်ပေးတဲ့ service တစ်ခုပါ။ ဒီ service က Auto Start ဖြစ်နေရမည့်အပြင် ပိတ်မထားသင့်ပါဘူး။



System Event Notification

ဒါကတော့ window system ရဲ့ logon အခြေအနေ၊ network ၊ power အခြေအနေတွေကို ခြေရာခံ မှတ်သားတဲ့ service ဖြစ်ပါတယ်။ COM+ Event System နဲ့လည်း ပုံမှန် ဆက်စပ်တွဲဖတ်အလုပ်လုပ် နေပါတယ်။ ဒါကြောင့် ဒီ service ကလည်း Auto Start ဖြစ်နေသင့်ပါတယ်။



System Restore Service

ဒါကတော့ နာမည်အတိုင်းပါပဲ။ Window System ပိုင်းကို Restore လုပ်ထားပေးနိုင်တဲ့ service ပါ။ အကြောင်းတစ်ခုခုကြောင့် data တွေပျောက်သွားတာ၊ System ပိုင်းမှာ လုပ်ဆောင်ချက်တွေမှား ယွင်းပြီး ပြင်ဆင်မိတာတွေ ကို restore ပြန်လုပ်ပေးတဲ့ service တစ်ခုဖြစ်တာကြောင့် ကိုယ့် ကွန်ပျု တာက performance ကောင်းတယ်ဆိုရင် Auto Start ဖြစ်နေသင့်ပါတယ်။



Task Scheduler

ဒါကတော့ ကွန်ပျုတာမှာ အလုပ်ဆောင်နဲ့ သူလို service တွေနဲ့ program တွေရဲ့ လုပ်ဆောင်ချက် တွေကို အစီအစဉ်ရေးစွဲပေးတဲ့ service ဖြစ်ပါတယ်။ သူကလည်း ပိတ်မထားသင့်ပါဘူး။ Auto Start ဖြစ်နေရပါမယ်။



TCP/IP NetBIOS Helper

ဒါကတော့ ICP/IP ကို သုံးပြီး NetBIOS ကို ထောက်ပံ့ပေးတယ်။ network clients အတွက် NetBIOS names တွေခွင့်ပြုပေးတယ်။ တခြား network နဲ့ ပါတ်သတ်တဲ့ service တွေနဲ့လည်း ချိတ်ဆက်လုပ်ဆောင်နေတဲ့အတွက် network ကိုအသုံးပြုနေတဲ့ ကွန်ပျုတာ တစ်လုံးဆိုရင် Auto Start ပဲဖြစ်နေသင့်ပါတယ်။



Telephony

ဒါကတော့ LAN ကနေ အသုံးပြုထားတဲ့ local အတွင်းက ကွန်ပျုတာအတွက် IP based ကို ထိန်းချုပ် ပေးတဲ့ service ဖြစ်တယ်။ တခြား network နဲ့ ပါတ်သတ်တဲ့ service တွေနဲ့ ချိတ်ဆက်အလုပ်လုပ် နေသေးတယ်။ ပုံမှန်အားဖြင့် Auto ထားဖို့မလုပ်အပ်ပေမယ်။ ပိတ်မထားသင့်ဘူး။ Manual လောက် တော့ထားသင့်တယ်။



Terminal Services

ဒါကတော့ ကွန်ပျုတာမှာ multiple users တွေအသုံးပြုထားတဲ့အခါ ဆက်သွယ်ချိတ်ဆက်ခွင့်ပြုပေး တဲ့ service ပါ။ ကွန်ပျုတာက user account တွေ ခွဲထားမယ်ဆိုရင် ဒီ service ကိုပိတ်မထားသင့်ပါ ဘူး။ သူ့ကို ပိတ်ထားရင် Remote Desktop ကိုလည်းသုံးလို့မရတော့ပါဘူး။ ပုံမှန်အားဖြင့် Manual လောက်တော့ထားသင့်ပါတယ်။



Themes

ဒါကတော့ service နာမည်အတိုင်းပါပဲ။ ကွန်ပျုတာရဲ့ Themes တွေနဲ့ ပါတ်သတ်လို့ လောက်ဆောင် ပေးနေတဲ့ service ဖြစ်ပါတယ်။ပုံမှန်အားဖြင့် Auto Start ဖြစ်နေရပါမယ်။



Window Audio

ဒါကတော့ ကွန်ပျုတာရဲ့ အသံပိုင်းအတွက် ဆောင်ရွက်ပေးနေတဲ့ service ဖြစ်ပါတယ်။ သူ့ကိုပိတ် ထားမယ် ဆိုရင် အသံပိုင်းသုံးလို့မရတော့ပါဘူး။ ပုံမှန်အားဖြင့် Auto Start ဖြစ်နေသင့်ပါတယ်။



Window Firewall/Internet Connection Sharing (ICS)

ဒါကတော့ အင်တာနက် ကွန်နက်ရှင် မျှဝေသုံးစွဲမှုတွေနဲ့ အင်တာနက်ချိတ်ဆက်အသုံးပြုမှုတွေမှာ ကွန်ပျုတာအတွင်း လုံခြုံရေးအတွက် ကူညီထောက်ပံပေးနိုင်တဲ့ service တစ်ခုဖြစ်ပါတယ်။ network နဲ့ ပါတ်သတ်လို့ အသုံးပြုနေတဲ့ ကွန်ပျုတာဆိုရင် Auto Start ဖြစ်နေသင့်ပါတယ်။



Window Image Acquisition (WIA)

ဒါကတော့ Scanners နဲ့ Cameras တို့အတွက် image နဲ့ပါတ်သတ်လို့ကူညီထောက်ပံပေးတဲ့ service ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Auto Start ဖြစ်နေသင့်ပါတယ်။



Window Management Instrumentation

ဒါကတော့ operating system နဲ့ ပါတ်သတ်တဲ့ သတင်းအချက်အလက်တွေကို management လုပ် ပေးတာတွေကို လက်ခံပေးတဲ့ ကြားခံ service တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဒီ service က Auto Start ဖြစ်နေသင့်ပါတယ်။



Window Time

ဒါကတော့ ကွန်ပျုတာမှာရှိတဲ့ နာရီရဲ့ အချိန်အတိုင်းအတာကို ဆောင်ရွက်ပေးနေတဲ့ service ပါ။ သာ မန်အားဖြင့် မလိုအပ်ဘူးထင်ရပေမယ့်။ သူကလည်း တခြား service တွေနဲ့ ချိတ်ဆက်အလုပ်လုပ်နေ တဲ့အတွက် ပိတ်မထားသင့်ပါဘူး။



Wireless Zero Configuration

ဒါကတော့ service နာမည်အတိုင်းပါပဲ ကွန်ပျုတာရဲ့ wireless network နဲ့ ပါတ်သတ်တဲ့ service တစ်ခုပါ။ ကိုယ့် ကွန်ပျုတာက wireless network အသုံးပြုမှု/ မပြုမှုအပေါ် မူတည်ပြီး ပိတ်ထားခြင်း/ ဖွင့်ထားခြင်း စိတ်ကြိုက်လုပ်ဆောင်နိုင်ပါတယ်။



WMI Performance Adapter

ဒါကတော့ window performance နဲ့ပါတ်သတ်တဲ့ သတင်းအချက်အလတ်တွေကို WMI HiPerf ကနေ ထောင်ပံပေးနေတဲ့ service ပါ။ ပုံမှန်အားဖြင့်တော့ Auto Start ဖြစ်နေသင့်ပါတယ်။



Workstation

ဒါကတော့ client network ကနေ servers ဆီကို ထိန်းသိမ်းခြင်း အသစ်တည်ဆောက်ခြင်း စသည် တို့ကို ပြုလုပ်ဖို့ ဆက်သွယ်ပေးနေတဲ့ service တစ်ခုဖြစ်ပါတယ်။ network နဲ့ ပါတ်သတ်ပြီး သုံးနေတဲ့ ကွန်ပျုတာဆိုရင် Auto Start ဖြစ်နေသင့်ပါတယ်။



ကျန်တဲ့ service တွေလည်း ရှိပါသေးတယ်။


လက်ရှိ PW ကို သိသိ၊ မသိသိ ချိန်းမယ်

Password လုပ်ထားတဲ့ကွန်ပျူတာကို လက်ရှိ password ကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ပြောင်းလို့ရတဲ့
နည်းလမ်းတစ်ခုဖြစ်ပါတယ်။ဒါပေမယ့် ဒီနည်းလမ်းကိုသုံးပြီး သူများတွေစိတ်အနှောင့်အယှက်ဖြစ်တာမျိုးမလုပ်မိဖို့အရေး
ကြီးတယ်။ နည်းလမ်းဆိုတာသိထားရင်အားလုံးကောင်းတာပဲလေ။ ကောင်းတာ မကောင်းတာကိုယ်သာ ခွဲခြားသိရမှာပါ။ ကဲ..လွယ်ပါတယ်..

cmd နဲ့လုပ်မယ်ဗျာ...

ထုံးစံအတိုင်းပေါ့..

Start Menu > Run or Window logo + R ဖွင့်
Run Box တွင် cmd ပေါ့
အောက်က command line ကိုရိုက်ထည့်လိုက်ပါ
net user Meda 123456 ပြီတော့ Enter

( Meda ဆိုတဲ့နေရာမှာ မိမိချိန်းလိုတဲ့ ကွန်ပျူတာရဲ့ user name ကိုရိုက်ပါ Password ကတော့ ကြိုက်တာ
ကိုရိုက်)

ပြီးရင် cmd ကနေထွက်လိုက်ရုံပါပဲ exit> enter ကွန်ပျူတာကို log off ပေးပြီး ပြန်ဖွင့်ကြည့်ပါ password တောင်းရင် လက်ရှိပြောင်းလိုက်တဲ့ password
ကိုရိုက်ထည့် ပြီး၏

အဆင်ပြေပါစေ...

How To Use “SFC /Scannow” to Repair Protected Windows Operating System Files


ကျနော်တို့ ၀င်းဒိုးမှာ အသုံးတည့်တဲ့ command လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါတော့ sfc command ပါပဲ။ sfc command ဆိုတာ ပျက်ဆီးသွားတဲ့ window file system တွေကို ပြန်လည်အစား ထိုးပေးတဲ့ Command Prompt တစ်ခုဖြစ်ပါတယ်။ တစ်နည်းအားဖြင့် sfc command ကို System File Checker လို့လည်း ခေါ်ဆိုကြပါတယ်။ DLL.file အပါအ၀င် ၀င်းဒိုးဖိုင်မှန်သမျှကို sfc နဲ့ ကာကွယ်ပေးနိုင် တဲ့အကြောင့် ဒီ sfc command ဟာအရမ်းအသုံးအတည့်တဲ့ command tool တစ်ခုလို့ပြောလို့ရပါတယ်။

ကျနော်ဒီပို့စ်မှာ “sfc /scannow” ဆိုတဲ့ command နဲ့ မိမိကွန်ပျူတာမှာ ပျက်ဆီးသွားတဲ့ system file တွေကိုပြန်ပြီး repair လုပ်နိုင်တယ်ဆိုတဲ့သဘောကို အဓိကပြောချင်တာပါ။ sfc command နဲ့ parameter အဖြစ်တွဲပြီးအသုံးပြုနိုင်တဲ့ command တွေကတော့ အောက်ပါအတိုင်းလေ့လာနိုင်ပါတယ်…

sfc [/scannow] [/verifyonly] [/scanfile=file] [/verifyfile=file] [/offwindir=win] [/offbootdir=boot] [/?]

အထက်ပါ command များရဲ့ လုပ်ဆောင်ချက်တွေကို အောက်ပါရှင်းလင်းချက်ကို ဖတ်ပြီးသိနိုင်ပါတယ်…
/scannow = This option instructs sfc to scan all protected operating system files and repair as necessary.
/verifyonly = This sfc command option is the same as /scannow but without repairing.
/scanfile=file = This sfc option is the same as /scannow but the scan and repair is only for the specified file.
/offwindir=win = Used with other sfc options to define the Windows directory (win) when using sfc offline.
/offbootdir=boot = Similar to /offwindir, this sfc option is used to define the boot directory (boot).
[/?] = Use the help switch with the sfc command to show detailed help about the command's several options.

“Sfc /scannow” Command ကိုအသုံးပြုပြီး Operation System File တွေကို ကာကွယ်မယ်နည်း၊ ပြုပြင်နည်း

အကောင့်အမျိုးမျိုးရှိတဲ့စက်တွေကို Administrator Account ကနေ၀င်လိုက်ပါ။ scan ဖတ်တဲ့အချိန်ကတော့ ၁၀ မိနစ်လောက်ကြာမယ်။
(၁) ဒီနေရာမှာ မိမိ OS က XP ဖြစ်ခဲ့လျှင် CD / DVD Drive မှာ မိမိတင်ထားတဲ့ window cd / DVD ခွေကို အရင်ထည့်လိုက်ပါ။ ( Vista/ 7 မလို)

(၂) Start Menu> Run or Window + R နှိပ်

(၃) Run ဘောက်စ်တွင် sfc /scannow ဆိုတဲ့ command ကိုရိုက်ထည့်ပြီး Enter ခေါက်ပါ။ Enter ရိုက်ပြီး တာနဲ့ sfc က scan စစ်နေတာတွေ့ရမည်။ ( sfc နဲ့ / အကြားတွင် space bar တစ်ချက်ရိုက်ရမည်)။

(၄) scan စစ်တာ 100% complete ပြီးသွားလျှင် CMD.exe ကနေထွက်ပြီး ကွန်ပျူတာကို Restart လုပ်ပါ။

ဒါဆို “Sfc /scannow” Command ကိုအသုံးပြုပြီး Operation System File တွေကို Repair လုပ်နည်းက တော့ဒီလောက်ပါပဲ။

အားလုံးအဆင်ပြေပါစေ....


 

ဘ၀တွင် ရှုံးနိမ့်ခြင်းတရား (၁၀) ချက်


၁။   ဘ၀တွင် တိကျပြတ်သားသော ရည်မှန်းချက်မရှိခြင်း။

၂။   အဆိုးမြင်ခြင်း၊ အပြုသဘော မဆောာင်ခြင်း။

၃။   အတက်ပညာမဲ့ခြင်း၊ အတက်ပညာ မဆည်းပူးခြင်း။

၎။   ဆုံးဖြတ်ချက် မချတက်ခြင်း၊ မချနိုင်ခြင်း၊ အမှားဆုံးဖြတ်ခြင်း။

၅။   လူမှုဆက်ဆံရေး ညံ့ဖျင်းခြင်း။

၆။   ပြင်းပြထက်သန်သော စိတ်ဓါတ် မရှိခြင်း။

၇။   အယုံလွန်ခြင်း၊ အယုံလွယ်ခြင်း၊ အယုံမှားခြင်း။

၈။   ကြောက်ရွံ့ခြင်း၊ မစွန့်စားရဲခြင်း။

၉။   ရတာထက်ပိုသုံးစွဲခြင်း။

၁၀။ ဥစ္စာစွဲ၊ မေတ္တာစွဲ၊ အစွဲအလမ်းကြီးခြင်း။

ဘယ်သူမပြု မိမိမှု ပြုပြင်အပ်ပေ (၁၀) ချက်လေ...။

ငွေနဲ့ဝယ်ယူလို့မရတဲ့ ပျော်ရွှင်မှု့တစ်ချို့



၁။  စာသင်ခန်းထဲကို နောက်ကျမှရောက်တယ်။ ကျောင်းသားတွေ အားလုံးစုံနေကြပေမယ့်
     အတန်းထဲကို ဆရာမ မရောက်သေးဘူးလို့ သိလိုက်ရတဲ့အခိုက်အတန့်။


၂။  မြက်ခင်းပေါ်မှာ လှဲပြီး ကြယ်တွေကို ကြည့်ရတဲ့အခိုက်အတန့် ။


၃။  မိုးရွာတဲ့အခါ မိုးရေထဲမှာ ကရတဲ့ အခိုက်အတန့် ။


၎။  ကျူရှင်သွားဖို့ ထွက်အလာ လမ်းမှာကျူရှင်က ပြန်လာတဲ့ သူငယ်ချင်းတွေက ဒီနေ့
     ကျူရှင်ပိတ်တယ်လို့ ပြောတာ ကြားလိုက်ရတဲ့အခိုက်အတန့်။


၅။  စာမေးပွဲမဖြေနိုင်ဘူးလို့ ထင်ထားပေမယ့် အမှန်တကယ် အောင်စာရင်းထွက်တဲ့အခါ
     စာမေးပွဲအောင်ကြောင်း သိလိုက်ရတဲ့ အခိုက်အတန့် ။


၆။ နေထွက်တဲ့အချိန်နဲ့ နေ၀င်တဲ့အချိန်ကို စောင့်ကြည့်ရတဲ့ အခိုက်အတန့် ။


၇။ အ၀တ်တွေရှင်းတဲ့အချိန် အိတ်ကပ်တွေကို လိုက်နှိုက်စမ်းရင်း ရုတ်တရက်
    ပိုက်ဆံအနည်းငယ် တွေ့လိုက်ရတဲ့ အခိုက်အတန့် ။


၈။ ရေချိုးခန်းထဲမှာ ရေချိုးရင်း သီချင်းအော်ဆိုရတဲ့ အခိုက်အတန့် ။


၉။ သင်ချစ်ခင်မြတ်နိုးသူက သူနဲ့တွေ့ဖို့ သင့်ကိုချိန်းဆိုတဲ့ အခိုက်အတန့် ။


ဒါတွေဟာ ငွေနဲ့ဝယ်လို့မရတဲ့ တဒင်္ဂ သင့်ပျော်ရွှင်မှုတစ်ချို့ပါ...



မှတ်ပလား...

မှတ်ပလား..

ယောက်ျား -  ဟေ့ငါတို့ကိုလှေကားထစ် ၃ ထစ်ဆင်းပီးရင်
                 လူပျိုပြန်ဖြစ်တယ်ကွ

မိန်းမ       -  ရှင်တို့ကမှ လှေကားထစ်ဆင်းနေရသေးတယ်
                ကျုပ်တို့က ပြတင်းပေါက်ဖွင့်ပြီး.....
                 " အလကားဟေ့လို့ အော်လိုက်တာနဲ့ အိမ်တောင်ပြိုသွားဦးမယ် " ...

တင်မြှောက်ချင်း


အင်တာနက်တရိုး အပိုင်းစိုးတော်မူသော

ဂိတ်ဝေးပိုင်ရှင် ကွန်နက်ရှင်ကြီးခင်ဗျာ

သားတော်တို့မှာ Link တစ်ချက်ခေါက် error ရောက်သည့်ပြသနာ

Gmail ကိုခေါ် မပေါ်သည့်ပြသနာ

အစရှိသည့် မမြန်၊ ကြာ၊ နှေး အင်တာနက် ဘေးဘယ အဖြာဖြာတို့မှ သက်သာစေရန်အလို့ငှာ

အာသွက်၊ လျှာသွက်၊ လိုင်းလည်း သွက်အောင်

ပူရှိန်း သွက်လက် ဂရမ်းအရက်ဖြင့်လည်းကောင်း

တိမ်ဖုံး၊ မိုးရွာ ပေါ်မလာသည့် ကြိုးမဲ့အင်တာနက်ကို လိုင်းပြန်တက်အောင်

ရိုးရာမပျက် မုန့်ဖြူ၊ မုန့်နီ တွဲဖက်ကာ

ငါးရှဥ့်ခြောက်စပ် စားတော်ကပ်ပါသည်

အလုပ်များစွာ တန်းစီကာ ဒေါင်းလုပ်ဆွဲစရာ ပုံနေသည်မို့

စံနန်းပျော်ရာ ရတနာပုံ ဆိုင်ဘာရွာမှ

စီးတော်လိပ်မသုံး ချီတာနှုန်းဖြင့် င်္Ferrari စီးကာ ကဖေးဆိုင်သို့

ကြွရောက်တော်မူပါချင်ဗျားးးးးးးးးးး.......



လူကြီးလို့မဆိုသင့်ဘူး


မဖတ်ပါနဲ့


ကာတွန်းလေးများ








ကွန်ပျူတာ အမေးအဖြေ

မေး။ ။ကွန်ပျူတာ မှာ ဗိုင်းရပ်စ်တွေ မ၀င်အောင် ဘယ်လို ကာကွယ်ရမလဲဆရာ။

ဖြေ။ ။ ကွန်ပျူတာကို ပိတ်ထားပါ။ပို ပြီးသေချာအောင် ကွန်ပျူတာမီးပလက်ကိုပါဖြုတ် ထားလိုက်ပါ။

 

မေး။ ။ကွန်ပျူတာ ထဲကို ဗိုင်းရပ်စ်ဝင်လာပြီးဆိုရင် ဘယ်လို ရှင်းထုတ်ရသလဲဆရာ။

ဖြေ။ ။ hack disk ကို ဖြုတ်ပါ။ ပြီးနောက် ရေနွေးပူပူထဲ ထည်.ပြုတ်ပါ။ပိုပြီးသေချာ သွားအောင် တူဖြင်.ထုပါ။

 

မေး။ ။အင်တာနက်ကဖေးဆိုတာဘာလဲဆရာ။

ဖြေ။ ။ အင်တာနက်ကဖေးဆိုတာ အင်တာနက် အသုံးပြုခနဲ.နေ.တွတ်မကိုက်လို. ကော်ဖီပါတွဲရောင်းနေရတဲ.အင်တာ နက်ဆိုင်ထင်ပါရဲ.။

 

မေး။ ။အွန်လိုင်းဆိုတာ ဘာလဲဆရာ။ ဖြေ။ ။အွန်လိုင်းဆိုတာ အွန်စောရဲ. ညီမပေါ.ကွယ်။

 

မေး။ ။vzo မှာကိုယ်.ရုပ်သွင်ပေါ်လာအောင်ဘယ်လိုလုပ်ရမလဲဆရာ။

ဖြေ။ ။ ၀က်ကန်တပ်လိုက်ပါ။ အဆင်မပြေသေးရင်တော.ဆင်ကန်တပ်ဖို.လိုအပ်ပါ လိမ်.မယ်။

 

မေး။ ။ ဆရာ သမီးရဲ.စက်ထဲမှာ နိုးနိုးဂျက်မ ဗိုင်းရပ်စ် ၀င်လာတယ်ဆရာ။ဘယ်လို ဖြေရှင်းရမလဲ။

ဖြေ။ ။သမီးရဲ. စက်ထဲကို ဟောင်ကောင် ဂျက်မ အခွေသာထည်.လိုက်ပါ.။ ဟောင်ကောင်ဂျက်မ က နိုးနိုး ဂျက်မကို တိုက်ခိုက်ပါလိမ်.မယ်။

 

မေး။ ။ကွန်ပျူတာဆို တာ ဘာလဲဆရာ။သူရဲ.အလုပ်လုပ်ပုံလေးပြောပြပါဦး။

ဖြေ။ ။ ဆရာအမြင်ကတော. ကွန်ပျူတာဆို တာ ရုံးခန်းတွေထဲမှာ သော.ခတ်ထားတဲ.ကောင်ပါ။ အအေးခန်းနဲ. တောင်ထားရသေးတာ ။ သူကဘာအလုပ်မှလုပ်တာလည်းမတွေ.မိဘူး။

 

မေး။ ။အန်တီ ဗိုင်းရပ်စ်(antivirus) တွေမနို်င်တဲ.ဗိုင်းရပ်စ်တွေရှိသလားဆရာ။ဖြေပေးပါဦး။

ဖြေ။ ။အန်တီ ဗိုင်းရပ်စ်မနိုင်တာ အဖြစ်နိုင်ဆုံးကတော.အန်ကယ်ဗိုင်းရပ်စ် ဘဲဖြစ်မယ် ထင်ပါတယ်။

 

မေး။ ။သမီးကွန်ပျူတာ ထဲက ဖိုင်တွေမှာ ” မင်းကိုချစ်တယ်” ဗိုင်းရပ်စ် ၀င်လာတယ်ဆရာ။ ကွန်ပျူတာ ကို ၀င်းဒိုး ပြန်တင်လိုက်မှ ရမလားဆရာ။အကောင်းဆုံးနည်းလမ်းကို ပေးပါဦးဆရာ။

ဖြေ။ ။ အကောင်းဆုံးနည်းလမ်းကတော. သူ.ကိုချစ်တယ်လို.ပြန်ဖြေ လိုက်ပါ ။

သင့်ကို တကယ် အလေးအနက်ထားသူ


သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သင်နဲ့ စကားပြောတဲ့အခါ...
ဝတ္တရားကျေရုံ မပြောဘူး....

သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သင်နဲ့ တွေ့ဆုံတဲ့အခါ...
ပြောစရာ စကားကို မရမက ရှာပြီး... စိတ်ဝင်စားအောင် ပြောတတ်တယ်....

သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သင် ချမ်းတဲ့အခါ...
ချက်ချင်းပဲ အလျင်အမြန် သူ့အနွေးထည်ကို ချွတ်ပေးပြီး သင့်ကို ၀တ်ပေးတယ်...
သူ့မှာတော့ မချမ်းတဲ့ အမူအရာနဲ့ပေါ့...

သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သင့်ဆီက ဘာ သတင်းမှ မကြားရတဲ့အခါ....
သင့်ကို မရမက ဖုန်းဆက်ပြီး မေးလေ့ရှိတယ်...

သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သင် နေမကောင်းတဲ့အခါ...
သင့်ကို စိတ်ပူပန်ပြီး... အမြဲနှစ်သိမ့်အားပေးတတ်တယ်...

သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သူမဟုတ်တဲ့ တခြား တစ်ယောက်နဲ့  အနေနီးစပ်လွန်းတဲ့အခါ...
သ၀န်တိုပြီး ကလေးတစ်ယောက်လို ဒေါသဖြစ်နေတတ်တယ်...

သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သင်နဲ့ စိတ်ဆိုးတဲ့အခါ....
သူ့ဘက်က မှားသည်ဖြစ်စေ...မှန်သည်ဖြစ်စေ....
ဒေါသကို လျော့ပြီး သူက အရင် တောင်းပန်လေ့ရှိတယ်...

သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သင့်ရှေ့မှာ သူဟာ ကလေးဆန်ဆန် ပြုမူနေထိုင်တတ်ပေမဲ့...
သူ့စိတ်ထဲမှာတော့... သင့်ကို အမြဲလိုလို ကလေးလို သဘောထားတတ်တယ်....

သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သင့်ကို နေ့တိုင်း သတိရနေတတ်တယ်....
စကားလုံးတွေနဲ့ ပြောဆိုခွင့်မရှိသည့်တိုင်... သင့်ကို သတိရကြောင်း တစ်နည်းနည်းနဲ့ ပြသတတ်တယ်....

သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သူ ဘာကိစ္စပဲရှိရှိ သင့်ကို အရင်ဆုံးပြောပြတယ်...
ဘာလို့လဲဆိုတော့ သင် ဂရုစိုက်တာကို လိုချင်လို့ပါ....

သင့်ကို တကယ် အလေးအနက်ထားသူဟာ...
လုပ်နိုင်တဲ့ အရာမှန်သမျှကို သင့်အတွက် စိတ်ပါလက်ပါ လုပ်ပေးတတ်တယ်... ဘာကြောင့်လဲ ဆိုတာ မေးလေ့မရှိဘူး....

သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သံသယ များတတ်တယ်...
ဒါကလဲ သူ သင့်ကို တကယ်ဂရုစိုက်လို့ပါပဲ....

သင့်ကို အလေးအနက်ထားချစ်တဲ့သူဟာ....
သင့်ကို ဂရုစိုက်ဆုံး သူပါပဲ....

သူက.....
သင့်ရဲ့ ပျော်ရွှင်မှုကို ဂရုစိုက်တယ်...
သင့်ရဲ့ သောကတွေကို အလေးထားတယ်...
သင့်ရဲ့ စိတ်ချမ်းသာမှုတွေကို တန်ဖိုးထားတယ်...
သင့်ရဲ့ မျက်ရည်တွေကို ခြောက်ခမ်းစေတယ်...
သင့်ရဲ့ ဒဏ်ရာတွေကို ကုစားပေးတယ်...
သင့်ရဲ့ စကားလုံးတိုင်းကို အလေးအနက်ထားတယ်...
သင့်ရဲ့ လှုပ်ရှားမှုတိုင်းကို သတိထားမိတယ်...
ပြီးတော့ သူ့ရဲ့ ဒဏ်ရာတွေကို သင် မရိပ်မိ စေဖို့ပေါ့....


လူ


လူ....
အဆင့်အတန်းမရှိလို့ရတယ်
ဒါပေမဲ့ အရှက်မရှိလို့ မရဘူး။

မမြင့်မြတ်ချင်နေလို့ရတယ်
ဒါပေမဲ့ သိမ်ငယ်စိတ်ရှိလို့ မရဘူး။

မထက်မြက် မသွက်လက်ချင်နေလို့ရတယ်
ဒါပေမဲ့ တွေဝေငေးမောနေလို့မရဘူး။

အကောင်းမြင်စိတ် မရှိလို့ရတယ်
ဒါပေမဲ့ လောကကိုစိတ်ကုန်တဲ့စိတ် ရှိလို့မရဘူး။

သူငယ်ချင်းအပေါ် သဘောထားမကြီးလို့ရတယ်
ဒါပေမဲ့ ပျက်လိုပျက်စီးကြောင်း မကြံစည်ရဘူး။


EPC


နင့်ကို ချစ်ရတာကလဲ မြန်မာပြည်က
Online သုံးနေရသလိုပဲဟာ....
ဆန့်တငင်ငင်နဲ့ရယ်...
ဘယ်အချိန်ကျမှ နင့်အချစ်ကို
Down လို့ပြီးမယ်မသိ...
Refresh လုပ်ရတာနဲ့တင်
ငါငိုမယ်ဆို ငိုလို့ရနေပြီ...
Log Out လေးမလုပ်ရက်လို့ ငါစောင့်နေလိုက်တယ်....
မီးပါပြတ်ရော...

တေရော....EPC


စိတ်ကြီးဝင်ရင် သတိထား


စိတ်ကြီးဝင်ရင် သတိထား

စိတ်ကြီးဝင်ပြီး အောက်ခြေလွတ်နေတယ်ဆိုတာ
ဟိုလူကိုငေါက်၊ ဒီလူကို ငေါက်နဲ့ တချို့များ ပိုက်ဆံပေါလို့၊
အာဏာရှိလို့ ရာထူးကြီးလို့ အဖက်မလုပ်ပဲ ဘ၀င်လေဟပ်နေကြတာပဲ
အဲဒါ စိတ်ကြီးဝင်တာမဟုတ်ဘူး၊
သံသရာမှာ အောက်ကျနောက်ကျ ဖြစ်ဖို့အတွက် စိတ်ကလေးဝင်တာ။
အဲဒီလို စိတ်မျိုး မမွေးမိစေနဲ့။
(အရှင်ဇနကာဘိဝံသ)



ဖန်တီးမှု့အလှ


သဘောကောင်းကြောင်းမပြနှင့်


လူတွေနဲ့ ဆက်ဆံတဲ့အခါ

သဘောကောင်းကြောင်းမပြရဘူးတဲ့

လူတွေဟာ သဘောကောင်းတဲ့ လူတွေကိုတွေ့ရင်

ရွံ့ဗွက်အိုင်အလယ်မှာ

မြေကွပ် မာမာလေးတစ်ခုကို တွေ့သလိုပဲ

ဝမ်းသာအားရနဲ့ ဒီပေါ်ကနေပဲ ဖြတ်နင်းချင်ကြတာမို့...

ငါက လူတိုင်းအပေါ်ကောင်းပါတယ်

သဘောကောင်းကြောင်းမပြတာပဲ ရှိတာပါ..။

(မြသန်းတင့်... ဘ၀သံသရာ..မှ..)



၂၄နာရီ ဘာလို့မီးမရတာလည်းဟင်


စကားများချိန် စာမသင်ရ


ဆရာမ -
          ငါစာသင်နေတဲ့အချိန် ဘာလို့စကားများနေကြတာလဲ....

ကျောင်းသား -
          ကျွန်တော်တို့ စကားများနေတဲ့အချိန်မှာ
ဆရာမဘာလို့ စာသင်နေလဲ.......

(ပျော်ရွှင်နိုင်ပါစေ...)


ကျုပ်က ဘွဲ့ရပြီးပြီဗျ





(မုဒိမ်းကျင့် သတ် ဖြတ်) ခဲ့သူ အားရုံးတင်စစ်ဆေး





မေလ ၂၈ ရက်နေ့  ညက ရခိုင် မိန်းမပျို မသီတာထွေး အား ဘာသာခြား လူငယ် သုံးဦး  (မုဒိမ်းကျင့် သတ် ဖြတ်) ခဲ့သူ အားရုံးတင်စစ်ဆေး


အစိုးရ အမှုထမ်းဆိုတာ




အမှန်တော့၊ ကိုယ့်ဝတ္တရားကေပွန်အောင်
ထမ်းဆောင်ဖို့ပဲ။
ဟိုလူ့ကိုကြောက်သလို၊ ဒီလူ့ကိုမျက်နှာချိုသွေးချင်သလိုလို
ဒီလိုလုပ်လို့ မရဘူး၊
ကိုယ့်ဝတ္တရား ကိုယ်ကျေပွန်ရင်
ဘယ်သူမှ ကြောက်ဖို့ မလိုဘူး၊
ဘယ်သူမှလဲ လက်ဖျားနဲ့ မတို့နိုင်ဘူးဆိုတာ
မြဲမြဲ မှတ်ထားပါ။
"ဗိုလ်ချုပ်အောင်ဆန်း"


လူမိုက်လက္ခဏာ (၄)ပါး

၁။ နည်းမှားတွေကိုလုပ်တယ်။
၂။ သူတစ်ပါးကိုလည်း အဲဒီအမှားတွေကိုလုပ်ခိုင်းတယ်။
၃။ အဲဒီနည်းအမှားကြီးကိုလည်း သိပ်တန်ဖိုးထားတယ်။
၎။ မှားနေပြီလို့ ပြောရင် ပြောတဲ့သူကိုရန်ရှာတယ်။

သီတဂူဆရာတော်ကြီး



♥♥ အရမ်းလဲရူး အလွမ်းလဲထူး ♥♥

ဟိုငေး ၊ ဒီငေး
ထိုင်ကာတွေးရင်း
အိပ်စက်မရ ၊ ဒီတစ်ညတော့
သူ့အကြောင်းတွေးရင်းမိုးလင်းပြီ...။

အာကာမိုးသား ၊ တိမ်များကြားဝယ်
ကွယ်ဝင်ပျောက်ကွယ် ၊ လမင်းငယ်အား
မမြင်တစ်ချက် ၊ မြင်တစ်ချက်နဲ့
စိတ်ကူးရွှက်လွင့် ၊ အတွေးသစ်ဖြင့်...။

လေကိုရူသွင်း ၊ ခပ်ပြင်းပြင်းငို
ထိုတိမ်အိုအား
မကြည့်မကောင်း ၊ ကြည့်မကောင်းနဲ့
တွေရီမှိုင်ငေး ၊ ထိုင်ကာဆွေး ။

ဟိုတွေး ၊ ဒီငေး
တစ်ကိုယ်တည်းဆွေးကာ
ပြန်ပြောင်းသတိရ ၊ မေ့မရလို့
စိတ်ကူးရည်မှန်း ၊ တူနှစ်ကိုယ်လမ်းအား
အနမ်းဖူးသစ် ၊ အရမ်းမူးရစ် .. ။





ငါ့ရဲ့ .. ရသ

တိမ်တွေ ဖုံးတဲ့ လမိုက်ညတွေလို
ဥသြ ငှက်တစ်ကောင်ရဲ့ ရင်ထဲမှာ
ရထား နှစ်စင်း အပြိုင် ခုတ်မောင်းနေတယ်..
စကားလုံးတွေနဲ့  ငါ့ကို ဝိုင်းမဖောက်ကြပါနဲ့ 

ကိုင်း မရှိတဲ့ သစ်ခြောက်ပင်နဲ့ 
အတောင်မပါတဲ့ ငှက်တစ်ကောင်..
အိမ်ပြန်နောက်ကျခဲ့တဲ့ ညပေါင်းများစွာ
ငါ့အိမ်မက်တွေ ငါပြန်စဉ်းစား
လွမ်းနေမိပါသေးတယ်......

ငါတို့ ဘဝတွေ ဆုံမက်စေဖို့  သီအိုရီတွေ ငါ့မှာမရှိဘူး..
အချစ်တခုနဲ့  တည်ဆောက်ဖို့ မလွယ်တဲ့ 
ငါ့အိမ်မက်တွေကို  အတိတ်ထဲမှာ မင်းထားသွားတယ်..

ငါ့ဘဝကို ပြောင်းပြန်လှန်
ငါတည်ဆောက်ခဲ့တဲ့ အသိုက်အမြုံလေး
ငါ့ကြောင့် ပြိုကွဲတော့မှာလား..
နောင်တ မရှိတဲ့ နောက်ကျတဲ့ခြေတစ်လှမ်း
ပျောက်ပျက်မသွားမဲ့ အိမ်မက်... တိမ်တိုက်တွေ

မှောင်မိုက် ညစ်ထေးနေတဲ့ လွင့်ပျံ တိမ်တိုက်တွေ ကြားက
ရုန်းထွက်ခဲ့ပြီးကာမှ ငါ့ဘက်မှာ မရှိကြတဲ့ လူတွေ..
တိမ်တိုက်မဲထဲကို ပြန်မရောက်ချင်ဘူး..
ငါ့ဘဝရဲ့ ရသ ကဘာလဲ..

ကျတဲ့မျက်ရည်သံယောဇဉ်မြစ်ဖြစ်နေတယ်

   


ဖုန်းလေးထဲမှာအသံပါတယ်

ငါ့ရင်ထဲမယ်အလွမ်းပါတယ်...

ငါအိမ်မက်မှာနင်ပါနေတယ်....

စိတ်ကူးတိုင်းလည်းမင်းရှိနေတယ်..

ငါလွမ်းတိုင်းလည်းမင်းဖြစ်နေတယ်....

ကျတဲ့မျက်ရည်သံယောဇဉ်မြစ်ဖြစ်နေတယ်......

ကမ္ဘာတဖက်စီနေထိုင်နေလည်း.....

အလွမ်းမြစ်လေးဖြစ်နေတယ်...

သံယောဇဉ်အစစ်တကယ်ဖြစ်လို

့ငါ့ရင်ထဲမယ်လွမ်းနေတယ်...

မနီးစပ်ဘဲချစ်နေတယ်..

ဖုန်းထဲကအနမ်းလေးလွမ်းနေတယ်.....

မမြင်ရဘဲငါချစ်နေတယ်ချစ်သူရယ်...



“နားလည်မှုတွေထပ်တူ”

“နားလည်မှုတွေထပ်တူ”

ကောင်းကင်တစ်ခုမှာ

ဆုံမှတ်တွေ သတ်မှတ်လို့

နားလည်မှုတွေဖြစ်လာဖို့

ထပ်တူပြု ချစ်ကြိုးတွေနဲ့ပေါ့....

မဆုံနိုင်ခင် ပစ်ခွါ နားလည်မှုတွေထပ်တူရယ်ပါလို့

ပြောနေကျ ချစ်ခွန်းတွေကို

အဓိပ္ပာယ်တွေ ဖော်ဆောင်ကာ

ဆောင်ယူလေပြေ ချစ်ခြင်းတွေက

နှလုံးသားတစ်ခုဝယ် ချစ်ခြင်းတွေဖလှယ်ကာရယ်နဲ့

ရင်ထဲမှာ ဖြူစင်စွာနဲ့ချစ်ခဲ့တာမို့..

အော်......အော်....အော်.......

အချစ်တစ်ခုရဲ့ဆုံမှတ် နားလည်မှုတွေထပ်တူတဲ့....

စကားရယ်အသံသာ ရှောင်ဖယ်ကာနေခဲ့ရင်ဖြင့်

အချစ်စစ်ရယ်ဘယ်မှာ....ရှာဖွေကာနေရမည်နည်း......


ပျော်ရွှင်စရာဟာသများရဲ့ ၀က်ဆိုဒ်အညွှန်း

www.gigglepoetry.com



ဟာသကလေးတွေသိပ်ကောင်းပြီး အင်္ဂလိပ်စကားသုံးလည်းပြေပြစ်တယ် ကဗျာလေးတွေကိုလည်းလေ့လာနိုင်ပါတယ် အဓိကတော့ အင်္ဂလိပ်စာလေ့လာတဲ့ဘော်ဒါတွေ

ဝင်ကြည့်သင့်တာပေါ့….



www.unclefred.com



ရယ်မောစရာကာတွန်းအမြောက်အများကိုလည်းတွေ့ရပါတယ် ဘော်ဒါတို့လည်း ကာတွန်းလေးတွေတင်ချင်ရင်တင်နိုင်ပါတယ်……………….



www.glasbergen.com



ဒီဝဘ်ဆိုဒ်မှာတော့ အမြဲမရိုးအောင်ကိုတွေ့ရမှာပါ လူမှုဆိုင်ရာပတ်ဝန်းကျင်အစုံမှ ရယ်ရွှင်ဖွင်ရာတွေကိုအများအပြားတွေ့ရမှာပါ………….. ၀င်ကြည့်လိုက်ဦးနော်



www.coolfunnyjokes.com



ရယ်ရွှင်ဖွယ်များစွာကိုလေ့လာရတယ် သူငယ်ချင်းတို့လည်းပါဝင်နိုင်ပါတယ်



www.jokes.com



ဒီမှာတော့ရယ်ရွှင်ဖွယ်များစွာကို အဓိကဖော်ပြနေတဲ့လိပ်စာလေးပေါ့ ဗွီဒီယိုဟာသတွေကိုလည်းလေ့လာနိုင်ပါတယ်



www.faillog.org



မတော်တဆအမှားကလေးတွေကနေ အမှားကြီးတွေအထိကို ရင်မောစေသလိုရယ်မောစေရမှာပါ



www.joke.co.uk



အင်္ဂလန်ကနေပြီးတော့တင်လွှင့်ထားတဲ့ရယ်ရွှင်ဖွယ်ရာလေးတွေကို ၀င်ရောက်ပြီးလေ့လာနိုင်ပါတယ်



www.ahajokes.com



ဒါလေးကအမှန်တကယ်ကိုစိတ်ပျော်ရွှင်သွားစေတဲ့နေရာလေးပေါ့



www.jokeswarehouse.com



သူငယ်ချင်းတို့စိတ်ညစ်နေရင်ပျော်စရာရှာဖို့ တစ်ခေါက်လောက်တော့သွားကြည့်ပါ



www.basicjokes.com



အသုံးအနှုန်းသန့်သန့်လေးတွေနဲ့ ပြုံးပျော်စေနိုင်ပါတယ်



www.the-jokes.com



ရယ်မောစရာတွေအပြင်ဖျော်ဖြေရေးအစီအစဉ်ကောင်းတွေလည်းပါဝင်ပါတယ်

မျက်လှည့်တွေကိုလည်းကြည့်ရှုနိုင်တယ်

ဝါသနာပါရင်တော့ တစ်ခေါက် အဲလေ စိတ်ရှိသလောက်…………..;)



http://netec.mcc.ac.uk



စီးပွားရေးလောကအတွင်းက ရယ်မောစရာလေးတွေကို တွေ့နိုင်ပါတယ်



www.jokesgallery.com



အမှန်တကယ်ကိုနာမည်နဲ့လိုက်အောင်ရယ်ရွှင်ဖွယ်ရာ အစုံကိုတွေ့ရမှာပါ





www.funnyandjokes.com

ဒါလေးကလဲလေ့လာသင့်တဲ့ရယ်မောစရာနေရာလေးပါ



ကဲဒီလောက်ဆိုသူငယ်ချင်းတို့လည်း ပျော်ရွှင်နိုင်မယ်လို့တော့ နှင်းစေတမန်လေးယူဆလိုက်ပါမယ် အားပေးသွားတဲ့ဘော်ဒါတွေ ဖဲချပ်လေးထဲကဂျိုလ်ကာရုပ်လေးလိုမျိုး အမြဲထာဝစဉ်ပျော်ရွှင်နိုင်ပါစေလို့………………………..

ကျမျက်ရည် မကြေငြာတော့ဘူး

မင်းသိရဲ့လား...


တဖွဲဖွဲရွာနေတဲ့ မိုးစက်တွေကြား


တစ်လောကလုံးလင်းနေသားနဲ့


ငါ့နှလုံးသားတစ်ခုထဲ အမှောင်ကျ


မင်း......ငါ့ကို


ထားခဲ့တုန်းကပေါ့...


အပျံသင်စ ငှက်တစ်ကောင်ကို


မညှာမတာ အတောင်ရိုက်ချိုးခဲ့သလိုပါပဲ...


မင်းအတွက်ဆိုရင်


မိဘ နဲ့ ပတ်ဝန်းကျင်ကြား


ဘေးစကားတွေကို ပစ်ပယ်လို့


" ချစ်တယ် " ဆိုတဲ့ စကားတစ်ခွန်းနဲ့တင်


အရာအားလုံးကို ဆန့်ကျင်ရဲခဲ့တာလေ..


ဟိုး...ကောင်းကင်ထိပျံတက်


ခရီးမိုင်များစွာအတွက်


လက်တွဲမဖြုတ်စတမ်း ငါနဲ့အတူပျံသန်းမယ်တဲ့...


ပေးခဲ့တဲ့ ကတိတွေပျက်သုန်း


ငါ့ရဲ့........


ရည်ရွယ်ချက်တွေလဲ ပျောက်ဆုံးခဲ့ပြီ...


အခုတော့..


မင်းမရှိတဲ့ ရာသီရဲ့နေ့စွဲတွေထဲ


အထီးကျန်ဆန်ပြိုလဲလို့


လွမ်းတဲ့စိတ်နဲ့ပဲ


မင်းအရိပ်လေးကိုအိပ်မက်


ဂယောင်ခြောက်ခြားသွေးပျက်နေဆဲပါ...


စာမလာ သတင်းမကြားပဲ


မင်း...ငါ့ကိုထားခဲ့ပေမယ့်


မင်းကြောင့်ကျခဲ့တဲ့ မျက်ရည်ရဲ့အငွေ့ကိုတောင်မှ


မင်းကို မခံစားစေချင်ခဲ့ဘူး...


ရေစက် မဆုံလို့ဝေးခဲ့ရပြီပဲ


ငါတစ်ယောက်ထဲ စိတ်ချမ်းသာဖို့


မင်းပြန်လာပါလို့ လဲ မမျှော်လင့်ချင်တော့ဘူး...


ထားခဲ့ဖူးတဲ့ မေတ္တာအတွက်ပဲ


လှိုက်လှိုက်လှဲလှဲ တောင်းဆုပြုခဲ့တယ်...


အခုဘ၀ကစလို့ နောင်သံသရာအဆက်ဆက်


အချစ် နဲ့ပတ်သက်သမျှ


မမြင်ရ မကြားရ


နှလုံးသားနဲ့တောင်မှ


မခံစားတတ်သောသူသာ


ဖြစ်ရပါလို၏...


အချစ်ဆိုတဲ့စကား


ကိုယ့်နားမှာ မကြားပါရစေနဲ့တော့ ...


အလိမ်အညာတွေပါကွာ


တိမ်သလ္လာတွေ ကင်းစင်မှ


မင်းချစ်တယ်ဆိုတဲ့ ကောင်းကင်ပြာ


ကိုယ်မဟုတ်တာတော့


သေချာသွားခဲ့ပြီ ...


အပြုံးတေးတွေနဲ့ အခါခါ


ချော့သိပ်တာ များခဲ့တော့


ယုံကြည်ခြင်းရဲ့ ဆန့်ကျင်ဘက်တရား


အိပ်စက်ကာ သွားခဲ့ရတာပေါ့ ...


မင်းရဲ့ ပရိယာယ်မာယာ


ပန်းတိုင်ကို ရောက်ကာမှ


ကိုယ့်အသိညဏ် နိုးထရှင်သန်ခဲ့ရတော့


နောက်ဆုံးတော့


ကိုယ်ပဲ အရှုံးပေးရတော့တာပေါ့ ... ။


အားငယ်စရာတစ်ခုခုဖြစ်တိုင်း


ကျအံဆဲဆဲမျက်ရည်တွေကို


အတင်းထိန်းရင်း ပေးထားခဲ့တဲ့


ကတိတစ်ခုနဲ့ သူ့ကိုသတိရမိတယ်


ဒီလောက်အားငယ်နေရင်


ငါမရှိတော့ရင် ဘယ်လိုလုပ်မလဲလို့


အခါခါမေးဖူးတဲ့သူ


မျက်ရည်မကျတော့စေရဘူးလို့ 


င့ါဆီကတောင်းခဲ့တဲ့ကတိပိုင်ရှင်


င့ါကိုရင့်ကျက်စေဖို့များ


အခုလိုတစ်ယောက်တည်းထားခဲ့တာလားမသိတော့ဘူး


င့ါဘ၀တစ်ခုလုံးကို


အမှောင်ချခဲ့တဲ့ သူရေ


ပြောင်းလဲ့သွားတဲ့ငါ့ဘ၀ကို


ယောင်လို့တောင်လှည့်မကြည့်သွားဘူးနော်


တော်ပါပြီ


တွေးရင်းနဲ့ မျက်ရည်တွေတောင်ကျလာပြီ

အမှောင်ကမ္ဘာ

အမှောင်ကမ္ဘာထဲ


အလင်းရောင်တစ်စစကို


တွေ့မြင်လိုတွေ့မြင်ငြား


ဝိုးတ၀ါးလျှောက်လှမ်းရင်း


လမ်းပျောက်ခဲ့သူ...ငါ့ကို


လမ်းပြကယ်တင်သယောင်နဲ့


အနက်ရှိုင်းဆုံးအမှောင်ထုထဲကို


လှည့်ဖျားခေါ်ဆောင်ပြီး


ခြေရာဖျောက်ထားရစ်ခဲ့သူ...နင်။ ။


အချိုသကာဖုံးထားတဲ့


အချိုသာဆုံးစကားတစ်ခွန်းနဲ့


အပြုံးမပျက်ငါ့ဘ၀ကို


အဆုံးသတ်စေခဲ့သူ..နင့်ကို


အမုန်းရက်နိုင်ခဲ့သူ......ငါ။ ။


ဆုံနိုင်ခွင့်မရှိတဲ့ လမ်းတစ်ခုကို


မတူညီတဲ့....ခံယူချက်တွေနဲ့


အတူတကွလျှောက်လှမ်းခဲ့ကြသူ


တို့နှစ်ယောက်အတွက်


"လမ်းခွဲ"တစ်ခုက


အသင့်ကြိုဆိုနေခဲ့လေရဲ့...။ ။


မချစ်တော့လို့


ကျောခိုင်းချန်ရစ်ခဲ့သူနင်နဲ့


ချစ်လျက်ကျန်ရစ်ခဲ့သူငါ


"ဝေးကွာခြင်း"ဆိုတဲ့


ခေါင်းစဉ်တစ်ခုနောက်ကွယ်မှာ


ဘယ်သူဟာ ပိုနာကျင်ရမှာလဲ...။ ။


သေချာတာတစ်ခုကတော့


ကွဲပျက်သွားခဲ့တဲ့.


အချစ်တစ်ခုရဲ့အဆုံးသတ်နိဂုံးမှာ


အောင်နိုင်သူတစ်ယောက်ဟာ


ငါမဟုတ်ခဲ့ဘူး.....။ ။

အမုန်းခွန်အား

ရင်တစ်ခုလုံးပေါက်ကွဲလုမတတ်....ငါအထိနာခဲ့တာ.......

တစ်ခါပြန်လည် ရိတ်သိမ်းဖို့မစိုက်ပျိုးချင်တော့ဘူး....

ပေပင်လိုအချစ်မျိုးမို့ မင်းတစ်ယောက်နဲ့တင်....

ပြီးဆုံးသွားခဲ့ပါပြီ..................

အကြင်နာမှာ.......ကြိုးကြာ ဟင်္သာ....

သစ္စာမှာ.....အောက်ချင်း

ခွင့်လွတ်သည်မှာ..ကိန္နရီကိန္နရာ......တဲ့

တစ်ချိန်ကမင်းရွက်ပြခဲ့တဲ့ ငှက်တို့ရဲ့ဒဏ္ဍာရီ....လေ..........

ခုတော့............

တို့နှစ်ယောက်ရဲ့ ပုံပြင်တွေဆီမှာကျန်ရစ်ခဲ့ပြီပေါ့......

နွေဦးရာသီရဲ့ထင်ကျန်ရစ်တဲ့ နှလုံးသားဒဏ်ရာတို့ဟာလည်း

မိုးနဲ့အတူ.....မြေခနေခဲ့ရပြီ............

'လ' မိုက်ညမိုးစက်ဖွဲဖွဲအောက် က ငှက်ဆိုးထိုးသံတွေ............

ညရဲ့နှိပ်စက်ခြင်းတွေနဲ့

ငါ့ကိုခြောက်လှန့်နေကြပြီချစ်သူရယ်...................

ချစ်ခွန်းသီဖွဲ့တတ်သောနှလုံးသားအား

အမုန်းခွန်အားတွေ ...ချပ်ဝတ်တန်စာတွေဆင်မြန်းပြီးမှ.........

မင်းရှိတဲ့နယ်နိမိတ်ကို.... ငါ ဖြတ်ကျော်တော့မှာပါကွာ...................

ငါ့ထက်အကြင်နာပိုမယ့်လူ မင်းနဘေးမှာရှိခဲ့ပြီမို့

တိတ်တဆိတ်ထွက်ခွာခဲ့တာပါ......

အကြင်နာတွေပြည်ဖုံးကားမချနိုင်သေးလေတော့

မေတ္တာတွေ မင်းတို့အတွက် လက်ဖွဲ့ပေးခဲ့ပါတယ်

ဝေးလွင့်ခြင်း မိုးတိမ်...

ဝေးလွှင့်ခြင်း မိုးတိမ်အောက်မှာ


ငါလမ်းလျှောက်နေတုန်းပေါ့..


နင်နဲ့ငါ့ကြားဝေးသွားခဲ့တဲ့..


နေနဲ့ညကများတော့.....


အလွမ်းတွေ..


တနင့်တပိုးတိုးနေတာပေါ့....


ခုတွေ့ချင်တယ်...


နောက်တွေ့ချင်တယ်...


ငါမတောင်းတတော့ဘူး..


ခုဝေးနေတာဟာ...


တစ်နေ့ငါတို့နီးဖို့ပဲလို့....


ငါခံယူလိုက်တော့မယ်...


ခံယူချက်နောက်ဆုံးတစ်နေ့ က


ငါ့ငိုကြွေးခြင်းတွေအတွက်


မင်းရင်ခွင်တစ်နေရာမှာ


ငါရှိနေသေးတယ်ဆိုရင်


ငါ နေပျော်ပါပြီ ချစ်သူ


မိုးစက်တွေ တစ်ပေါက်ခြင်းကြသလို


ကျောက်စက်ရေ တစ်စက်ခြင်းကြသလို


အောက်ဆုံးရောက်သွားရင်တော့


လွင့်စင်တတ်တယ်လေ...


ပြန်လည်စုစည်းခြင်းက


မဝေးတော့တဲ့  အနာဂတ်


ငါလျောက်လှမ်းနေတဲ့ ပန်းတိုင်း


နောက်ကျကျန်ခဲ့ တဲ့  ခြေလှမ်းကို


ငါ့ ကိုယ်ငါ ရိုက်ချိုးမယ်..

........... ရင်ထဲကသူ..............

စချစ်ကတည်းက...............


မေ့ပစ်ဖို့မှမဟုတ်ပဲ.................


တွေ့တဲ့အခါ မမွေ့သာလဲ........


ရင်ငွေ့မှာ သူအမြဲရှိတယ်.....


တစ်ရက်တလေ...............


မတွေ့ချေသော်................


ဝင်ထွက်လေရှိပါလေစ............


တွေးမရနိုင် ငေးဆမှိုင်ကာ......


အတွေးမှာရစ်တဝဲဝဲနဲ့........


သူအမြဲရှိနေခဲ့တယ်...........။

ဘယ်သူတွေနားလည်နိုင်မှာမို့လို့လဲ

ပျိုးခဲ့တာဟာ

ဥယျာဉ်မှုးတစ်ယောက်ပေါ့

ဒါပေမဲ့ပန်းတစ်ပွင့်ရဲ့အလှပဟာ

ပန်းပန်သူနဲ့ပဲသက်ဆိုင်ခဲ့တယ်

လောကရဲ့နိယာမတဲ့

မလွန်ဆန်ရဲပါဘူး

နာကြည်းခြင်းတွေလဲ

မထားခဲ့ပါဘူး

အမုန်းဆိုတာတောင်မသိခဲ့တဲ့သူပါ

နာကြင်ခြင်းတွေသာရင်မှာပိုက်လို့

ပြုံးပြခဲ့တဲ့သူမို့

ကာ၇ံမဲ့ဘ၀ဟာ

အထီးကျန်မှုတွေနဲ့ရင့်ကျက်ခဲ့ပါပြီ

ဟောဒီပန်းပျိုးတဲ့လက်တစ်စုံရဲ့

ခြွေးမြေခခဲ့ရတဲ့နေတွေ

ဥယျာဉ်မှုးတစ်ယောက်ရဲ့ခံစားချက်တေ

ဘယ်သူတွေကရော

ခုချိန်ထိနားလည်ခဲ့ဘူးလို့လဲ

လွမ်းသူ။။။

တစ်ယောက်သောချစ်သူလေး အတွက်...............

ချစ်သူ...
လွယ်လွယ်နဲ့ချစ်ခဲ့တာမဟုတ်ခဲ့တော့
လွယ်လွယ်နဲ့မေ့ပစ်ဖို့ခက်ပါတယ်
ရင်ထဲမှာချည်နှောင်ထားတဲ့
သံယောဇဉ်ကြိုးတွေ
အချိန်တိုင်းတွေးနေမိတဲ့
မင်းရဲ့အကြောင်းတွေ
မင်းစိတ်နဲ့နေ
မင်းစိတ်နဲ့သွား
မင်းစိတ်နဲ့စား
မင်းကိုချစ်ခဲ့မိတဲ့ ကိုယ် ဆိုတဲ့
ကောင်လေးတစ်ယောက်ရဲ့ရင်ထဲမှာရှိနေခဲ့တာ
မင်းတစ်ယောက်တည်းပါချစ်သူလေး
နေ့ရက်ဆက်တိုင်း
အချိန်တိုင်း
စက္ကန့်တိုင်း
နီးနေလဲချစ်နေမယ်
ဝေးနေလဲ ချစ်နေမယ်
ထာဝစဉ်မပြောင်းလဲမဲ့
ချစ်ခြင်းတစ်စုံဟာမင်းတွက်
ဖြစ်တည်နေမယ်
တည်ရှိနေမယ်။

သက္ကရာဇ် 3000 မှာကြုံတွေ့ရမယ့် တိုးတက်မှုဆိုပဲဗျ..

ဒီ ကာတွန်းလေးတွေကို အီးမေးက ရပါတယ်။
သက္ကရာဇ် ၃၀၀၀မှာ ကြုံရမယ့် တိုးတက်ဖြစ်ထွန်းမှုတွေကို ကြိုတင်နိမိတ်ဖတ်ထားပါသတဲ့။
--------------------------------------
ကြေးစားအားကစားသမား :)
Photobucket
--------------------------------------
အိမ်သာတက်ရင်း ရေလွှာလျှောစီး :)
Photobucket
--------------------------------------
အိပ်ပျော်နေရင်း ကာယလေ့ကျင့်ခန်းလုပ် :)
Photobucket
--------------------------------------
ဒီဇိုင်းအမျိုးမျိုး ပြောင်းနိုင်တဲ့ အ၀တ်အစား :)
Photobucket
--------------------------------------
အော်တိုရိပ်စက် :)
Photobucket
--------------------------------------
လွယ်လွယ်လျှင်လျှင် အလှပြင် :)
Photobucket
--------------------------------------
“Stop”ဆိုရင် ရပ်ကိုရပ်ရမယ် :)
Photobucket
--------------------------------------
လောင်စာချွေတာဖို့ ဆပ်ကပ်ဆရာက ကျောင်းကြိုပို့ :)
Photobucket
--------------------------------------
ကမ္ဘာ့တိုက်ကြီးတွေကြား ကားနဲ့သွား :)
Photobucket
--------------------------------------
ဟယ်လီကော်ပတာ ဦးထုပ် :)
Photobucket
--------------------------------------
ကျောပိုးအိပ်က ကျောပိုး :)
Photobucket
--------------------------------------
ခြေလေးချောင်း ဂျင်းဘောင်းဘီ :)
Photobucket
--------------------------------------
ပေါက်ကရလုပ်ရင် ဆုံးမတဲ့ ကွန်ပျူတာ :)
Photobucket
--------------------------------------
မျက်လှည့်လောက်စွမ်းတဲ့ အရိုးအထူးကု :)
Photobucket
--------------------------------------
နှပ်ချေးသုတ်စက် :)
Photobucket

ကိုယ့်နာမည်ကို တိုက်ဆိုင်စစ်ဆေးကြည့်ကြပါ

သူငယ်ချင်းရေ...
သင်ရဲ. နာမည် မှာပါတဲ. ABCD အက္ခရာ လေးတွေကနေ သင့်ရဲ့ စရိုက် ကို
ခန်.မှန်းနိုင်ပါတယ်။ မဆိုးဘူးနော်။ မှန်မမှန်သိချင်ရင် စမ်းလုပ်ကြည့်လိုက်လေ။
ကျွန်တော် တော့ စမ်းပြီးသွားလို့ မှန်တယ်လို့ ဆိုရမယ်။ လုပ်နည်းက ဒီလို .......
ဥပမာ . သင့်နာမည်က Lin Lin ဆိုပါတော့ .. ဒါဆို

L = သင်ဟာ အချစ်ကို ကိုးကွယ်သူ
I = သင်.ဟာ အမြဲ တမ်း ပြုံးနေပြီး တပါးသူကိုလဲ ပျော်ရွင်စေတယ်
N = သင်ဟာ အလုပ်မရှိရင် မနေတက်သူ ဒါပေမယ်. ရှိရင်လဲ ငြီးငြူတက်သူ

ဒါဆို သဘောပေါက်ပြီနော်။ ကဲ အခု အောက်က ဖော်ပြထား တဲ့ A ကနေ Z ထဲ က သာရှာကြည်.
ကြပေတော. ။


A = သင်ဟာ အင်မတန် အေးတဲ.သူဖြစ်သော်လည်း သင်.စိတ်ထဲမှာ အကြံ တခုခုရှိတယ်
B = သင်ဟာ သူစိမ်းတစ်ယောက်နဲ. ဆက်ဆံရတိုင်း အမြဲ သတိရှိတယ်
C = သင်.မှာ လုပ်ဖော်ကိုင်ဖက် စိတ်ဓါတ်အပြည်.ရှိတယ်
D = သင်.ဟာ လူတယောက် ကို ယုံကြည်ဖို. အင်မတန် ခက်ခဲတယ်
E = သင်ဟာ အင်မတန် စိတ်ဝင်စား စရာ ကောင်းတဲ့သူပဲ
F = သင့်မှာ ချစ်မွေး ပါတယ်
G = သင့်ဟာ လူတွေ ကို အကဲခတ်အရမ်းတော်တယ်
H = သင့်မှာ ဆင်ခြင်တုံ တရား မရှိဘူး
I = သင်ဟာ အမြဲ တမ်း ပြုံးနေပြီး သူတပါးကိုလဲ ပျော်ရွင်စေတယ်
J = သင်မှာ မနာလိုမရှုစိတ် ရှိတယ်
K = သင်မှာ စူးစမ်း စမ်းသပ် လိုစိတ် ရှိတယ်
L = သင်ဟာ အချစ်ကို ကိုးကွယ်သူ
M = အောင်မြင်မူ တွေကို သင်အလွယ်တကူရတယ်
N = သင်ဟာ အလုပ်မရှိရင် မနေတက်သူ ဒါပေမယ့် ရှိရင်လဲ ငြီးငြူတက်သူ
O = သင်ဟာ အင်မတန် ပွင့်လင်း တဲ့သူ
P = သင်ဟာ အင်မတန် ရည်မွန် ပြီး နားလည်မူ အပြည့်ရှိတယ်
Q = သင် ဟာ သူတော်ကောင်း ယောင်ဆောင်ထားတယ်
R = သင်ဟာ လူမူရေး ကိစ္စ္စ္စ တွေမှာ မပါမဖြစ်
S = သင်ဟာ သဘောထား ကြီးတယ်
T = သင့်မှာ ကြီးမားတဲ့ ရည်မှန်းချက်ရှိတယ်
U = သင်.ကိုယ်သင် အားလုံး နဲ. ရင်ဘောင်တန်း နိုင်တယ်လို့ မှတ်ယူထားတယ်
V = သင်.ကိုယ်သင် အရမ်းချောတယ် ထင်ထားတယ်
W = သင်ဟာ သင့်အကြောင်းတွေကို သူများ ကို မပြောပြချင်ဘူး
X = သင်ဟာ သူများ လမ်းပြ၊ ဆရာလုပ်တာမကြိုက်ဘူး
Y = သင့်မှာ အခက်အခဲတွေ များကြီး ရှိတယ်၊ ရှိခဲ့တယ်
Z = သင်ဟာ အမြဲ တမ်း တယောက်ယောက်နဲ့ ရန်ဖြစ်နေရမှ ကျေနပ်တယ်။


ကဲ ဘယ်လိုလဲ ? တိုက်ဆိုင်မှုရှိမရှိ ကိုယ်ကိုတိုင်ဘဲ သိမှာပေါ့။
အားလုံး ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်..



တန်ဖိုး=တန်ဖိုး

တန်ဖိုး = တန်ဖိုး


အသည်းကွဲတဲ့နေ့တွေဘယ်တော့မှအနည် ထိုင်မလဲ...


သူမရှိတော့တဲ့အခန်းမှာငိုသံတွေကို.."မုန်းတယ်.."


ခြေရာတွေဟာအလွမ်းတွေအဖြစ်အငွြေ့ ပန်တယ်...


ကံဆိုးခဲ့တဲ့ငါ့အတွက်ရယ်သံတွေကေ လှာင်ပြောင်နေခဲ့ပြီ..


မဖြစ်နိုင်တော့တဲ့ဘစတွေကထပ်တလဲလဲနှိပ်စက်တယ်..


သစ္စာမဲ့သူလို့လဲခေါင်းစဉ်မတပ်ရပ်ခဲ့ပါ..


ဆာလှောင်မှူတွေနဲ့အောက်တိုဘာဘာရနံေ တွကိုသတိရတယ်...


ငါနေရာအပေါ်အစားထိုးခဲ့ပြီပေါ့လေ ..


ထားပါ..အဖြေမရှိတဲ့ပုစ္ဆာထပ်တွက် နေလဲအပိုပါပဲ..


ဘ၀တစ်ခုလုံးစာထဲဝေးကွာမှုကခုန်ေ မာင်းလို့...


အရောင်ပြယ်နေတဲ့ဓာတ်ပုံတစ်ချို့ ကဒီမှာပါကွာ...


မင်းမသိခဲ့ပေမယ့်ငါကတော့ရိုးရိုးလေးဖျားနာနေပါတယ်..


အမှတ်တမဲ့တွေထဲ..အမှတ်တရတွေထပ်တ လဲလဲစီးဆင်းတယ်..


အနေဝေးတဲ့အခါတကယ်ပဲ..သွေးအေးခဲ့ ပေါ့..


သေလောက်အောင်တမ်းတရတဲ့အတွေးတွေထဲ..ငါအော်ဟစ်လို့..


ရွက်ကြွေဘ၀ကိုခင်လို့..ငါမျက်ရည်ကျခဲ့ရပြီ...


ချစ်သူရယ်.......

 

 

ငါလူမိုက်ပါ

ခံယူချက်ကို  ဦးစားပေးပြီး
အမှန်တရားလမ်းပေါ်ဖဲ့ထွက်ခဲ့တဲ့
ငါလူမိုက်ပါ။
လူမိုက်မှာ -
နှလုံးသားရှိတယ် ။
သစ္စာရှိတယ်။ ခင်မင်မှုရှိတယ်။
မေတ္တာစေတနာဆိုတာလည်းရှိတယ်။
တခါတလေတော့  မလိမ်မာဘူး။

လောကမှာ တစ်ယောက်ထဲဝင်လာပြီး
တစ်ယောက်ထဲမိုက်လာခဲ့တဲ့  ငါလူမိုက်ပါ။
ဆရာဝန်မဟုတ်တဲ့  ငါလူမိုက်ပါ။
အင်ဂျင်နီယာမဟုတ်တဲ့ ငါလူမိုက်ပါ။
အရာရှိကြီးမဟုတ်တဲ့ ငါလူမိုက်ပါ။ 
 ငွေကြေးမချမ်းသာတဲ့ ငါလူမိုက်ပါ။
  ရူပါမဖြောင့်တဲ့  ငါလူမိုက်ပါ။

ငါ့လူမျိုး၊ ငါ့ဘာသာကို တန်ဖိုးထားပြီး
ချစ်မြတ်နိုးတာကလွဲလို့    ဘာမှမဟုတ်တဲ့ ငါလူမိုက်ပါ။
တခါတရံ လိမ်မာချင်ယောင်ဆောင်တတ်တဲ့ ငါလူမိုက်ပါ။
လူတိုင်းကို မေတ္တာထားပေမဲ့ လူတိုင်းနဲ့ မခင်တဲ့ ငါလူမိုက်ပါ။
ခင်မိရင်လဲ နှစ်နှစ်ကာကာ  ရင်ဘတ်ကြီးဖွင့်ပြတတ်တာ  ငါလူမိုက်ပါ။
ငါ့လိုလူမိုက်ကို -
 လူတွေ ဘယ်လောက်မုန်းမုန်း 
င်ါချစ်တဲ့ လိပ်ကလေးရှိတယ်။
လူတွေ ဘယ်လောက်ပြုံးံပြုံး
တမ်းတနေမဲ့  ဗေဒါပန်းလေးရှိတယ်။
ငါလိုလူမိုက်က-
ချစ်တယ်ဆိုတဲ့ စကားကို 
ဘယ်သူ့ ကိုများ  လွယ်လွယ်ပြောခဲ့ဘူးလို့ လဲ။

ငါလိုလူမိုက်က    -
ပါဠိစာလုံးတွေနဲ့   လူအထင်ကြီးအောင် ကွန်မန့်ပေးပြီး
ဂျီတော့မှာ  တဏာရူးတတ်တဲ့   လူမိုက်မျိုးတော့မဟုတ်ဘူး။
ငါလိုလူမိုက်က- 
ကဗျာ  ကဗျာနဲ့      တပါးသူ  ကဗျာကယာဖြစ်သွားအောင်
စောင်းမြောင်းရေးတတ်တဲ့ လူမိုက်မျိုးလဲမဟုတ်ပါဘူး။
ငါလိုလူမိုက်က -
( စာအုပ်ထဲက  ကူးချပြီး) ဘုရားသိတာလိုလို ၊ တရားသိတာလိုလို နဲ့  
ဘဝင်မြင့်နေတတ်တဲ့   လူမိုက်မျိုးလဲမဟုတ်ပါဘူး။
ငါလိုလူမိုက်က-
ငါ့ကို  စောင်းမြောင်းရေးလဲ  မသိချင်ယောင်ဆောင်နေခဲ့တာ။
ငါ့ကို သံသယဝင်နေကြလဲ  တိတ်တိတ်ကလေးငြိမ်နေခဲ့တာ။

ငါလိုလူမိုက်က -
လောကမှာ ပျော်လို့ နေ   နေတာမဟုတ်ပါဘူး။
ပျော်အောင်  နေတတ်နေတာပါ။
လောကကို  အရှုံးမေးမယ်လို့    ဘယ်တော့မှမကြေငြာဘူး။
ငါစိတ်မပါတော့ရင် တိတ်တိတ်ကလေးငြိမ်နေမှာပါ။
ငါလိုလူမိုက်က-
ဆက်ပြီးမိုက်နေဦးမှာပဲ

ပြုံးပြုံးလေး ဖျော်ဖြေခဲ့မယ် ...

လှမ်းမိတဲ့  ခြေလှမ်းတိုင်ကို


သေသေချာချာပြန်ဆန်းစစ်


ငါ့..အဖြစ်က ဆင်ကန်းတောတိုး


ဘာမှကို မမြင်နိုင်ခဲ့ တာ.....။


လှုပ်ရှားမှု့ တိုင်းရဲ့  တန်ပြန်သက်ရောက်ခြင်းက


ငါ့..နှလုံးသားကို နာစေတယ်ဆိုရင်


ဘာ့ ကြောင့်များ ချစ်မိနေပါလိမ့် 


သြော်.......


ငါက နွံ့ ထံကျွံနေတာကို.....။


သစ္စာရှင်တစ်ယောက်ရဲ့  အနစ်နာခံခြင်းကို


အပြစ်တစ်ခုလို့  မြင်နေရင်လဲ


ငါ.....ဘာမှမပြောလိုပါဘူး


လူးလှိမ့် အောင်ခံနေရတဲ့  နှလုံးသားကို


အချစ်ကြိုးတွေနဲ့ အထပ်ထပ်တုတ်နှောင်


ဟာလာဟင်းလင်းနဲ့  ကွင်းပြင်မှာ


နေပူသာလှမ်းလိုက်ပါတော့.......။


ကျီးပဲထိုးထိုး၊လင်းဠပဲစားစား


ပျော်ပျော်လေး ကြည့်နေလိုက်ပေါ့


ပြုံးပြုံးလေး ငါဖျော်ဖြေမယ်


ဘယ်တော့မှ သေဆုံးမသွားမဲ့ 


မေတ္တာတွေနဲ့ လေ......။