ချစ်ပါတယ်....
ချစ်ပါတယ်ဆိုတဲ့
စကားအခါခါကြား
မင်းရဲ့ နားမှာ
ခါးခဲ့ ပြီလား
ချစ်သူ...။
ရုတ်တရက်နဲ့ 
နှုတ်မဆက်ပဲ
ထွက်ခွာခဲ့ တာ
ငါ့ရင်ကိုနာစေခဲ့ပြီ
ချစ်သူ.....။
သံယောစဉ်ဆိုတဲ့ ဆန္ဒအမှန်
မင်းရင်ထဲမှာ မရှိတော့တာလား...?
ရင်ထဲမှာ ပဲ့ တင်ထပ်အောင်
ခေါ်နေတဲ့ မင်းနာမည်
မင်းမကြာခဲ့တာလား....။
အလွမ်းရဲ့  အရသာ
အချိန်တိုင်းစားသုံး
ပူလောင်မှုတွေနဲ့ 
ရှင်သန်ရတဲ့  ဒီဘဝ
ဒီမျှနဲ့သာ ကျေပါစေ.....
0 comments:
Post a Comment