ကျွန်တော် ဘလော့ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ နှလုံးသားရဲ့ခံစားချက်လေးတွေကို ဖော်ပြမယ်ဆိုပြီး တည်ထောင်ဖြစ်ခဲ့တာပါ...။ ကဗျာလေးတွေကို ကိုယ်တိုင်ရေးဖြစ်တယ် ကျွန်တော်ကြိုက်နှစ်သက်တဲ့ ကဗျာတွေ၊စာသားတွေ တွေ့ခဲ့ရင်လည်းပြန်လည် ကူးယူဖော်ပြဖြစ်ခဲ့ပါတယ် နည်းပညာများကို မသိသေးတဲ့သူတွေနဲ့ အတူ ကျွန်တော်ကိုယ်တိုင်လည်း လေ့လာဖို့အတွက် ကျွန်တော်လေ့လာဖတ်ရှု့ခဲ့တဲ့ စာအုပ်တွေဆိုဒ်တွေကတဆင့် ကူးယူပြီး ပြန်လည်ဖော်ပြ ပေးထားတာပါ...။ ဒီဘလော့ကကျတော့်အတွက် မှတ်စုစာအုပ်လေးလို့ ပြောရင်လည်းမမှားနိုင်ပါဘူး...။ အကြင်နာမြို့တော် ဘလော့လေးသို့ လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေများအားလုံး ကျေးဇူးအထူးတင်ရှိပါကြောင်း ဒီနေရာလေးကနေ ပြောကြားလိုက်ရပါတယ်...။ ကျွန်တော့်ဘလော့လေးဆီသို့ ကဗျာများ၊ စာပေများ၊ ဗဟုသုတများ၊ နည်းပညာများ၊ သတင်းများ၊ စသဖြင့် ဖော်ပြပေးရန် ပေးပို့ လိုပါက ပေးပို့သူနာမည်နှင့်အတူ ဖော်ပြပေးသွားပါမည်။ အီးမေးပေးပို့လိုလျှင် akyinnarmyotaw@gmail.com (သို့မဟုတ်) akerheain@gmial.com သို့ ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ.....။ မိတ်ဆွေများအားလုံးကို လေးစားလျှက် အကြင်နာမြို့တော်.....။

ငါလူမိုက်ပါ

ခံယူချက်ကို  ဦးစားပေးပြီး
အမှန်တရားလမ်းပေါ်ဖဲ့ထွက်ခဲ့တဲ့
ငါလူမိုက်ပါ။
လူမိုက်မှာ -
နှလုံးသားရှိတယ် ။
သစ္စာရှိတယ်။ ခင်မင်မှုရှိတယ်။
မေတ္တာစေတနာဆိုတာလည်းရှိတယ်။
တခါတလေတော့  မလိမ်မာဘူး။

လောကမှာ တစ်ယောက်ထဲဝင်လာပြီး
တစ်ယောက်ထဲမိုက်လာခဲ့တဲ့  ငါလူမိုက်ပါ။
ဆရာဝန်မဟုတ်တဲ့  ငါလူမိုက်ပါ။
အင်ဂျင်နီယာမဟုတ်တဲ့ ငါလူမိုက်ပါ။
အရာရှိကြီးမဟုတ်တဲ့ ငါလူမိုက်ပါ။ 
 ငွေကြေးမချမ်းသာတဲ့ ငါလူမိုက်ပါ။
  ရူပါမဖြောင့်တဲ့  ငါလူမိုက်ပါ။

ငါ့လူမျိုး၊ ငါ့ဘာသာကို တန်ဖိုးထားပြီး
ချစ်မြတ်နိုးတာကလွဲလို့    ဘာမှမဟုတ်တဲ့ ငါလူမိုက်ပါ။
တခါတရံ လိမ်မာချင်ယောင်ဆောင်တတ်တဲ့ ငါလူမိုက်ပါ။
လူတိုင်းကို မေတ္တာထားပေမဲ့ လူတိုင်းနဲ့ မခင်တဲ့ ငါလူမိုက်ပါ။
ခင်မိရင်လဲ နှစ်နှစ်ကာကာ  ရင်ဘတ်ကြီးဖွင့်ပြတတ်တာ  ငါလူမိုက်ပါ။
ငါ့လိုလူမိုက်ကို -
 လူတွေ ဘယ်လောက်မုန်းမုန်း 
င်ါချစ်တဲ့ လိပ်ကလေးရှိတယ်။
လူတွေ ဘယ်လောက်ပြုံးံပြုံး
တမ်းတနေမဲ့  ဗေဒါပန်းလေးရှိတယ်။
ငါလိုလူမိုက်က-
ချစ်တယ်ဆိုတဲ့ စကားကို 
ဘယ်သူ့ ကိုများ  လွယ်လွယ်ပြောခဲ့ဘူးလို့ လဲ။

ငါလိုလူမိုက်က    -
ပါဠိစာလုံးတွေနဲ့   လူအထင်ကြီးအောင် ကွန်မန့်ပေးပြီး
ဂျီတော့မှာ  တဏာရူးတတ်တဲ့   လူမိုက်မျိုးတော့မဟုတ်ဘူး။
ငါလိုလူမိုက်က- 
ကဗျာ  ကဗျာနဲ့      တပါးသူ  ကဗျာကယာဖြစ်သွားအောင်
စောင်းမြောင်းရေးတတ်တဲ့ လူမိုက်မျိုးလဲမဟုတ်ပါဘူး။
ငါလိုလူမိုက်က -
( စာအုပ်ထဲက  ကူးချပြီး) ဘုရားသိတာလိုလို ၊ တရားသိတာလိုလို နဲ့  
ဘဝင်မြင့်နေတတ်တဲ့   လူမိုက်မျိုးလဲမဟုတ်ပါဘူး။
ငါလိုလူမိုက်က-
ငါ့ကို  စောင်းမြောင်းရေးလဲ  မသိချင်ယောင်ဆောင်နေခဲ့တာ။
ငါ့ကို သံသယဝင်နေကြလဲ  တိတ်တိတ်ကလေးငြိမ်နေခဲ့တာ။

ငါလိုလူမိုက်က -
လောကမှာ ပျော်လို့ နေ   နေတာမဟုတ်ပါဘူး။
ပျော်အောင်  နေတတ်နေတာပါ။
လောကကို  အရှုံးမေးမယ်လို့    ဘယ်တော့မှမကြေငြာဘူး။
ငါစိတ်မပါတော့ရင် တိတ်တိတ်ကလေးငြိမ်နေမှာပါ။
ငါလိုလူမိုက်က-
ဆက်ပြီးမိုက်နေဦးမှာပဲ

0 comments: