ကျွန်တော် ဘလော့ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ နှလုံးသားရဲ့ခံစားချက်လေးတွေကို ဖော်ပြမယ်ဆိုပြီး တည်ထောင်ဖြစ်ခဲ့တာပါ...။ ကဗျာလေးတွေကို ကိုယ်တိုင်ရေးဖြစ်တယ် ကျွန်တော်ကြိုက်နှစ်သက်တဲ့ ကဗျာတွေ၊စာသားတွေ တွေ့ခဲ့ရင်လည်းပြန်လည် ကူးယူဖော်ပြဖြစ်ခဲ့ပါတယ် နည်းပညာများကို မသိသေးတဲ့သူတွေနဲ့ အတူ ကျွန်တော်ကိုယ်တိုင်လည်း လေ့လာဖို့အတွက် ကျွန်တော်လေ့လာဖတ်ရှု့ခဲ့တဲ့ စာအုပ်တွေဆိုဒ်တွေကတဆင့် ကူးယူပြီး ပြန်လည်ဖော်ပြ ပေးထားတာပါ...။ ဒီဘလော့ကကျတော့်အတွက် မှတ်စုစာအုပ်လေးလို့ ပြောရင်လည်းမမှားနိုင်ပါဘူး...။ အကြင်နာမြို့တော် ဘလော့လေးသို့ လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေများအားလုံး ကျေးဇူးအထူးတင်ရှိပါကြောင်း ဒီနေရာလေးကနေ ပြောကြားလိုက်ရပါတယ်...။ ကျွန်တော့်ဘလော့လေးဆီသို့ ကဗျာများ၊ စာပေများ၊ ဗဟုသုတများ၊ နည်းပညာများ၊ သတင်းများ၊ စသဖြင့် ဖော်ပြပေးရန် ပေးပို့ လိုပါက ပေးပို့သူနာမည်နှင့်အတူ ဖော်ပြပေးသွားပါမည်။ အီးမေးပေးပို့လိုလျှင် akyinnarmyotaw@gmail.com (သို့မဟုတ်) akerheain@gmial.com သို့ ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ.....။ မိတ်ဆွေများအားလုံးကို လေးစားလျှက် အကြင်နာမြို့တော်.....။

နှလုံးသားမဲ့သူ

ခံစားတတ်တဲ့  အသည်း


မကစားပါနဲ့ လား.....?


ဘာတွေဘယ်လိုပြောပြော


မင်းတစ်ယောက်သာ


ရင်ထဲ တောင်းတနေခဲ့ တာ.....။


မိုးကောင်းကင်မပြိုပေမယ့်


ပြိုမယ်ထင်လို့  ခြေထောက်ကို


မိုးထောင် အိပ်တတ်တဲ့ 


တက်တီတူးငှက်တစ်ကောင်လို


ငါ............


စောင်စားနေခဲ့ တာ......။


နွေဦးမရောက်သေးပေမယ့်


ဥသြငှက်ကလေးလို


ငါ..................


လွမ်းတေးဆိုနေတာ


ဆောင်နှင်းဝေတဲ့ ဒီရာသီ


ပူလောင်လို့ နေတယ်.....။


အချစ်ကို...တည်


ယုံကြည်မှုနဲ့ ...စား


အဖြေက....အလွမ်း


အကြွင်းက အမုန်း


နောက်ဆုံးတော့.....


ဒီကောင်ရဲ့  ရင်ခွင်


ပိုးလိုပက်လက်


သွေးစက်စက်ယိုလို့ 


နှလုံးသားလဲ မရှိတော့ဘူး။


(တစ်စုံတစ်ယောက်သောသူ နှုတ်ယူသွားပေါ့)

0 comments: