ကျွန်တော် ဘလော့ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ နှလုံးသားရဲ့ခံစားချက်လေးတွေကို ဖော်ပြမယ်ဆိုပြီး တည်ထောင်ဖြစ်ခဲ့တာပါ...။ ကဗျာလေးတွေကို ကိုယ်တိုင်ရေးဖြစ်တယ် ကျွန်တော်ကြိုက်နှစ်သက်တဲ့ ကဗျာတွေ၊စာသားတွေ တွေ့ခဲ့ရင်လည်းပြန်လည် ကူးယူဖော်ပြဖြစ်ခဲ့ပါတယ် နည်းပညာများကို မသိသေးတဲ့သူတွေနဲ့ အတူ ကျွန်တော်ကိုယ်တိုင်လည်း လေ့လာဖို့အတွက် ကျွန်တော်လေ့လာဖတ်ရှု့ခဲ့တဲ့ စာအုပ်တွေဆိုဒ်တွေကတဆင့် ကူးယူပြီး ပြန်လည်ဖော်ပြ ပေးထားတာပါ...။ ဒီဘလော့ကကျတော့်အတွက် မှတ်စုစာအုပ်လေးလို့ ပြောရင်လည်းမမှားနိုင်ပါဘူး...။ အကြင်နာမြို့တော် ဘလော့လေးသို့ လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေများအားလုံး ကျေးဇူးအထူးတင်ရှိပါကြောင်း ဒီနေရာလေးကနေ ပြောကြားလိုက်ရပါတယ်...။ ကျွန်တော့်ဘလော့လေးဆီသို့ ကဗျာများ၊ စာပေများ၊ ဗဟုသုတများ၊ နည်းပညာများ၊ သတင်းများ၊ စသဖြင့် ဖော်ပြပေးရန် ပေးပို့ လိုပါက ပေးပို့သူနာမည်နှင့်အတူ ဖော်ပြပေးသွားပါမည်။ အီးမေးပေးပို့လိုလျှင် akyinnarmyotaw@gmail.com (သို့မဟုတ်) akerheain@gmial.com သို့ ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ.....။ မိတ်ဆွေများအားလုံးကို လေးစားလျှက် အကြင်နာမြို့တော်.....။

@ အမှားများရဲ့ နောက်ကွယ် @

အတွေးတွေေ၀၀ါး


လမ်းမှားတွေလည်းလျှောက်ခဲ့ဖူးတယ်


နှလုံးသားကိုဆော့ကစား


ရည်းစားတွေလည်းထားခဲ့ဖူးတယ်


အရာရာကိုအလေးမထား


အိမ်ပြန်ချိန်လည်း နောက်ကျဖူးတယ်


ယမကာကိုအဖော်ပြု


ဆေးလိပ်တွေလည်း သောက်ခဲ့ဖူးတယ်


အရင်နှီးဆုံး အွန်လိုင်း


သူငယ်ချင်းတွေနဲ့ ခံစားချက်တွေဖွင့်ဟဖူးတယ်


ဘ၀အတွက်ကျိုးစားရင်း


ငါဆိုတဲ့ လူတချို့ကြောင့် ကျရှုံးမှုတွေရှိခဲ့ဖူးတယ်


ပန်းတိုင်တခုကိုရှာဖွေရင်း


လမ်းပြောက်နေတဲ့ကျွန်တော်ဟာ


အမှားမှားတွေနဲ့ ဆက်လျှောက်နေဆဲပေါ့


ဒါပေမယ့်


အမှားများရဲ့နောက်ကွယ်မှာ


နားလည်မှုတွေနဲ့ နှစ်သိမ့်ပေးတက်သူ


ကျွန်တော်အရမ်းချစ်ရတဲ့ ဂျစ်တီးမလေးတယောက်လည်းရှိတယ်..။..။

0 comments: