“ကာလာစုံတွေကြားထဲက အဖြူရောင်သူငယ်ချင်း”
နင်နဲ့ငါ ငယ်ပေါင်းမဟုတ်ခဲ့ပေမယ့်
လမ်းတ၀က်မှာ ဆုံဆည်းခဲ့တဲ့သူငယ်ချင်းဆိုရင်
အသိအမှတ်ပြုပေးနိုင်မလားတဲ့........
နင့်စကားသံရဲ့ အဆုံးမှာ
ငါခွင့်ပြုခဲ့တယ် နင်နဲ့ငါ သူငယ်ချင်းဖြစ်ပြီတဲ့........
နှစ်တွေကြာခဲ့တဲ့ နေ့ရက်တစ်ခုမှာ
နင် ငါ့ကို ပြောခဲ့တယ်
နင် အရမ်းလှတာပဲတဲ့
မရေတွက်နိုင်တော့တဲ့ နှစ်ကာလတွေမှာ
ထပ်ပြောခဲ့တယ် စကားလေးတစ်ခွန်းပေါ့....
နင့်ကို ငါ အရမ်းချစ်တယ်တဲ့
နင့်အချစ်တွေကို ပြန်ရုတ်သိမ်းခဲ့ပါတယ်
နင့်ကိုငါ ချစ်တာ မိုးကောင်းကင်ရဲ့ တိမ်တိုက်တွေကြားမှာ
လင်းလက်နေတဲ့ ကြယ်ဖြူလေးတစ်လုံးလို
ဖြူစင်စွာချစ်တာပါတဲ့...........
နင် နေများမကောင်းလို့လားလို့ ငါတွေးမိတယ်
ကြင်နာတဲ့လက်တစ်စုံနဲ့ ထွေးပွေ့ထားလိုက်ချင်ပေမယ့်
နင်ပြောခဲ့တယ်
နင်နဲ့ငါ အဖြူရောင်သူငယ်ချင်းပါတဲ့............
နင်နဲ့ငါ အပြင်သွားတဲ့အခါ
နင် ဗိုက်များဆာနေပြီလား
ကြင်နာတတ်တဲ့လက်တစုံနဲ့ ကျွေးလိုက်ချင်ခဲ့ပေမယ့်
နင်ပြောခဲ့တယ်
နင်နဲ့ငါ အဖြူရောင်သူငယ်ချင်းပါတဲ့..............
နင်အမြဲပြောခဲ့တယ်
နင်ဟာ ငါ့ရဲ့ ကမ္ဘာတည်နေသရွေ့ အကောင်းဆုံးနဲ့ ထာဝရချစ်နေရမယ့်
ကာလာစုံတွေကြားထဲက တန်ဘိုးရှိနေမယ့် အဖြူရောင်ကြယ်ပွင့်လေးလိုပဲ
အမြဲတမ်းတည်ရှိနေမယ့် အဖြူရောင်သူငယ်ချင်းလေးပါပဲတဲ့.................
ငါဘယ်သွားသွား ငါ့ဘေးမှာ နင်အမြဲရှိနေပေးချင်ခဲ့တာ
ရင်ထဲကဆန္ဒဆိုပေမယ့်
အများတွေအမြင်မှာ နင်ပြောခဲ့တာ
နင်နဲ့ငါ အဖြူရောင်သူငယ်ချင်းပါတဲ့..........
0 comments:
Post a Comment